About The Behaviour Of Leech ( Part 1 )

in myanmar •  7 years ago  (edited)

မျှော့တွေ၏ သက်ရှိဘ၀ နှင့် နေထိုင်မှု့ အကြောင်းများ အပိုင်း ၁

l2.jpg

မျှော့တွေသည် Annelida မျိုးပေါင်းထဲတွင် ပါဝင်ပြီးတော့ မျိုးခွဲကတော့ Clitellata ဖြစ်ပါတယ်။

မျှော့ ( leech ) တွေဟာ ဆိုရင် တီကောင် (earthworm) ကဲ့သို့သော ၀မ်းကောင် (worm) အမျိုးအစားများထဲတွင် ပါဝင်သည်။

ကမ္ဘာပေါ်မှာ မျှော့တွေဟာဆိုရင် မျိုးစိတ်ပေါင်း ၆၅၀ နှင့် အထက်ကို ကျော်လွန်နိုင်ပါတယ်။

l3.jpg

မျှော့တွေဟာဆိုရင် အရွယ်အစား ၊ စားသုံးလေ့ရှိတဲ့ အစာအမျိုးအစားနှင့် အလေ့အကျင့် တွေဟာ တူမျိုးမှု့ မရှိဘဲ ကွဲပြားကြပါတယ်။

မျှော့တွေ၏ အရွယ်အစားကွဲပြားမှု့များသည် သူ့တို့၏ မျိုးစိတ်ပေါ်လိုက်ပြီး ကွဲပြားပါသည်။

အချို့သော မျှော့မျိုးစိတ်ဟာဆိုရင် ၁၆ လက်မ အထိ ရှည်လျားနိုင်ပြီးတော့ မျှော့အများစုက ၀.၆ လက်မကနေမှ ၃ လက်မ အထိသာ ရှည်လျားကြပါတယ်။

မျှော့တွေဟာဆိုရင် မြစ်တွေချောင်းတွေ ၊ ရေအိုင်တွေ နှင့် ရွံ့နွံ့တောတွေထဲမှာ နေထိုင်လေ့ရှိပါတယ်။

မျှော့မျိုးစိတ်ပေါင်း ၁၅၀ ကျော်သည် ပင်လယ်ထဲမှာ နေထိုင်လေ့ရှိပြီးတော့ အချို့သော မျှော့မျိုးစိတ်များကလည်း သစ်တောထဲရှိ အပင်ငယ်လေးများတွင် တွယ်ကပ်နေထိုင်ကြပါသည်။

မျှော့တွေ၏ ခန္ဓာကိုယ် အရောင်ဟာဆိုရင် များသောအားဖြင့် အညိုရောင် ( သို့မဟုတ် ) အနက် ရောင်များ ဖြစ်ကြပါတယ်။

၎င်းတို့၏ ခန္ဓာကိုယ်သည် အဆစ်ပေါင်း ၃၄ ဆစ် ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

l5.jpg

လူသိများတဲ့ မျှော့မျိုးစိတ်များကတော့ Hirudo medicinalis မျှော့များဖြစ်ကြပြီ်း Medical leech လို့လည်း တင်စားခေါ်ဝေါ်ကြသည်။

၎င်းမျှော့ ( Medical leech ) များသည် ဆေးပညာနှင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များစွားတွင် အသုံးပြုလေ့ရှိကြပါသည်။

၎င်းမျှော့ ( Medical Leech ) များသည် မှတ်တမ်းများအရ လူနာများ၏ မသန့်စင်တော့သော သွေးပုပ်များကို ဖယ်ရှားပေးနိုင်သည်ဟု ဆေးပညာမှတ်တမ်းများတွင် တွေ့ရပါသည်။

ဒီလို မျှော့နှင့် ဆေးကုခြင်းကို အိန္ဒိယနှင့် ဂရိနိုင်ငံများတွင် ရှေးဟောင်းဆေးကုထုံးဖြစ်ပြီး ဟိုးအရင်ထဲက ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

၁၈ ရာစု နှင့် ၁၉ ရာစုရောက်ခဲ့သည့် အချိန်မှာတော့ ဥရောပ နှင့် မြောက်အမေရိက တို့ကပါ မျှော့ဖြင့် ဆေးကုသခြင်းကို စမ်းသပ် လုပ်ဆောင်လာကြပါတယ်။

