အင်တာနက်ရဲ့ အကောင်းဆုံးအရာတစ်ခုကတော့ သူ့ကိုအသုံးပြုရင်း ငွေပိုတွေရှာနိုင်သလို အင်တာနက်နဲ့အလုပ်စလို့ရတာပဲ ဖြစ်ပါတယ်။ ဘယ်နေရာပဲနေနေ အင်တာနက် ကွန်နက်ရှင်တာရှိမယ်ဆိုရင် အင်တာနက်ကိုအသုံးပြုရင်း လိုင်းပေါ်ကနေငွေရှာနိုင်ပါတယ်။ လိုင်းပေါ်ကလုပ်လို့ဆိုပြီးအထင်မသေးလိုက်ပါနဲ့။ ဒီအလုပ်က ကျန်တော်တို့ကို အလုပ်အများကြီး လုပ်နေရတာကို လျော့ချပေးနိုင်ပါတယ်။ ခရီးထွက်တာကို ခွင့်တိုင်စရာမလိုပဲသွားနိုင်ပါတယ်။ ပြီးတော့မိသားစုကိုပိုပြီးအချိန်ပေးလာနိုင် မှာပါ။
ဒီတော့ အွန်လိုင်းကနေ ငွေရှာတဲ့အခွင့်အရေးက လက်တကမ်းအလိုမှာရောက်နေပါပြီ။ အွန်လိုင်းကနေအလုပ်စလုပ်တယ်ဆို တာ စဖို့ရာလွယ်လွယ်လေးပါ။ အွန်လိုင်းပေါ်ကနေ အလုပ်ကိုစဖို့ဆိုတာ အရင်းအနှီးအနဲငယ်နဲ့ လုံးဝမလိုပဲလည်း စတင်နိုင်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းအလုပ်စတင်ဖို့ အချိန်နဲ့ အားထုတ်မူ့ကို ကိုယ့်ဆီရှိတဲ့အခွင့်အရေးအတွက်အသုံးချနိုင်ရပါမယ်။ အဲ့ဒီအတွက်ဈေးကွက် ကိုအရင်လေ့လာပါ။ ပြီးတော့ အွန်လိုင်းအလုပ်အတွက်ပြင်ဆင်ပါ။ ပြင်ဆင်ပြီးမစတင်ခင်မှာ စမ်းသပ်သုံးစွဲကြည့်ပါ။ မိမိလုပ်မယ့်အလုပ်ကို မိမိတောင် သေချာနားမလည်သေးဖူးဆိုရင် ကိုယ့်ဆီကို ဖောက်သည်တွေလာဖို့ဆိုတာ မဖြစ်နိုင်တဲ့ ရည်ရွယ်ချက်ပါ။ ဒါကြောင့် အရင်မိမိသုံးကြည့်ပါ။ အမှားတွေနဲ့ လိုအပ်ချက်တွေကိုတွေ့လာတဲ့အခါမှာ ပြန်လည်ဖြည့်စည်းပြီး ပြန်လည်စမ်းသပ်ပါ။ စိတ်တိုင်းကျပြီး ဆိုမှ ဖောက်သည်ကိုချပြပါ။ အဲ့လိုပြင်ဆင်ပြီးလုပ်မှ မလိုအပ်တဲ့ ရင်းနှီးမြုပ်နှံမူ့တွေလည်းမဖြစ်တော့ပဲ၊ ငွေတစ်ချို့အပိုထွက်လာပါမယ်။
ဟုတ်ပြီ ဒါဆိုရင် ပြင်ဆင်ရတာတွေတော့သိသွားပြီ။ ဘာအလုပ်အကိုင်အခွင့်အရေးရှိမလည်းဆိုတာ တစ်ချက်ကြည့်ရအောင်။
ဆင့်ပွားဈေးကွက်ဖွင့်ခြင်း
အားလုံးလည်းဆင့်ပွားဈေးကွက်ကိုကြားဖူးကျမှာပါ။ ဆင့်ပွားဈေးကွက်ကတော့ ၀ါရင့်ဈေးကွက်တစ်ခုဖြစ်နေပါပြီ။ အခုဆိုရင် မြန်မာပြည်မှာလည်း ဆင့်ပွားနည်းလမ်းနဲ့လုပ်နေတဲ့သူတွေအများကြီးရှိနေပါတယ်။ ဆင့်ပွားဈေးကွက်ဆိုလို့ multi Level နဲ့မမှားရဖူးနော်။ ဒါက ဘာ multi Level နဲ့မှမဆိုင်တာပါ။ amazon, alibaba နဲ့ taobao တို့ကနေတစ်ဆင့်ယူပြီးပြန်ရောင်းတာကိုဆိုလိုတာပါ။ ပြန်ယူရောင်းတယ်ဆိုပေမဲ့ မိမိဘာသာကြော်ငြာပိုစ့်ကို ကိုယ်တိုင်ရေးရပါတယ်။ ပစ္စည်းအသုံးပြုနည်းကိုလည်း ကိုယ်တိုင်ပြောပြနိုင်ရပါမယ်။ ပြီးတော့ ကိုယ်ရောင်းမယ့် ပစ္စည်းအမျိုးအစားကိုသေချာရွေးချယ်ပြီး အဲ့တစ်ခုကိုပဲကျွမ်းကျင်အောင်လုပ်ထားပြီးဈေးကွက်ဖောက်ရပါမယ်။ ကိုယ့်ပစ္စည်းဈေးကွက် ၀င်သွားပြီဆိုရင် ကိုယ်တိုင်ရောင်းစရာမလိုတော့ပါဖူး။ ကိုယ့်ဆီကနေ ဖေါက်သည်ယူပြီးပြန်ဖြန့်မယ့်သူတွေဆီကိုပဲကိုယ်ကပို့ပေးရုံပါ။ တစ်ခုရှိတာကတော့ ကျန်တော်ပြောတဲ့ affiliate site တွေမှာဘယ်လိုဝယ်ရမယ်ဆိုတာကိုသိဖို့ပါပဲ။E-commerce
