Steemit FAQ (Account) - 3

in myanmar •  7 years ago 

U5dtztWpSEEZdxqe4zZGvZbvLrm5zNn_1680x8400.jpg

MSC မိသားစုဝင်များ မင်္ဂလာပါ ခင်ဗျာ ……

ယခု post မှာ steemit FAQ အပိုင်းမှ အကြောင်းအရာ များကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ယခင် post နှစ်ခုသည် ယေဘုယျ အမေးများသော General အပိုင်းမှ ဖြစ်ပြီး ယခု post သည်မူ Account အပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။အမှား အယွင်းတစ်စုံတစ်ရာပါလျှင် ကျွန်တော်၏ အား နည်းချက်သာဖြစ်ကြောင်း ကြိုတင် တောင်းပန်အပ်ပါသည်။

steemit.png

9 • account တစ်ခု ဘယ်လိုဖန်တီးမလဲ။

Steemit.com သို့ဝင်ရောက်၍ webpage ၏ အပေါ်ပိုင်းမှ "Sign Up" link ကို နှိပ်ပါ။

သင်၏ email လိပ်စာနှင့် phone no ကို verify ပြုလုက်ရန်အတွက် မေးမြန်းပါလိမ့်မည်။ email လိပ်စာနှင့် phone no ကို verify ပြုလုပ်ပြီးနောက် သင့် ကို waiting list အတွင်း ထည့်သွင်းထားပါလိမ့်မည်။ထို့နောက် သင့်၏ acc ကို ခွင့်ပြုပေးလိုက်ပြီဆိုလျှင် သင်၏ email မှ တစ်ဆင့် အသိပေးအကြောင်းကြား ပါလိမ့်မည်။

သင့် acc ခွင့်ပြုချက်ရရှိကြောင်း အသိပေးချက် ရရှိပြီး နောက် acc ဖန်တီးမှု ပြီးစီနိုင်ရန် e mail တွင် ပေးထား သော link ကို နှိပ်ပါ။သင်၏ username နှင့် password ကို သေချာသိမ်းဆည်းထားပြီး ဖြစ်ကြောင်း သေချာမှု ရှိပါစေ။

သင်၏ password ပျောက်ဆုံးမှု မရှိစေရန် အလွန်အရေးကြီးပါသည်။ပျောက်ဆုံးသွားလျှင် သင့် acc ကို ဝင်ရောက်ရန်အတွက် password ပြန်လည် ရှိရန် နည်းလမ်းမရှိပေ။ သင့် acc အတွက် password ကို backed up အနေဖြင့် သိမ်းဆည်းပြီးသည်နှင့် "Create Account" button ကို နှိပ်လိုက်ပါ။ ထိုအခါ acc တစ်ခုကိုရ ရှိပြီ ဖြစ်ပါသည်။

createaccountbutton.png

10 • ကျွန်တော့် အနေဖြင့် account တစ်ခု ဖန်တီးရန် မည်သည့် အချက်အလက်များ ပေးရန် လိုအပ်ပါသနည်း။

သင်၏ email လိပ်စာ နှင့် phone နံပါတ်ကို ပေးရန် လိုအပ်ပါမည်။

11 • account ခွင့်ပြုချက် ရရှိရန် အချိန်မည်မျှကြာနိုင်သနည်း။

accounts အများစုသည် 24 နာရီအတွင်း ရရှိနိုင်ပြီး အချို့ acc များအတွက် တစ်ပတ်ခန့် ကြာမြင့် နိုင်ပါသည်။တစ်ပတ်ကြာသည့် အချိန်တိုင် acc ခွင့်ပြုခြင်း မရရှိသေးလျှင် steemit.chat မှ #help channel တွင် အကူအညီ တောင်းခံရန်အတွက် မေးမြန်းနိုင်ပါသည်။

download.png

12 • မည်သည့်အတွက် ကျွန်တော်တို့၏ email နှင့် phone no ပေးရန် လိုအပ်ပါသနည်း။

blockchain တွင် acc တစ်ခု ဖန်တီးရန်အတွက် STEEM tokens အနည်းငယ် ကုန်ကျပါသည်။. သင်သည် Steemit.com မှတစ်ဆင့် acc ပြုလုပ်သော အခါ Steemit Inc. သည် ၎င်းကုန်ကျစရိတ်အတွက် ပေးချေရန် tokens များကို ထောက်ပံ့ပေးထားပါ၏။

အသုံးပြုသူများအနေဖြင့် sign up ပြုလုပ်ရန် ပေးထားသည့် tokens များကို အလွဲသုံးစားပြုလုပ်ခြင်း နှင့် acc များစွာ ပြုလုပ်ခြင်းတို့မှ ကာကွယ်နိုင်ရန် အလို့ ငှာ acc တစ်ခုကို လူတစ်ဦးသာ sign up ပြု လုပ်နိုင်စေရန် e mail နှင့် ph no ကို verify လုပ်ဆောင်ခြင်း အလို့ငှာ တောင်းခံရခြင်း ဖြစ်ပါသည်။

13 • ကျွန်တော်တို့အနေဖြင့် email နှင့် phone နံပါတ် မရှိပါပဲ Steem account တစ်ခု ဖန်တီးနိုင်ပါ သလား။

Steemit.com မှတစ်ဆင့် acc တစ်ခု ဖန်တီးပြုလုပ်ရန် နည်းလမ်းမှာ သင်၏ email နှင့် phone ကို ထောက်ပံ့ပေးရန်သာ ဖြစ်ပါသည်။ Steem သည် ဖွင့်လှစ် ထားသော permissionless network တစ်ခု ဖြစ်ပြီး Steem account တစ်ခု ဖန်တီး အခြားနည်းလမ်း များစွာ လည်း ရှိနေပါသေး၏။ မည်သည့် Steem blockchain account မဆို Steemit.com တွင် အသုံးပြုနိုင်ပါသည်။

U5dtyLe4UoNq9jTJo3RAYVzvkszpPQH_1680x8400.jpg

[ မှတ်ချက် ။ ။ Bitcoin and ethereum တို့သည် လည်း လူသိများ ထင်ရှားသော permissionless blockchains များပင်ဖြစ်ပြီး ၎င်းတို့သည် public ဖြစ်ကာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိန်းချုပ်ထား ခြင်း မရှိပေ။ပါဝင် ပတ်သက်လျက် ရှိနေသူ user များ အနေဖြင့် မည်သည့် အချိန်တွင်မဆို blockchain ကွန်ယက်သို့ ချိတ်ဆက်ခြင်း ထွက်ခွာခြင်းကို လုပ်ဆောင်နိုင်ပါသည်။ကွန်ယက်သို့ ချိတ်ဆက်လာသည့် user များကို ခွင့်ပြုရန် (သို့) ချိတ်ဆက်ပြီးသည့် user များကို ဖျက်သိမ်းရန် မည်သည့် တစ်ဦးတစ်ယောက် ကိုမျှ အခွင့်အာဏာ ပေးအပ်ထားခြင်း မရှိပေ။ ]

ကျေးဇူးတင်ပါသည်။ ဆက်ပါဦးမည် ခင်ဗျာ

Source >> steemit FAQ
Ref >> https://www.google.com.mm/amp/www.livebitcoinnews.com/permissionless-permissioned-blockchains-overview-relevant-properties/amp/

ဘာသာပြန်သူ >> @shweyaungmyanmar (MSC - 049)

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတယ်ဗျာ သေချာခုမှသိတယ်

ဟုတ် ကြိုးစားရေးပါဦးမယ်ဗျ

Steemit သုံးသူတိုင်း FAQ ကိုသိသင့်​ပါတယ်​၊ ခုလို ဘာသာပြန်​​ပေး​တော့ ​ကောင်းပါတယ်​ ၊ ​ကျေးဇူးပါ ။

ဖတ်ရှုပေးတာ ဝမ်းသာပါတယ် sis

မသိတဲ့သူများအတွက်​ ​ကောင်းတဲ့ပိုစ်​​လေးပါ

ဟုတ် ကိုထွေး

ဆက်ပြန်ပေးပါအုန်း bro

ok ညေး

Good post

thank sis

ကျေးဇူးဗျာ
ဆက်​ပြန်​​ပေးအုံး​နော်

ဟုတ် ကြိုးစားပါ့မယ်

နောက်​တပိုင်း ​မျှော် ​နေမယ်​bro

ဖတ်ရှုတာ ကျေးဇူးပါဗျ

မှတ်သားစရာ ပိုလ့်ကောင်းလေးပါ တင်ပြပုံရှင်းလင်းပါတယ်

ဟုတ် မဆု ကျေးဇူးပါ

ကျေးဇူးပါ အကို​ရေ

ဟုတ်ကဲ့ဗျ

Good Translator

thank Arkar

good your sharing

thank sis

Thank for shairing

ဟုတ်ကဲ့ပါဗျာ

သိခွင့်ရတာကျေးဇူးပါဗျာ

ဟုတ် bro

good post လေးပါရှင့်

ကျေးဇူးပါ sis

ခုလိုသိခွင့်ရတဲ့ အတွက်ကျေးဇူးပါဗျာ ..

ဟုတ် bro

thank for knowledge

တင်ပါ့ ဘုရား

အထောက်အကူပြုပို့စ်များ ဆက်လက်စောင့်မျှော်နေပါတယ်အကိုရေ...

ဟုတ်ကဲ့ပါ sl

ပျောက်နေတယ်နော ဆက်ပါအုံးဗျာ ကျေးဇူပါ

ဆက်ပါရစေဦးဗျာ

အဖေ့စဘုတ်မှာ ပြန်တင်ရင် ကောင်းမှာ မလုပ်သေးတဲ့သူတွေ ဒါလဲ ရှိချင်မှ ရှိမှာပါလေ ။ acc free င်္နေမှတော့ ပိုက်ပိုက်ပေးပြီး လုပ်ပါဘူးလေ နော့ဘအကို

ဟင့် ဘယ်လို အဖေ့စဘုတ် လဲ do
ကို ဟင်နရီ မြင်လို့ မြန်မာစာ ဖျက်ဆီးတယ် ပြောခံ ထိမယ်

Thanks for sharing knowledges bro

ဖတ်ရှုတာ ကျေးဇူးပါ bro