ဒါပေမဲ့ ယခုအချိန်မှာတော့ ၄င်းမျှော့ ( Medical leech ) များသည် တဖြည်းဖြည်း လျှော့နည်းလာသည်မှာ အလွန်စိတ်မကောင်းစရာပါပဲ။

ဘာကြောင့်လျော့နည်းလာရလဲ ဆိုရင် စိုက်ပျိုးမြေတွေတိုး တက်လာခြင်းမှာ လူသားတွေအတွက် အလွန်ပင်ကောင်းမွန်သော်လည်းပဲ ရလဒ်ကတော့ ၄င်းမျှော့များ နေထိုင်လေ့ရှိတဲ့ နေရာလျော့နည်းလာခြင်း ဖြစ်ပါတယ်။

l4.jpg

နောက်အချက်တွေကတော့ ရေထုညစ်ညမ်း လာခြင်း နှင့် အ့ခြားသောမျှော့မျိုးစိတ်များ ၀င်ရောက်လာမှု့တို့ကြောင့် Medical Leech မျှော့များတဖြည်းဖြည်း လျော့နည်းလာကြပါသည်။

ထိုကဲ့သို့ဝင်ရောက်လာတဲ့ မျှော့မျိုးစိတ်များကြောင့် မျိုးစိတ်သန့်ရှင်းမှု့ မရှိတော့ဘဲ နောက်ဆုံးမှာတော့ အန္တာရယ်ဖြစ်စေနိုင်သော မျှော့မျိုးစိတ် စာရင်းထဲသို့ ရောက်ရှိသွားလေသည်။

မျှော့တွေ၏ ခန္တာကိုယ် အဆုံးပိုင်း နှစ်ဖက်စလုံးတွင် စုပ်ယူရန် အရာများ ပါရှိတတ်သည်။

အချို့သော မျှော့မျိုးစိတ်များသည် သေးငယ်ပြီး ချွန်ထက်နေသည့် သွားငယ်လေးများကို အထောက်အကူပြုထားသည့် မေးရိုး သုံးခု ပါရှိတတ်သည်။

၎င်းသွားများသည် ရေမြင်းကဲ့သို့သော အလွန်ထူသည် အရေပြားကိုတောင် ပေါက်အောင် ထိုးဖောက်နိုင်စွမ်း ရှိပေသည်။

ဒုတိယပိုင်းမျှော်

ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........

Original Writer @steemloverr
Photo Credit >>> Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အူယားထှာ

ဟီးး အမှန်အကန် တွယ်နေပုံတွေ မလို့  ပဲ အစားအသောက် ပျက်သွားမှာစိုးလို့ အားနာလို့းးဟီးးး

မျှော့တဲ့ တားတားကြိုက်တယ်

ချားမယား တို့ steemit မှာ ဟင်းချက်သူတွေ များလာပြီ ချက်ခိုင်းလိုက်လေ ဟီးး

အစက မသိသာထက်စာရင် ခုတော့ကိုယ်တွေလည်း ကလေးတွေပြန်ပြောပြလို့ ရပီ…ဟီး ကျေးဇူးပါ ဘရိုရေ

တစ်စုံတစ်ရာ အကျိုး ရှိမယ်ဆိုရင် ကျနော်ပျော်ပါတယ်

ချစ်စရာလေးဒေ... hee

ဂယ်ကြီးးးးလားးး

ငင့် မျှော့ဒေ

ခိခိ ဘာလို့တုန်း

ဗဟုသုတရပါဗျ

ုတ် ကျေးဇူးပါ

အွန် တီကောင် အပြင် မျော့ ကပါလာသေး အေ

အွန်းးးး သိဘောကျတွားပီလားး

thanks for sharing

thanks for supporting

ပြောစရာ ထောက်စရာ အတော်ရှာရအောင်ကောင်းမွန်ပါတယ်။ တင်ပြပုံနှင့် စာပိုဒ်ခွဲပုံ သေသပ်ပါသည်။ 'ဟာဆိုရင်' အစား မျှော့များသည်၊ အချု့သောမျိုးစိတ်များသည်။ နှစ်နေရာလောက်ပါပဲ။ အိုကေပါသည်ခင်ဗျား။

ဟုတ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်