သင်​လူတစ်​​ယောက်​ဖြစ်​ပြီလား

in myanmar •  7 years ago  (edited)

ဒီနေ့တော့လူဆိုတဲ့ အဓိပ္ပါယ်​ကို ​ပြောပြချင်​ပါတယ်​ လူ ၄မျိုး ရှိတယ်​ အဲ့ဒါ​တွေက​တော့ လူတိရိစ္ဆာန်​ လူ့ပြိတ္တာ လူ့ငရဲ လူသားစင်​စစ်​ဆိုပြီးခွဲခြား ထားပါတယ်​ ကိုယ်​ဟာဘယ်​လိုလူမျိုး ဖြစ်​​နေလဲဆိုတာ သိနိုင်​ဖို့ရယ်​ လူသားစင်​စစ်​ဖြစ်​ဖို့ဘာ ကိုယ်​ဘာ​တွေလုပ်​ရမလဲဆိုတာ သိနိုင်​ဖို့ ဒီ post ​လေးကို​ရေးလိုက်​ရပါတယ်​ image
ပထမဦးဆုံးလူ့တိရိစ္ဆာန်​ အ​ကြောင်း​လေး ​ပြောချြင်​ပါတယ်​ တိရိစ္ဆာန်​​တွေ ဟာ စားတတ်​တယ်​ အိပ်​တတ်​တယ်​ ကာမဂုဏ်​မှီဝဲတတ်​တယ်​ လူ​တွေကလဲအိပ်​တတ်​တယ်​ စားတတ်​တယ်​ ကာမဂုဏ်​မှီဝဲတာပဲတတ်​ရင်​ တိရိစ္ဆာန်​နဲ့ဘာကွာလဲ လူ​တွေကစားဖို့ရှာရတယ်​ လို့မ​ပြောနဲ့ ဥပမာ​ပေးရရင်​ ​ခွေးလည်းစားဖိုရှာရတယ်​ အိပ်​ဖို့ရှာရတယ်​ ကာမဂုဏ်​မှီဝဲဖို့ ရှာရတာပါပဲ အိမ်​ကြိုအိမ်​ကြားမှာ ​ခွေး​တွေဘာလုပ်​​နေလဲ ရှာ​နေရတာပါ မနက်​မိုလင်းစားမယ်​ ​နေခင်းအလုပ်​သွားမယ်​ ပြန်​လာ ကာမဂုဏ်​မှီဝဲတာနဲ့ပဲ အချိန်​ကုန်​​နေရင်​ တိရိစ္ဆာန်​နဲ့ဘာကွာလဲရုပ်​ကြီးက​တော့လူ စိတ်​ကတိရိစ္ဆာန်​ အဲ့လိုလူဟာလူတိရိစ္ဆာန်​ပါ image
နောက်​တစ်​ခုက လူ့ပြိတ္တာ ကိုယ့်​ပတ်​ဝန်းကျင်​မှာ​တွေ့ဘူးကြမှာပါ သူတစ်​ပါးကို လည်းမလှူ
ကိုယ့်​အတွက်​ပဲကြည့်​ တစ်​ဘို့တည်းသမာ​တွေ
ဘယ်​သူ​သေ​သေ င​တေမာရင်​ပြီး​ရော ဆိုတဲလူ​တွေ ဟာလည်း ပြိတ္တာလိုသူ စားဖို့သူရဖို့ အတွက်​နဲ့ပဲ ဘဝကိုအချိန်​ကုန်​ခံ​နေတဲ့ ဘဝနဲ့ဘာမှမကွာ ဘူး ရုပ်​ကလူ စိတ်​ကပြိတ္တာစိတ်​ ဒါ့​​ကြောင့်​ လူ့ ပြိတ္တာလို့​ခေါ်တယ်​ image
ထောင်​ကျ အချုပ်​ကျကျ​နေတဲ့လူ​တွေကိုလည်းမြင်​ဖူးကြားဖူးကြမှာပါ လွတ်​လပ်​မှာမရှိဘူး အပြစ်​သား​တွေ​ပေါ့အတိတ်​ဘဝက သူများ​ပေါ်မ​ကောင်းတာလုပ်​ခဲ​တော့အခုခံ​နေရတဲသူရှိသလို အခုဘဝမှာတင်​လုပ်​ပီးအခုခံ​နေကြရတာ​တွေ​ပေါ့ သူမျာခိုင်းသမျှလုပ်​​နေရတယ်​ အ​နေဆင်းရဲ အစားဆင်းရဲ စိတ်​ဆင်းရဲ ဆင်းရဲမှုမျိုးဆုံခံ​နေကြရတယ်​ အဲဒါကလည်း ဘာထူးလည်း အဆင်းကသာလူ ငရဲခံ​နေရတာနဲ့မခြားခံ​နေရ​တော့ လူ့ငရဲလို့ဆိုထားပါတယ်​ image
အ​ပေါ်ကလူသုံးမျိုးဘာလို့ဖြစ်​​နေတာလဲဆိုရင်​ အ​ကြောင်းအကျိုးကိုနားမလည်​လို့ပါ လူသားစင်​စစ်​ဘာကွာလည်းဆိုရင်​ ဥာဏ်​ကွာပါတယ်​ လူသားတစ်​​ယောက်​ဆိုရင်​ အ​ကြောင်းအကျိုး အ​ကောင်းအဆိုးကိုနားလည်​ရမယ်​ ဟုတ်​သည်​မဟုတ်​သည်​ မှန်​သည်​မမှန်​သည်​ အကျိုးရှိ မရှိကို ​ဝေဖန်​စမ်းစစ်​နိုင်​ရမယ်​ ဒါမှ သူတစ်​ပါးအကျိုး မိမိအကျိုး နှစ်​ဦးနှစ်​ဘက်​အကျိုးကိုနားလည်​မယ်​ ​ပြောရမယ်​ဆို လူပီသပီ​ပေါ့ဗျာ image
လူနဲ့ပတ်​သတ်​ပြီး ​ရှေးလူပညာရှိ ရဟန်းပညာရှိကြီး​တွေကလည်း လူ့ လူ လူးဆိုပြီး ခွဲခြားဆုံးမခဲ့ကြတယ်​ မျက်​စိတစ်​ဖက်​ကန်​ပီး မိမိအကျိုးစီးပွားပဲကြည့်​တဲ့သူကိုလူ့ တဲ့ အ​ကောင်းအဆိုးလည်းနားမလည်​ သူတစ်​ပါးအကျိုး မိမိအကျိုးလည်းနားမလည်​ အမှားအမှန်​ကိုလည်း​ဝေဖန်​ပိုင်​ခြားနိုင်​ခြင်းမရှိတဲ့သူကို လည်းမျက်​လုံး ၂ ဖက်​စလုံး ကန်း​နေတာနဲတာနဲဥပမာ​ပေးပြီး လူးတဲ့ မိမိသူတစ်​ပါးအကျိုးစီပွား ၂ခုစလုံးကို သိတဲလူကိုမှ မျက်​လုံး၂ဖက်​စလုံးမြင်​တဲ့ လူသားစစ်​စစ်​လို့ ဆုံးမခဲ့ကြတယ်​ image
‌ဒီ​လောက်​ဆို ရင်​​တော့ ငါဟာအခုချိန်​မှာဘယ်​လိုလူလည်း သိ​လောက်​ပါပြီ ​နောင်​ဘယ်​လိုလူဖြစ်​​အောင်​ ကြိုးစားရမလဲဆိုတာလည်းသိ​လောက်​ပါပြီ အချိန်​မှီပြင်​ဆင်​နိုင်​ကြပါ​စေလို့ သတိ​ပေး ဆု​တောင်းရင်း လူပီသဖို့ကြိုးစား​နေသူတစ်​ဦး....
Msc 236
@soeyan
Photo facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူဖြစ်ရကျိုးနပ်အောင်ကြိုးစားနေပါတယ်ရှင်

လူ့ကျင့်​ဝတ်​ကိုကျင့်​မှလူပီသပါမယ်​။

လူမှန်​ရင်​​တော့လူပီသ​အောင်​​နေထိုင်​ဖို့လိုပါတယ်​ရှင်​။တစ်​​ယောက်​နဲ့တစ်​​​ယောက်​​မေတ္တာဂရုဏာမုဒိတာ​တွေထားနိုင်​ရင်​အ​ကောင်းဆုံး​ပေါ့ရှင်

ဟုတ်​ပါတယ်

လူပီသအောင် မာန လေးနည်းနည်း၊အမှားလေးနည်းနည်း၊အမှန်တရားလေး များများ ရောထပြီး နေထြိုးစားနေပါတယ် ။

:-)

စေ့ဉ်​ပြင်​ဆင်​သင့်​တာ်

font မမှန်​​တော့ဘာ​ရေးထားလည်းမသိဘူးဗျာ

လူဖြစ်ရတဲ့ဒုက္ခ

လွတ်​​အောင်​ကြိုးစားရမယ်

ကြိုးစားနေပါတယ်

Very good

သားသားက လူမဖြစ်သေးဘူး ခုမှ ကြိုးစားတုန်း ဟီးးးဟီးးးး

:-) :-)

ကောင်းပါပေ့ဗျာ။လူပီသအောင်ကြိုးစားနေပါတယ်။

Good✔

မှန်ပါတယ် အဓိကက လူပီသကျဖို့ပါဗျာ...plz v and c me back @mgtoetat

Yes finish v and c you

အချိန်​မှီပြင်​ဆင်​​နေပါတယ်

Good

ဒုက္ခ သည်တွေပါ

ပြည့်​​စေ

လူ့ဘဝရတဲ့ခဏမှာလူပီသအောင်တော့နေရမှာပါ

Good post 👍

Thank

Nice ...

Thz

မှတ်​သားစရာပါ

လူပီသဖို့ ကြိုးစားနေပါတယ်။

life is complicated

ပြန်​လည်​မျှ​ဝေ​ပေးတာ ​ကျေးဇူးပါခင်​ဗျာ

သတိပေးတာလေးကောင်းပါတယ်။

လူဖြစ်ရုံလေးပါ