ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၈)

in myanmar •  6 years ago  (edited)

*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။

အေး…တို့ဘုရားအလောင်း ဒီပင်္ကရာဘုရားလက်ထက်မှာ မိဘများကကျန်ခဲ့တဲ့ ကုဋေ ၈၀ ကျော်ကို အလူဒါနတွေပြုလုပ်လို့ ရက်ရက်ရောရောနဲ့စွန့် ကြဲပေးကမ်းခဲ့တာများ ဘယ်လောက်များမလည်းနော် ဒါပေ့မယ်အဲ့ဒါကိုများတယ်လို့ခေါ်လို့မရသေးဘူး ကြည့်လေ ဒီပင်္ကရာဘုရားနဲ့ သုမေဓာရသေ့ဘဝရောက်တော့မှ ပြန်ဆုံတဲ့အခါ ဘုရားအလောင်းလေးဟာ နိဗ္ဗာန်ကိုကိုယ်လွတ်ရူန်းသွားနိုင်တဲ့ အရည်းအချင်းတွေသူမှာရှိပီးသား အဲဒီနေရာမှာပဲ ဝိပသနာတရားဘက်ကိုကူးပြောင်းလို့ ဈာန်အဆင့်သမာဓိတွေတက်ပီး ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် အဲ့ဘဝမှာပဲ ရဟန္တာဖြစ်နိုင်တယ် ဒါပေမယ့် သူတွေးတာက ငါလိုလူမျိုးက ကိုယ်လွတ်ရူန်းသွားရင် ဘယ်သင့်မလည်း ဆိုပီး ဒီလိုကြီးမားတဲ့စွန့်လွတ်မူမျိုး သူလိုလူမျိုးကလွဲပီး ဘယ်မှာမရှိနိုင်ဘူး အဲ့ကြောင့်မို့ မြတ်စွာဘုရားရှင်ဟာ တို့များသတ္တဝါများအပေါ်မဟာဂရုဏာဂုဏ်အင်မတန်မှကြီးမားတယ်ဆိုတာ ပိုပီးသိသင့်တာပေါ့…###

ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-@sheinthu(MSC-026)

Posted using Partiko iOS

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!