အလေးထားစရာ နံနက်ခင်း ချိန်ခါ

in myanmar •  7 years ago  (edited)

တောရွာများမှာ ဆိုရင်တော့ ဆရာတော်ကျောင်းမှာ ကလတက်(အုန်းမောင်း)ခေါက်သံနဲ့အတူ ဆွမ်းချက်ဖို့ ပြင်ဆင်ကျပါပြီ။
အုန်းမောင်းခေါက်ခြင်းသည် ညနေ ၄နာရီနှင့် နံနက် ၄ နာရီများကို မှတ်သားနိုင်ရန်ဖြစ်ကြောင်း ဖတ်မှတ်ဖူးပါသည်။ အာရုဏ်
တက်ချိန်အမီ ဆရာတော်များ ဆွမ်းဘုန်းနိုင်ရန်အတွက် ပြင်ဆင်ချက်ပြုတ်ပြီး သကာလ ဆွမ်းချိုင့်များဖြင့် ကျောင်းတော်သို့ အမီပေးပို့ကျသည်မှာ ရှေးပဝေသဏီထဲက မြန်မာ့ယဉ်ကျေးမှု အမွေ တစ်ရပ်ဖြစ်ပါတယ်။

image

အာရုဏ်တက်ချိန်တွေဟာလည်း မြန်မာသက္ကရာဇ်အရ တစ်လနဲ့ တစ်လ မတူညီကြောင်း မှတ်သားရပါတယ်။ တန်ခူးလမှာ နံနက် ၅နာရီသည် အာရုဏ်တက်ချိန်ဖြစ်၍ ကဆုန်လတွင် နံနက် ၄နာရီခွဲတွင် အာရုဏ်တက်ပါသည်။ လအလိုက် မှတ်သားဖွယ် အာရုဏ်တက်ချိန်များကိုတော့ အောက်ပါအတိုင်းမှတ်သားနိုင်ပါသည်။

image

ထို့နောက်တွင်မှ မင်္ဂလာရှိသော နံနက်ခင်းလေး ဖြစ်ပေါ်လာရပါသည်။ ကျမတို့ငယ်စဉ်က မိဘများ၏ နံနက်ခင်းတွင် ကျင့်ကြံရမည့် ဆိုဆုံးမမှုများကို ယနေ့အရွယ်ထိ မှတ်မိနေသေးသကဲ့သို့ နောင်လာနောင်သားများအားလည်း လက်ဆင့်ကမ်းလျှက်ရှိပါသည်။ ထို့ကြောင့် နံနက်ခင်း အချိန်သည် နေ့တစ်နေ့တာလုံးအတွက် အရေးကြီးကြောင့် မင်္ဂလာရှိစွာ နေထိုင် ပြောဆိုပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

image
@suhlaing
msc-175
credit face book&google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good morning

မောနင်းပါ

အိပ်ရေးဝရင်တော့ အစောကြီးနိုးတယ်ရယ် မဝရင် Alarm တောင်ပြန်ပိတ်အိပ်တယ် :D

ညဘက်ဆို အလုပ်ကများတယ် ဟုတ်

အဟား 10နာရီမှနိုးတယ် ညကနှစ်နာရီမှအိပ်ရတယ် မကြီးရေ။

အေးဆို ညဘက်အစော မအိပ်နိုင်ဘူး

တဖြည်းဖြည်းနဲ့ စာစုကနေဆောင်းပါးဖြစ်အောင်ရေးကျင့်သွားပါ.

ဟုတ်ကဲ့ပါ ဆရာ

မှတ်​သားစရာပါ အစ်​မ​ရေ

ကျေးဇူးပါ မောင်လေးရေ

မှတ်သားရပါတယ်…ဗဟုသုတွေလည်းရပါ့အမရေ…

ဟုတ်ကဲ့

ဗဟုသုတတစ်ခုပေါ့ဗျာ

ကျေးဇူးပါ ကိုစောလွင်