For this Father's Day of the year 2018 အဖေများနေ့ ^___^

in myanmar •  6 years ago 

For this Father's Day of the year

ဒီနှစ် အမှတ်ရဆုံးနေ့ကတော့ အဖေ နှလုံးသွေးကြောပြန်ပိတ်လို့ ဆေးရုံတင်ရတဲ့အချိန်တွေပေါ့။

ငယ်တုန်းကတော့ စိတ်ပူတွေးတတ်ပေမဲ့ ခုလောက်တော့ စိတ်ထဲသိပ်မထားခဲ့ဘူး
အခုလည်း စိတ်ထဲသိပ်မထားဖို့ စဉ်းစားပေမဲ့ သမီးကြီးဖြစ်တဲ့ ကိုယ်က ဘယ်လို မိသားစုမှာ အားကိုးရမဲ့နေရာကို ရောက်လာတော့မယ် ကိုယ့်ပခုံးပေါ်ရောက်ရတော့မယ်ဆိုတာ အလိုလို သိလာတယ်။
အတွေ့အကြုံနည်းသေးတော့ တွေးရင်းလည်း ပတ်ဝန်းကျင်သစ်ကိုကြောက်တတ်သေးတယ်။
ပြီးတော့ ဖခင်ဖြစ်သူကို ဆုံးရှုံးရမှာ ကြောက်တတ်ကောင်းမှန်း သိလာတယ်။

ကိုယ့်အဖေခွဲစိတ်ခန်းထဲဝင်မဲ့ရက်ကိုသိပေမဲ့ မသေချာပါဘူး
ဘယ်လိုကုမယ်ဆိုတာလည်း အဖြေသေချာမသိပါဘူး
ငယ်ငယ်ကတည်းက stent ၂ ခါ ၃ ခါလောက်ထည့် တစ်ခါလည်း ရင်ဘက်နဲ့ပေါင်ကို ခွဲစိတ်ပြီးပြီ ဆိုတော့ ခု အမှတ်တမှတ်ပြန်ဖြစ်လာတော့ ဆရာဝန်တွေတောင် ဘာလုပ်ရမှန်း အဖြေမသိပါဘူး နိုင်ငံခြားသားပြင်ပပညာရှင်နဲ့ကုဖို့အတွက် ၁ လစောင့်ရတယ်။ နှလုံးရောဂါဆိုတာ ခုကျမှ တကယ်ကြောက်စရာကောင်းတဲ့ ရောဂါမှန်းသိလာတယ်။
ခွဲစိတ်ခန်းဝင်မဲ့နေ့သိပေမဲ့ ခွဲစိတ်ခန်းဝင်မဲ့နေ့က အခြေအနေအရ ပြင်ပပညာရှင်လည်း Personal ကိစ္စကြောင့် စောပြန်မယ်လည်း သိရတော့ မသေချာလောက်ဘူးလို့လည်းထင်မိတယ်
ဒါကြောင့် ကျောင်းကို လုပ်လက်စ ပရောဂျက်အတွက် ဆက်လုပ်ဖို့ ကျောင်းသွားမယ်ပေါ့ ကျောင်းမသွားခင် ဆေးရုံအရင်သွားချိန်မှာ အဖေက ကျွန်မကို တွေ့တွေ့ချင်း ရီပြချိန်မှာ ကျွန်မ မရီပြမိခဲ့ပါဘူး နေ့စဉ်ပင်ပန်းထားတဲ့ ဒဏ်ကြောင့်ပေါ့ ငိုက်နေတော့ ဂရုမစိုက်မိသလိုဖြစ်သွားတယ် ကျောင်းသွားဖို့ပြင်ထားပေမဲ့ ဆေးပဲအရင်ဝယ်ဖြစ်ချိန်မှာ အဖေက ခွဲစိတ်ခန်း ကိုသွားနေရပြီဆိုမှ ရင်ထဲ တစ်မျိုးဖြစ်လာတယ်။ အဖေ့ဆီပြေးချိန်မှာ ခွဲစိတ်ခန်းဝင်ဖို့ အကျီ င်္ ခေါင်းစွပ် အကုန်ဝတ်ပြီး နှင့်နေပြီ။
အာ့ကျမှ မနက်က ငါအဖေ့ကို မပြုံးပြနိုင် ခဲ့မိတာ မှားလေခြင်းဆိုပီး တွေးမိတယ်
အကယ်ရွေ့ ခွဲစိတ်ခဲ့ရင် အဖြေက နှစ်မျိုးပဲရှိတယ်လေ။ ရင်တုန်ရပြီပေါ့

ပြုံးပြဖို့ တွေးမိပေမဲ့ ပြုံးပြဖို့ အချိန်က မရလိုက်တဲ့အပြင်အားတောင်မရှိပါဘူး
တစ်ခုပဲလုပ်ပေးနိုင်ခဲ့တယ်။ အဖေ့ဆေးရုံကုတင်ကိုတော့ ခွဲစိတ်ခန်း တံခါးဝထိ တွန်းပေးနိုင်ခဲ့ပါတယ်။

အိမ်မက်တွေကလည်း ကြားထဲကမှတ်ထားသေးတော့ ပိုပြီးရင်တုန်ပါတယ်။

ဆရာဝန်တွေ ဘယ်လိုလုပ်မယ် အကြိတ်အနယ်ဆွေးနွေးကြတာနဲ့တင် တော်တော်ကြာပါတယ်။

ကြားထဲက ခွဲစိတ်ခန်းဝင်ပြီး နာရီဝက်ကျော်ကြာတော့ မီးကလည်း ထပျက်တော့ ဘုရားစာမတောက်တခေါက် ရွတ်ကြည့်မိပါတယ်။

မီးစက်... တော်သေးတာပေါ့ ဒါမဲ့ အာ့ကလည်း ကြောက်စရာပါပဲ

နောက်ဆုံး အဖေပြန်ထွက်လာတော့ အဖြေသိအောင် အဖေ့မျက်နှာသေချာမြင်မှာ စိုးရိမ်ရတာ သက်သာမိတယ်။

ခွဲကုထားတဲ့နေရာမှာ သူနာပြု ပစ္စည်းဆွဲထုတ်တာ အချောင်းလိုက်က နည်းတာမဟုတ်ဘူး ဆွဲထုတ်နေတာကြောက်စရာ... သွေးမတိတ်တိတ်အောင်စောင့်ရတာ ညနေထိအောင်ပါပဲ

နောက်ဆုံး stent ပဲ ထည့်ဖြစ်တာ သိလိုက်ရတော့ မဆိုးပါဘူးလို့ တွေးမိပေမဲ့ ဒါလည်း မတော်တဆ ဆိုရင် တော်တော် ရင်တုန်ရမှာပါ။

ဒါမဲ့ ခွဲစိတ်ခန်းကနေထွက်ပြီး နာရီပိုင်းအကြာမှာ ကောင်းကောင်းမွန်မွန် ရှိလာတယ်။
ပြီးတော့ စကားတော်တော်များများ ပြောလာနိုင်ချိန်မှာ အဖေ ကျွန်မကို ရီပြုံးပြချိန်မှာ ကျွန်မ တဝကြီး ပြန်ပြုံးရီပြလိုက်တယ်။

ခုမှ ပဲ အဖေ့ကို ရီပြဖြစ်တော့တယ်ပေါ့။ ဘုရားကယ်လို့ အဖေ့ကို နောက်တစ်ခါ ပြုံးပြနိုင်ခွင့် ကြုံလိုက်ရတယ်။
ငါ မှားပြီလို့ နောင်တရမိပေမဲ့ လောကကြီးက မျက်နှာသာပေးချင်ပြန်တော့လည်း အဆင်ပြေစွာ ဖန်ပြန်တော့ ကျွန်မ စိတ်ထဲက တောင်းဆိုမိတဲ့ နောက်တစ်ခါပြန်ပြုံးပြနိုင်ရပါစေ ဆိုတာ အဆင်ပြေသွားတယ်။

နောက်ဆို ပြုံးပြဖို့ ပဲ မများတော့ပါဘူး XD

Happy Father Day

I L💞VE MY FATHER

I ADORE MY DAD

#june2018
#fatherday — celebrating Father's Day.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/