A person 'journey who visited to Panandin Village at High School of northern Myanmar (part-11)

in myanmar •  8 years ago 

IMG_9367.JPG

နတ်ရေကန်က ပြန်တက်လာတော့ ဇာတ်ကားများထဲကလို "လုံးဝအပစ်ကင်းစင်ပီး ရုပ်ချော၊အုပ်စပေါ်ဖြစ်ရမှာ ပေါ့နော"ခုတော့ ရေပုံးတွေထမ်းတက်လိုက်ရတဲ့အမျိုး ဘယ်ပြောကောင်းမလည်းနော် ၊မိုးရွာနေတာတောင် ချွေးတွေက ရွဲရွဲစိုနေတုန်း။ မေမြို့က ဓာတ်တော်ချိုင့်ရေတံခွန် တောင်တက်လမ်းမတ်စောက်တယ်ဆိုတာ ညီလေးလို့ပြောရမယ်။ခဏကြာလာတော့ မိုးတွေရွာနေတဲ့ကြားထဲ တောင်တက်လာကြတော့ ရေကအရမ်းဆာလာတယ်။ပါလာတဲ့ရေက နတ်ရေ သောက်လိုက်လို့ ကုန်သွားမှဖြင့်ဒုက္ခ ဆိုပီး တစ်ယောက်ထဲဒီိရေကို နှမျောနေတာကျနော်ရယ်…ကျိတ်မှိတ်ပီး ပြန်လမ်းတက်လာလိုက်တာ …ဖြစ်ချင်တော့ ကျနော့သူငယ်ချင်းဖြစ်တဲ့ မောင်အောင်သူက ကိုယ်တွေထက်ပိုဆိုးသွားတာပေါ့။ သူကနှလုံးသမားဆိုတော့ အမောဖောက်ပီဗျို့…ကို ဆရာက နောက်ပြန်လှည့်ကြည့်လိုက်မှ ပက်လက်လန်နေတော့တယ်။ ပါလာတဲ့သူတွေကလည်း သူ့မှာ အဲ့လိုအားနည်းချက်ရှိတာ ဘူမှမသိကျဘူး ။ကျနော်ပဲသိတယ်။

အဲ့ဒါနဲ့ ချက်ချင်းသူ့အနားလေးရောက်အောင် ပြေးဆင်းသွားတောလည်း ဘာမှမတက်နိုင်ဘူး ကျောပိုးအိပ်ထဲပါတဲ့ ဆေးတွေကလည်း အပေါ်ရွာမှာ ချန်ခဲ့ပီ။ဒုက္ခတော့ကကြီးကျယ်တွေ့ပီပေါ့။ ကြာလာတော့ ကို့ကောင်က ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ရူမဝတော့ဘူးလို့ပဲ ပြောနေတော့တယ်။ ကျနော်လည်း အတက်နိုင်ဆုံး နူတ်ခမ်းချင်းမူတ်ရတဲ့ကိစ္စဆို… ခုချိန်ထိရှောင် နေရင်း လူပျိုကြီးဖြစ်နေတဲ့ဘဝလေး ခုမှ ဒီကောင်ကြောင့် ကျနော်ဘဝလေးရေတိမ်နစ်ရကိန်းဆိုက်နေပီ …ကဲခုတော့…ဘယ်တက်နိုင်မလည်းဆိုပီး ဘယ်နှစ်ကြိမ်မှန်းကိုမသိတက်ဘူး ပါးစပ်ထဲ လေမူတ်ထည့်ပေးလိုက်ရတဲ့အမျိုးဗျာ…။သူရောဂါက လေပြတ်တာနဲ့ပြိုင်ထဲ နှလုံးကလိုက်ပီးဖောက်တာနေမှာ ဘယ်လောက်မူတ်ပေးလည်း သိပ်ပီးထူးခြားမလာတော့…ကျနော် လေအရမ်းကို ကြောက်ပီးဝမ်းနည်းလာသလိုတဖြည်းဖြည်းချင်းခံစားလာရတယ် ဘာမှလည်းမသိတော့ဘူး…။အပေါ်ရွာမှာ ကျန်ခဲ့တဲ့ ဆေးအိပ်ကိုယူဖို့လည်းဆီမွန်ကတော့ ကျနော်တို့ကိုမပြောဘဲ ဘူ့ဘာသူဘယ်အချိန် ထွက်သွားလည်း မသိလိုက်ပြန်ဘူး…။ခနနေတော့ အောင်သူ့ပါးစပ်လေး ဟလာတာနဲ့ကိုနိုင်ကလည်း ပါလာတဲ့ နတ်ရေလေးတွေကို တိုက်ပေးထားလိုက်တယ် ။ ပုံစံကတော့ မျောလုနီးပါးဖြစ်နေတာပေါ့…။တကယ်တော့ သူအမေတို့ ထပ်ခါထပ်ခါကျနော့်ကို ပေးမှာထားရဲ့သားနဲ့ ကျနော်ပေါ့ဆခဲ့လို့ ဂရုမစိုက်ခဲ့လို့ပဲ ဒီလိုဖြစ်ရတယ် ဆိုတဲ့အတွေတွေးနဲ့ ပီး…သူများနောက်ထပ်တစ်ခုခုဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးတွေက ခေါင်းထဲ တသီကြီးဝင်လာပြန်တော့ ကျနော်လေ…မျက်ရည်တွေကလည်း ဖိုးဖိုးဖောက်ဖောက်နဲ့…ဘယ်ကစကျလာမှန်းကိုသိတော့ပါဘူး။ဆီမွန် ခမျှာလည်း ဆေးအိပ်လေးကို သွားယူနေပီး ရောက်တော့မှာလို့… သူ့ရဲ့ နဘေးကနေထိုင်ပီး ကျနော်အားပေးစကားပဲ ပြောနေရတော့တယ် …ဒါမယ် သူကတော့ မလူပ်မယှက်။သူ့ကြည့်ပီး ကျနော်တို့အဖွဲ့လည်း အရမ်းကို စိတ်မကောင်းဖြစ်နေရပါတော့တယ် ။

