ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in myanmar •  7 years ago  (edited)

ညီအစ်ကိုများအားလုံးပဲ မင်္ဂလာပါလို့ပထမဦးစွာနှုတ်ဆက်လိက်ြရပါတယ်ဗျာ
ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်အပိုင်း(၈)ကို
ဆက်လက်ဖတ်ရှုအားပေးကြပါဦးခင်ဗျာ
image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
အပိုင်း(၆)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-da38398905148
အပိုင်း(၇)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-7247228089579
image
credit-facebook image
ကံ့ကော်မြိုင်တန်းမှ လွမ်းနေပါ့မယ်

အပိုင်း ( ၈ )
အခန်း ( ၁၅ )

မကွေးဆေးရုံကြီး၏ စင်္ကြလမ်းတစ်
လျှောက်တွင် ဖြတ်သန်းသွားလာနေသော ဆရာဝန် သူနာပြု လူနာများနှင့် ရှုပ်ယှက်ခတ်နေလေသည်။
ဒေစီလွင် ပထမဆုံးအနေဖြင့် တာဝန်ကျရာ
ဆေးရုံကြီးလည်းဖြစ်ကာ ဤဆေးရုံသို့
ရောက်သည်မှာ တစ်လလောက်ရှိပေပြီ။အခုဒီနေ့
နောက်ဆုံးလူနာကိုခွဲစိတ်ပြီးလျှင် မိမိဂျူတီပြီးပီ။
မောင် တောင်တွင်းအိမ်သို့ ပြန်ရောက်နေပြီဟု
အန်တီခင် ညကဖုန်းဆက်ထားလေ၏။ထို့ကြောင့် ဂျူတီပြီးတာနှင့် မှီရာကားစီးကာ တောင်တွင်းသို့ 
ပြန်မည်။ မောင်နှင့် တစ်နေ့ လောက်တွေ့
ရလျှင်ပင် ကျေနပ်လှသည်လေ။

"သူက ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဆေးရုံ
ရောက်လာတဲ့ အသက်၃၁နှစ်အရွယ် ယောကျာ်း
တစ်ယောက်ပါ။သွေးဖိအားကိုတော့ ၁၁၀ အထက်မှာ ထိန်းထားပါတယ်။"

မိမိသင်ကြားပေးရမည့် စတုတ္ထနှစ် အလုပ်သင် ဆရာဝန်လေး၏စကားကို အာရုံစိုက်၍ နား
ထောင်နေရင်း ဒေစီလွင် နားကြပ်နှင့်ဂျူတီ
ကုပ်ကို ချွတ်ကာ ခွဲခန်းဝတ်စုံကို လဲလိုက်သည်။

"အောက်စီ သွင်းတဲ့ အနေအထားကိုလည်း ၉၀
အထက်မှာ ထိန်းထားပါတယ်ဒေါက်တာ။
CT Scan ဖတ်ကြည့်တာတော့ ကိုယ်တွင်းအင်္ဂါ
အနည်းငယ် ထိခိုက်သွားတဲ့ပုံပါပဲ ။"

ဒေစီလွင် ဖြတ်၍မေးလိုက်သည်။
"သွေးထွက်တဲ့ အခြေအနေကကော။"
"အဆင့်၂ပဲရှိပါတယ် ဒါပေမယ့် သွေးထွက်လွန်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်တယ် မြန်မြန်ခွဲစိတ်ရ
ပါလိမ့်မယ်။"
"ဟုတ်ပြီ ခွဲစိတ်ခန်းကို အသင့်ပြင်ထားလိုက်။"
"ဟုတ်ကဲ့ဒေါက်တာ။"
ဒေစီလွင် ခပ်သွက်သွက်ပင် ဓာတ်မှန်ခန်းထဲဝင်ကာ ဖလင်ကိုကြည့်လိုက်သည်။
image
credit-google image
"ခွဲစိတ်ခန်း အဆင်သင့်ဖြစ်ပါပြီဒေါက်တာ ။"
ဒေစီလွင် လက်ဆေးကာ လက်အိတ်ဝတ်လိုက်
သည်။ခွဲခန်းထဲတွင် စုစုပေါင်း လူငါးယောက်။
ဒေစီလွင်ရယ် လက်ထောက်ကူညီမည့် ဒေါက်တာ
ရယ် အလုပ်သင်တစ်ယောက်ရယ် သူနာပြုတစ်
ယောက်ရယ် ကျန်းမာရေး အလုပ်သင်တစ်ယောက်ရယ်ပင်။

"နှလုံးသွေးပေါင်နဲ့ အသက်ရှုနှုန်းတွေကို
သေချာစောင့်ကြည့်ထားပေးပါ။"
"ဟုတ်ကဲ့။"
"ခွဲစိတ်ဓားပေးပါ။"
သူနာပြုလှမ်းပေးသော ခွဲစိတ်ဓားကို ယူရင်း
ဒေစီလွင် စတင်ခွဲစိတ်လိုက်သည်နှင့်သွေးများ
ပန်းထွက်လာကာ မိမိရင်ဘတ်ကို စင်သွားလေ
သည်။

"ဂွမ်းလုံးပေးပါ" "ညှပ်ပါပေး။"
ပေါက်နေသော သွေးကြောမကို ဂွမ်းလုံး
ဖြင့် စို့ကာထိန်းထားလိုက်သည်။စက်ထံမှ အသံထွက်လာသလို သူနာပြုမလေး၏ ထိတ်ထိတ်ပျာပျာအသံ ထွက်ပေါ်လာသည်။

"သွေးပေါင်ကျနေပြီဒေါက်တာ။"
"သွေးထပ်မှာထား။" "ဟုတ်"
သူနာပြုက ပြေး၍ သွေးပုလင်းယူလာသည်။

"သွေးထိန်းပါ။"
"ကျောရိုးမသွေးကြော ထိသွားတာထင်တယ်
ဒေါက်တာ ပုပ်သွားနိုင်လား။"

လက်ထောက် ဆရာဝန်၏ အမေးကို ခပ်သွက်
သွက်ပင် ဖြေလိုက်ရင်း အသားစများလွတ်နေသည့် နေရာတွင် ဂွမ်းထည့်လိုက်သည်။အဆုံးသတ်ကို

"ခုန်မတွေးပါနဲ့ ခွဲပြီးတာနဲ့  သွေးကြောပုံရိပ်ဖော်စက်နဲ့ ရိုက်ပါ။အခုဖြစ်တာ အဓိက
သွေးကြောမဟုတ်ရင် မဖြစ်ပါဘူး။"

"သွေးဖိအားပုံမှန်ပြန်ဖြစ်သွားပြီဒေါက်တာ အသက်ရှုနှုန်းလည်း normal ပဲ"

ကျန်းမာရေး ကောင်လး၏ ၀မ်းသာအားရအသံ
ထွက်ပေါ်လာသည်။

"ဟုတ်ပြီ အခု ပြန်ပိတ်မယ်"
သွက်လက်စွာဖြင့် ခွဲစိတ်မှုကိုအဆုံးသတ်လိုက်
သည်။
"၀ိုး ဒေါက်တာက အရမ်းတော်တာပဲ ဘယ်လောက်မှမကြာဘူး မြန်လိုက်တာ"
သူနာပြုမလေး၏ စကားကို တစ်ချက်ပြုံးပြလိုက်
ရင်း ခွဲခန်းအပြင်သို့ ထွက်လာခဲ့သည်။

"ဒေါက်တာ ကျွန်မသားလေး ဘယ်လိုနေသေးလဲဟင်။"
အသက်၅၀ကျော်ခန့် မိန်းမ၀၀ကြီးတစ်ဦးက
ပြေးလာပြီး မေးလေသည်။လူနာရှင်ဖြစ်ဟန်တူ
သည်။
ဒေစီလွင် နှာခေါင်းစည်းကို ဖြုတ်လိုက်ရင်း

"ခွဲစိတ်တာ အောင်မြင်ပါတယ် အန်တီ လူနာအခြေအနေကိုတော့ စောင့်ကြည့်ရပါအုံးမယ်။"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျေးဇူးတင်ပါ
တယ်။"

ဝမ်းသာအယ်လည်းဖြစ်နေသည့် အန်တီကြီးကို
ပြုံးပြလိုက်ရင်း ဒေစီလွင် ခြေလက်ဆေးကာ
မိမိနားနေခန်းသို့ ပြန်လာခဲ့သည်။ဒါကဒေစီလွင်၏
နေ့ စဉ်ဘ၀ပင် မဟုတ်ပါလား။သက်ပြင်းကို ဟူးခနဲ ချလိုက်ရင်း တောင်တွင်းကားဂိတ်သို့ ထွက်လာခဲ့
လေသည်။
image
credit-google image
နွေဦးမောင် ခြံထဲတွင်ထိုင်ကာ ဂစ်တာတီးနေမိ
သည်။တီးနေသည်ဆိုသော်လည်း ဘယ်သီချင်း
ရယ်လို့တော့ မယ်မယ်ရရမရှိပေ။ဟိုတစ်ပုဒ်တီး
လိုက် မဆုံးသေးခင် နောက်တစ်ပုဒ်ရောက်သွား
လိုက်ပင်။နွေရာသီကျောင်းပိတ်ရက်တွေက
ပျင်းစရာကောင်းသလို လွမ်းစရာလည်း
ကောင်းလှသည်။အထူးသဖြင့်တော့ မိမိကျောင်းလေးနှင့် မိမိတာဝန်ကျရာ ရွာလေးကိုလည်း လွမ်းလှသည်လေ။ထိုထက်ပို၍ လွမ်းနေသူတစ်ဦးလည်း မိမိရင်ထဲတွင် ရှိနေသည်။မိမိကြိုင့်ကို ချစ်မြတ်နိုးနေသည်ဟု
သေချာသည်ထက် သေချာလာခဲ့သည်။တစ်ဖက်တွင် နှလုံးသားက ချစ်မြတ်နိုးနေသလောက်
တစ်ဖတ်တွင်တော့ ဦးနှောက်က ချုပ်ထိန်းနေပြန်သည်။မဖြစ်သင့်ဘူး ဟုစဉ်းစားရင်း မိမိ၏ ရူးသွပ်မှုကို မိမိကိုယ်တိုင်ပင် ပဲ့ကိုင်နေရသော်လည်း တစ်
ချက်တစ်ချက် လွတ်ထွက်သွားချင်သော နှလုံးသား ကြောင့် ပင်ပန်းရလေသည်။

