Rock On Signs (Rock & Roll)

in myanmar •  7 years ago  (edited)

Rock Signs

Rocker တွေ Metal သမားတွေ ဓါတ်ပုံရိုက်တာပဲဖြစ်ဖြစ် သီချင်းဆိုတဲ့အခါပဲဖြစ်ဖြစ် ထောင်လေရှိကြတဲ့ Rock Signs ကြောင်းလေးပြောပြချင်ပါတယ်။EB28EC17-B049-416F-BE7C-A7F4465248DB.jpeg
Photo Credit -google

ဘာလို့ပြောပြချင်တာလည်းဆိုတော့ ဟိုတလောက
ကျွန်တော်တို့အရွယ်လူငယ်လေးတွေ ပြင်ဦးလွင်ဘက်မှာ IC (iron cross ) ရဲ့ ကိုလေးဖြူ ပုံပါတဲ့ စားပွဲမှာ ပန်းပုစရာထွင်းထားတဲ့ စားပွဲပုံလေးနဲ့အတူ ဓါတ်ပုံရိုက်ထားတာတွေ့ရတယ်။အဲ့မှာပဲသူတို့ က Rockerတွေ Photoရိုက်ရင် ထောက်လိမ့်ရှိတဲ့ Rock On Signs မှားနေတာကိုတွေ့ရတယ် အစကတော့ ဓါတ်ပုံမြင်တော့ ဒီကောင်တွေ ပေါ်ပင်လုပ်တာလို့ထင်တာ သူတို့ထောင်ထားတဲ့လက်က Rock On Signs မှားနေတာတွေ့ရတယ်။Rock ချစ်တဲ့ လူငယ်တိုင်းသိတယ် Rock On Signs ဘယ်လိုထောင်ရမလည်းဆိုတာပေါ့။ ကျွန်တော်ငယ်ငယ်ကတည်း Rockကြိုက်ခဲ့တာဆိုတော့ Rock On Signs ဘယ်လိုထောင်ရမလည်းဆိုတာသိခဲ့တယ်ဗျ။ဘယ်အချိန်လောက်က စပြီးRock သီချင်းတွေစကြိုက်လည်းဆိုတော့ ၂တန်းလောက်ကတည်းကဗျ ။အသက်အနေနဲ့တော့ ၇နှစ် ၈ နှစ်လောက်ပေါ့။အဲ့တုန်းက မှတ်မိသေးတယ်ဗျ အခုလို့ Phone တွေဘာတွေထဲ အလွယ်တကူနားထောင်လို့မရဘူး။I pad, Mp3 Player တွေမပေါသေးဘူး။ကတ်ဆက်ခေတ်ပေါ့ တိတ်ခွေနဲ့ဖွင့်ရတာ A Side နဲ့ B Side ဆိုပြီးရှိတယ်။ A -6 ပုဒ် B-6 ပုဒ် စုစုပေါင်း ၁၂ပုဒ် တစ်ခွေနဲ့ တစ်ခွေမတူကြဘူးဗျ။မှတ်မိသေးတယ် အိမ်မှာက ဦးလေးတွေ ၇ယောက်လောက်ရှိတာဆို ကတ်ဆက်ကတစ်လုံးတယ်ရယ် Sony အမျိုးအစားလေးပေါ့။ဦးလေးတစ်ယောက်က အဲလက်စ် ဖွင့်သွားပြီး နောက်တစ်ယောက်က စည်သူလွင်ပေါ့ အဆိုတော်တွေ စုံလို့ပဲ ကြားလာတော့နားရေဝလာတယ်။အကြိုက်ဆုံးကတော့ Ironcross (IC) က လေးဖြူ မျိုးကြီး တို့ အဖွဲကြိုက်ဆုံးပဲ။ကိုလေးဖြူရဲ့ အလင်းရောင် ကိုမျိုးကြီး ဒီကစောင့်နေသူ အများကြီးပဲကြိုက်တဲ့သီချင်းတွေကတော့ ငယ်ငယ်ကတည်းက Rock တွေကြိုက်ခဲ့တာဆိုတော့ Rocker တွေထောင် Rock On Signs လေးရေးချင်လာတယ်။

Signs လုပ်ပုံလုပ်နည်းလေးပြောပြချင်ပါတယ်.🤘🏻✌🏼🤟🏼.အောက်မှာရှိတဲ့ Photo ကိုကြည့်ချင်အားဖြင့်သိနိုင်ပါတယ်..9197745F-D9CB-4222-B17A-1962C4A9353F.jpeg
Photo credit-google

ကျွန်တော်ကြိုက်တဲ့ Rocker တွေ လက်ကလေးများထောင်ပြီးရိုက်လေရှိတဲ့ Rock On Signs အကြောင်းကျွန်တော် လေ့လာထားသလောက်နည်းနည်းပြောပြချင်ပါတယ်။အဲ့ဒီ Rock On Signsဟာ Rock Muscis နဲ့ New Wave Of American Heavy Metal (NWOAHM)အဖွဲ့ရဲ့ 🤘🏽🤘🏽🤘🏽🤘🏽🤘🏽ပြယုဂ်တစ်ခုဖြစ်တယ်။
ပထမဆုံး လူသိများရေပန်းစားအောင် အများဆုံး အသုံးပြုခဲ့သူကတော့...
ကင်ဆာရောဂါ နဲ့ ၂၀၁၀ ခုနှစ် မှာ ကွယ်လွန်သွားတဲ့
Rock နဲ့ Heavy Metal ဂုရု ကြီး "ဒီယို" (Ronnie James Dio)ဖြစ်ပါတယ်။
ဒီ Sign ရဲ့ရာဇဝင်ဟာ နှစ်မျိုးလာပါတယ်..
တစ်မျိုးကတော့ အလယ်ခေတ်မှာ Italy နဲ့ Mediterranean
ဒေသတွေမှာ မိစ္ဆာပြုစားခြင်းနဲ့ မကောင်းတဲ့လာဘ်ကို
ပြန်လည်နှင်ထုတ်တဲ့ အမှတ်အသားအနေနဲ့ အသုံးပြုကြပါသေးတယ်။
နောက်တစ်မျိုး ကတော့ စာတန်(Satan) ရဲ့လက် သင်္ကေတ,
တစ်နည်း ကြွေလွင့်ကောင်းကင်တမန်တော် လူစီဖာ Lucifer ရဲ့ လက် သင်္ကေတ ဖြစ်တယ်လို့ဆိုပါတယ်။
1595B0BA-BCEC-43EC-86F5-2E30C6FEA2D3.jpeg
အခုခေတ်မှာတော့ Rock အနွယ်ဝင် ဂီတ နဲ့
ယှဉ်တွဲတဲ့ သင်္ကေတ ဖြစ်ပါသေးတယ်။
Rockers တွေ Metalheads တွေရဲ့
အထွဠ်အမြတ်ထားရာ သင်္ကေတလည်းဖြစ်ပါတယ်။
ဘာသာရေးမပါတော့ဘဲ Rock အနွယ်ဝင် ဂီတကို
အရမ်းကောင်းရင် ထောပနာပြုတဲ့
အမှတ်သားလည်းဖြစ်ပါတယ်။
Rockers ချင်း Metalheads ချင်း ချီးမွမ်းနှုတ်ဆက်ရာ
သင်္ကေတလည်း ဖြစ်ပါတယ်။
Rocke Photo ,Live ,တွေရဲ့ အောက်မှာ စာသားအနေနဲ့စာရိုက်မန့်ရင်တော့ "\m/" ဒီလိုရိုက်ပါတယ်။
Rock On Signs လေးနဲ့ ပက်သက်ပြီး အဓိပ္ပာယ်သေချာ မသိသူတွေ လူငယ်တွေ Rock ကြိုက်တဲ့လူတွေ
အခုလောက်ဆိုနည်းနည်း သိလောက်ပြီထင်ပါတယ်။
Rock On Sign ကို အသုံး မပြုခင်မှာ
ဘယ်လိုနေရာတွေမှာ အသုံးပြုတယ်,
ဘယ်လို Culture မှာ အသုံးပြုတယ်ဆိုတာ ကို ဂရုတစိုက်လေး သိပေးစေချင်ပါတယ်။ ကျွန်တော်ဖတ်ထားတာလေ့လာထားတွေ ကြိုစားလျှက်ပါ ......

soelinaung
MSC-248

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အခုလိုမျိုး ပြည့်ပြည့်စုံစုံသိရတော့ တန်ဖိုးရှိတဲ့ပိုစ့်လေးပါဘဲ့

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

Good post.DQmNsZAckGSfAqqg1i8mEhzg3Zd8utHXUdkkz76kFYCDQH9.gif

Oki thzs you

အခုမှပဲ သတိထားမိတော့တယ် ကျေးဇူးပါ bro

ကျေးဇူး ကိုဇေ

ကွန်မန့်တွင် ဘာရေးရမှန်းမသိ၍ voteပေးပြီးပြန်သွားပါသည်😁

ကျေးဇူးပါကိုကြီးရေ ဘယ်လိုပဲဖြစ်ဖြစ်

အာ့တွေမသိသေးဘူး ခုတော့သိပီ

ဟုတ်ကဲ့ဗျ

ဒီနေ့မှ broရေးထားတာဖတ်ပြီးမှပဲ သိရတော့တယ် ကျေးဇူး။

ဟုတ်ကျေးဇူး

သိခွင့်ရတာ ကျေးဇူးပါဗျာ

ဟုတ်ကျေးဇူးပါဗျ

ကျေးဇူးဗျာ အရင်တုန်းက မသိခဲ့ဘူး

ကျေးဇူးပါဗျာ

အစကတော့ သိဘူးကွယ် peace and love သင်္ကေတ ပဲ သိခဲ့
Rock ကို မသိခဲ့

Rock ကြိုက်တော့လေ့လာထားတာလေးတွေ ပြန်ပြောတာပါ

ခုလိုပြည့်ပြည့် စုံစုံသိရလို့ ကျေးဇူးပါ

ဟုတ်ကျေးဇူးပါ

knowledge တိုးပွားရပီပေါ့ bro

ကျေးဇူးပါ bro

ဗဟုသုတတွေ ထပ်တိုးသိရှိလိုက်ပါတယ် ကျေးဇူးပါ bro

ဟုတ်ကျေးဇူးပါ bro

ဗဟုသုတရပါတယ်ဗျာ

ကျေးဇူးပါ ချစ်ကိုကြီးရေ

သူများrock signလို့​ပြောပြီး​ထောင်​တာနဲ့ဒါrock signဆိုပြီးလိုက်​​ထောင်​ခဲ့တာအခု​တော့ပြည့်​ပြည့်​စုံစုံသိခဲ့ရပြီ​ကျေးဇူးအစ်​ကို​ရေ

ဟုတ်ကျေးဇူးပါဗျ

ဗဟုသုတရတယ်ဗျာ
အရင်က မသိဘူးbroရေ
ခုမှသိရတာ။

ဟုတ်ကျေးဇူးပါ ကိုမိုးဇော်ရေ

ဗဟုသုတရပါတယ်ဗျာ

ကျေးဇူးပါBroရေ