“ရင်ဆိုင်ရဲတဲ့သတ္တိရှိဖို့ပဲ လိုတယ်“

in myanmar •  7 years ago 

မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ မထင်မှတ်တဲ့အဆင်မပြေမှုတွေနဲ့ တွေ့ကြုံတဲ့အခါ၊ပြဿ နာ​တွေနဲ့ကျဉ်းထဲကြပ်ထဲ ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့တွေက ကယ်တင်ရှင်ကို မျှော်လေ့ရှိပါတယ်။
အခက်အခဲတွေ အဆင်မပြေမှုတွေကနေ ထွက်ပြေးမလား၊ ကြံ့ကြံ့ခံပြီး ရင်ဆိုင်မလား၊ စိန်ခေါ်ပြီး ပြန်တိုက်မလား…ဆိုတာတွေလည်း စဉ်းစားစရာတွေပါပဲ။
image
အဲဒီလို စဉ်းစားနေရင်း ရင်ဆိုင်နေရင်းနဲ့ပဲ တွေ့ကြုံနေတဲ့ အခက်အခဲတွေကို ကူညီပြီး ဖြေရှင်းပေးမဲ့သူများ ပေါ်လာမလား၊ တန်ခိုးရှင် တစ်ဦးဦးရဲ့ မစမှုနဲ့များ အဆင်ပြေသွားမလား ဆိုပြီး မျှော်လင့်တောင့်တကြပါတယ်။
ကျွန်တော်လည်း ဒီကနေ့ထိ စိတ်အင်အားရှိအောင် မွေးမြူနေပေမဲ့ တကယ်တမ်း အခက်အခဲကြုံရတဲ့အခါ…ကယ်တင်ရှင်ကို မျှော်မိတာပါပဲ။
အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဆိုတာက အခက်အခဲကနေ လွတ်မြောက်သွားအောင် ကူညီပေးတဲ့သူ၊ အဆင်မပြေမှုကို ပြေလည်သွားအောင် ကူညီပေးတဲ့သူ၊ အခက်အခဲကို ဖြေရှင်းနိုင်အောင် စိတ်ခွန်အားပေးတဲ့သူဆိုပြီး အမျိုးမျိုးရှိပါတယ်။
image
တကယ်လည်း ကူညီပေးကြတဲ့သူတွေ အားပေးကြတဲ့သူတွေရဲ့ အားပေးမှုဟာ ကိုယ့်အတွက်တော့တစ်စိတ်တစ်ပို်င်း သက်ရောက်မှုရှိပါတယ်။
ဒါပေမဲ့တကယ့်တကယ်မှာ ဒီအခက်အခဲကို ရင်ဆိုင်ရတာက တော့ကိုယ်ကိုယ်တိုင်ပါပဲ။
ထင်မှတ်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်သူ့ကို အပြစ်တင်လေ့ရှိသလဲ။ အများစုကတော့ သူများကို လက်ညှိုးထိုး အပြစ်တင်တယ်၊ အနည်းစုကတော့ကိုယ့်ကိုယ်ကို အပြစ်တင်တယ်။ ရှားပါးလှတဲ့သူတွေကတော့ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲနဲ့ ကံတရားနဲ့ အခြေအနေကြောင့်လို့ လက်ခံပါတယ်။
ဒီကနေ့မှာတော့ကျွန်တော် စဉ်းစားမိတယ်။ ဘာကြောင့်များ ကျွန်တော်ဟာ တစ်နေရာတည်းမှာ ခြေစုံရပ်ပြီး နေနိုင်တဲ့သူ မဖြစ်ရတာလဲ။
image
ဘာကြောင့်များ ကျွန်တော်ဟာ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ စိတ်ကူးတွေ အိမ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ယုံကြည်ပြီး ကြိုးစားခဲ့ရတာလဲ။
ကျွန်တော်ဟာ အေးချမ်းတဲ့သူ၊ မျှတတဲ့သူ၊ အများအတွက် အနစ်နစ်ခံတတ်သူ သာ ဖြစ်ချင်ခဲ့တာပါ။
အဲဒီလို ဖြစ်ချင်ခဲ့ပေမဲ့ အခြေအနေတွေရဲ့ အပြောင်းအလဲတွေမှာ ကျွန်တော်ရဲ့လောကဓံကတော့ကြမ်းတမ်းနေတုန်းပါပဲ။
စိတ်အေးချမ်းသူသာ ဖြစ်ရပါလို၏လို့ဆုတောင်းမျှော်လင့်တတ်ပေမဲ့ စိတ်ကို ကြိုးစားတည်ဆောက်နေပေမဲ့ တစ်ခါတစ်ရံမှာ အေးချမ်းမှုလည်း မဲ့ရပါတယ်။
image
ဒါပေမဲ့ တစ်ခုတော့ ယုံကြည်မိတယ်။ အဲဒါကတော့ တစ်ခုခုကို ရင်ဆိုင်နိုင်ဖို့
ကျွန်တော်တို့မှာ သတ္တိရှိဖို့ပဲ လိုတာပါ။ သတ္တိရှိရှိနဲ့ ရင်ဆိုင် ဆုံးဖြတ်နိုင်ဖို့ပဲ လိုတာ။
ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်လောက်ကြီးမားတဲ့ အခက်အခဲပင်ဆိုပါစေ ရှောင်မပြေးဘူး၊ ကိုယ်ရင်ဆိုင်ဖြေရှင်းမယ်ဆိုတဲ့စိတ်နဲ့ သတ္တိရှိပါ။အဲဒီသတ္တိကသာအဆင်မပြေမှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းအောင်မြင်နိုင်တာပါလို့ ကျွန်တော်ရဲ့အတွေ့အကြုံနဲ့အယူအဆကို မျှဝေပါရစေခင်ဗျာ။
written by saytan
MSC-085
photo from google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment

ဟုတ်ကဲ့ ကျေးဇူးပါအကို ခုလိုမျှဝေတဲ့အတွက်

good post ...

thank

Good.

မိမိကိုယ်တိုင်က အရေးကြီးဆုံးဖြစ်ပါတယ်

ခုလို​ပြောပြ​ပေးလို့​ကျေးဇူးပါ

Ok..good post bro

thank bro

Comment ​တွေကို reply ပြန်​​ပေးပါညီ

unitcode version ဖြစ်တဲ့အတွက်တချို့မြန်မာစာတွေဖက်လို့မရလို့reply

သတ္တိရှိတာတော့ကောင်းပါတယ်။ သတိရှိဖို့ လည်းလိုတယ်။

ဟု