မိမိပခုံးကို ပုတ်လိုက်မှုကြောင့် နွေဦးမောင်နောက်သို့လှည့်ကြည့်လိုက်သည်။ဒေစီလွင်ရယ်ပါ။

"ဟာ မိလွင် နင်ဂျူတီမရှိဘူးလား။"
"ရှိတာပေါ့ဟဲ့ နင့်ကိုတွေ့ချင်လို့ပြန်လာတာ
မနက်ဖြန်မနက် ၈နာရီအမှီ မကွေးရောက်ရမှာ။"

"ငါ့ကိုတွေ့ချင်တာများ အဲ့လောက်ဒုက္ခခံနေရလား"
"ဒုက္ခခံရတာပေါ့မောင် နင်က ကျောင်းပိတ်ရက်
တွေတောင် အိမ်ပြန်လာလို့လား။"

ဒေစီလွင်က မျက်နှာစူပုပ်ပုပ်ဖြင့် မိမိဘေးသို့ 
ဝင်ထိုင်လိုက်သည်။နွေဦးမောင် ဘေးသို့နည်းနည်း ရွှေ့ပေးလိုက်ရင်း

"နင်ကော အဆင်ပြေတယ်မလားမိလွင်။"
"ဘာကိုမေးတာလဲ အဆင်ပြေလားဆိုတာ။"

"အကုန်ပေါ့ဟာ ပညာရေး လူမှုရေး စီးပွားရေး
အချစ်ရေး။"
"ပညာရေးကတော့ ကျောင်းပီးလို့ မကွေးဆေးရုံ
မှာ တာဝန်ကျနေတာ တစ်လကျော်ပြီ။လူမှုရေးနဲ့စီးပွား ရေးကတော့ ပုံမှန်ပါပဲ ရတဲ့လစာနဲ့ အကိုက်
လောက်ပဲ။အချစ်ရေးကတော့ ငါချစ်တဲ့သူက ငါ့ကိုဖွင့်မပြောသေးလို့ စောင့်နေတာ။"
"ဟား နင့်ဟာကလည်း အပျိုကြီးဖြစ်နေအုံးမယ်
နော်။"

မိမိကို လှောင်သလိုပြုံးလိုက်သော နွေဦးမောင်
ကြောင့် ဒေစီလွင် မောင့်လက်ကို ရိုက်လိုက်သည်။

"အပျိုကြီးမဖြစ်စေရဘူး စိတ်ချ သူ့ဘက်က မပြောရင် ငါက အရင်ပြောပြီး သူ့အချစ်ကို ရအောင်ယူမှာမို့လေ။"
"အမလေး ကြောက်စရာကြီးပါလား မိလွင်ရာ
အဲလိုတော့မလုပ်စမ်းပါနဲ့ မိန်းမဈေးကျအောင်ဟာ"

ရယ်နေသော မောင့်မျက်နှာကိုငေးရင်း
ဒေစီလွင် မေးလိုက်သည်။

"ငါ့ကိုသာ မေးနေတာမောင် နင်ကော ချစ်ရမယ့်သူ ရှိနေပြီလား။"

နွေဦးမောင် မျက်နှာတည်သွားကာ စကားကိုခပ်
လေးလေးပင် ပြောလိုက်သည်။

"ဒီလိုပါပဲ လွင် ချစ်ရမယ့်သူဆို ငါ့ဘက်က ဖြစ်နေတယ်လို့ ထင်နေပေမယ့် ငါကိုယ်တိုင်လည်း မသေချာသေးဘူး။ပြီးတော့ ချစ်သင့်တဲ့သူလည်း မဟုတ်ဘူးဖြစ်နေတယ်လွင်။ကိုယ့်ကိုကိုယ် ထိန်းချုပ်နေရတာပေါ့ဟာ။"

ဘယ်တုန်းကမှ မမြင်ဖူးသော မောင့်မျက်ဝန်းဆွေး
ဆွေးများနှင့် မျက်ဝန်းထဲတွင် ဖြတ်ပြေး
သွားသော အရိပ်များကိုကြည့်ကာ ဒေစီလွင်တစ်ချက်တော့ တုန်လှုပ်သွားသည်။ဘုရားရေ ဒေစီလွင်
အသည်းနင့်အောင်ချစ်ရသည့်မောင့်မှာ တစ်ခြားချစ်ရမည့် မိန်းကလေးတစ်ဦးရှိနေပြီလား။ဟင့်အင်း အဲ့လိုမျိုးတော့ အဖြစ်မခံနိုင်ပါ။မောင့်ကို မိမိတစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့်ရှိသည်။ငယ်ငယ်ကတည်းက
ပေါင်းလာသည်မို့ မောင့်အကြောင်းကို မိမိထက်
ဘယ်သူပိုသိမှာလဲ။သို့သော် ပထမဆုံးအကြိမ်အ
ဖြစ် မောင့်မျက်ဝန်းထဲတွင် ဖြတ်သွားသော အရိပ်များဟာ မိမိကြောင့် မဟုတ်ဘူးဆိုတာတော့ ထိတ်လန့်စွာ သိလိုက်ရပါပြီ။မိမိဒီအတိုင်းနေ၍တော့
မဖြစ်တော့ပါ။ ထူးအယ်လင်း၏ "နေပါစေချစ်လို"့သီချင်းကို ခပ်ဆွေးဆွေးဆိုလိုက်သည့် မောင့်အသံဟာ ပထမဆုံးအကြိမ်အဖြစ် မိမိနားထဲသို့ ခါးသက်စွာဝင်လာပါတော့သည်။
image
credit-facebook image
အခန်း ( ၁၆ )

နံနက်ခင်း၏လင်းရောင်ခြည်က ခြံထဲသို့ ထိုးကျ
နေသည်။အလွမ်းသက် ဘုရားတင်ဖို့ စံပယ်ပန်းများကို ခူးနေမိ၏။ပခုံးကျော်ရုံဆံပင်များကို ခေါင်းစည်း
ကြိုးအဖြူရောင်ဖြင့် နောက်တွင်ခပ်မြင့်မြင့်စည်းထားပြီး အပြာနုရောင် တီရှပ်လက်တိုကို ကြည်
ပြာရောင်လုံခြည်နှင့် တွဲဝတ်ထားသည့် အလွမ်းပုံစံက နုသစ်လှပနေလေသည်။ကြိုင်လောက် အသားမဖြူသော်လည်း အသားညိုညို မျက်လုံးမျက်ဖန်
ကောင်းကောင်း နှာတံစဉ်းစဉ်းနှင့် ပြုံးလိုက်လျှင်သွားတက်ကလေးများပေါ်သွားတတ်သော
အလွမ်းသက်ဟာ လှသည်ဟုပြောလို့ ရပါသည်။
ဂုံးဇကာထဲသို့ စံပယ်ပန်းများကို တစ်ပွင့်စီခူးထည့်
နေရင်း ညီညီ့အကြောင်းကိုတွေးနေမိသည်။ညီညီ
ရယ်မိမိရယ် ကြိုင်ရယ် ပိတ်ရက်ခြင်းသိပ်မကွာ
သည်မို့ ရွာသို့ အတူတကွပြန်လာခြင်းဖြစ်သည်။
မိမိသိပါသည်။မိမိချစ်နေသည့်ညီညီဟာ တစ်ချိန်တည်းမှာပဲ ကြိုင့်ကိုလည်း ချစ်နေသည်ဆိုတာ။
အလွမ်းက ဟန်ဆောင်ကောင်းပါသည် တစ်ကယ်လို့ သူတို့ နှစ်ယောက်ချစ်သူဖြစ်သွားရင်တောင်
အရင်ဆုံးပျော်ရမည့်သူက မိမိဖြစ်ပြီး အရင်ဆုံးနာကျင်ရမည့်သူမှာလည်း မိမိပဲဆိုတာ ကြိုတွေးထား
လေသည်။ညီညီ့စိတ်က မိမိအပေါ်တွင် မရှိဘူးဆိုတာ သိလိုက်သည့် နောက်ပိုင်းမှစ၍ အလွမ်း
မြိုသိပ်တတ်လာသည်။ကြိုင်ကလည်း မိမိချစ်သည့်သူငယ်ချင်းမို့  တစ်ခြားလူထက်စာလျှင် ကြိုင်နဲ့ 
တော့ ပိုသဘောကျမိတာ အမှန်ပါ။သို့သော်လည်း မိမိနှလုံးသားမှ ညီညီအပေါ်တွင် ချစ်သည့်စိတ်က တစ်နေ့ တစ်ခြား နူးညံ့စွာ နက်ရှိုင်းလာလေသည်။တစ်ခါတစ်လေကျလည်း မစခင်ကတည်းက
ဆုံးနှင့်နေပြီးသား လမ်းများရှိသလို မချစ်ခင်က
တည်းက ကွဲနှင့်နေပြီးသား အသည်းတို့လည်း
ရှိတတ်လေသည်။
image
credit-facebook image
"အလွမ်းရေ့ "အိမ်ရှေ့မှညီညီ့ခေါ်သံကြောင့်
အလွမ်း ဂုံးဇကာကိုချကာ ထွက်လာခဲ့သည်။
အစိမ်းရောင်အကွက်လက်ရှည်ကို လက်ခေါက်တင်ထားပြီး အနက်ကွက်ပုဆိုးဝတ်ထားသည့်ရှင်းသန့်
နေသော ညီညီ့ပုံစံကို ငေးခနဲဖြစ်သွားသည်။

