စဥ့်ကူးနယ်က ရေပူစမ်းနဲ့/ချွေးထုတ်ခန်း

in myanmar •  7 years ago 

အားလုံးသော steemit members များအားလုံးမင်္ဂလာပါခမျာ…။
image

အရမ်းပျော်စရာကောင်းတဲ့နေရာလေးတစ်ခုပါ ထင်မထားဘူး…ဒီနေရာကို ဒီမြို့နယ်လေးမှာရှိမယ်လို့ပေါ့…။
ကိုယ်တွေသူငယ်ချင်းအဖွဲ့ကလည်း ဒီရေပူစမ်းလေးရှိမှန်းလည်းမသိတက်ဘူး…ဖြစ်ချင်တော့ သူငယ်ချင်တစ်ယောက်က အဲ့နေရာလေးနဲ့သိပ်မဝေးတဲ့နေရာလေးမှာ ဝယ်ထားတဲ့တောင်ယာခင်းကို စိတ်ဝင်တစားသွားအကြည့်မှာပေါ့…။ယာခင်းရောက်တော့…ယာခင်းထဲက တောပေါင်းရှင်းပေးနေတဲ့ ဦးလေးကြီးက ပြောပြလိုက်လို့ရောက်ခဲ့တာလေးပါ ။ သွားမဲ့လမ်းက ဒါမယ့်နဲနဲတော့ကြမ်းနေပါသေးတယ် …။
image

ခု… ရေပူစမ်းကိုသွားသွားတဲ့လမ်းလေးကတော့…စဥ့်ကူးမြို့နယ် ၊လက်ပန်လှစံပြကျေးရွာရဲ့မြောက်ဘက်အထွက် ရွေတောင်ရပ်/မာလဲနတ်တောင်တမံ လမ်းခွဲကနေ အရှေ့မြောက်ထဲကို နာရီဝက်လောက်မောင်းသွားလိုက်ရင် ဟောဒီသဲချောင်းကြီးကိုတွေ့ရမှာပါ …ခုတော့ရေအားနည်းနေပေ့မယ် မိုးရာသီရောက်လာရင်အပင်ကြီးတွေတောင် ကန့်လန့်ဖြတ်မျောမျောလာအောင် ရေစီးအရမ်းသန်တယ်လို့လည်းပြောကြပါတယ်…။
image

image

image

အဲ့ကနေ နောက်ထပ်(၅)မိနစ်လောက်သွားရင် ရောက်ပါပီခမျ…!
အရမ်းကို ထူးဆန်းလှပတဲ့နေရာလေးပါ…ကျနော်တို့ရောက်သွားတဲ့အခါမှာ…ဒီနေရာလေးကို စတွေ့တဲ့ ဘကြီးနဲ့တွေ့တော့…"ခုတော့…ဆည်မြောင်းကထွက်လာတာဆိုပေမယ့် ဒီလက်ပန်လှဘက်ကို ငယ်ငယ်ကတည်းက ကျောက်ဆည်ဘက်ကပြောင်းလာတာ…ပြောမယ်ဆိုရင်တော့ "မာလဲနတ်တောင်"ရေတမံကြီးမဆောက်ခင်ကတည်းကပေါ့လေ…"ဆိုပီး ပြောပြပါတယ်။အဲ့ဘကြီးကတော့ အသက်(၆၀)ကျော်ရှိနေပါပီ…။ဒါနဲ့ ကိုဝေဠုကျော်တို့တောင် လာသွားပီး ဒီရေပူစမ်းကိုလာတဲ့လမ်းလေးအတွက်ပြုပြင်ဖို့ဆိုပီး… အလူငွေထည့်သွားခဲ့တာတွေရောပြောပြပါတယ်…ခုလက်ရှိတော့ ဒီရေပူတွေထွက်တဲ့နေရာလေးတစ်ဝိုက်မှာ…"ထက်ရည်လင်း"ဆောက်လုပ်ရေးကုမ္ပဏီကနေ ကုသိုလ်ပါရမီဖြည့်တဲ့အနေနဲ့ စေတီတစ်ဆူဆောက်လုပ်လူဒါန်းမယ်ဆိုတာလည်း သိခဲ့ရပါတယ်…။
image

image

image

နောက်ထပ် ဒီနေရာလေးမှာက မိုးကုပ်ဘက်ကတောင်ဆင်းလာပီး လာရောက်ရေစိမ်နေကျတဲ့သူတွေထိရှိနေကြတယ်ဗျ…။အနယ်နယ်အရပ်ရပ်ကလာကြတဲ့ အားလုံး အားလုံးအတွက်ဆိုပီး မိန်းမ/ယောက်ကျား ရေစိမ်ကန်တွေနဲ့ သံဃာတွေအတွက်ဆိုပီးတော့ရော သီးသန့်ရေစိမ်ကန် တွေလုပ်ထားတာလည်း တွေ့ခဲ့ရပါတယ်…။တချို့တလေဆို လာရောက်အပန်းဖြေကြရင်းနဲ့ အိမ်ကနေထမင်းထည့်မလာကြပဲ ဆန်ပဲယူလာပီး ဒီရောက်လာမှ ရေပူနွေးလေးတွေစထွက်လာတဲ့နေရာလေးမှာ ဆန်လေးဆေးပီးချထားလိုက်တာကိုတွေ့ခဲ့ရပါသေးဗျာ…။
image

image

image
…တစ်ခါတည်းချွေးတန်းထုတ်တဲ့ အခန်းလေးတွေလည်းလုပ်ပေးထားပါသေးဗျာ…။အရမ်းလည်းကောင်းပီးထူးခြားပါတယ်…ဆောင်းရာသီ ရေပူနွေးစိမ်လိုက် ချွေးထုတ်လိုက်နဲ့ ကျနော်တို့လည်းလန်းခဲ့ပါသေးတယ်…😄။လေဖြန်းထားသူများအတွက်လည်း အရမ်းထူးခြားပါတယ်တဲ့…။ကျနော်တို့အဖွဲဆိုလည်း ချွေးထုတ်လိုက်/ရေစိမ်လိုက်နဲ့ ဘယ်နှစ်ခါမှန်းကိုမသိတက်လောက်အောင်ပါပဲ…အဲ့ကြောင့်မို့ ကျန်းမာရေးအတွက် လာရောက်အပန်းဖြေကြရင်းနဲ့ပျော်ရွင်စရာခရီးလေးတစ်ခုဖြစ်မှာကတော့ အသေအချာပါပဲခမျာ…။

အားလုံးလည်းကိုယ်စိတ်နှစ်ပါးအမြဲရွင်ပြုံးကြပါစေလို့ဆုတောင်းလျက်…

@sheinthu(MSC-026)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရေးအသားကောင်းပါတယ်အကို အားပေးနေပါတယ်ဗျ

ကျောင်းပိတ်ရက်လေးသယ်ချင်းတွေနဲ့လိုက်သွားပီးကဲနေတာ…😂

Good ပေါ့ဗျာအကိုfriend time ပေါ့

ခေခေညီလေး ကျေးကျေး..

အောင်မြင်ပါစေဗျ အကို

စာ​​တွေပြန်​ဖက်​ရ​တော့မယ်

ကိုအတာတို့ရှိတော့ အားရှိသလိုပဲခံစားရတယ်😄

မတွေ့တာကြာလို့ သတိရနေတာဗျာ ဆက်တင်အုံးနော် အားပေးနေမယ်

သာယာလှပတဲ့​နေရာဘဲ​နော့....​ရေကစိမ်း​နေတာဘဲ...

လာခက်…အသေချာ…လိုက်ပို့ပေးမယ်😄

အိုခီ😊😊

သာယာလိုက်တာနော်

တခါတလေလည်း တောတောင်ကအေးချမ်းတဲ့နှလုံးသားတနေရာ…ဟီး

ရောက်ဖူးချင်တယ်ဗျာ

ဟား…လိုက်ပို့ပေးမယ်

မင်္ဂလာပါ

ဟုတ်…သက်လျာရေ ကျေးဇူးနော်…

ရေပူစမ်း ကြားပဲကားဖူးတယ်​ မမြင်​ဖူးဘူး

ဟုတ်ကဲ့ sister ကျေးဇူးပါနော်…

အခုလိုမြင်တွေ့ခွင့်လေးရရှိတဲ့အတွက်ကြောင့်များစွာဝမ်းမြောက်မိပါတယ်အကို
သတိရခြင်းများစွာဖြင့်(သူရ)

ကိုသူရရေ နော်တို့ဘဝလေးတွေက steemit ကြီးရောနဲ့သက်ဆိုင်သူလေးတွေရဲ့ ကျေးဇူးတရားလေးတွေရှိနေပြန်တယ်လေ ရည်ရှည်မှာပိုပျော်စရာကောင်းလာမှာပါ…😄

ဟုတ်တယ်လေးစားမိတဲ့ခရီးသွားအကိုရေ
ဒီလိုပဲကျွန်နော်အနေနဲ့လည်းမှတ်ယူထားမိတယ်ဗျ