IMG_9318.JPG

ဆေးအိပ်သွားယူတဲ့သူလည်း မြန်မြန်ရောက်ပါစေတော့ ဆိုပီးကျနော့ပါစပ်က တဖွဖွ တခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့ ကြောက်စိတ်ကလည်း ဘုရားတရားကို သတိရစေခဲ့တော့ တဖွဖွနဲ့ ရတဲ့ဟာတွေ အကုန် ရွတ် …ပီး…ကျနော့လိုများ တောတွေ မှားခဲ့နေမှန်းမသိဘူးဆိုပီး အစောင့်အရှောက်နတ်တွေကိုလည်း မျက်လုံးစုံမှိတ်တိုင်တည်ပီး ခွင့်လွတ်ပေးဖို့ တောင်းပန်နေလိုက်တယ်…ချက်ချင်းဆိုသလို ကျနော်ကောင်က" ရေရေ"လို့ တိုးတိုးလေးပြောလိုက်တဲ့အသံ ထွက်လာတယ် …ကျနော်လည်းအပျော်လွန်းပီးအမှတ်တမှဲ့ဆိုတော့ ဘာပေးရမှန်းမသိသလိုဖြစ်ပီးကြာသွားတော့…တခါလူနာက "ရေရေ ပါဆို"ပီး အသံမာမာနဲထွက်လာပြန်တော့မှ ကျနော်လည်း နတ်ရေးလေးကိုတိုက်ပေးရင်း"ကောင်ကြီးဘာမှ အားမငယ်နဲ့… ဘာမှမဖြစ်ဖူးသိလား… ခုဆို ငါတို့မှာ နတ်ရေစင်လည်းရှိတယ် ဟိုမှာ မင်းဆေးလည်းဆီမွန်ယူလာပေးထားတယ် "လို့ပြောလိုက်တော့ အောင်မာ သူက ပြုံးစိစိနဲ့ရယ်လိုက်သေးဗျာ…ကျနော်တို့ခမျာတော့ အမှန်ပြောရရင် သူများသေသွားခဲ့လို့ရင်ဆိုတဲ့အတွေးတွေ ရင်တမမနဲ့ ပူလိုက်ရတာ …ကိုယ်တွေတောင်နှလုံးရောဂါ ရနိုင်လောက်တယ်။

ခုတော့ ဘာပဲပြောပြော ပျော်လာရတယ် ဒါနဲ့ …အဲ့ထက်ပို ဝမ်းသာစရာကောင်းပီး ထူးခြားဆန်းပြားပီးမှော်ဝင်လောက်အောင်ကောင်းလွန်းတဲ့ ရေကို ပြောဖို့ ကျန်နေခဲ့တယ်။ ဟိုကကောင်က သေတော့မယ်လူမို့ အရင် ဂရုစိုက်နေရတာရယ်…ပြောချင်တာကခုမှ …ဟုတ်တယ်ခမျ ကျနော်တို့လည်း အဲ့လိုဖြစ်နေတဲ့အချိန်တုန်းကဆို လုပ်မ်လုပ်ရာလျောက်တွေးပီး သူ့ပါးစပ်ထဲ နတ်ရေစင်လေးတိုက်ထားလိုက်တာ…တခဏကြာတော့ ဘယ်လိုမှခေါ်လည်းပြန်မထူးနိုင်တဲ့ဟာ ၊အသက်ရှူမဝပဲမျောနေတဲ့ အဲ့ဆရာသမားက တကယ်ကြီးထကောင်းလာတော့ ကျနော်ဖြင့် အံ့တွေကို သြရော။ခုတော့ ကျနော်တို့ခက်လာတဲ့ ထူးခြားပီးအံသြစရာကောင်းတဲ့ဒီနတ်ရေစင်ရဲ့ အစွမ်းကတော့ ကျနော်တို့အဖွဲ့အတွက် အစမ်းသက်ခံဖြစ်ခဲ့ရတာပေါ့။ ဒါနဲ့ ကျနော်တို့လည်း အဲ့ကောင်းလေးရဲ့ဆေးကို နတ်ရေစင် နဲ့သောက်ခိုင်းလိုက်ပီး ခဏလောကနေတော့ တောင်ပေါ်ဆက်တက်လာခဲ့တော့တယ် ။နေရောင်လည်းဖြေးဖြေးချင်းမှောင်လာပေ့ မယ့် ဖြေးဖြေးပဲတက်တက်ကျပါတော့တယ်။ကို့ ကောင်လေးကိုတော့ လွတ်ထားလို့ ရသေးဘူး အခြေနေစောင့်ကြည့်ပီး နောက်ကနေ လိုက်လာခဲ့တော့တယ်။

နောက်မိနစ်(၂၀)လောက်ကြာပီးမှ ဝရင်းဂါးရွသစ်လေးပေါ်ရောက်ခဲ့တော့တယ် ။နားလိုက်သွားလိုက်နဲ့ပေါ့…။ကျနော်တို့ရောက်လာတော့ မိုးတောင်ချုပ်နေပီ ဒါမယ့် ဆီမွန်ကပါမလာသေး…ကျနော်သိလိုက်ပီ ကောင်လေးသားကောင်ရှာနေပီဆိုတာ။ကျနော်တောင်အတူတူခရီးသွားလာတဲ့အဖွဲ့လေးကို ကြာလာတော့ အတော်လေးကို တခုခုဆိုပူပင်တက်လာပီ ။အဲ့ညတော့ ဈေးဆိုင်က အဒေါ်ကြီးတို့နဲ့ ဒီးဇီတို့ကလည်း "ခင်ရာ ဆွေမျိုး မိန်ရာဟင်းကာင်း "ဆိုကျတော့ သူတို့နှစ်ယောက်ရဲ့ ကောင်းမူကြောင့် အဲ့ဈေးဆိုင်တဲလေးမှာအိပ်ဖို့အဆင်ပြေသွားခဲ့တာပေါ့။

နောက်မှဆက်ပါအုံးမယ်နော် ညီအကိုတို့။
အားပေးကျလို့လည်းအရမ်းကျေးဇူးတင်ပါတယ်နော်။
အားလုံးလည်း ကိုယ်စိတ်နှလုံးအမြဲရွင်ပြုံပါစေလို့ ဆုတောင်းလိုက်ပါတယ်နော…

Crd; from my Facebook
@sheinthu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းကောင်းလွန်းတယ်ဗျာ

ဟုတ်ကဲ့ ဘရိုရေ ကျေးဇူးပါဗျာ

အားပေးနေပါတယ်ဗျာ

နောက်ဆို ဆာအားပေးမှပဲ ရေးတော့မယ်…😄😄

တစ်ပိုင်းပြီးတစ်ပိုင်းစောင့်နေပါတယ်

ဒီဇာတ်လမ်းကို မစခင်ကတည်းကနော်သိနေတယ် …မဆုံးကိုမဆုံးနိုင်သေးလို့…😂

မဆုံးလေ ကောင်းလေပါ အကို

လုပ်ပီဟေ့ ညီတော်မောင်

voted

ဟုတ် ဘရို ကျေးကျေးပါခင်ဗျ

good artical

ဟုတ်ကဲ့

ဆက်ပါအုန်းဗျာ။

ကျနော့နောက်မှ ထွက်တဲ့အပိုင်းတွတောင် သိမ်းတဲ့လူ သိမ်းကုန်ကျပီ ကျနော်ပဲ ထိပ်ဆုံးက အပိုင်းတွေနဲ့ တန်းလန်း …😂

အရမ်း goood upvote

Kk thanks bro

ဆက်ရန် ဆိုတော့ မျှော်နေသည်

ကိုတွေက တခြားအကြောင်းရာရေးဆို ဘယ်ကစရမှန်းမသိလို့ …ဟဲဟဲ

Congratulations @sheinthu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!