ညတုန်းက night duty ပေါ့ဗျာ..
ဒီနှစ်မှာ ကျနော် မြစ်ကြီးနားမြို့ အာလမ်(၁)/ထခဲွမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ပေါ့..
ကျောင်းကလည်း ကိုယ်တွေစရောက်တဲ့နှစ်မှာဘဲ (ထခဲွ)ဖြစ်တာဆိုတော့ ၉/၁၀တန်းကျောင်းသားတွေကိုစသင်တဲ့နှစ်ပေါ့ဗျာ..
မတစ်ထောင်ပေါက် သားသမီးတွေဆိုတော့လည်း သိတဲ့အတိုင်းပေါ့ဗျာ..တစ်ကျောင်းလုံးမှာ ဆရာက ၂ယောက်ပဲရှိတယ် ကျန်တာက ဆရာမတွေဆိုတော့..သူ့ဆရာမနဲ့သူ့ကလေးတွေ oneset/oneset ပေါ့ဗျာ...
တချို့ကလေးများမှာ ရောက်ရမယ့်အတန်းထက်အသက်က ၃/၄နှစ်ကျော်တွေလည်းတွေ့ရတယ်ဗျ...
ကလေးတော်တော်များများမှာ စစ်ရှောင်တွေကလာတယ်ဆိုတော့..စာကအခြေခံအတော်လေးကိုမပါဘူး..
ကျနော်တို့ကျောင်လေးရဲ့ အရှေ့ဘက်ကပ်ရပ်မှာ ဧရာဝတီမြစ်ကြီးခြားနေတဲ့တခြားဘက် မှာဖြစ်နေတဲ့စစ်ပဲွတွေကလည်း လောကသူရဲကောင်းလေးတွေရဲ့ဘဝကို အကျည်းတန်စေလိုက်တာဗျ...
တချို့ကလေးတွေဆို..ဆရာတွေရဲ့ကွယ်ရာမှာ ပြောတဲ့စကားလေးကျနော်ကြားခဲ့မိတယ်.."သူငယ်ချင်းရာ.. စာသင်ခန်းထဲဘာမှနားမလည်းပဲနဲ့ ငုတ်တုတ်နေတိုင်းထိုင်နေတာထက် အိမ်ပြန်တောင်ယာခုတ်ချင်တယ်ကွာ.."ဒီလိုပြောတဲ့ဗျ..သနားမိပါတယ်ဗျာ ကလေးလေး..ဘဝရဲ့ထိုးနှက်ခံခဲ့ရတဲ့အချက်တွေက လက်ရှိသူဘဝနဲ့ အန်ဝင်ခွင်ကျဖြစ်ဖို့အချိန်အတော်ယူရအုံးမယ်ဗျာ..ဒါမယ့် ကျနော်နောက်နေ့တွေသူ့ကိုစောင့်ကြည့်လာရကနေ တလတလနဲ့ ခုဆို ၁၁လပိုင်းထဲထိတဖြည်းဖြည်းနဲ့ နေသားကျလာနေပါပီ..ဒီကြားထဲကိုယ်တွေနဲ့ တခါတလေ စကားပြောဖြစ်ကြခဲ့တယ်...
ခုတော့..အဲ့ကောင်လေးအဆင်ပြေနေပါပီ..ကျောင်းမှာပျော်လာပါပီဗျာ..အရင်ကသူပြောခဲ့တဲ့ စာသားလေးကို ကျနော်တိုတွေ့မိရင် ကျနော်စပြောလိုက်ရင်..သူကိုယ့်သူ ရှက်တက်နေတဲ့ပုံစံလေး ဖြစ်နေရဲ့ဗျ....
@sheinthu(written by)
MSC-026
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
အာလမ် ကျောင်းက ဧရာဝတီမြစ်ကမ်း ဘေးမှာလို့ထင်တယ်။ အာလမ် ၊ မန်ခိန် ၊ ကျိန်ခရန် ၊ မြစ်ဆုံ တဝိုက်က နေရာတွေ ခုချိန်တော့ မြင်ယောင်ကြည့်ရင်တောင် ဝါးတား တား ပဲ။ Voting power နည်းနေလို့ မနက်ဖြန်ကျ 100% နဲ့ Vote ပေးမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ကိုဟင်...အာလမ်က မြို့အစွန်ဖျားဘက်ရောက်သွားတယ် မြစ်ဆုံနဲ့ဆို နာရီဝက်လောက်ပဲ..လမ်းတွေကတော့ ကွန်ကရစ်တွေပဲ အကုန်းလုံး..ခုနောက်ပိုင်းဆို လမ်းက လူကိူမပျက်ပါဗျာ..ခရီးသွားတွေကလည်း စိတ်လာတယ်ကိုဟင်..
ပူတာအိုလမ်းတောင် မြစ်ကြီးနားနဲ့ ဒီလိုပွင့်လင်ရာသီရောက်ရင် လိုင်းကားတွေမပျက်ထွက်တယ်ဗျ..တဖြည်းဖြည်း စည်ကားလာတာမြန်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားရစရာပဲ.... အရင်တုန်းက မြစ်ဆုံမန်း ဆိုတဲ့ လိုင်းကား တမျိုးပဲရောက်တာ.... အခုလို လမ်းပန်းဆက်သွယ်ရေးကောင်းလာတော့ စစ်ဘေးမရှိရင် အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်မှာပဲ.... မြန်မာပြည်က ပြည်တွင်းစစ်ကြီးလည်း ပြီးစေချင်လှပြီ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်..ဒီ၄/၅နှစ်အတွင်းမှာပဲ ကျနော်တို့လည်းပျော်တယ်ဗျာ ဟိုတလောက ကျနော့အမျိုးသမီး ဦးလေးက ပူတာအိုကနေ မြစ်ကြီးနားထိ အလည်လာတုန်းက ဆိုင်ကယ်နဲ့တစ်ယောက်ထဲစီးလာတာ မနက်စောစောကထွက်လာတာ ညနေ ၅နာရီလောက်ရောက်တယ်ပြောတယ်ကိုဟင်..ဒါတောင် လူကြီးမို့ဗျ လူငယ်တွေစီးရင် အဲ့လောက်မကြာလောက်တော့ဘူး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Male teachers are rare in Myanmar. Proud of you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့.. ကျေးဇူးပါခမျ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit