ခုန်ပျံကျော်လွှားပင့်ကူများ ဟီးးဟီးးJumping Spider ဖြစ်ပါတယ်။
Arthropoda မျိုးပေါင်းစုထဲမှာ ပါဝင်ပါတယ်။မျိုးခွဲ အမည်ကတော့ Arachnida ဖြစ်ပါတယ်။Jumping spider ဟု ခေါ်သော ပင့်ကူသည် Salticidae ဆိုတဲ့ ပင့်ကူမျိုးနွယ်ဖြစ်ပါသည်။ ၄င်း ပင့်ကူများသည် မျိုးနွယ် ပေါင်း 600 ကျော် နှင့် မျိုးစိတ်ပေါင်း 5800 ကျော်မှာ ပါဝင်ပါတယ်။ မျိုးစိတ်ပေါင်း 13 % ခန့်မှာ အကြီးဆုံးသော ပင့်ကူများ ဖြစ်ပါတယ်။၎င်း ပင့်ကူများသည် အမြင်အာရုံစွမ်းအားကို အကောင်းဆုံးပိုင်ဆိုင်ထားကြသည်။၎င်း မြင်နိုင်စွမ်းအားကို သားကောင်ရှာတဲ့အခါ ၊ ပိုးကောင်ငယ်လေးတွေ နှင့် သွားလာလှုပ်ရှားတဲ့ အချိန်တွေမှာ ကောင်မွန်စွာ အသုံးချတတ်ကြပါတယ်။
၎င်း တို့၏ ရွေ့လျားမှု့သည် အလွန်နှေးကွေးသော်လည်း အချို့သော ပင့်ကူ မျိုးစိတ်များဟာဆိုရင် တစ်နေရာကနေ တစ်နေရာ သွားလာမှု့ နှင့် သားကောင် ရှာဖွေချိန်တွေမှာ အလွန်ပင် လျှင်မြန်လွန်းကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဆိုရင် ရုတ်တစ်ရက် ခြိမ်းခြောက်မှုတွေ နှင့် ဖမ်းယူ မှု့တွေကို လုပ်ဆောင်တတ်ပါတယ်။ Jumping Spider ပင့်ကူများ၏ အဆုတ် နှင့် လေပြွန်အဖွဲ့အစည်းသည် ကောင်းစွာ ဖွံဖြိုးပြီးတော့ ၄င်းတို့ အသက်ရှုတဲ့ အခါမှာလည်း အဆုတ် နှင့် လေပြွန် နှစ်ခုစလုံးကို အသုံးပြုတတ်ကြပါတယ်။Jumping Spider ပင့်ကူ သည် ၄င်း၏ မျက်လုံးပုံစံကို ကြည့်ရုံဖြင့် Jumping Spider ပင့်ကူ ဖြစ်ကြောင်း သိနိုင်ပါတယ်။အဘယ်ကြောင့်ဆိုသော် Jumping Spider ပင့်ကူများ အားလုံးသည် မျက်လုံး နှစ်စုံ ( လေးခု ) ပါရှိပါတယ်။
အရှေ့တစ်စုံ၏ မျက်လုံးများသည် ကြီးမားပြီးတော့ ၄င်း မျက်လုံးနောက်တွင် ရှိသော မျက်လုံး တစ်စုံဟာ သေးငယ်ပါတယ်။Jumping Spider ပင့်ကူများသည် ခြေချောင်း လေးစုံ ( ရှစ်ချောင်း) ပိုင်ဆိုင်ထားကြပါတယ်။၎င်းတို့၏ ရှေ့ခြေ နှစ်စုံ ( လေးချောင်း ) သည် နောက်ခြေ နှစ်စုံ ( လေးချောင်းထက် ) ပိုပြီး ကြီးမားကြပါတယ်။ထိုကြီးမားတဲ့ ခြေချောင်းတွေကို သားကောင် ဖမ်းယူရန် အတွက် အသုံးချတက်ကြပါတယ်။နောက်ပြီး Jumping Spider ပင့်ကူများသည် ၄င်းတို့၏ ခြေချောင်းလေးများတွင် ရှိသော ဆူးချွန်လေးများကို ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ၄င်းဆူးချွန်များသည် ထင်ရှား ပေါ်လွင်နေပါတယ်။
Jumping spider မျိုးစိတ်များသည် အခြား ပင့်ကူမျိုးနွယ်များနှင့် တူညီမှု့ မရှိပါဘူး။ ၄င်း တို့၏ မျက်နှာပြင်သည် ကြမ်းတမ်းပြီးတော့ လေးထောင့်ပုံစံ ရှိပါတယ်။ ၄င်း တို့၏ မျက်လုံးများသည် သွားလာရန်အတွက် ဦးတည်ရာ လမ်းကြောင်း တည့်တည့်ကိုပဲ ကြည့်တက်သည် ( ရှေ့ကိုသာလျှင် ကြည့်ခြင်းကို ဆိုလိုပါသည် ) ။ ၄င်း မျက်လုံးများသည် Jumping Spider ဖြစ်ကြောင်း သတ်မှတ်ရန်အတွက် တစ်ခုတည်းသော ၀ိသေသလက္ခဏာရပ် ဖြစ်ပေသည်။
ဒုတိယပိုင်းမျှော်
ကျွန်တော် တင်ပြသော အကြောင်းအရာသည် အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ........
Original Writer @steemloverr
Photo Credit >>> Google Image
ပင့်ကူဟင်းချက်စားမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
@mamamyanmar ကို ချက်ခိုင်းလိုက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
i'm afraid
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျက်လုံး ပြူးပြူးလေးနဲ့ ချစ်ဆြာလေးဘာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုရစ်ြ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငှယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပင့်ကူကခုန်ပါဘူး အမျှင်နဲ့ဆင်းတာနော် မယုံကြည် ကိုရွှေဘိုမေးကြည် သူက ပင့်ကူလူသားနော် မရွှီးနဲ့ ☻☻☻
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခိခိ ဟုဒယ် spider man ကြီး ကို မေ့နေဒါ ဟီးးးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူ့အမျှင်တွေအကြောင်းစိတ်ဝင်စားတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဆြာ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
are they endangered
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
they can not be endangered for human and large animals bcz they are very small.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit