ဗုဒ္ဓကိုသက်ဝင်ရှိခိုးခြင်း(၁၅)

in myanmar •  6 years ago 

*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။

အေး…ဒီလိုနဲ့ ဗောဓိသာရဟာ သုတသောမဘုရင်ကြီးကို နန်းတော်ကိုပြန်ခွင့် ပေးထားတဲ့ကတိအတိုင်း ခွင့်ပြုလိုက်တယ်…။အေး…နန်းတွင်းပြန်ရောက်လို့ ရေမိုးချိုးပီး အမွေးနံ့သာတွေထုံမွမ်းပီး ပုဏ္ဏားတွေကိုတရားဟောခိုင်းတယ် က္ကသပဘုရားရှင်လက်ထက်က ကျန်ရှိခဲ့တဲ့ ဂါထာတော်တွေထဲက သူတော်ကောင်းတရားတွေရဲ့အကြောင်းကို အသေးစိတ်ဟောတယ်…။ဟောပီးတော့…ဘုရင်ကြီးက ၁ ဂါထာကို အသပြာ ၁၀၀၀ ပေးပီး ပုဏ္ဏားတွေကိုဆုချီးမြင့်တာကို ဖခမည်းတော်ကြီးကမြင်တယ်ပေါ့…'သားတော်ကြီး…၁ ဂါထာ အသပြာ ၁၀၀၀ ဆိုတာများဘူးလားဆိုပီး မေးတာပေါ့…'ဖခမည်းတော်ဘုရား…ဖြစ်နိုင်ရင် ဒီထက်ပိုလူခွင့်တောင်ရချင်ပါတယ်ဘုရား…'" ဆိုပီး ပြောပြောဆို မင်းဝတ်တန်ဆာတွေ ပြန်လည်ချွတ်ရင်းပြောတော့… တိုင်သူပြည်သားတွေနဲ့ နန်းတွင်းသူနန်းတွင်းသားတွေက အံ့သြနေကြပြန်တယ်…"သားတော်ဟာ လူ့ဘီလူးကြီး ဗောဓိသာရနဲ့ ကတိသစ္စာထားခဲ့ပီးပီ ဒီတရားတော်များနာယူပီး ပြန်လာမယ်ဆိုပီးတော့ပါ ဘုရား…" လို့ပြောပြန်တယ် ဒါနဲ့ အားလုံးက သုတသောမဘုရင်ကြီးကို ပြန်မသွားစေချင်ဘူးလေ ဟိုရောက်ရင် ဘီလူးအစားခံရမှာကို ပီးတော့…တသက်နဲ့တခါမှာ တခါလောက်တော့ ကတိပျက်လည်း အစားခံရမှာထက်စာရင် တန်တယ်ဆိုပီး အားလုံးက ဝိုင်းတားကြတယ်ပေါ့…အဲ့အချိန်မှာ ဘုရင်ကြီးကပြန်ပြောတယ်…"…မဟုတ်ဘူး ဒီတခါ ဘီလူးကြီးနဲ့ထားခဲ့တဲ့ကတိအပြင်မကတော့ဘူး သူဟာ ငါအပေါ်ကိုယုံကြည်လိုပြန်လွတ်လိုက်ပီး နားယူခွင့်ပေးလိုက်တဲ့ တရားတွေဟာ ငါကိုယ်တော်အတွက်တန်ဖိုးဖြတ်လို့မရနိုင်တော့ဘူး…ငါဟာသူ့အပေါ်မှာ ကျေးဇူးတင်ခဲ့ရပီ…အဲ့ကြောင့်မို့ ဒီခရီးလမ်းဟာဘယ်လောက် ခက်ခဲကြမ်းတမ်းပါစေ သူ့ကြောင့်နာယူခွင့်ရလိုက်တဲ့ တရားတော်တွေ အတွက်ငါဟာ သူကိုပိုပီးကတိသစ္စာ မြဲသင့်တယ်လို့ …ဒီလိုပြောတယ်…နော် ဒါဟာ သာမန်လူတွေ လုပ်ရဲတဲ့သတ္တိ မဟုတ်ဘူး ဘုရားအလောင်းလေးရဲ့ ကတိသစ္စာတရားနဲ့ ကျေးဇူးတရားအပေါ်အင်မတန်မှ မြတ်နိုးတန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်တယ်…##

ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-@sheinthu(MSC-026)

Posted using Partiko iOS

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!