၂၄/ ၉/ ၂၀၁၈ ( တနင်္လာနေ့) MSC အုပ်စု (၃ ) မှ promotion တင်ရန်

in myanmar •  6 years ago  (edited)

Steem-myanmar မှ promotion စည်းကမ်းများအား ယခင်က နေ့စဉ် ဖော်ပြခဲ့ရာမှ ယခု အချိန်တွင် promotion ရရှိသော စာရင်းများကိုသာ နေ့စဉ် ဖော်ပြပေးနေပါသည် ။ ထို့ကြောင့် ယခုအပတ်တွင် promotion စည်းကမ်းများကို ပြန်လည် ရေးသား ဖော်ပြပေးလိုက်ပါသည် ။

၁ ။ MSC member တို့၏ ဆောင်းပါးများတွင် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရပါမည် ။

  • အင်္ဂလိပ်ဖြင့် ဖြစ်စေ မြန်မာစာဖြင့်ဖြစ်စေ နှစ်မျိုးလုံးဖြင့်ဖြစ်စေ original content သာ ရေးသားသူ ဖြစ်ရမည် ။ ရေးသားသော ဆောင်းပါးအတွက် ref ယူခွင့်ရှိသည် ။ ref မှာ အလုံးစုံ ကူးယူခြင်း မဟုတ်ပဲ link များဖြင့် ref ပေးနိုင်ပါသည် ။
  • စာလုံးရေ အနည်းဆုံး တစ်ထောင်အထက် ရှိရမည် ။ မိမိ ဆောင်းပါးကို ဖြစ်နိုင်လျှင် အပိုဒ်ခွဲ၍ copyright လွှတ်သော ပုံများဖြင့် တန်ဆာဆင်နိုင်လျှင် ပိုကောင်းသည် ။
  • မိမိရေးသားသော ဆောင်းပါးသည် လူမှု အဖွဲ့အစည်း တစ်စုံတစ်ရာ အကျိုးရရှိစေနိုင်ရမည် ။ ဥပမာ - အနုပညာ ,ရသ ,နည်းပညာ ,အတွေးအမြင်, ကျန်းမာရေး အသိပညာ အစရှိသဖြင့် ။
  • tag list မှန်ကန်စွာ ထည့်၍ ဆောင်းပါးအဆုံးတွင် MSC- Number နှင့် ရေးသားသူ မိမိဖြစ်ကြောင်း သက်သေခံသည့် အနေဖြင့် မိမိနာမည် ဖော်ပြရမည် ။

၂ ။ Promotion တင်ရာတွင် လိုက်နာရမည့် စည်းကမ်းများ ။

  • Promotion ရယူသူတို့ ဤ Steem-myanmar page ကို မဖြစ်မနေ vote ပေးရမည် ။
  • comment တွင် မိမိ၏ MSC Reguister Number ကို အရင် ဖော်ပြပါ ။ ပြီးမှ post link ပေးရပါမည် ။
  • vote နှင့် comment ပြည့်မှီရန် sub-group leader များမှ တာဝန်ယူ ပေးရပါမည် ။
  • အခြားသူများ၏ MSC-number များကို ယူသုံး၍ Promotion တင်ထားသည်ကို တွေ့ရှိလျှင် MSC မှ ရာသက်ပန် ထုတ်ပယ်ပါမည် ။
  • sub-group leader များမှ မိမိ အဖွဲ့ဝင်များမှ မိမိ အဖွဲ့ဝင်များ Promotion ရနိုင်သော နေ့ရက်များကို မှတ်သားထား၍ အဖွဲ့ဝင်များအား တိုက်တွန်းနှိုးဆော်ပေးရပါမည် ။
  • MSC admin များမှ ယခင် Promotion ကဲ့သို့ post တစ်ခုချင်းစီ လိုက်လံစစ်ဆေး၍ လိုအပ်ချက်မှား တွေ့ရှိပါက Promotionမှ ထုတ်ပယ်မည်ဖြစ်၍ sub-group leader များမှ မိမိအဖွဲ့သားများ အမှားကင်းစေရန် အတတ်နိုင်ဆုံး စစ်ဆေးပေးရမည် ။

အဖွဲ့ဝင်များအားလုံး သိရှိပြီးသားစည်းကမ်းများ ဖြစ်သော်လည်း ပြန်လည် မှတ်သားစေနိုင်ရန် Steem-myanmar page မှ ပြန်လည် ဖော်ပြပေးလိုက်ပါသည် ။

logo.png

Myanmar Steemit Community

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Team ထဲဝင်ခြင်လိုဘယ်လိုလုပ်ရမလည်း

လောလောဆယ် member အသစ် လက်ခံခြင်းကို ခဏ ဆိုင်းငံထားပါတယ် ဗျ။ ပြန်လက်ခံတဲ့အခါ အသိပေးပါ့မယ်ဗျ။

  ·  6 years ago (edited)