BBK2

in myanmar •  7 years ago 

B54BC000-B8B5-4CC0-81D7-6A0E5A7272C1.jpeg
ပြီးခဲ့တဲ့အပတ်က ရန်ုကုန်လေဆိပ်ကိုရောက်တဲ့ထိရေးပြီးပီဆိုတော့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာတဲ့အကြောင်းစရေးရတော့မယ်။ရန်ကုန်လေဆိပ်မှာပဲ ပစ္စည်းတွေ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးခံပီ NokAir လေကြောင်းလိုင်း မှာတန်စည်ကြပစ္စည်းတွေKg ချိန်။6CE2976B-545A-4320-96DE-BAB926B1801C.jpegDeperture Card မှာ ဖောင်တွေဖြည့်ရတယ်။တန်စည်ပြီး Passport တွေစစ်ခံ တံဆိပ်တွေရိုက်ကြ။ပထမဦးဆုံးOversea ထွက်တာဆိုတော့ Deposit Money (Show Money)ပြရမှာဆိုတော့ $ တွေ အဆင်သင့်ထုတ်ပြီး စောင့်နေခဲ့ရတယ်။D285A9FD-7304-4ED7-8443-A76619F81E4C.jpegတစ်ဦးချင်း တစ်လှည့်စီး စစ်ဆေးခံခဲ့ကြတယ်။ကိုယ့်လှည့်ရောက်လာတော့ ရင်တွေခုန်လို့ Scam ဖတ်တယ်။ပထမတစ်ဆင့်တော့ ဖြတ်ကျော်ပီးသွားပြီး နောက်တစ်ဂိတ်ရောက်ရော ကျောပိုးအိတ်ထဲက ပစ္စည်းတွေအကုန်ထုတ် ခန္ဓာကိုယ်မှာဝတ်ထားတဲ့ အသုံးဆောင်ပစ္စည်းဖြစ်တဲ့ နာရီ ဖုန်း ဖိနပ် အစရှိတဲ့ပစ္စည်းတွေ စစ်ဆေးခံရတယ်။တစ်ဖွဲ့ထဲပါလာတဲ့ညီလေးတစ်ယောက်ရဲ့ Spray ဘူးလေးတစ်ဗူးတော့ထားခဲ့ရတာ အရည်ပါတဲ့ပစ္စည်းတွေ မသယ်ရဘူး ပါလာတဲ့ ပစ္စည်းတွေသိမ်းလိုက်တယ်။သိမ်းရတဲ့အကြောင်းကတော့ လေယာဉ်ပေါ်မှာရှိတဲ့ ခရီးသယ်တွေအတွက် အန္တရာယ်မဖြစ်အောင်အတွက် သိမ်းဆည်းရခြင်းဖြစ်ပါတယ်။ 9C67186C-3BE5-48D1-8CFE-C3690D397404.jpegFlight No-DD 4231 .Nok Air Thai လေကြောင်း လိုင်းနဲ့ အတူ ပြည်ပြည်ဆိုင်ရာ လေယာဉ် ကွင်းကြီးမှ စထွက်ပါပြီး။ohh!!........အတိုင်းမသိဝမ်းပျော်နေမိတယ်။ကလေးဘဝတုန်း ညညဆို လေယာဉ်ပျံမြင်ရင် အဲ့လောက်ကြီးတဲ့အရာဝတ္ထုကြီးဘယ်လို ပျံလည်းဆိုတာ သိချင်ခဲ့သလို စီးချင်ခဲ့တယ်။ ည၇နာရီလောက်ဆို ကောင်းကင် ပေါ်က မီးမှိတ်တုတ်တုတ်လေး လင်းနေတယ် လေယာဉ်ပျံ ကြီး ဆိုပြီး လက်ညှိုးထိုး ပြီးပြောခဲ့ကြတယ် မြင်ဘူးချင်လိုက်တာလို့ စိတ်ကူးနဲ့ တွေးပြီးပျော်ခဲ့ကြတယ်။အသက်တွေကြီးလာလို့ လေယာဉ်ပျံကြီးကို ကိုယ်တိုင်းမျက်မြင်တွေလိုက်ရသောအခါ ငယ်ငယ်တုန်းကမြင်ဘူး ချင်တာတွေ လက်တွေ့ဖြစ်လာပြီးဆိုပြီး ကိုယ့်ကိုယ်ကျေနပ်နေမိတယ်။လေယာဉ်ပေါ်တက်ကျ နေရာအသီသီး ကိုယ့်ထိုင်ခုံနံပါတ်နဲ့ကိုထိုင်ကျတယ် ။လေယာဉ်ပြေးလမ်းပေါ်လေယာဉ်ဘီးများ ဦးတည်ပြီးလေ လေယာဉ်မယ်လေးများက ဖုန်းတွေ အသုံးမပြုံးဘူး ထိုင်ခုံမှာရှိတဲ့ ခါးပတ်တွေပတ်ထားဖို့ စစ်ဆေးပြောကြားနေတယ်။လေယာဉ်ဟာ ပြေးလမ်းအတိုင်း အရှိန်နှုန်းမြင့်လာသလို ကောင်းကင်ပေါ်တက်ဖို့အတွက် ရှိန်ယူနေတယ် မကြာပါဘူး ကောင်းကင်ပေါ်တဖြည်းဖြည်းချင်းမြင့်တက်လာပါတော့တယ်။စိတ်ထဲမှာတစ်ခုခုလိုနေသလို