RE: False Earthstar ( Truffle )

You are viewing a single comment's thread from:

False Earthstar ( Truffle )

in myanmar •  7 years ago 

မမမြန်မာ အနေဖြင့် မိမိသိက္ခာ အား ထိပါးလာသည်ဟု ယူဆပါက အောက်ပါ မေးခွန်းများအား ဖြေကြားပေးစေလိုပါသည်။ အထက်ပါ အင်းဥ ဆောင်းပါး နှင့်ပါတ်သက်၍ မမမြန်မာ ကိုယ်တိုင်ရေးထားကြောင်း ဝန်ခံပြီး ဖြစ်၍

၁- အင်းဥတွင် ပရိုတင်း ၊ အမိုင်နို အက်ဆစ် ၊ ကယ်လ် စီယမ် မီးစုန်း ဓါတ်များ ပါဝင်ကြောင်း ကိုယ်တိုင် ဓါတ်ခွဲ စမ်းသပ်ထားပါသလား ?

၂- ဒညင်းသီး ၊ ပီလောပီနံ ၊ မျောက်ငို သီး ၊ ဖားသား ၊ ဒူးရင်းသီး တို့ ဖြင့် တွဲ ဖက် မစားသင့်ကြောင်း အဘယ့် ကြောင့် ပြောနိုင်ပါသလဲ ?

၃- သွေးတိုး ၊ လေးဖက်နာ ၊ ခါးနားတတ်သူတို့ မစားသင့်ကြောင်း အဘယ်ကဲ့သို့သော တိုင်းရင်း ဆေး ပညာဖြင့် ပြောနိုင်ပါသလဲ ..?

၎- အင်းဥ ချက်ပြုတ်ရာတွင် အဘယ့် ကြောင့် အခြားသူများ ချက်ပြုတ်ထားသော နည်းဖြင့် တူညီ နေရပါသလဲ ...?

အထက်ပါ အကြောင်း အရာတို့မှာ အောက်ဖေါ်ပြပါ လင့်များမှာ ဟိုနည်း နည်း ဒီ နည်းနည်း တိုက်ရိုက် ကူယူထားကြောင်း သိရပါသည်။

https://m.facebook.com/groups/1837703289786305?view=permalink&id=2200484170174880

https://www.facebook.com/maysoe007/posts/1857420727841988

@cheetah-myanmar အနေဖြင့် အကြောင့်မဲ့ ဝင်ရောက်ကွန်မန့်ပေးခြင်းမရှိပါ။ မမမြန်မာ ၏ ယခင် post များ စွာမှာ cheetah လွတ်ရုံမျှ copy ကူးယူထားကြောင်း သိရှိသော်လည်း MSC အနေဖြင့် မမမြန်မာ ပြောင်းလည်း လာမည့် အချိန်ကို စောင့်ရင်း လွတ်ထားပေးရခြင်း ဖြစ်ပါသည်။ MSC တွင် မှီငြမ်း ဆောင်းပါး များ ဘာသာပြန် ဆောင်းပါးတို့ အား ခွင့်ပြုထားပြီး ဖြစ်ပါသည်။

သို့သော် အခြားသူငှာများ ရေးထားသော စာ၊ ဆောင်းပါးများ ဖြတ်ညှပ်ကပ်၍ ကိုယ်ပိုင်း ရေးသားသယောင် ပြုမှုခြင်းကို MSC မှ အားမပေးသလို ထိုအပြုအမှုများအတွက် လည်း ခွင့်မလွတ်ပါ။ MSC တွင် စာရေးဆရာများ မဟုတ်ကြသော်လည်း မိမိတို့ ကိုယ်ပိုင်အရေးအသားများအား ကြိုးစားရေးနေကြသူ အများ အပြားရှိပါသည်။ ထို့ ကြောင့် မမမြန်မာ အနေဖြင့် မိမိသိက္ခာအား ထိပါးသည်ဟု ယူဆပါက အထက်တွင် မေးထားသော မေးခွန်းများနှင့် အောက်တွင် ဖေါ်ပြထားသော link များတွင် တခုချင်း ဖြေရှင်းချက် ပေး နိုင်ပါသည်။

https://steemit.com/myanmar/@mamamyanmar/zasminum-flower-small-jasmine-403a5c88e73be

http://kyatpyar.com/flowers/%E1%80%87%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%94%E1%80%BA%E1%80%B8/

https://steemit.com/myanmar/@mamamyanmar/tamarind-tree-and-leaf-salad-d9da42fa3463b

https://www.facebook.com/permalink.php?story_fbid=900370380067212&id=794778833959701

