ဗီဇ

in myanmar •  7 years ago  (edited)

image
လူတိုင်းဟာ​မွေးဖွားလာစကတည်းက အကျင့်​စရိုက်​​မွေးရာပါ​ဗီဇပါလာကြပြီးသားပါပဲ။အဲ့ဒီပင်​ကိုယ်​စရိုက်​​တွေမတူညီကြလို့လူတစ်​ကိုယ်​စိတ်​တစ်​မျိုး​တွေဝါသနာ​တွေ​နောက်​ဆုံးရည်​မှန်းချက်​​တွေအထိပါကွဲပြားသွားကြတယ်​။အခု​ဆွေး​နွေးချင်​တာက ဗီဇအ​ကြောင်းပါပဲ။ဆိုးသွမ်းတဲ့ဗီဇ ပါလာတယ်​ပဲဆို​စေဦး​တော့ မိမိကိုယ်​တိုင်​မ​ကောင်းဘူးပဲလက်​ခံသည့်​တိုင်​​အောင်​​တော့ သူ့ ဗီဇအရလုပ်​​နေဦးမှာပဲ။မွေးကင်းစကတည်းကပါလာတက်​တဲ့သ​န္ဓေတည်​ကတည်းကဖြစ်​​ပေါ်​လာတဲ့ဗီဇဟာ​သေတဲ့အထိ ရှင်​သန်​​နေတက်​လို့ ​ဖျောက်​ရခက်​ပါတယ်​။ဖျောက်​လို့မလွယ်​ဘူး​ပေါ့။ မခိုးရမ​နေနိုင်​တဲ့ အကျင့်​တစ်​ခုဗီဇ ရှိတယ်​ဆိုရင်​ ထိုသူဟာဘယ်​​လောက်​ပဲချမ်းသာလာလာသူ့အကျင့်​အရခိုး​နေရမှကိုဖြစ်​မှာပါ။ကြားဖူးတာက သူ​ဌေးတစ်​​ယောက်​ကသူချမ်းသာ​နေ​ပေမဲ့ super marketလို storeလို​နေရာမျိုးက​နေတစ်​​နေ့ကို​ချောကလက်​တစ်​ခုသွားခိုး​နေပါတယ်​တဲ့။ဒါဘာလို့လဲ သူ့ဗီဇအရ​ပေါ့။အာ့လိုမျိုးဗီဇကို​ဖျောက်​ချင်​မှာပါပဲ ဘယ်​သူဖြစ်​ဖြစ်​​ပေါ့။ဟုတ်​ပြီ အာ့လို​ဖျောက်​ချင်​တယ်​ဆိုတဲ့​နေရာမှာ​ပြောစရာကသူ​ဖျောက်​ဖို့သူ့အတွက်​ဘယ်​လိုအရာနဲ့အစားထိုးမလဲ။အစားထိုးဖို့အရာကိုလည်းအလွယ်​တကူမ​တွေ့ နိုင်​ပါဘူး။ဒါ​ပေမဲ့ ​​ဖျောက်​ချင်​တဲ့စိတ်​ပဲခိုင်​မာ​နေပြီဆိုရင်​ မ​ကောင်းတဲ့ဗီဇမှန်းသိ​နေပြီဆို​ရင်​ တစ်​ဝက်​​လောက်​​​သေချာ​နေပါပြီ။ ကျွန်မတို့တွေဘယ်လိုဖျောက်ကြမလဲ၊ ဘာသာရေးအရလုပ်ကြမလား။ စိတ်ပိုင်းဆိုင်၇ာနည်းအရလုပ်ကြမလား။ ကျွန်မယူဆထားတာကတာ့.ဒီလိုလုပ်ရင်ကောင်းမယ်လို့ ထင်မိပါတယ်။
ပထမဆုံးစာအုပ်​မှာချ​ရေးပြီးမှတ်​ထားပါ။ ဒိုင်ယာယီလိုစာအုပ်မျိုးပေါ့။ ဘယ်​​နေ့ ဘယ်​ရက်​ဘယ်​အချိန်​မှာ လုပ်​တယ်​။နောက်​ထပ်​ဘယ်​နှရက်​​လောက်​အထိမလုပ်​ပဲ​နေနိုင်​လဲစမ်းကျိပါ။ ဗီဇအရ​တော့ထပ်​ပြီးပြု လုပ်​ချင်​လာရင်​ စိတ်​ကိုပြန်​မာန်​တင်းပါ။မရရင်​ ​တော့ထပ်​ပြု မိလိမ့်​မယ်​။အဲ့အချိန်​ လုပ်​လိုက်​ပါ။ဒါ​ပေမဲ့ ထပ်​လုပ်​ရင်​စာအုပ်​မှာထပ်​​ရေးပါအချိန်​အတိအကျ ရက်​အတိအကျနဲ့ ​ရေးမှတ်​လိုက်​ပါ။ပြီးရင်​ထပ်​ခါထပ်​ခါဖတ်​ပါ။ထပ်​ခါထပ်​ခါရှက်​လာပါလိမ့်​မယ်​။နောက်​တစ်​ခါထပ်​ပြု လုပ်​ချင်​မိသည်​ရှိခဲ့​သော်​ မှတ်​ထားတာကိုဖတ်​ကျိပါ။အနည်းဆုံး​တော့ လက်​တွန့်​နေပါလိမ့်​မယ်​။ဘယ်​သူ့ ကိုမှ​ပြောပြ​နေစရာမလိုပါဘူး။သူများကို​တော့လိမ်​လို့ရ​ပေမဲ့မရတာကိုယ့်​ကိုယ်​ကိုမို့လို့ပါ။
အရှက်​တရားနဲ့သာ အကာကွယ်​လုပ်​ကျိလိုက်​ပါ အကျင့်​ဆိုးကိုတာ့တာပြနိုင်​မှာပါ။အဓိကကျတာက အရှက်​တရားရှိဖို့နဲ့ ကိုယ့်​စိတ်​ကိုယ်​နိုင်​နင်းဖို့ပါ။စိတ်​နဲ့ကိုယ်​နှစ်​ခုရှိတယ်​​ပေါ့။ဘယ်​ဟာကအဓိကကျတယ်​ထင်​လဲ။တကယ်​အဓိကဖြစ်​လာတာက ကိုယ်​ပါ။ဘာလို့လဲလို့​မေးခွန်းထုတ်​လာရင်း​ လူတိုင်းကစိတ်​လို့​ပြောကြမှာပါ။ဟုတ်​ပြီ။ကိုယ်​ခန္ဓာကြီးဖြစ်​လာလို့​မွေးလာလို့သာစိတ်​ဆိုတာဖြစ်​တည်​လာတာပါ။ဒီကိုယ်​ခန္ဓာကြီးမရှိရင်​စိတ်​လည်းဖြစ်​လာစရာအ​ကြောင်းမရှိဘူး။လူတစ်​​ယောက်​ကမိမိရဲ့စိတ်​လို့ညွှန်းရင်​​တောင်​ ကိုယ့်​ရဲ့စိတ်​လို့​ပြောကြတာပါ။ကိုယ်​ကပိုင်​တဲ့စိတ်​ပါ။ ဒါ​ကြောင့်​စိတ်​ကိုအလိုမလိုက်​ပါနဲ့ အနိုင်​မ​ပေးပါနဲ့။ စိတ်​ကို​အောင်​နိုင်​ရင်​ရန်​သူတစ်​​ထောင်​ကို​အောင်​နိုင်​ခြင်းထက်​ဝမ်း​မြောက်​ဖို့​ကောင်းပါလိမ့်​မယ်​ဆိုတာ ရဲရဲကြီးအာမခံလိုပါတယ်​​နော်။ စိတ်ကိုအလိုလိုက်ရင်ပျက်စီးတာကပိုများပါတယ်..အထိန်းရအခက်ဆုံးကလည်းစိတ်တခုပါဘဲ့..ဒါပေမယ့်ကျွန်မတို့တွေ. လုပ်ကိုလုပ်နိုင်ရမယ်.မရရအောင်လုပ်မယ်လို့ဆုံးဖြတ်ရင် ကျွန်မတို့တွေ..ကြိုးစားရင်..ဘာမဆိုဖြစ်နိုင်ပါတယ်လို့.. နိဂုံးချုပ်ရင်း အဖွဲ့သားအားလုံးချမ်းသာကျန်းမာကြပါစေရှင်
image
@shoonlay
Msc220
Author Shoon Lai Win Shwe
From Myanmar
Photo google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကြိုးစာပါဗျာ

ဟုတ်ကဲ့ပါ

  ·  7 years ago (edited)

စာပိုဒ်တွေ ခွဲရေးပါ ညီမ proတင်တဲ့ပိုလ့်က စာလုံးရေ ကန့်သတ်ချက်ရှိပါတယ်

ဟုတ်အမ ပြင်လိုက်ပီရှင့်

ဟိုတခါက PROမရတာစာလုံးပိုသွားလို့ထင်မယ်အမ

good post လေးပါမမ အားပေးလျှက်ပါနော်

ဟုတ်ကဲ့ပါရှင့်

Good

ကျေးဇူးတင်ပါတယ်ရှင့်

အရမ်းကောင်းတယ်။ဆက်၍ကြိုးစားပါ။အားမငယ်ပါနဲ့

ကျေးဇူးတင်ပါတယ်ရှင့် ကြိုးစားပါ့မယ်

Authorလို့ပြင်ပေးပါ။

ပြင်ပီးပီရှင့်

Replyပြန်ပေးပါညီမ

ဟုတ်ကဲ့ညဘက်မှအားလို့ပါ @kokonaing သတိပေးလို့ကျေးဇူးတင်ပါတယ်ရှင့်

pro postဖြစ်တဲ့အတွက် comများများရေးပေးပါ

ဟုတ်ကဲ့ပါရှင့်

စာသားအရမ်းနည်းပါတယ်။နောက်တစ်ခါ များများရေးပေးစေချင်ပါတယ်

ဟုတ်ကဲ့ပြင်ထားပါတယ်ရှင်

စာလေးနည်းနည်းထပ်ဖြည့်စေချင်တယ်ဗျာ

ဖြည့်ပီးပီ..ရှင်

good writing

ကျေးဇူးတင်ပါတယ်ရှင့်

ဗီဇဆိုတာ ဖျောက်ဖျက်ရခက်ပါတယ်

ဗီဇကိုဖျောက်ခက်ပေမယ့် ကို့စိတ်ကိုနိုင်ရင်..ဗီဇဆိုတာအသေးအမွှားပါ

ဗီဇဆိုတာ ​တော့​ဖျောက်​ဖို့ခက်​တယ်​​ပြောကြတာပဲ...။Reply​လေး​တွေပြန်​ပါဦးကွယ်​။ကိုယ်​နဲ့စိတ်​ဆက်​စပ်​​နေပုံကို​တော့ တရားစာအုပ်​​တွေဖတ်​ကြည့်​ပါကွယ့်​။

ဟုတ်ကဲ့ရှင်..အားတဲ့အချိန်လေးပုံမှန် ၉နာ၇ီနောက်ပိုင်း.ပြန်ဖြစ်ပါတယ်ရှင့်တနေကုန်မအားလို့ပါ. ဖျောက်ရခက်ပေမယ့်ကို့စိတ်ကိုနိုင်ရင်...ရတာဘဲ့..ပလေတိုလားသူ့ဆရာလားတော့သေချာမမှတ်မိပါဘူး..သူ့ကိုရုပ်သုတေသီပညာရှင်တယောက်ကနာဘူးလို့ပြောခဲ့ပါတယ် သူလက်ခံပါတယ်သို့သော်သူ့စိတ်ကိုထိန်းချုပ်နိုင်တယ်လို့...စာအုပ်တအုပ်မှာဖတ်ဖူးပါတယ်။ ကျွန်မကဗုဒ္ဒဘာသာမဟုတ်ဘဲ့တခြားဘာသာဝင်ဆိုဘယ်စာအုပ်ကိုဖတ်ခိုင်းမှာပါသလဲ.

စာလေးကောင်းတယ်အမရေဆက်ဖတ်ချင်ပါတယ်

ဟုတ်ကဲ့ဆက်ကြိုးစားပါ့မယ်ရှင့်

Good

THANKS

ဆက်ကြိုးစားပါ ညီမ အားပေးနေမယ်

ကျေးဇူးတင်ပါတယ်ရှင့်

Good

THANKS

အ​ရေးအသား​လေး​ကောင်းပါတယ်​။စာ​လေးကိုနဲနဲပိုပီးရှည်​၂​ရေး​ပေးပါညီမ​ရေ

ဟုတ်ကဲ့ရှင့်

ဗီဇ ...

အွန်းး

စိတ်အကြောင်းတရားတော်ပ့ ညီမရေ…

good