လေဟာနယ်ကြီးထဲရောက်သွားသလိုခံစားရတယ်။ကံကောင်းတော့ လေယာဉ်ပြတင်းပေါက်ဘေးနား နေရာရတယ်။5EDCAA71-03F2-42CC-AA80-F517B3FC2637.jpeg ကောင်းကင်ပေါ်ကနေ ရန်ကုန်မြို့ရဲ့ အလှတရားတွေကြည့်လိုက်ရတယ် လှပလွန်းလှတယ်ဗျာ။ ရွှေတီဂုံစေတီဘုရား ရန်ကုန်မြို့တော်ရဲ့ အလှတရားဟာ ကောင်းကင်ပေါ်ကမှကြည့်ရတာပိုပြီးပြည့်စုံးသလိုခံစားရတယ်။တိမ်တွေပေါ်ကနေဖြတ်သန်းလာတယ် တိမ်တွေရဲ့အလှတရား တိမ်ပင်လယ်ကြီးကိုတွေ့ရသလိုပဲ မဆုံးတော့ဘူး တိမ်တိုက်တွေအလှတရားရဲ့အောက်မှတော့ စိမ်းစိုလှတဲ့ သစ်တောကြီးတွေ တောင်ကြီးတွေ မြစ်ချောင်းတွေ အလှတရားတွေ နဲ့ ပြည့်စုံလှပါပေတယ်။170EED40-4F2F-4ABE-8B9E-5EFEE023F8FF.jpegကမ္ဘာကြီးအလှတရားတွေကိုခံစားရသလိုပဲ တောတောင်ရေမြေတွေ မတိမ်ကောဖို့အတွက်လည်း စိတ်ထဲတွေးမိတယ် မြန်မာပြည်ရဲ့အလှတရားတွေ ထိန်သိမ်းဖို့လို့အတွေးလေးတွေဝင်နေရင် ကြည်နူးနေမိတယ်။ ကြည်နူးနေတုန်းမှာ White Card ,Deperture Card တွေ လေယာဉ်မယ်လေတွေပေးရတယ်။White Card တွေဖြည့်ရတာလည်း ပထမဦးဆုံးအကြိမ်ပဲ White Card ဆိုတာကြားပဲကြာဖူးတာ တစ်ခြားနိုင်ငံသားတွေ မိမိသွားမဲ့နိုင်ငံအတွင်းဝင်မယ်ဆိုရင် White Card ,Passport တွေရှိရတယ်ဆို အခုမှနားလည်းသဘောပေါက်တော့တယ်။Form တွေဖြည့်ကြ မကြာပါဘူး ထိုင်းဘက်ကိုရောက်တော့တာပဲ။လေယာဉ်စီးရတာ အချိန်ကြာကြီးစီးရမယ်ထင်တာ ခဏပဲရော။ထိုင်းနိုင်ငံ ရဲ့ အလှတရားတွေစမြင်ရတော့ "စာပေဟောပြောပွဲတွေ နားထောင်တုန်းက စာရေးဆရာပြောတဲ့ စကားလေးသွားမှတ်ရမိတယ် သိပ်တော့မမှတ်တော့ဘူးဗျ ဘာလည်းဆိုတော့ “ဟိုဘက်ကမ်းက မီးထိန်ထိန် မိအေးတို့အိမ် ဒီဘက်ကမ်းက မီးထိန်ထိန် ဘကြီးတို့အိမ် "စကားလေးကိုသတိရမိတယ် အရမ်းကိုလှပလွန်းပါတယ် အရမ်းလည်းကွာခြားတယ် ကောင်ကင်ပေါ်ကကြည့်ရတာ ဆောက်ထားတဲ့ အဆောက်ဦးတွေ ညီညာလွန်တယ် မိုးပျံလမ်းကြီးများပေါ် မောင်းနေတဲ့ ကားတွေဟာ အရောင်စုံ ဟိုဒီသွားလာနေတယ်ကြည့်ရတာ လှပလွန်လှတယ်ဗျာ။E5D6FFDE-95D2-4AE7-8234-484197EAC502.jpeg
Credit #google photo
Don Mueang Airport (DMK) Bangkok လေဆိပ်ကို လေယာဉ် ဆင်းလေပြီ။လေယာဉ်အစင်ပေါင်းများစွာကလည်း တက်လိုက်ဆင်းလိုက် Don Mueang Airport ကြီးထဲအလုပ်ရှုပ်နေကြသည်။လေယာဉ် ပေါ်ကဆင်း ထိုင်းနိုင်ငံရဲ့မြို့တော် BKK မှာအခြေချခဲ့လေပြီ။
ရန်ကုန်လေဆိပ်မှာတုန်းကလိုပဲ အစစ်ဆေးခံ whitecard တွေပြရလေသည်။4B65D52F-30F9-4F29-B46A-3E2F3D331D31.jpeg1B3D4211-8B85-4AF6-8CFC-F88F7C3B470A.jpeg
Cerdit#google photo
ထိုနောက်စစ်ဆေးခံပြီး ကိုယ့်အဝတ်စားထုတ်သွားယူကြပြီနောက် Tor-Guide က ကားနဲလာကြိုပြီ။အဖွဲ့တွေအားလုံး လူစုံတော့ BKK မြို့ထဲသို့ထွက်ခဲ့ကြလေသည်။
ဆက်ရန်

soelinaung
MSC 248

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ခရီးသွားပို့စ်ပေါ့လေ ဗဟုသုတုရတယ်ဗျ ဆက်ရေးပါ အားပေးနေမယ်

ဟုတ်ကဲ့ကျေးဇူးပါBroရေ

ဆက်​​ရေးပါဗျ 

ဟုတ်ကျေးဇူးပါ bro

Happy time pop

ဟုတ်ပါ့ broရေ

ပျော်ရွှင်စရာခရီးစဉ်လေးပေါ့...

ပုံထဲမှာ နောက်ဆုံးက ကွီးကသက် လားဗျို့

ဟုတ်ကဲ့ဗျ ကွီးသက်ပါ ပါတယ်

မသွားဖူးတော့ ဗဟုသုတရပါတယ်ဗျာ

ကျေးဇူးပါ broရေ

ခရီးသွားမှက်တမ်းလေးကောင်းတယ်ဗျာ
ကိုယ်တိုင်လေယာဉ်စီးနေရသလိုပါပဲဗျာ

ဟုတ်ကျေးဇူးပါ bro

အဆက်လေးစောင့်နေပါ့မယ် ရေးပါဗျ

ဟုတ်မျှော်နေပါဗျ

လေယာဉ်စီးရင်း စာဖတ်နေရသလိုပဲဗျာ

ဟုတ်ကဲ့ဗျ ကြိုးစားနေပါတယ်

အဆက်​​စောင့်​​နေပါတယ်​bro

ဟုတ်ကဲ့ကျေးဇူးပါဗျာ

မျှော်​​နေမယ်​ဗျို့

ကျေးဇူးပါ

လေယာဉ်​ပျံစီးချင်​တယ်​😭

SPD ရောင်းပီးသွားစီးရအောင်လား

ဗဟုသုတရပါတယ

ဟုတ်ကဲ့ကျေးဇူးပါဗျ

အဲလိုရေးတတ်အောင် သင်ပေးပါ 😊😊မရေးတတ်လီု့ တိုင်ပတ်နေတာ😂😂

ဟုတ်မှလည်းလုပ်ပါချစ်ကိုကြီးရာ
ချစ်ကိုကြီးဆီကပဲသင်နေရတာ

ခရီးသွားမှတ်တမ်း

ဟုတ်ကျေးဇူးပါ

ဆက်ပါဦး အားပေးလျှက်ပါ

ဟုတ်ကဲ့ကျေးဇူးပါ

အမှတ်တရခရီးစဉ်လေးပေါ့...
နောက်အပိုင်းတွေလည်းစောင့်နေပါတယ်..bro

ဟုတ်ကျေးဇူးပါ