စုပေါင်းဆောင်ရွက်ခြင်း

in myanmar •  7 years ago  (edited)

U5dssW1jCfft5j8N88nXaHryDZTFjyW_1680x8400.png
ကျွန်တော်တို့ မြန်မာလူမျိုးများသည် အလှူအတန်းနဲ့ ပက်သက်လာလျှင် အလွန်ရက်ရောကြသည်က များလေသည်။ သို့ရာတွင် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့် အလှူ များလည်း ရှိပေရာ အများနဲ့ စုပေါင်းလှူဒါန်းရသော အလှူများကို ဖန်တီး၍ အလှူ ဖြစ်မြှောက်အောင် လှူဒါန်းခဲ့ ကြရသည်လည်းရှိပေသည်။

အဘယ်ကဲ့သို စုပေါင်းလှူဒါန်းကြသနည်းဟု ဥပမာပြရသော် မြန်မာလူမျိုးများမှာ ဆယ့်နှစ်လ ရာသီပွဲတော်များ အသီးသီး ရှိကြသည်ကို အားလုံးအသိပင်ဖြစ်ပေမည်။ ထိုကဲ့သို့ လရာသီအလိုက် ပွဲတော်များ ကျင်းပရာတွင် မြန်မာလူမျိုးတို့၏ အဓိကဦးစားပေးသည် ဘုရား ကျောင်းကန်များနှင့် ဘုန်းကြီးကျောင်းအစ ရှိသော ဘာသာရေးဆိုင်ရာများကို အဓိက လှူဒါန်းကြသော ပွဲများသာဖြစ်ကြလေသည်။

အစောက တင်ပြခဲ့သလိုပင် အလှူအတန်းနဲ့ ပါတ်သက်လာလျှင် လက်မနှေးကြသော်လည်း တစ်ဦးတစ်ယောက်တည်း မတတ်စွမ်းနိုင်သည့် အလှူမျိုးများလည်း ရှိပေရာ အလှူဒါန ဖြစ်မြောက်စေရန်အတွက် အများနဲ့ စုပေါင်း ၍ လှူဒါန်းခဲ့ကြရပေသည်။

မည်ကဲ့သို့ စုပေါင်းလှူဒါန်းခဲ့ ကြသနည်းဟုဆိုသော် ဥပမာ မြန်မာနိုင်ငံတွင် ဘာသာသနာအဓွန့်ရှည် တည်တံ့ရန်အတွက် မြတ်စွာဘုရှားရှင်၏သားတော်များဖြစ်သော ရဟန်းသံဃာများ သည် သာသနာ့ဝန်ကို ထမ်းဆောင်လျက်ရှိပေသည်။ ဘုရားရှင်၏သားတော်များ ဖြစ်သောရဟန်းသံဃာများ၏ ဆွမ်းကွမ်း ကိစ္စသည် ကျွန်တော်တို့ ၏တာဝန်ပင်ဖြစ်ပေသည်။ ရဟန်းသံဃာတို့၏ဆွမ်းကွမ်းပြည့်စုံရန်အတွက် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့်အခါ မျိုးများတွင် စုပေါင်း၍ လောင်းလှူခဲ့ရပေသည်။

စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဟုခေါ်သော အလှူမျိုးကို စာဖတ်သူ ကြုံဖူးပေလိမ့်မည်။ ထိုအလှူကို စုပေါင်းဘုံ ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲ ဟု ခေါ်ပေသည်။ ထို့အတူ ဝါတွင်းကာလ သီတင်းသုံးကြသော သံဃာတော် အရှင်သူမြတ်တို့အား ဝါလကင်းလွတ်၍ သီတင်းကျွတ် အခါသမယသို့ ရောက်ရှိသောအခါတွင်လည်း ဗုဓ္ဒဘာသာဝင်တို့၏ထုံးတမ်းအစဉ်လာအတိုင်း ကထိန်သင်္ကန်း အစရှိသည်တို့ကို လှူဒါန်းသော ကထိန်ပွဲများ ကျင်းပ၍ လှူဒါန်းကြပေသည်။ ထိုကထိန်အလှူတွင်လည်း တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့်အခါ စုပေါင်း၍လှူဒါန်းရသော ဘုံကထိန်ဟူ၍ အများနဲ့ စုပေါင်းကာ အလှူ ဖြစ်မြောက်စေရန် လှူဒါန်းခဲ့ ကြပေသည်။
6a00d83451b96069e20148c6eaf595970c-250wi.jpg
အထက်တွင် ဆိုခဲ့သည်များသည် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည်များကို ဘုံ ဟူသော အမည်ခေါ်တွင်စေ၍ အများနဲ့စုပေါင်းလုပ်ကြခြင်းများကို အဓိပ္ပါယ်ပေါ်လွင်စေ၍ တင်ပြခြင်းဖြစ်ပါသည်။

ယနေ့ ကျွန်တော်တို့ Steemit ဆိုသော ဆိုရှယ်မီဒီယာကို လျှောက်လှမ်းရာဝယ် အနာဂါတ်ကို မျှော်မှန်း၍ ရင်းနှီးမြုပ်နှံမှု ပြုလုပ်သင့်သည်ဟု ကျွန်တော်တို့မြင်မိပါသည်။ သို့သော် တစ်ဦးတစ်ယောက်တည်းမတတ်နိုင်သည့်အတွက် ကျွန်တော်တို့ စိတ်တူ ကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ steem 10 ဆီထည့်ကာ ဘုံအကောင့်တစ်ခု အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ဤနေရာတွင် ဘုံ ဟူ၍ မြင်သာစေလို၍ ရှေ့ မှာ ဥပမာပြု၍ ထင်သာမြင်သာ ရှိစေရန်သာတင်ပြခြင်း ဖြစ်ပါသည်။ ဘုံ ဟူသောစကားသည် အမှန်တကယ်တော့ ကျွန်တော်တို့ သာမန်လူများအတွက် မထိုက်တန်သေးသော စကားလုံးသာ ဖြစ်ပါ၍ အနှီစကားလုံးအား သုံးစွဲမိခြင်းအတွက် ခွင့်လွှတ်ကြစေလိုပါသည်။

ကျွန်တော်တို့ ယခု ဘုံအကောင့်ကို စိတ်တူကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ အဆုံးရှုံးခံ ဖွင့်လစ်ထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုံအကောင့် အောင်မြင်ခဲ့သော် မြန်မာ Steemit မိသားစု အတွက် တစ်တပ်တစ်အားဖြစ်စေရန် ရည်ရွယ်ချက်ထားပါသည်။
1545787_431631907003561_149862016219119508_n.jpg
တစ်ဦးတစ်ယောက်တည်း 100 steem မတတ်နိုင်၍ စိတ်တူ ကိုယ်တူ ဆယ်ဦး စုပေါင်းကာ တည်ဆောက်ထားသော ဘုံ အကောင့်သာဖြစ်ပါတယ်။ ဆုံးရှုံးမှု ရှိခဲ့လျှင် အဆုံးရှုံး ခံနိုင်သည့် ပမာဏသာ ထည့်ဝင်ထားကြ၍ ကျွန်တော်တို့အရှုံးခံနိုင်ပါသည် ။ အောင်မြင်ခဲ့သည်ရှိသော် အများအတွက် ရည်ရွယ်ပါသည်။ ကျွန်တော့်တို့ ထိုကဲ့သို့ ရည်ရွယ်ကာ ဖွင့်လှစ်ထားသော အကောင့်ဖြစ်၍ ဘုံ ဟူသော အသုံးအနှုံးကို ယူကာ ဘုံအကောင့်ဟု သုံးနှုန်းခွင့် ပြုပါရန် မေတ္တာ ရပ်ခံလိုက်ရပါသည်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
U5ds1WB1g7wMywxd1weFn9ECJtduN1d_1680x8400.jpeg

@steempowergroup1

Credit;google images

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

"ဘုံ" ဆိုသော်ငြား မတူသည့်အရာများရှိသော်လည်း ကူညီဖေးမရင်း တူညီစွာလက်တွဲလုပ်ကိုင်ပါက အောင်မြင်မှုအသိးအပွင့်တွေ တစ်ချိန်မှာ ခံစားရမှာပါ။

တူညီစွာလက်တွဲသွားကြရင်း
အောင်မြင်မှုဆိုတဲ့လမ်းကြောင်းပေါ်ရောက်အောင်သွားကြမယ်ဗျာ။
ဤခရီးလမ်း ဖြောင့်တန်းပါစေလို့သာ ဆုတောင်းမိပါတယ်ဗျာ။

တစ်ယောက်အားနဲ့ ယူလို့မရတဲ့ဟာကို အများစုဖွဲ့မှုနဲ့ရအောင်ယူကြတာပေါ့။ အောင်မြင်အောင်ဆောင်ရွက်ကြတာပေါ့ဗျာ။

ဒါပေါ့ဗျာ တစ်ယောက်တည်းအားနဲ့ကတော့ မရနိုင်ဘူးမဟုတ်ဘူး ရနိုင်တယ် သို့ပေမယ့်အချိန်ပိုကြာမယ် ခရီးမတွင်ဘူး
အများနဲ့ဆိုတော့ အမြင်ကျယ်တော့အတွေးအခေါ်များလာမယ် လူလည်းသက်သာ ခရီးလည်းပိုပြီးတွင်တာပေါ့ဗျာ။

ကျန်တော်တို့ ဘုံလေးကနေစပြီး whale တွေ gorrila တွေပါဖြစ်အောင်ဝိုင်းကြိုးစားကျရအောင် ဘဒိုတို့။ ဘုံဆိုတဲ့အတိုင်း တကယ်ဘုံဖြစ်လာမှာပါ။ steemit ပျော်စံရာဘုံပေါ့ 😁😁

ပျော်စရာဘုံနန်းတော်ကြီး ဖြစ်လာမယ်ဆိုတဲ့သဘောလား
Boosterကြီးတွေလို sp100000လောက်ရချင်နေတာ😁

စိတ်​တူကိုယ်​တူညီအစ်​ကို​တွေ ဆုံဆည်းခွင့်​ရခဲ့တဲ့အတွက်​ ကျွန်​​တော်​ တို့ရဲ ဘုံ​လေးကို အထူးပင်​​ကျေးဇူးတင်​ပါတယ်​ခင်​​ဗျာ

ဘုံ account ဖြစ်၍ ဘုံနှင့် သက်ဆိုင်တာ ရေးခြင်းသည် ကောက်းပါသည်။
အထူးဂရု ပြုရန်လိုသည်မှာ ပုဂ္ဂလိကတစ်ဦးချင်းဆိုင်ရာ Photosများ၊
စာများ မဖြစ်ဖို့တော့ လိုပါမည်။

အကြံပြုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။
နောက်ထပ်postများစွာကိုလည်း အကြံပြုပေးဖို့ ကမ်းလှမ်းပါရစေခင်ဗျာ။

ဘုံ စုပေါင်းလို့ အလှူအတန်း လုပ်ရာတွင် စည်းလုံးညီညာဆောင်ရွက်ကြ
လျှင် ပိုမို ပျော်စရာကောင်း၍ ကုသိုလ် တိုးပွားပေမည် ဖြစ်သကဲ့သို့
စုပေါင်းစပ်ပေါင်း၍ Project တစ်ခုကို အကောင်အထည် ဖော်ရာတွင်လည်း
စည်းကမ်းလိုက်နာ ညီညာစုရုံး အားလုံးပေါင်းစုလျှင် လုပ်ငန်း အကောင်အထည် ပေါ်မြန်၍ အောင်မြင်ပေမည်။

စုပေါင်းညီညာ အောင်ကြာင်းဖြာပေါ့။
အောင်မြင်လာတဲ့တစ်နေ့ လမ်းတွေအတော်များများပွင့်လာမယ်လို့ထင်တယ်။

အောင်မြင်မှုခရီးတစ်ခုရောက်ရှိခဲ့မယ်ဆိုရင်တော့ ကျွတော်တို့တွေလည်း ကုသိုလ်ရေးတွေပါ လုပ်ဆောင်လာနိုင်ကြဖို့မျှော်လင့်ထားမိပါတယ်။
အခုအချိန်စတင်တာနောက်မကျသေးဘူးလို့ထင်ပါတယ်ဗျာ။

စောလည်းမစော နောက်လည်းမကျ ဇကလည်းမဖြစ်တဲ့
အလယ်အလတ် ကွက်တိအချိန်ပါပဲ။
အချိန်တိုင်းတာတစ်ခုမှာ ဘယ်လိုဖြစ်လာမလည်းဆိုတာပဲစောင့်ကြည့်ရတော့မှာပေါ့ဗျာ။

အရမ်းကောင်းတဲ့post
အရမ်း​လေးစားဖို့​ကောင်းပါတယ်
အမြဲတမ်း​ပျော်​ရွှင်​နိုင်​ပါ​စေ
Postမှာ upvot​တွေအများကြီးရပါ​စေ
လို့ဆု​တောင်း​ပေးလိုက်​ပါတယ်
အား​ပေးလျှက်​ပါ

အစုအဖွဲ့နှင့်လုပ်ခြင်းသည်ကြီးမားသော အားကို ဖြစ်စေပါတယ်ဗျ

ဟုတ်တယ် အစ်ကို
အစုအဖွဲ့နဲ့လုပ်တဲ့အလုပ်တစ်ခုဟာ လူအင်အားညီရင် အရာရာကိုကျော်နိုင်တယ်။လူမညီရင်တော့ အဆင်မပြေနိုင်ဘူး။

ဘုံဆိုသော အသုံးက အတော်လေးကျယ်ပြန့်ပါတယ် ဒါကို မိမိတို့ လိုရာ အဓိပ္ပာယ်ရအောင် အနက်ဖွင့်ဆိုပြီး မိမိရဲ့စိတ်မှာ ဖြစ်နေတဲ့ အားတက်စရာ အချက်တွေကို အများနဲ့အတူ မျှဝေလိုစိတ်၊ မုဒိတာပွားအောင် သတင်းပေးလိုစိတ်နဲ့ အားတက်စရာ အရေးအသားသုံးပြီး ဖွဲ့ဆိုသွားတဲ့ စာရေးသူကို လေးစားချီးကျူးပါတယ်ဗျာ @steempowergroup1 ကို ထာဝရအောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်

ချီးကျူးဂုဏ်ပြုပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။
သတင်းနဲ့နည်းပညာအစုံ ဗဟုသုတ အဖုံဖုံကို
စိတ်စေတနာထား ရေးသားနိုင်ကြရင်ဖြင့်
ကျွန်တော်တို့ဘုံအကောင့်လေးဟာ ရသအစုံကိုပေးနိုင်မှာဖြစ်သလို ဘုံဆိုတဲ့အနှစ်အရသာကိုဖော်ဆောင်ရာလည်းရောက်မယ်ထင်ပါတယ်။ဘုံသည် အများနဲ့ဆိုင်သည်။ကျွန်တော်တို့ညီကိုထွေသည်လည်း ဘုံဆိုတဲ့အရာကိုပေါ်လွင်လာအောင်အင်အားဖြည့်ကြမည်။ Fighting.

စုပေါင်းမှုအင်အားကြီးပါ

ဝင်ရောက်ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ် ကိုဗီးရေ။

Unity is Strength. ဆိုတဲ့ စကားလုံးကို အပြည့်အဝ အကောက်အထည် ဖော်ကြမလို့ပါ။ ညီညွတ်ကြရင်ဖြင့် တစ်ဦးချင်းအားထက် စုပေါင်းအားက ပိုကြီးလို့ ပိုအောင်မြင်နိုင်တာပေါ့။

ပြိုင်​တူတွန်းရင်​ ​ရွေ့နိုင်​ပါသည်​။

ဟုတ် စုပေါင်းစွမ်းအားတွေနဲ့ရွေ့အောင်တွန်းကြမယ်ဗျာ။

Let's go to the high together. Unite and strong.

Ok, thank Brother. I don't understand english languae. So that your don't comment by english language in next news post.

Why why why. Don't lie me. In this reply you are lying to me. Everybody know that. So i will comment in English too for next post hehe