စတင်လုပ်ကိုင်သူအနေနဲ့ သီးခြားဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ကျန်တော်တို့က ကုမ္ပဏီကြီးတွေနဲ့ယှဉ်ပြိုင်မှာမဟုတ်ပါဖူး။ ဘာလို့လည်းဆိုတော့ ကျန်တော်တို့မှာ အရင်းအနှီးကြီးကြီးမားမားမရှိသေးလို့ပါ။ ပစ္စည်းပေါင်းသောင်းခြောက်ထောင်ကိုလည်း ကျန်တော်တို့သိုလှောင်ဖို့အတွက် နေရာနဲ့ ဂိုဒေါင်အဆင်သင့်မဖြစ်သေးလို့ပါ။ ဒီလိုအများကြီးတင်ရောင်းဖို့ဆိုတာလည်းကိုယ့်အတွက်ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကြောင့်ကျန်တော်တို့ရဲ့ ရောင်းမယ့်ပစ္စည်းကိုနည်းနိုင်သမျှနည်းပြီး ထိုးဖောက်ဖို့လိုပါမယ်။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် ကိုယ့်အတွက် အထူးအခွင့်အလမ်းကိုရှာဖွေနိုင်ဖို့လိုတာပါ။ ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ဈေးကွက်ကိုအာရုံပိုမိုစိုက်နိုင်မှာပါ။ပြီးတော့ ကိုယ်ရွေးချယ်တဲ့လမ်းမှာ professional တစ်ယောက်အနေနဲ့ဆက်သွားနိုင်မှာပါ။ ဒီလိုပစ္စည်းတစ်ခုကိုပဲရွေးချယ်လိုက်လို့ရှိရင် ယှဉ်ပြိုင်ဖက်တွေရှိမှာပဲဆိုပြီးမစိုးရိမ်ပါနဲ့။ ကိုယ်က တစ်ခုတည်းကို အာရုံစိုက်လုပ်နေတာဖြစ်တဲ့အတွက် ကိုယ့်ကျွမ်းကျင်မူ့က သူများထက်သာအောင် ကိုယ့်ကိုခေါ်ဆောင်သွားပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ၀ိတ်လျော့တဲ့ ပစ္စည်းတွေက ဈေးကွက်မှာအရမ်းကိုများနေပါပြီ။ သတင်းတွေကိုလိုက်နားထောင်ပါ။ ကျန်တော်တို့ ဖေ့ဘုတ်တွေနဲ့ အခြား social media တွေ တင်တဲ့ပိုစ့်တွေ amazon, alibaba တွေကနေ သူများအမှာဆုံး ပစ္စည်းတွေကိုလိုက်ရှာပါ။ အဲ့ဒီကနေ ကျန်တော့်တို့ဈေးကွက် ဘာရှိမယ်ဆိုတာကို ကျန်တော်တို့တွေ့ရှိလာပါမယ်။ကိုယ်ပိုင် youtube channel ထောင်ခြင်း
အောင်မြင်တဲ့ youtuber တွေဟာ တစ်နှစ်ကို ဒေါ်လာ မီလီယံနဲ့ချီပြီးရှာနိုင်ကျပါတယ်။ ဥပမာ PewDiePie ဆိုတဲ့လူဟာ မနှစ်က ဂိမ်းဆော့တာကိုလွင့်ပြီးတော့ 15 million $ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မီလီယံနဲ့ချီပြီးကြည့်ရှူမယ့်သူရှိဖို့မလိုပါဖူး။ ဂိမ်းတစ်ခုပဲလားဆိုတော့လည်း မဟုတ်ပါဖူး၊ ခရီးသွားလာခြင်း၊ သီချင်း၊ ဟာသ စတာတွေနဲ့ ကြည့်ရှူသူရှာလို့ရပါတယ်။
ဟုတ်ပြီ youtuber လုပ်မယ်ပေါ့ဗျာ။ ဒါဆိုရင်ဘာတွေလိုမလည်းဆိုတဲ့မေးခွန်းရှိလာနိုင်တယ်။ အဲ့တော့ အရင်ဆုံး youtue channel ဖွင့်လိုက်ပါ။ ပြီးရင် မိမိဗီဒီယိုကိုတင်လိုက်ပါ၊ ဒါပေမဲ့ ဘာအကြောင်းဆိုတာကိုအသေးစိတ်ရှင်းပြထားပေးပါ။ ဒါမှသာလျှင် လာကြည့်မယ်သူတွေက ကြည့်ဖို့ကို အာရုံရကျမှာပါ။ ဒီလိုလုပ်ဖို့အတွက် ကင်မရာအကြီးတွေလိုမယ်လို့တွေးနေရင်လည်း အဲ့ဒီအတွေးကိုမေ့ပစ်လိုက်ပါ။ မိမိကိုင်နေတဲ့ဖုန်း လေးနဲ့လည်း ဗီဒီယိုတွေရိုက်ကာတင်နိုင်ပါတယ်။ ဒါပေမဲ့မိမိ ဗီဒီယိုမှာ မိမိကို ဆက်သွယ်နိုင်မယ့် အကောင့်နာမည် လိပ်စာတွေတော့ ပါနေပါစေ။ အဲ့ဒါပြီးရင် နောက်တစ်ခုက ကိုယ့်ကိုလာကြည့်သူတွေကို ဂရုစိုက်တာပါပဲ။ ဘယ်လိုဂရုစိုက်မလည်းဆိုတော့ သူတို့ပြောလာတဲ့ feedback တွေ comment တွေကို ဂရုတစိုက်ပြန်ပေးခြင်းဖြင့် သူတို့ဆီကအာရုံကိုဖမ်းစားထားနိုင်မှာပါ။ နောက်ပိုင်းကိုယ့်ဗီဒီယို အဆင်ပြေလာပြီဆိုရင် ဖေ့ဘုတ်ကနေ မိမိ ဗီဒီယိုကိုကြော်ငြာထည့်ခွင့်ပေးခြင်းဖြင့်လည်း မိမိကိုဝင်ငွေတိုးလာစေနိုင်ပါသေးတယ်။ဖုန်းဆော့ဝဲများရေးသားခြင်း
အခုခေတ်ဟာဆိုရင် လူတိုင်း လက်ကိုင်ဖုန်းတစ်လုံးဆီကိုယ်စီကိုင်လာကျပါပြီ။ အဲ့ဒီတော့ ဖုန်းဆော့ဝဲရေးသားခြင်းကလည်း တကယ်ကို အရေးပါမယ့်နေရာကနေပါလာပါပြီ။ ဘာဆော့ဝဲတွေရေးသားနိုင်မလည်းဆိုတော့ ဂိမ်းတွေ၊ အသုံးဝင်မယ့်ဆော့ဝဲတွေ နဲ့ ဟာသဖြစ်စေမယ့် လူတွေကို အပန်းပြေစေမယ့် ဆော့ဝဲလေးတွေကိုရေးသားခြင်းဖြင့်လည်းအောင်မြင်နိုင်ပါသေးတယ်။ ဒီလိုရေးသားတတ်ဖို့ programmer တစ်ယောက်ဖြစ်ဖို့ရန် မလိုအပ်ပါဖူး။ ဒီလိုခေတ်မှီနေတဲ့ခေတ်ကြီးထဲမှာ create an app လေးကိုသုံးပြီးတော့ အလွယ်တစ်ကူပြုလုပ်နိုင်ပါတယ်။ လူငှားလုပ်လိုက်တာပါ ရှင်း၂ပြောရမယ်ဆိုရင်။ ခုမှတက်သစ်စ programmer တွေကို upwork လိုဆိုက်တွေကနေ အလုပ်အပ်နိုင်ပါတယ်။ ဟုတ်တာပေါ့၊ ကုန်ကျစရိတ်ကတော့ ကိုယ့်ဆော့ဝဲရဲ့ ရှပ်ထွေးမူ့အပေါ်မူတည်ပါတယ်။ ပြီးတော့ကိုယ့်ဆော့ဝဲက အိုင်ဖုန်းကော အန်းဒရိုက်ကော သုံးမှာလားဆိုတာကတော့ ကိုယ့်ဖောက်သည်တွေသုံးမယ့်ဖုန်းအမျိုးအစားအပေါ်မှာမူတည်ပြီးရွေးချယ်ရပါမယ်။အချုပ်အနေနဲ့ကတော့ အွန်လိုင်းအလုပ်တွေလုပ်ခြင်းက ကျန်တော်တို့ကို ဆန်းသစ်တဲ့အတွေးအမြင်ပေါင်းများစွာကိုပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ အွန်လိုင်းမှာအလုပ်လုပ်တယ်ဆိုတာကလည်း မိမိရဲ့ကြိုးစားမူ့ကလည်း 50% အရေးကြီးပါတယ်။ အွန်လိုင်းအလုပ်လုပ်ကိုင်ရင် မိမိရဲ့ အဆုံးစမဲ့ လွတ်လပ်တဲ့နေထိုင်မူ့ဘ၀ကိုရရှိနိုင်ကျပါစေလို့ကျတော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ဒီပိုစ့်လေးကို ကျန်တော်ပေးတဲ့လင့်ကပိုစ့်ကို ကိုးကားပြီးရေးသားထားပါတယ်။ တစ်ချို့အလုပ်တွေက မြန်မာပြည်နဲ့မသင့်လျော်သေးလို့ ချန်ရစ်ခဲ့ပြီး ကျန်တော့်အမြင်နဲ့ယှဉ်ကာ ဘာသာပြန်တစ်ဖုံ အားလုံးနားလည်အောင်တစ်မျိုးနဲ့ ကျန်တော်ကြိုးစားရေးသားထားပါတယ်။
reference!
မူရင်းလင့်ကနေဖတ်ချင်တယ်ဆိုရင်ဒီကနေဖတ်ပါ။
https://www.thebalance.com/top-ways-to-make-money-online-4120956
Goodကောင်းပါတယ် အခုလိုပြောပြလမ်းညွ န်ပေးတဲ့ကျေးဇူးပါ ဒါပေမဲ့လုပ်တက်ဖို့ကတော လမ်ပြပေးမယ် လူတစ်ယောက်သို့မဟုတ် ဆရာတွေတော့လိုမယ်နော် ဆက်လက် တင်ပြပေးပါနော်ကျေးကျေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
youtube ကနေvideo upload လုပ်တာက တစ်ခြားနေရာက video တွေကိုပြန်တင်လို့ရလားဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဒိုမေးတာသိပ်မရှင်းဖူးဗျာ့
မိမိဗီဒီယို ဆိုရင်တော့ လွတ်၂လပ်၂ တင်လို့ရပါတယ်။ copyright မလွတ်တဲ့ ဟာဆိုရင်တော့ နဲနဲခက်မယ်ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်လို့တော့ရတယ် ပိုက်ဆံမရဘူကိုထွေး ကိုယ်ပိုင်ပဲရတယ်
ပိုက်ဆံက။ တူနေရင် ပထမတင်တဲ့သူဆီပဲ ပိုက်ဆံရောက်သွားတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I dont really understand. But its a perfect writting style. 😍😍
I LOVE YOU 😍😘😘
Keep up honey 😘
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks honey! 😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘေဘီ c u tmr
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်တော်ကြိုးစားရေးတာလေးကြောင့် အောင်မြင်သွားကျရင် မမေ့ကျေးနော် 😀
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်သွားရင်တော့မမေ့ပါဘူး
ဒါပေမယ့် ဘယ်ကစရမလည်းမသိသေးဘူး😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်စားတယ်ဗျာ အချိန်ရရင် အဲ့တာတွေအားလုံးလေ့လာချင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Online earning ကိုတော့ တော်တော်စိတ်ဝင်စားနေပြီဗျာ။
ကျွန်တော်တို့ ဂရုအနေဖြင့် တစ်ခုခု ရှေ့ဆက်ကြရအောင်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အွန်လိုင်းအလုပ်ဆိုစိတ်ဝင်စားတယ်
မလုပ်နိုင်သေးတာပဲဆိုးတာ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
youtube ကနေ video တွေတော့တင်လို့ရပါရဲ့ မြန်မာပြည်အနေနဲ့ကျတော့ ငွေထုတ်ရတာခက်တယ်လို့ပြောတာ ကြားဖူးသလိုဘဲ ဟုတ်လားဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
onlieအလုပ်က အပြောလွယ်တယ် အလုပ်လည်းလွယ်တယ်။ဒါပေမယ့် လေ့လာအားမရှိရင် အဆင်မပြေဘူးဗျ။တော်တော်ကြီးလေ့လာနိုင်မှ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit