သင်္ချာကျောင်းသား..(၁)

in myanmar •  7 years ago 

သင်္ချာကျောင်းသားလေ......DB98B444-F21F-471A-85A3-021BAE693F62.jpeg
Credit-google

--အခုလိုနွေဦးရာသီအစမှာပေါ့ ကျောင်းစတက်ရတဲ့အချိန်ပေါ့..ရွက်ဟောင်းကြွေ၍ ရွက်သစ်တွေဝေနေကြပေတယ်။
ကျောက်ဆည်တက္ကသိုလ်ကျောင်းထဲမှာရှိတဲ့ စက္ကူပန်းပင်တွေရဲ့ အရွက်တွေလဲကြွေနေတဲ့အချိန် သရက်ပင်တွေလည်းပွင့်နေတဲ့အချိန် ကျွန်တော်ကျောင်းစတက်ခဲ့ရသည်။2321E50A-E321-464D-841F-D8ECDFA33342.jpeg
Credit -google
ကျွန်တော်ကျောင်းစတက်ခါစက မအူမလည်လေးပေါ့ သင်္ချာမေဂျာရဲ့ သင်္ချာကျောင်းသားလေးတစ်ယောက်ပါပဲ။ ကျွန်တော်ဆယ်တန်းအောင်ကာစ တက္ကသိုလ်လျှောက်တော့ ရတနာပုံတက္ကသိုလ် (IC)မေဂျာလျှောက်တယ် ကံကောင်တော့ IC မရပဲ ကျောက်ဆည်မှာပဲ Physics ရတယ်။အဲ့တုန်းက သိတက်စအရွယ်လည်းဖြစ်တော့ ကျောင်းတက်ရမှာ Day မတက်ချင်ပဲ အဝေးသင်ပြောင်းတက်တယ်။ခေါင်းထဲမှာရိုက်သွင်းခံရတာ အဝေးသင်တက်မယ် အလုပ်လုပ်မယ် လုပ်ငန်းအတွေ့အကြုံရတာနဲ့ ဘွဲ့ရပီသားဖြစ်တယ်။ဒီလိုနဲ့ အဝေးသင်ယူဖြစ်တယ်ဆိုပါတော့။အဲ့တုန်းကကျောင်းအပ်ရင် စာရေးမတွေနဲ့ အပ်ရတာဖြစ်ချင်တော့ စာရေးမက သင်္ချာယူမလား physics ယူမလား ပေါ့ ။ကျွန်တော်က ဆယ်တန်းကတည်က သင်္ချာဝါသနာပါတာဆိုတော့ သင်္ချာပဲယူဖြစ်လိုက်တယ်။ဆက်ကြအုံးစို့......နွေဦးအစမှာကျောင်းစတက်ရတယ်ပေါ့ ...ဪအဝေးသင်ဆိုလို့ပြောရအုံးမယ် ဝိဇ္ဇာတွေလိုမဟုတ်ဘူး အဝေးသင်ဆိုပေမဲ့ အပတ်စဉ် တက်ရတာ dayကျောင်းသားတွေ စနေတနင်္ဂနွေ ပိတ်တယ် ကိုယ်တွေက အဲ့ရက်ပဲတက်ရတာ။ဘယ်လောက်ကောင်းလိုက်လည်း ၅ရက်အလုပ်လုပ် ၂ရက်ကျောင်းတက် ဟုတ်နေတာပဲ။ပထမဦးကျောင်းတက်တဲ့နေ့က ဘဲကြီးတပွေနဲ့စခင်တယ်။
ဒုတိယပတ်ကြတော့ တစ်နယ်ထဲသားတွေနဲ့ စခင်တယ်။သင်္ချာကျောင်းသူကျောင်းသားပေါင်း အယောက်၄၀လောက်ရှိမယ်86A72CCA-D1FE-48AA-8AE6-59980F0F5401.jpeg
Credit-soelynn facebook
ပထမနှစ်မမြန်မာပါမယ်,အင်္ဂလိပ် ,physics,philosopy,Math-1,2,3,စသောမေဂျာများပါပါတယ်။ မြန်မာအချိန်မှာ မေဂျာအားလုံးပေါင်းသင်ရပါတယ်။အပျော်ဆုံးအချိန်ပေါ့ တစ်ခြားမေဂျာက ကောင်မလေးတွေပါကြည့်ရတာပေါ့...😂😂။
မြန်မာအချိန်မှာတော့လူဦးရေ ၃၀၀ယောက်လောက်ရှိမယ်ဗျ။Botany,Phys,Chemistry,Math,Zoology,ဘာတွေနဲ့ပေါင်းသင်ရတယ်။မှတ်မှတ်ရရပေါ့ ...မြန်မာအချိန်အတန်ရှေ့ထွက်ခဲ့ရတယ်။ဘာကြောင့်ထွက်ရလည်းဆိုတော့ ဆရာမက အရှေ့ကစာသင်နေတယ် ကိုယ်တွေနောက်ကလုပ်ချင်သလိုလုပ်နေတာ။ဘာလုပ်နေလဲဆိုတော့ အဲ့တုန်းကဆယ်တန်းအောင်ပီးသာ ကလေးဘဝသာသာ လည်ပတ် မုန့်စားမလုပ်တက်သေး ကျောင်းဆင်းအိမ်ပြန် ဒီလောက်ပဲသိသေးတာ။4A4E7F65-AF78-4B66-99D5-B10779CFB7A1.jpeg
Credit-google
ကလေးပိပိ စကားထာဝှက်ကြတာပေါ့ ။တစ်နည်းထဲသား ကျွန်တော်သူငယ်ချင်းမောင်ချစ်ဆိုတဲ့ သူငယ်ချင်းနဲ့ဗျ။ ဒီကောင့်နာမည်ကလည်း အစမ်းဗျ မောင်ချစ်တဲ့ ဟဲဟဲ သူ့မိဘတွေဘယ်လိုပေးထားလည်းတော့မသိဘူး မိန်းကလေးတွေအနေနဲ့တော့ ခေါ်ရတာခက်သဗျာ.....ဒီကောင်နဲ့ကျွန်တော်နဲ့ စကားထာဝှက်ကျတာပေါ့ ဒီကောင်က`` တောင်ပေါ်ကရှမ်းကလေးလျှော်ထမ်းလို့ပြေး ...တိုတဲ့လျှော်ကတို ရှည်တဲ့လျှော်ကရှည် ‘‘..
အမြန်ဆိုခိုင်းတယ် ကျွန်တော်ဆိုတယ်။ ဒီတစ်ကျွန်တော့်အလှည့်ပေါ့ “မကရင်မမကရင်မကရင်ကကရင်က မကရင်မကရင်ကမကရင်ကရင်ကကိုကိုကရင် ကရင်ကက ” ဖတ်ကြည့်ပါအုံး....အသံထွက်ပီဖတ်ပါအုံးဗျ ..ပုဒ်ဖျက်တွေမှန်ပါစေဗျာ...
အဲ့ကောင်ဖတ်တာပေါ့ ဒီကောင်ဖတ်တာမှားတော့ ကျွန်တော်ရယ်တာပေါ့ ... ဖြစ်ချင်တော့ ကိုယ်ရယ်တဲ့အချိန်က ဆရာမစာသင်တာ နားတဲ့အချိန်နဲ့ကိုက်နေရော ..အာ့မှသေရော ကိုယ်ရယ်လိုက်တဲ့အသံတစ်ခန်းလုံးကြားရော...မှတ်ကရောပဲ ဆရာမက အရှေ့ခေါ်ထုတ်ပါလေရော ..ဟိုနှစ်ကောင် ရှေ့ကိုထွက်ခဲ့စမ်းတဲ့ ....ဘာတွေဆက်ဖြစ်လဲဆိုတော့....ဆက်ပါအုံးမည်
A5A741DD-0A79-4201-9F9A-B77967656C9C.jpeg
3EA59326-DBF3-40CE-9C7C-71BDF603A393.jpeg
Credit- Google

...thzs you

soelinaung
MSC-248

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မကရင်မမကရင်မကရင်ကကရင်က မကရင်မကရင်ကမကရင်ကရင်ကကိုကိုကရင် ကရင်ကက. ဖက်​ရင်းနဲ့ လျှာ​တွေပါလိပ်​တယ်

ဟား....ကိုလင်းကတော့လုပ်ပြီးကျေးဇူးပါဗျာ

စာပိုဒ်လေးတွေခွဲရေးရင် ပိုကောင်းမယ်ဗျ။

ဟုတ်ကဲ့ ကိုထွေးကျေးဇူး

အရမ်းပျော်ဖို့ကောင်းမှာပဲ ကိုယ်တေမရောက်နိုင်ခဲ့ပေမဲ့ ဖတ်ပြီးခံစားလို့ရပါတယ်

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ

ဆက်ပါအုံး ကောင်းခန့်ရောက်မှ မီးကပျက်သွားသေးတယ်

ကြိုးစားနေပါတယ်ကိုညီရေ

နောက်အပိုင်းကိုစောင့်နေပါမယ်။

ဟုတ်ကျေးဇူးပါဗျာ