မာလဲနတ်တောင် ရေလှောင်တမံ/Malayenattaung Reservoir

in myanmar •  7 years ago 

image

ဒီတစ်ခါမှာတော့…ဝါသနာအရ ကျောင်းပိတ်ရက်လေးမှာ လျောက်ရိုက်ခဲ့တဲ့ အပုံလေးတွေကိုတော့ ကျေးဇူးပြု၍ မျက်စိနောက်ခံပီး သည်းခံပေးကြပါအုံးနော်…ဟီး…။
image

စဉ်ကူးမြို့နယ် မာလဲနတ်တောင်ရေတမံကြီးမှာ ရိုက်ခဲ့တဲ့ views လေးတွေပါခမျ…အစောပိုင်းကတည်းက သူငယ်ချင်းတွေကတော့ပြောပါတယ်…ကျနော်ကိုယ်တိုင်ကကို အဲ့ဒါကြီးဘာလုပ်မှာလည်း ဆိုတဲ့အတွေးနဲ့ နားမထောင်မိတာ ခုတော့အသိနောက်ကျခဲ့တယ်လို့ပြောရမလားဘဲ…အရမ်းလှလိုက်တာဗျာ…ကိုယ်တွေလည်း စစရောက်သွားတော့…ဘယ်လိုပြောရမလည်း!တစ်ယောက်တည်း အပြည့်အဝခံစားလို့အားမရ လောက်အောင်ဖြစ်မိတယ်လို့ပဲပြောရမလားဘဲ ။
image

အဲ့ကြောင့်မို့…ကျနော့ရဲ့ steemit family members တွေကိုလည်း ပြန်လည်ခံစားစေချင်တာနဲ့ တင်ပေးဖြစ်မိလိုက်ပါတယ်…။
image

ရေတမံကြီးမတည်ခင် ဒီနေရာလေးမှာ (၃)ရွာရှိခဲ့ပါတယ်တဲ့…မာလဲ၊တလိုင်းငုတ်၊နတ်တောင်ဆိုတဲ့ရွာလေးတွေပေါ့ဗျာ…။
image

ခုတော့…နတ်တောင်ရွာလေးကို ဒီရေတမံကြီးရဲ့တောင်ဘက်မှာဘဲ နေရာပေးရွေ့ပေးထားခဲ့လိုက်တယ်…ကျန်(၂)ရွာကိုတော့ ဆည်ရဲ့အနောက်မြောက်ဘက်ထဲမှာ ရွေ့ပေးထားကျတယ်ပေါ့…။
image

ဒါနဲ့စကားမစပ်ဗျ…ဒီဆည်ကြီးရဲ့နောက်ခံက လှပလွန်းတဲ့တောင်တန်းကြီးတွေရှိယုံတင်မကဘူးဗျ…ခု ကျနော်တို့စဥ့်ကူးမြို့မှာ ကိုဗိုလ်ချူပ်ဆိုတဲ့အချမ်းသားဆုံးသူဋ္ဌေးကြီးဖြစ်လာရတာလည်း အဲ့တောင်တန်းကြီးတွေရဲ့ နောက်ကျောက သဘာဝသယံဇာတတွေရဲ့ အကျိုးပေးမူကြောင့်လို့ပဲ ပြောရမလားပေါ့…။
image

အဲ့အချိန်တုန်းကဆိုရင် ရွေချောင်း၊ရွေချပ်တွေဘယ်လောက်ထွက်သလဲဆိုရင် ထော်လာဂျီနဲ့ သယ်ထုတ်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်ဆိုပဲဗျ…။ကိုထက်ကြီးတဲ့သူတွေပြောပြတာအစကတော့ သိပ်မယုံချင်ခဲ့ပေမယ် ကျနော့ဦးလေးတစ်ဝမ်းကွဲဖြစ်သူပြောပြမှာပဲ လက်ခံလာခဲ့တော့တယ်…ဘာဖြစ်လို့လည်းဆိုတော့…အဲ့ချိန်တုန်းက သူကိုယ်တိုင်ကကို ကားဆရာဖြစ်နေခဲ့တာကိုဗျ…။
image

နောက်ထပ်ရှိသေးဗျ…စဉ်ကူးမြို့မှာ…အဲ့ကိုဗိုလ်ချူပ်က ဘုရားတွေတည်…ပီးတော့ဘုရားပွဲမှာဆို အဆိုတော်တွေဌားတာတောင် ပွဲအပျက်နဲ့မဟုတ်ပဲ အဲ့အဆိုတော်ရဲ့ ဆိုနိုင်တဲ့အပုဒ်အရေတွက်ပေါ်မူတည်ပီး ငွေများကိုပေးချေ ကျင်းပခဲ့တဲ့ပွဲသမိုင်းဟာဆိုရင်လည်း စဥ့်ကူမြို့သူ/သားတွေရဲ့ ပါးစပ်ဖျားမှာ စွဲကျန်ခဲ့ရလောက်တဲ့အထိပဲပေါ့…။
image

ခုဆိုရင်လည်း ဒီအရမ်းလှပတဲ့ တောင်တန်းကြီးတွေရဲ့နောက်ကျောမှာတော့…ရွေလုပ်စားနေကြတဲ့သူတွေကျက်စားရာနေရာကြီးဖြစ်နေလို့ နောင်နှစ်တွေကြာလာတာနဲ့အမျ…ဒီရေတမံကြီးရဲ့အလှကိုတောင် ထိစွန်းလာမှာကိုတော့…အရမ်းကိုစိုးရိမ်မိပါ့ဗျာ…။
image

ဒါနဲ့…ဒီအပုံလေးတွေကိုတော့ ကျနော့ I phone 5နဲ့ပဲရိုက်ဖြစ်ခဲ့တာလေးပါ…။
အားလုံးလည်းကိုယ်စိတ်နှစ်ပါးအမြဲရွင်ပြုံးကျပါစေလို့ဆုတောင်းနေရင်း…

@sheinthu(MSC-026)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမြဲခရီးသွားနေတဲ့အစ်ကိုကြီးပါ

အေးပါကွာ…ညီရာ😄

မှတ်မိလွယ်တယ်

ကိုယ်တိုင်ရောက်သလို ခံစားရပါတယ် အပြင်မှာဆို တော်တော်လှမဲ့ သဘာဝအလှပါပဲ

ဟုတ်တယ် ဘရိုလေး…really really

ဆည်မှာ ငါးမျှားလို့ ရသလား..?

အကိုမျှားခြင်ရင်…ကျနော်ပိုင်ပါတယ်ဗျ…
ပီးမှနှစ်ယောက်သား…🏃🏃🏃😂😂

ပုံရော စာရော ကောင်းတယ်ဗျာ ...

မြို့ပေါ်လေးလည်းတက်ပါအုံးဆရာရှိန်းရယ် တောထဲပဲလည်မနေပါနဲ့ဗျာ

လူလည်းကြာလာတော့…ဟိုဟာထဲကလို မုဆိုးတပိုင်း မိန်းမရိုင်းကြီး ပဲဖြစ်နေပီလားမသိတက်ဘူး…ကိုစိုးရေ…😂😂

All are amazing .
လှလိုက်​တာ...

ဝမ်းသာလိုက်တာတော် …မျှဝေခံစားပေးလို့ပီတော့…ကျေးဇူးပါခမျ…

Wowပေါ့
လှလိုက်တာ

လှတယ်​ဗျာပုံ​လေး​တွေက

ဟုတ်ကဲ့ကိုကြီးထွေး ကျေးဇူးပါခမျ…

ဟွင်း ဟွင်း😃😃I phone5ကြီးနက် ရုက်တာ လှနေရောဖဲ နော်😃😃မယ်ကြည်လဲ ရုက်ချင်လို့ ငှားပာအူး😃😃

ဝါသနာပါရင်…ရှိတ်လို့ရပီလေ…😂

beautiful place

Thanks bro for support

စာဖတ်ပြီးတော့ အလည်တောင်သွားချငိလာပြီ

လာခက်လိုက်…ကိုဟင်နဲ့တူတူ ဆည်ထဲမှာ…$$$$🎣🎣🎣မျှားနေတယ်…😂

Congratulations @sheinthu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thanks

This post has received a 0.45 % upvote from @buildawhale thanks to: @sheinthu. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness