ဒို့ရိုးရာ မုန့်​စားပွဲ​တော်

in myanmar •  7 years ago 

ဒို့ရိုးရာ မုန့်စားပွဲ....

ဒီတစ်ခါကတော့ ကျွန်တော်တို့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူ လုပ်ဖြစ်တဲ့ပရဟိတလေးပါ....
Sliver Star အဖွဲ့လေးပါပဲ
ကျွန်တော်တို့ဒီအဖွဲ့လေးကို ဖွဲ့တာတော်တော်ကြာပီ လွန်ခဲ့ တဲ့ ၆နှစ်လောက်ကတည်းက ဖွဲ့ခဲ့တဲ့ အဖွဲ့လေးဖြစ်ပါတယ်။ကျောက်ဆည်တက္ကသိုလ် သင်္ချာကျောင်းသားတွေနဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေ ပူပေါင်းထားတာအဖွဲ့လေးပါ
အလှူအတန်တွေအများကြီး လုပ်ခဲ့ကြပါတယ် မိဘမဲ့ ကျောင်းတွေ ဗကဘုန်းကြီးကျောင်းတွေ ရေဘေးဒုက္ခသည် တွေ စသဖြင့်လှူဒါန်းခဲ့ကြတယ် ။
ဒီနေ့ကတော့ တော့ ကျွန်တော် ပါဝင် လှူဒါန်း ခဲ့တဲ့ အလှူလေးပါ။တည်နေရာကတော့ မန်းလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်း ၊စဥ့်ကိုင်မြို့နယ် ဥယျာဉ်
ငယ်ကျေးရွာ လေးဖြစ်ပါတယ်။ 2265D590-B228-486C-83A4-A6B1F372801C.jpegဒီကျောင်းလေးဟာ စထောင်ကဆို ဘုန်းဘုန်းရောကလေးတွေပါ ဆန်ပြုတ်ပဲသောက်ရတာ။ဘုန်းဘုန်းတွေလည်း ဆွမ်းခံရင်ဆွမ်းမရဘူး ။ဘာကြောင့်လည်းဆိုတော့ ဘေးပတ်လည်ရွာတွေက ကုလားရွာတွေဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဒီလို့နဲ့ ဆန်ပြုတ်သောက်ပီနေရတာ အရင်ကဆို လှူဒါန်းမဲ့လှူဒယကာ၊မ အရမ်းရှားပါတယ်။အခုတော့ ကျောင်းလေးဟာလည်းဆိုပြည်ပြည် လှူဒါန်းမဲ့သူတွေအရမ်းပေါ်ပါတယ်။

ကျွန်တော်အဖွဲ့လေးဟာ ကျောက်ဆည် ကနေ မနက်မိုးလင်း ၇ နာရီ ခွဲလောက်စထွက် ကြတယ်။
ကျွန်တော် တို့အဖွဲ့ထဲ ကျောက်ဆည်နယ်ခံ တွေလည်းပါတယ်။ ကျွန်တော် လည်းကျောက်ဆည်မရောက်ဖြစ်တာလည်း ကြာပီ ၂ လလောက် ကြာပီ။ ကျွန်တော်နဲ့ အတူ သူငယ်ချင်း ၃ ယောက်က မန်းလေးက လာခဲ့ရတာ ပရဟိတလေဖြစ်ဖို့ အတွက် ကျွန်တော်သူငယ်ချင်း ၄ယောက်လည်း ကျောက်ဆည် နယ်ခံသူငယ်ချင်းတွေနဲ့ လည်း မဆုံဖြစ်ကြတာလည်းကြားပီ ရောက်တဲ့ ညမှာပဲ အပီကဲ ကြတာပေါ့။ ကျောက်ဆည်ဆိုတာ နယ်မြို့လေး တစ်မြို့ပါ မန်းလေးမြို့ရဲ့ တောင်ဘက်မှာရှိတယ် မြို့လေးတစ်မြို့ပါ။ မန်းလေးက သွားရင် နစ်နာရီ ကျော်ကျော်လောက်ပဲ ဆိုင်ကယ်နဲ့မောင်းရပါတယ်။
ကျောက်ဆည်မြို့ ဟာ ကမ္ဘာမှာရော မြန်မာ ရော ဆင်အက တေတွနဲ့ နာမည်ကြီး မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။"ဆင်ရုပ်ကြီးများနဲ့ထည်ဝါနေလှပနေတဲ့ ရွှေဆည် မြေ" စကားပုံနဲ့ နာမည်ကြီးတယ်။ 'ကျောက်ဆည်မြို့နဲ့ပတ်သက်တဲ့အကြောင်းအရာကို တော့ နောက်ကျတင်ပေးပါ့မယ်။ ကဲဆက်ကြပါဆို့ ကျောက်ဆည်ကနေ ခွေဘီးလူကားလေးနဲ့စထွက်ကြတယ် အားလုံးလူစုစုပေါင်း ၁၅ယောက်ရှိမယ်။ ပထမဦး သွားတာက ဒီနေလင်း နို့အေးဆိုင်ပဲ ဒီဆိုင် ကျောက်ဆည့်မှာတော့ နာမည်ရှိတယ် နယ်မြို့ကိုဗျ ။ဒီနေလင်း နို့အေးဆိုင်ကနေ နို့အေးဗူးပေါင်း 170ဗူး ပိုပိုလိုလို မှာလိုက်ကျတယ် တကယ်တမ်းမှာရမှက 150ဗူး မြန်မာလူမျိုးတွေရဲ့ ထုံထမ်းစဉ်အလာတိုင်း ကျွေးချင်မွေးချင်ကြတာ အဖွဲ့သားတွေလည်းစားရအောင် ကူလုပ်ပေးတဲ့လူတွေစားရအောင်လို့ ပိုမှာခဲ့ကြတယ်။ကားနဲ့ဒီနေလင်းဆိုင်ကနေဆက်ထွက် ခဲတယ်။ကျွန်တော်တို့ငယ်ငယ်က ကျောက်ဆည်တပေါင်းပွဲ ပျော်စရာအရမ်းကောင်းတာဗျ ။ ကျွန်တော်တို့အခုသွားမဲ့ဆိုင်က အဲ့ ပွဲပြုလုပ်မဲ့နေရာ။ဒီတစ်တော့ ထပ်တရာဆိုင်ကိုသွားသယ်ရတယ်။ထုံစံအတိုင်းပေါ့ ထပ်တရာ ပိုမှာထားလိုက်တယ်။ဆိုင်ရှင်အန်တီ ကလည်းသဘောကောင်းတယ်။ကြက်ဥထပ်ပလာတာတွေထည့်ပေးလိုက်တယ် ဘုန်းဘုန်းလှူဖို့။ဒီလို့နဲ့ ကျွန်တော်တို့အဖွဲ့ဟာ ကျောက်ဆည်ကနေပျော်ပျော်ပါးပါးထွက်ခဲ့ကြတယ်။ကျောက်ဆည် ရွှေသိမ်တော်ဘုရားကို လှမ်းပြီးဖူးမျှော်ကြတယ်။သပ္ပါယ်လွန်လှ ရွှေသိမ်တော်ဘုရားမှာလည်း ဘုရားဖူးတွေနဲ့ပြည့်နေတယ်။ရွှေသိမ်တော် ဘုရားကို ကားပေါ်ကနေဖူးမျှော်ရင်နဲ့ ကျောက်ဆည်တောမရွာကို ရောက်ခဲ့တယ် ။တောမကိုရောက်တော့ ကျွန်တော်တို့ ကျောင်းတက်တုန်းက ပုံပြင်တွေကို မျက်လုံးထဲလွမ်းဆွတ်တမ်းတုန်း။သတိရမိတယ် ကျောက်ဆည်တက္ကသိုလ်ကြီးရယ်။တွေးရင်းနဲ့ပဲ တောမကျော်ပီး စဥ့်ကိုင်မြို့ရောက်လာတယ်။
စဥ့်ကိုင်မြို့လယ်ကနေ နောက်ဖက်ကို မောင်းလာတယ်။ရထားသံလမ်းရောက် အနောက်တောင်စွန်ထောင့်ချို့ကွေးလာပီမောင်းလာတယ်။ကားပေါ်မှာ ပါလာတဲ့ လူအားလုံးပျော်ပျော်ပါ စကားတွေပြောလာကြတယ် မကြာပါဘူး ကျွန်တော်လှူမဲ့ဘုန်းကြီးကျောင်းရောက်ပိ။စဥ့်ကိုင်မြို့နယ်၊ ဥယျာဉ်ငယ်ကျေးရွာ ၊မာဃိန္ဒာရာမတိုင်းရင်းသားမိဘမဲ့ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း ရောက်ပီ လူတွေအများကြီးပဲ မိဘမဲ့ကလေးတွေ လာရောက်လှူဒါန်းအလှူရှင်တွေလူတွေအများကြီးပဲ ပျော်စရာအရမ်းကောင်းပါတယ်။ရောက်ပီဆိုတာနဲ့ ကားထိုးဖို့နေရာရှာ ကျွန်တော် မုန့်လှူဒါန်းမဲ့နေရာရှာကျ တယ်။ပစ္စည်းတွေချ ခဏနားပြီး အခြားအဖွဲ့ တွေ ဘာကျွေးကြလည်းဆိုတာ လိုက်ကြည့်ကြတယ်။ အများကြီးပဲ မုန့် မြန်မာ့ရိုးရာ မုန့်အမျိုးပေါင်း ၇၀ကျော်တယ်။မုန့်လက်ကောက်၊မုန့်လက်ဆောင်၊ထန်သီးမုန့် ၊မုန့်ဆီကြော်၊ အုန်းပေါင်၊မုန့်ပဲဆုပ်၊စသဖြင့်အများကြီးလာရောက်လှူဒါန်းကြတယ်။ မုန့်အမျိုးပေါင်း ၇၀ အားလုံးဟာလည်း လှူဒါန်းသူတွေ အိမ်မှာလုပ်ကြတဲ့မုန့်တွေဖြစ်ကြတယ်။ကျွန်တော်တို့အဖွဲ့ ကိုယ်တိုင်းမလုပ်နိုင်ကြတာ လူငယ်တွေဖြစ်နေကြလို့ ။အိမ်မှာလုပ်တဲ့ မုန့်တွေဖြစ်သောကြောင့် အရမ်းပဲစားလို့ကောင်းမှာပဲလို့ထက်မိတယ်။ဒီလိုနဲ့ ခဏနားပစ္စည်းတွေချ လျှောက်ပတ်ကြည့်ရတာလည်းမောပီ မနက်တုန်းကလည်း ဘာမှမစားရသေးတော့ တစ်ဖွဲ့လုံး ဘုန်းဘုန်းကျောင်းက အလှူရှင်တွေကျွေးတဲ့ ပဲဟင်း ငရုတ်သီး ပဲသနက်ချဉ် နဲ့ တစ်ဖွဲ့လုံးစာစာနဲ့ စားလိုက်ကျတာဗျာ စားလို့လည်း အရမ်းကောင်းပါတယ်။သာဓု သာဓု သာဓုပါဗျာ။
အားလုံးစားသောက်ပီ ကိုယ်လှူရမဲ့ နေရာကိုပြန်ခဲ့ကြတယ် ။ ဘုန်းဘုန်းကြီးတွေက ကလးတွေပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးထားတယ်။ဇာတ်ခုံ နဲ့ အခုခေတ်စားနေတဲ့သီချင်း တွေ ကကြခုန်ကြ ကလေးတွေ အတွက်ပျော်နေကြတယ်။ကလေးတွေကလည်း သူကြရတာဝန်ကို ကျေပွန်ကြတယ် တစ်ချို့ကလေးတွေဆို ကချင်ဝတ်စုံ မွန်ဝတ်စုံလေးနဲ့အရမ်းချစ်ဖို့ကောင်းတယ်။မိဘမဲ့လေ တွေ ကိုယ်သာသမီးအရင်းလိုပဲ ကုညီစောင့်လျှောက်ကြတယ်။Stage ခုံပေါ်မှာလည်း ဘုန်းဘုန်းကြီးတွေ အမှာစကားတွေ ဆုံးမစကားတွေ ပေးပါတယ်။ ကလေးတွေတလဲ့ ပညာပေးတွေတလဲ့ ဆရာဝန်တွေကလည်း ကျန်မာရေး ဗဟုသုတတွေဟောပြောပေးပါတယ်။GTC ကျောင်းသူတွေကလည်း ကလေးတွေ လက်တွေဆေး ပေးကြတယ် တကယ်မြင့်မြတ်လှတဲ့ ပရဟိတလေးပါ ။လက်ဆေးပြီးတဲ့ကလေးတွေ မုန့်စားဖို့အတွက် မုန့်တန်တွေဘက်ကိုလက်မှတ်ကလေးတွေ ကိုယ်စီးလာခဲ့ကြတယ်။ ဗမာစကားမပြောတက်တဲ့ ကလေးတွေအတွက် ကူညီပေးမဲ့ ပရဟိတကျောင်းသူ၊သားတွေကလည်းကူညီလမ်းပြကြတယ်။
ဆင်အကတွေ နဲ့လဲ ဖျော်ဖြေကြတယ်။မုန့်စားပွဲတော် မှာလည်း မိဘမဲ့ကလေးတွေ မုန့်တွေ့စားနေကြ တယ်။ဆင်က ပွဲစီစဉ်ကလည်း စနစ်တကျနဲ့လည်းပတ်နေပါတယ်။ဒီလို့နဲ့ ဒို့ရို့ရာပွဲတော်လေးဟာ ၁၂နာရီမှာပြီးသွားပါတယ်။
ဒို့ရိုးရာပွဲတော်လည်းပြီးရော ကျွန်တော်တို့အဖွဲ့ ဥယျာဉ်ငယ်ရွာလမ်းတိုင် နောက်ဖက်သို့ထွက်ခဲ့ကြ တန်ခိုးကြီးတဲ့ဘုန်းဘုန်းကျောင်းကိုထွက်ခဲ့တယ်။
မေတ္တာ စွမ်းရည်​ ​ရွှေသိမ်​​တော်ကျောင်းသို့ထွက်ခဲ့ကြတယ်။ ဆရာတော်ဘုရားကြီးတန်ခိုးတော်ကြောင့် ဆရာတော်ဘုရားရဲ့ ဓါတ်ပုံတော်ကြည့်တယ်ဆိုရင် ကြည့်သူရဲဘက်ကို ဆရာတော်ခြေတော်လှည့်လာပါတယ် တကယ်ထူးဆန်ပါတယ်။တန်ခိုးတော်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ကျွန်တော်တို့ဟာ ဆရာတော်ဘုရားကြီး ဖူးမျှော်ပြီးပြန်ခဲ့ကြတယ်။ကျောက်ဆည်ကို ၁နာရီလောက်မှာကျောက်ဆည်ရောက်တယ် အားလုံးပျော်ပျော်ရွှင်နဲ့လမ်းခွဲကြတယ်။ကျန်ရှိတဲ့အလှူငွေတွေကလည်း Bank ဖွင့်ပြီး နောက်ထပ်လှူဒါန်းဖို့အတွက်စုခဲ့ကြပါတယ်။ လိုအပ်တဲ့နေရာများလည်းလှူဒါန်းချင်ပါသေးတယ်။!

A5F613D5-2E2B-42B3-BCBA-E8322CD085E3.jpeg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အားပေးကျပါအုံး