"အလွမ်းငါနင့်ကို အကူအညီတောင်းချင်လို့ ။"
"ဘာလဲညီညီ။ငါကြိုင့်ကိုပေးချင်လို့ ဒီမှာ
ကံ့ကော်ပန်းလေးတွေကောက်လာတယ် အဲဒါနင်သီပေးပါလားဟင် ငါကလှအောင်မသီတတ်လို့ပါ
သူငယ်ချင်းရာနော်။"

"သိသားပဲ နင်ငါ့ကိုခိုင်းတော့မယ်ဆိုတာ
ခဏစောင့်ငါအပ်နဲ့ အပ်ချည်သွားယူအုံးမယ်။"
"အဲဒါကြောင့်ပြောတာ ငါ့သူငယ်ချင်းမလေးက
ချစ်ဖို့ ကောင်းပါတယ်ဆို။"

အလွမ်းမျက်စောင်းတစ်ချက်ထိုးရင်း အိမ်ထဲသို့ 
ဝင်လာခဲ့သည်။

ကံ့ကော်ပန်းလေးများကို သုံးပွင့်ဆိုင်တွဲ၍ အလွမ်းလှလှပပလေးသီနေကာ ညီညီကတော့ ဘေးမှာ
ထိုင်၍ ပြုံးဖြီးဖြီးဖြစ်နေလေသည်။

"ဟဲ့ညီညီ နင့်မျက်နှာဒီနေ့ တစ်မျိုးဖြစ်နေပါလား
ပြောစမ်းဘာအကြောင်းထူးရှိလဲ။"

ညီညီက မျက်နှာကိုတည်လိုက်ကာ
"ငါဒီနေ့ ကြိုင့်ကို ဒီကံ့ကော်ပန်းကုံးလေးပေးပြီး
ချစ်တဲ့အကြောင်းဖွင့်ပြောမလို့ ။"

"အား...."ဆတ်ခနဲပင် အလွမ်းလက်ကို အပ်စူးသွားကာ သွေးများထွက်လာလေသည်။

"ဟာ ဒုက္ခပါပဲအလွမ်းရာ နင့်လက်ထိသွားပြီ"
ညီညီက ခပ်သွက်သွက်ပင် အိပ်ကပ်ထဲမှ
လက်ကိုင်ပ၀ါအဖြူလေးကို ထုတ်၍ စည်းပေး
လိုက်သည်။

"ပေးပေး ငါပဲ ဆက်သီလိုက်မယ်။"
"ဟင့်အင်း ရတယ်ညီညီ ငါသီပေးမယ် ဒီမယ်
သုံးပွင့်ပဲကျန်တော့တယ် ပြီးတော့မယ်။"

အလွမ်းခပ်မြန်မြန်ပင် ကံ့ကော်ပန်းကုံးလေးကို
လတ်စသတ်လိုက်သည်။ညီညီက ပြုံး၍
ကံ့ကော်ပန်းကုံးလေးကို တယုတယကောက်ကိုင်ကာ မတ်တပ်ရပ်လိုက်ရင်း

"အလွမ်း နင်ဘယ်လိုထင်လဲဟင် ကြိုင်က ငါ့က
ိုပြန်ချစ်လောက်လား။"
အလွမ်းခဏတော့ မှင်သက်သွားပြီးမှ အသံကို
မတုန်အောင် ထိန်းလိုက်ရင်း ခပ်မှန်မှန် ဖြေလိုက်သည်။

"အဲဒါတော့ ငါလည်းမသိဘူးလေဟယ် နင့်ကို
ငြင်းတော့ မငြင်းလောက်ဘူးထင်တာပဲ ကြိုင့်မှာ
လည်း ရည်းစားမရှိသလို နင်ကလည်း လက်ခံနိုင်
လောက်အောင်ချောတယ်လေ။"
"တစ်ကယ်လားသူငယ်ချင်း ငါအားတက်သွားပြီ
ပြန်လာရင် နင့်ကိုမုန့် လိုက်ကျွေးမယ်။
ကဲကဲ သွားပြီဟာ။"

အပျော်များဖြင့် ထွက်သွားသော ညီညီ့ကျောပြင်ကို ကြည့်ကာ အလွမ်းမျက်ရည်လည်လာသည်။
ကံကြမ္မာကြီးကလည်း ဆိုးလိုက်တာနော်။
ကိုယ်ချစ်နေတဲ့သူက တစ်ခြားမိန်းကလေးတစ်
ယောက်ကို ပေးမည့်ပန်းအား မိမိက သီပေးရတယ်လို့ ။ဒီလိုတွေလည်း ဖြစ်တတ်တာပဲလား။
စံပယ်ပန်းများပြည့်နေသော ဂုံးဇကာလေးကို
ကောက်ကာ အလွမ်းအိမ်ထဲသို့ ဝင်လာခဲ့လေ
သည်။

ကြိုင် ပျော်နေမိသည်။ခြံထဲမှကံ့ကော်ပန်းရနံ့များ
ကို အ၀ရှုလိုက်ရင်း သီချင်းလေးပင် ညည်းလိုက်
သေးသည်။ကြိုင်ပျော်နေရသည့် အကြောင်းရင်းကတော့ မကြာခင် ဆရာပြန်လာတော့မှာမလို့ပင်။သန်ဘက်ခါကျောင်းပြန်ဖွင့်ပြီမို့ ဆရာဒီနေ့ 
ပြန်လာလေပြီ။ကျောင်းတော်ရာသို့ ကိုဖိုးထောင် သွားကြိုနေ၏။နောက်ထပ် နာရီဝက်လောက်ဆို ဆရာ ရောက်တော့မည်။ဆရာ့ကိုလွမ်းလွန်းလို
့ကြိုင်ကံ့ကော်ခြံထဲမှ လာစောင့်နေခြင်း ဖြစ်လေ
သည်။ဆရာတော့မသိပေမယ့် ကြိုင်ကတော့ ဆရာ့ကို တစ်နေ့ မှမေ့မရအောင် လွမ်းဆွတ်လှသည်။
ဆရာ့အပေါ်တွင် ကြိုင်နက်ရှိုင်းစွာ သံယောဇဉ်
တွယ်နေမိလေပြီ။မိမိနောက်မှ ခြေသံကြောင့်
ကြိုင်နောက်သို့ လှည့်ကြည့်လိုက်မိသည်။

"အော် ညီညီ ။"
ညီညီက ကံ့ကော်ပန်းကုံးကို ကိုင်လျက်သားနှင့်မိမိကို ပြုံးကြည့်နေလေသည်။

"လာလေညီညီ ဆရာ့ဆီလာတာလား ငါလည်း
ဆရာ့ကိုလာစောင့်နေတာ ခဏနေ ရောက်လာ
တော့မှာ။

ညီညီပြုံးလိုက်ရင်း ကြိုင့်ရှေ့သို့သွားကာ မတ်တပ်
ရပ်၍ ကြိုင့်ကို စိုက်ကြည့်လိုက်မိသည်။ဒီနေ့ မိမိ
နှင့်ကြိုင် အင်္ကျီအရောင်တူနေပါရောလား။ကြိုင်ကလည်း အစိမ်းရောင်လက်ရှည်ကိုလက်ခေါက်
ဝတ်ထားကာ အနက်ထမိန်ဝတ်ထား၏။မတော်
တဆ တိုက်ဆိုင်မှုက ညီညီ့ကို ကံ့ကောင်းစေဖို့ လား။ညီညီက မထိုင်သည်မို့ ကြိုင်လည်း အားနာကာ မတ်တပ်ထရပ်လိုက်သည်။

"လမ်းလျှောက်ကြမလားညီညီ။"
"ဟင့်အင်း ငါနင့်ကို ပြောစရာရှိလို့ ကြိုင်။"

မျက်နှာချင်းဆိုင်ရပ်နေရင်းမှ ကြိုင် ညီညီ့ကို
မော့ကြည့်လိုက်၏။ညီညီ့မျက်ဝန်းအတွင်းမှ အရိပ်များကို မြင်လိုက်ချိန်တွင် ကြိုင်ထိတ်လန့် စွာဖြင့် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။ညီညီ မပြောအောင် ကြိုင်တားမှဖြစ်မည်။ကြိုင်နောက်သို့ တစ်လှမ်းဆုတ်၍ ပါးစပ်ဟလိုက်ချိန်မှာပင် ညီညီ
နှုတ်ဖျားမှ အသံက ဦးစွာထွက်ပေါ်လာလေသည်။
image
credit-facebook image
"ငါနင့်ကို ချစ်တယ်ကြိုင် ။"
" အို. .... ။"
ညီညီပြောရင်းမှ ခပ်မြန်မြန်ပင် ကြိုင့်လက်ကို ဆွဲ၍ လက်ထဲသို့ ကံ့ကော်ပန်းကုံးလေးကို ထည့်ပေး
လိုက်သည်။

"ငါနင့်ကို ငယ်ငယ်ကတည်းက ချစ်ခဲ့ရတာပါကြိုင် နင်မုန်းသွားမှာစိုးလို့ ငါမြိုသိပ်ခဲ့တာ။အခုတော့
ငါမမြိုသိပ်နိုင်တော့ဘူး။ငါနင့်ကို အသည်းနင့်
အောင် ချစ်တယ်ကြိုင်။ကျေးဇူးပြုပြီး ငါ့ကို ပြန်ချစ်ပါနော်။"

ကြိုင် ညီညီ့ကို အံ့အားသင့်စွာ ကြောင်ကြည့်
နေမိသည်။ခဏတော့ သတိလွတ်သွားပြီး လည်နေ သော ကြိုင့်ကမ္ဘာကြီး ရပ်တန့်သွားလေသည်။

ကြားလိုက်ရသည့် စကားနှင့် မြင်လိုက်ရသော
မြင်ကွင်းကြောင့် နွေဦးမောင်လှမ်းလက်စခြေလှမ်းများ တုန့်ခနဲဖြစ်သွားသည်။အိမ်ဝမှ ၀င်လာတုန်းက ကြိုင့်ကိုပဲမြင်ကာ ကံ့ကော်ပင်နှင့် ကွယ်နေသော ညီညီ့ကို မမြင်ခဲ့။အနီးသို့ ရောက်မှ ဖြစ်ပျက်နေ သော အခြေအနေကို နွေဦးမောင်တွေ့ လိုက်ရလေသည်။တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော ကြိုင်နှင့်ညီညီ ။ပြီးတော့ ညီညီက ကြိုင့်ကို ချစ်နေသည့်အကြောင်းဖွင့်ပြောကာ ကြိုင့်လက်ကို ဆုပ်ကိုင်ထားပြီး ကံ့ကော်ပန်းကုံးလေးကို ထည့်ပေးနေလေသည်။နွေဦးမောင် ခြေထောက်များ ယိုင်နဲ့ သွားသည်မို့ ဘေးနားမှ ကံ့ကော်ပင်စည်ကို အားပြု၍ မှီလိုက်သည်။ထိုခဏမှာပင် မိမိခြေသံကြောင့် ကြိုင်ကောညီညီကော မိမိဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ဆရာ ....." ကြိုင်နှင့် ညီညီ၏ သံပြိုင်ခေါ်လိုက်သံထွက်ပေါ်လာလေသည်။မတူညီသော ခံစားချက
်နှစ်မျိုးနှင့် မိမိကိုလှည့်ကြည့်နေသော တပည့်လေး နှစ်ယောက်ကို နွေဦးမောင် အားယူ၍
ပြုံးပြလိုက်သည်။

နွေဦးမောင်၏မျက်ဝန်းများကတော့ ညီညီ့လက်ထဲမှ ကံ့ကော်ပန်းများနှင့်အတူရှိနေသော ကြိုင့်
လက်တစ်စုံပေါ်တွင် စူးစိုက်လျက်။
နွေဦးမောင် သက်ပြင်းတစ်ချက်ခိုးရှိုက်လိုက်ရင်း
နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
အချစ်ဆိုတာ ရူးသွပ်မှုလေးတစ်ခုပါ။
အချစ်မှာ ရူးသွပ်မှုမပါရင် အဲ့အချစ်က ပုံမှန်မဟုတ်ဘူးပေါ့။ကျွန်တော်ကတောာ့ ရူးသွပ်မှုကနေ ကိုယ့်ကိုယ်ကိုကာကွယ်လိုက်မိတဲ့အတွက် အခုပေးဆပ်လိုက်ရပါပြီ။ကံ့ကော်ရနံ့ များက ပုံမှန်ထက်ပိုမွှေး
နေပြီး ခြံအတွင်းတွင်တော့ တိတ်ဆိတ်ငြိမ်သက်
နေလေတော့သည်။
image
credit-facebook image
ဖတ်ရှုပေးခဲ့ပါသောညီအစ်ကိုများအားလုံးကျေးဇူးအထူးတင်ရှိပါသည်။
ဆက်လက်ပြီးအပိုင်း(၉)ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
image

Author-Soe Tha Khin
MSC-172

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ခြောက်ပွင့်နှစ်ခိုင် ဆိုင်နေတဲ့ ချစ်ဇာတ်လမ်းကတော့ စဆုံး
တခါတည်း ဖတ်လိုက်ရရင် ဇိမ်ရှိမှာပဲကွာ။

ဟုတ်ကဲ့ပါဗျာတကယ်ဖတ်ချင်တယ်ဆိုရင်တော့ဖြင့်အားလုံးပြီးရင်pdfလေးချပေးပါမယ်ဗျ

ဇတ်လမ်းက တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီခင်ဗျ စောင့်ဖတ်ရတာ အားမရတော့ဘူးရယ်။

ဟုတ်ကဲ့ပါဗျာ အမြန်ဆုံးအဆုံးသတ်နိုင်အောင်ကြိုးစားရေးနေပါတယ်

ရေးသားနိုင်မှုကိုတော့လေးစားပါပြီ ညီရေ
ခွဲစိတ်တာတွေရဲ့လိုအပ်ချက်တွေအထိပါရေးသားနိုင်တာ goodတယ်။

ဟုတ်ကဲ့ပါအစ်ကိုရေ
ဒါကလဲကျွန်တော်ကိုယ်တိုင်ခွဲခန်း၂ခါဝင်းဖူးပြီးမေ့ဆေးမသုံးတော့အကုန်ကြားနေရတာတွေရယ် ဒီကြားထဲလဲဆေးရုံကိုလူမှုရေးအရခဏဏရောက်ဖြစ်တော့သိနေတာလေးတွေပါ