အထက်ပါ ဆောင်းပါးတို့တွင် အဘယ်စာကြောင်း မှ တိုက်ရိုက်ကူယူထားကြောင်း သိလိုပါသေးလျင် စာကြောင်း တကြောင်း ချင်းစီ ဖေါ်ပြပေးပါမည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဖြေရှင်းချက်လည်းမပေးတော့ပါ စိတ်လည်းအင်မတန်ပျက်မိပါတယ် MSC ထုတ်ပယ်မယ်ဆိုလည်း ထုတ်ပယ်နိုင်ပါတယ် ရှေးကလက်ဆင့်ကမ်းလာတာတွေကို copy တွေလို့အမြဲတမ်းပြောနေတော့ ဇွတ်မငြင်းပါ လက်ဆင့်ကမ်းလာတာကို တူနေပါတယ်ဆိုတော့ ဘယ်လိုမတူအောင်လုပ်ရမလဲ မသိကြလို့လား ဆရာပါဝါပြလိုတာပဲလားမသိပါ အိမ်ရှင်မတစ်ယောက်သာဖြစ်တဲ့ကျမအတွက် အဟာရတန်ဖိုးတွေကို မသိပါဘူး ပညာရှင်တွေကိုယ်တိုင်ကော သေချာသိကြလို့လား စာအုပ်လှန်နေကြရတာပဲလို့ထင်တယ် အိမ်မှာအမြဲဟင်းချက်တယ် ထမင်းကိုလူတိုင်းစားနေကြတယ် နေ့တိုင်းစားနေတဲ့ ထမင်းရဲ့အဟာရတန်ဖိုး လူတိုင်းသိပါသလား နေ့တိုင်းစားနေတဲ့ဟင်းရဲ့အဟာရလူတိုင်းတန်ဖိုးသိပါသလား

က ကို ကကြီးနဲ့မတူအောင် ရေးခိုင်းနေသလိုပဲ ကြက်သွန် ၂ လုံးထည့်ရမှာမို့ ကြက်သွန် ၂ လုံး ထည့်တာရေးရင် copy ပေါ့ အဲလိုလား ချက်တာတူနေရင်လဲ copy ပေါ့ တူညီတာကို copy ပေါ့ အဲလိုဆိုရင် အားလုံးက copy တွေပဲလို့ ပြောချင်ပါတယ် ကျမအမေကို ကျမအဖွားက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမကိုလဲ ကျမအမေက ဟင်းချက်နည်း သင်ပေးခဲ့တယ် ကျမက ကျမသမီးကို ဟင်းချက်နည်းလက်ဆင့်ကမ်းသင်ပေးခဲ့တယ် copy ပဲ လက်ဆင့်ကမ်းတာကို ယူမိရင် copy ပေါ့ အင်ဥ ကို အင်ဥ လို့မရေးပဲ english လိုရေးရင် ကော်ပီမဟုတ်တော့ဘူးပေါ့ ရေးချင်ရာရေးမယ်ဆိုတောင် copy မလွတ်လောက်ပါ

က ဆိုတာအရင်ဆုံးရေးတဲ့သူက မူပိုင်ပေါ့ အဲလိုလား ကိုယ်တိုင်ဓာတ်ပုံရိုက်တယ် ကိုယ်တိုင်ဟင်းချက်ပီးရေးနေတာတွေ တချို့ သေချာမသိနိုင်တာကို ကူးရေးတယ် ဒါကို copy လို့ပြောနေကြတယ်ဆိုတော့ ဘယ်သူ copy လွတ်နိုင်သလဲ MSC မှာလူနဲနဲသွားတာပဲမြင်တယ် လူတွေတိုးလာတာမမြင်မိပါ လူဟောင်းတွေထွက်သွားရပီး လူသစ်တွေပဲတိုးလာနေတယ် လူဟောင်းတွေမရှိတော့တာကို အောင်မြင်တယ်ထင်နေတာလား

MSC က မြန်မာတွေကို ကူညီနေတယ် လမ်းပြ လက်တွဲ ခေါ်နေတယ်လို့ မှတ်ထားတာ ဘယ်ဟုတ်လို့တုံး မြန်မာတွေကို အပြစ်ရှာ နှိမ်ချ ပါဝါပြနေကြတာမှန်းလဲ သိသွားပါပြီ ကူညီတာလား နှိမ်ချနေတာလား ပါဝါပြနေလားဆိုတာ မရှင်းဘူး leader က အခုချိန်ထိ လက်တွဲပီး လက်ခံပေးထားတာကို ကျေးဇူးတင်တယ် အားလည်းနာမိပါတယ်

မမမြန်မာ အနေဖြင့် ပြန်လည် ဖြေရှင်း သော အကြောင်းအရာများမှာ ကြောင်းကျိုး ဆီလျော်မှုမရှိပါ။ မိမိ ဖြတ်ညှပ်ကပ် မလုပ်ထားကြောင်း ဖြေရှင်းချက် မဟုတ်ပဲ အကြောင်းပြချက်များသာ ဖြစ်ပါတယ်။ Steem-myanmar comment မှာ link ချထားပေးတဲ့ အပြင် ဘယ် စာကြောင်းများကို တိုက်ရိုက် copy ယူထာကြောင်း သက်သေပြနိုင်ရန် မူရင်း link များကို ချထားပေးထားရခြင်းပါ။

သူလည်း ဒီဟင်းချက်တာ ငါလည်း ဒီဟင်းချက်တာမို့ စာသာတွေ တူသွားတယ် မပြောပါနဲ့ နော်။ ဒါဟာ အကြောင်းပြသက်သက်ပါ။ ဆရာတင်လှိုင်ဦး steemit Platform အကြောင်းရေးတယ် ကိုစောလွင် လည်း steemit Platform အကြောင်းရေးပေမယ့် စာသားတွေ မတူကြပါဘူး။ ဘာဖြစ်လို့ ဆိုတော့ တင်ပြပုံခြင်း မတူလို့ပါ။ မသိလို့ စာအုပ်လှန်ပြီး ကူးယူထားတယ်ဆိုရင်တောင် မှီငှမ်းဆိုတာ ထည့်ပေးရပါတယ်။ပုံစံတူ အချက်အပြုတ် ဆောင်းပါး တခုတည်း မဟုတ်ပါ။ အခြားသော ဆောင်းပါးများလည်း ဖြတ်ညှပ်ကပ် လုပ်ထားကြောင်း မူရင်း link နှင့်တကွ တင်ထားပေးပါတယ်။

မမမြန်မာ အနေနဲ့ MSC အောင်မြင်ခြင်း မအောင်မြင်ခြင်းသိချင်ပါသေးလျင် ယခုကဲ့သို့ စည်းကမ်း မလိုက်နာသူများကို လိုက်လံ ရှာဖွေ စီစစ်နေရသည့် အတွက် ထင်သလောက် ခရီး မပေါက် ဖြစ်နေရခြင်းပါ။ လက်ရှိ MSC မှာ original content ရေးသာသူ အများအပြားကျန်ပါသေးတယ်။ MSC လူနည်းလာတာ မမမြန်မာ အနေနဲ့ စိတ်ပူ စရာမလိုပါဘူး။ လက်ရှိ MSC number လျှောက်ထားသူ အယောက် ၁၅၀ ကျော် စားရင်း ရှိပါသေးတယ်။ ပေးနိုင်တဲ့ အကူအညီထက် များနေလို့ လူသစ်များ လက်မခံခြင်းပါ။

မမမြန်မာ အနေဖြင့် MSC မှ အပြစ်ယူခါမှ မြန်မာများကို ချိုးနှိမ်တယ် ဖြစ်လာပါတယ်။ ကိုယ်တိုင် ဖြတ်ညှပ်ကပ် copy ယူ တုန်းက ဤ အလုပ်သည် ရှက်စရာကောင်းသော ၊ မလုပ်သင့်သော အလုပ်၊ MSC စည်းကမ်းနှင့် မလွတ်သော အလုပ်များ ဖြစ်ကြောင်း အဘယ့်ကြောင့် မတွေးမိပါသလဲ။

မမမြန်မာ သိထားဖို့က MSC သည် စည်းကမ်း နှင့် ပါတ်သက်လာလျင် လူဟောင်းမို့ ညှာတာ မည် မထင်ပါနှင့် Admin များကိုပင် ထုတ်ပယ်ခဲ့တာ မမမြန်မာ ကိုယ်တိုင် ကြုံဖူးပါလိမ့်မည်။ အချုပ်အနေဖြင့် ထပ်ပြောပါမည်။ အကြောင်းပြချက် ပေးခြင်းသည် ဖြေရှင်းခြင်း မဟုတ် ပါမမမြန်မာ။