အရှိန်ရလာပီ
အရေးအသားမိုက်တယ်

ဟုတ်ကဲ့ပါဗျာ

အားပေးနေပါတယ်ဗျာ

ဟုတ်ကဲ့ပါဗျာ

တော်တာဇာတ်လမ်းရှည်ကြီးကိုဆွဲယူလာနိုင်တာ

အေးဗျာဇာတ်ကောင်ကများတော့နည်းနည်းတော့စွဲယူနေရတယ်

ဖတ်​ရတာ မ၀ဘူးဗျာ အားလုံးပြီးသွားရင်​ စာအုပ်​ထုတ်​ဗျာ အား​ပေးဖို့အသင့်​ပဲ

တကယ်ကြီးအားပေးမှာလားဗျာနောက်ရဘူးနော်

တကယ်​ကြီးပါဗျာ

ကောင်းတယ်ဗျာ ဖတ်ရတာ အပိုင်းလိုက်ဆိုတော့ စောင့်ရတာလေးတစ်ခုဘဲ hee hee

စောင့်ရတဲ့အတွက်တော့နည်းနည်းလေးသီးခံပေးပါဦးဗျာ

အရေးအသားတွေလန်းလှချီလား ဘဒို
ဖိုက်တင်းပါဗျာ
ညေးတို့တော့ တော်၂လေးရေးကျင့်ရဦးမယ်

ဟုတ်ကဲ့ပါကိုစိုင်း
ဒါကလဲဝါသနာကအရင်းတည်သွားပါဗျာ

အရမ်းကိုတော်ပါတယ်ဗျာ
အခုလို ဇာတ်လမ်း ရှည်ကို အချိတ်အဆက် မိမိ
ရေးသားပြနိုင်လို ဆက်လက်ပြီး အားပေးနေပါမယ်ဗျို့

ဟုတိကဲ့ပါဗျာ
အခုလိုဖတ်ရှုအားပေးတာကျေးဇူးတင်ပါတယ်ဗျ

တစ်​ဖြည်းဖြည်းနဲ့ ဖက်​လို့​ကောင်းလာပြီ

ဟုတ်ကဲ့ပါဗျ
ကျေးဇူးပါ

ဖတ်ရတာ ဇာတ်ရှိန်မြင့်လာပြီဗျ အားပေးပါအူမယ်

ဟုတိကဲ့ပါဗျာ
ကျေးဇူးတင်ပါတယ်

PDF လေးရရင်ပေးပါဦးဘရို တစ်ဆက်တည်းပြန်ဖတ်ချင်လို့

ဟုတ်ကဲ့ပါဗျ
ပေးပါ့မယ်

ဇာတ်​လမ်းဇာတ်​ကွက်​​လေး​တွေ အရမ်း​ကောင်းတယ်​ဗျာ

ဟုတ်ကဲ့ပါbro ကျေးဇူးပါဗျ

ဇာတ်လမ်းကတော့ မသန်းဖြစ်လာပြီ😁😁😁
အားပေးနေပါတယ်။
ဇာတ်လမ်းကောင်းတစ်ပုဒ် ဖန်တီးနိုင်ပါစေဗျာ

ဟုတ်ကဲ့ ကြိုးစားပါ့မယ်ဗျာ

ဇာတ်ကွက်တွေဆင်ထားတာကိုသဘောကျတယ်ဗျာ

ဟုတိကဲ့ပါအစ်ကိုရေကျေးဇူးတင်ပါတယ်

pdf link လိုချင်နေပါပြီ ... အခုလို ရေးနိုင်အောင် အတော်လေး ဗဟုသုတစုံလင်ရတာပဲနော် ... အားကျလိုက်တာဗျာ

ဟုတ်ကဲ့ပါအစ်ကိုရေ
ခုလိုရေးနိုင်တာကစာအုပ်အဖတ်များလို့ပါ
ဖုန်းတွေမပေါ်ခင်ကစာအုပ်တွေနဲ့ပဲအပန်းဖြေရင်းဘဝအမောတွေပြေခဲ့ရတာကြောင့်ပါ

ဘယ်​လို​တောင်​​တော်​လိုက်​တဲ့အ​ရေးအသားလည်း​ဗျာဇာတ်​လမ်းကလည်းအရှည်​ကြီးပဲဒီ​လောက်​ရှည်​တာ​တောင်​အကွက်​​စေ့​စေ့ကလည်း​ရေးထား​သေးတယ်​ချီးကျူးပါတယ်​​ဗျာ

ကျေးဇူးတင်ပါတယ်အစ်ကိုရေနောက်လည်းအားပေးပါဦးဗျ

စာ​ရေးထားတာ နည်းနည်​​တော့များသွားပီ အပိုင်း၉ ကလည်းလာအုံးမယ်​ ဟွန်းဟွန်း

သည်းခံတော်မူပါဗျာ😂😂