မှော်ဆန်သော အပ်ချုပ်စက်လေး (ဇာတ်သိမ်း )

in myanmar •  6 years ago 

မအေးလှသည် ကိုသက်ခိုင်အိမ်ရောက်သည်နှင့် ခြံရှေ့တွင် ကောင်လေးတစ်ယောက်က စောင့်နေကာ အဘ တရားထိုင်နေကြောင်း ပြောလေသည်။ ခဏထိုင်စောင့်ပါရန်လည်း မှာထားကြောင်း ပြောလေသည်။ မအေးလှသည် ဧည့်ခန်းထဲရှိ ထိုင်ခုံတွင် စောင့်ဆိုင်းနေပြီး ၁၅မိနစ်ခန့်ကြာသော အခါ အခန်းအတွင်းမှ ကိုသက်ခိုင်က ဝင်လာခဲ့ရန် ခေါ်လေသည်။ မအေးလှလည်း အခန်းတွင်းဝင်သွားကာ ကိုသက်ခိုင်ရှေ့တွင် ထိုင်လိုက်လေသည်။ ကိုသက်ခိုင်က

'' ဧည့်သည်ကော ခေါ်လိုက် အေးလှ'' မအေးလှသည် မိမိ အပ်ချုပ်စက်ခေါင်းကို သတိရသွားပြီး ဧည့်ခန်းသို့ ထွက်ကာ ယူလေသည်။ ထိုနောက် ကိုသက်ခိုင်ရှေ့တွင်ချကာ အဝတ်ကို ဖြည်လိုက်လေသည်။ ဆေးရောင်များကွာပြီး အရောင်လွင့်ပျယ်နေသော အပ်ချုပ်စက်လေးသည် ပကတိငြိမ်သက်စွာရှိနေလေသည်။ ကိုသက်ခိုင်သည် အပ်ချုပ်စက်ပေါ်လက်တင်ကာ မျက်လုံးအစုံမှိတ်လျှက် မန္တန်တစ်ခုကို ရွတ်ဖတ်နေလေသည်။ ထို့နောက် မအေးလှ နားမလည်သော ဘာသာစကားဖြင့် စကားပြောလိုက် မန္တာန်ရွတ်လိုက်လုပ်နေလေသည်။ ထိုသို့ စကားပြောဆိုနေရာတွင် တချက်တစ်ချက် ဆာဒူးရုပ်ထုဘက်သို့လှည့်ကာ ကြည့်တက်လေသည်။ မအေးလှအထင် ကိုသက်ခိုင်သည် ဆာဒူး ရုပ်ထုနှင့် အပ်ချုပ်စက်မှ ဝိညဋ်တို့ကို ဆက်သွယ်ပေးနေဟန် ရှိလေသည်။

IMG_20180911_071012.png
source
အတန်ကြာပြောဆိုကျပြီးနောက် ကိုသက်ခိုင်သည်

'' ကဲ အေးလှရေ...ဒီဝိညဋ်က မကျွတ်လွတ်နိုင်သေးတဲ့အတွက် သူ့ ဝိညဋ်ကပ်တွယ်ရာ ဒီစက်ထဲကနေ ထွက်မယ် မထင်ဘူး ပြီးတော့ ဒီအရေးက ငါတို့နဲ့လည်း သိပ်မပတ်သက်လေတော့ အထက်အဘ ဆာဒူးတွေကို အကူအညီတောင်းပြီ ဝိညဋ်ချုပ်ခိုင်းရမှာဘဲ ဒါက ပရလောကရဲ့ ထူးခြားဆန်းကြယ်မူဆိုပါတော့ အေးလှရေ အဲ့တော့ လောလောဆယ် သူ့လာရာ အရပ်ကို ပြန်ပို့တာ နင့် အတွက် အကောင်းဆုံးဖြစ်လိမ့်မယ် အေးလှ''

မအေးလှလည်း '' ကောင်းပါပြီ အဘ ကျမ သူ့နေရာကို ပြန်ပို့ပေးပါ့မယ်''

မအေးလှသည် အပ်ချုပ်စက်ကို ဆွဲခြင်းထဲထည့်ကာ ကိုသက်ခိုင်ကို နှုတ်ဆက်၍ ပြန်ခဲ့လေသည်။ ထို့နောက် အပ်ချုပ်စက် အဟောင်းတန်းသို့ ထွက်လာခဲ့လေသည်။ ဆွဲခြင်းတောင်းကိုဆွဲလျှက် မအေးလှ ဝင်လာတာမြင်သည်နှင့် စက်ရောင်းလိုက်သော ကုလားလေးသည် '' ဘာအလိုရှိသလဲ အမကြီး''ဟု ခရီးဦးကြို ပြုလေသည်။ မအေးလှလည်း

'' ဒီစက်ခေါင်း ပြန်ရောင်းမလို့''

'' ဟုတ်ကဲ့ အမကြီး ရပါတယ် ဒါပေမဲ့ ဈေးကတော့ ဝယ်ဈေးအတိုင်း ပြန်မရပါဘူး''

'' ကောင်းပြီလေ ရသလောက်ပေါ့ ဒါနဲ့ ဒီစက်ခေါင်းက ဒီဆိုင်မှာ ဝင်လိုက်ထွက်လိုက်ဘဲလား''

'' ဒီစက်က အကောင်းစား အင်္ဂလန် မိတ်ဆိုတော့ လိုချင်သူများပါတယ် အမကြီး''

'' ဒီမယ် ကုလားလေးရေ ဒီစက်ရဲ့ နောက်ကြောင်း ရာဇဝင်တော့ စက်ရောင်းသူအနေနဲ့ သိမှာပေါ့ ဒါကြောင့် ဒီအပ်ချုပ်စက်ကို မရောင်းသင့်ဘူး ထင်ပါတယ် တစ်ပါးသူ ဒုက္ခဖြစ်စေပါတယ်''

ကုလားလေးသည် မအေးလှစကားကို ပြန်လည် တုံ့ပြန်ခြင်းမရှိဘဲ ပိုက်ဆံများကို ရေတွက်နေလေသည်။ ထို့နောက်

'' ၁၅၀၀၀ ပေးလိုက်မယ် အမကြီး ကျေနပ်လား''

မအေးလှလည်း ကျေနပ်ရမည့် အခြေအနေမို့ ထို ပိုက်ဆံကို ယူကာ ထွက်ခဲ့လေသည်။ စိတ်ထဲတွင်မတော့ ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် ဘုရားသို့ ဝင်ကာ ထို ငွေဖြင့်ပင် ဆီမီးနှင့် ပန်းများ ကပ်လှူ ပူဇော်ပြီး ကျန်ငွေကို ဘုရားထီးတင်ရန် လှူ ဒါန်းလိုက်လေသည်။ အပ်ချုပ်စက်အတွင်းမှ ကုလား အဘိုးအိုကိုလည်း မိမိပြုခဲ့သော ကုသိုလ်နှင့် ထပ်တူ ထပ်မျှ ရစေရန် အမျှအတန်းပေးဝေလိုက်လေသည်။ ထို့နောက်တွင် မအေးလှသည် စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်ကို ပြန်ခဲ့လေသည်။

IMG_20180911_071438.png
source

နောက်ပိုင်းတွင် မအေးလှသည် အပ်ချုပ်စက် အဟောင်းများဝယ်ယူတိုင်း ထိုစက် အကြောင်းကို ကုလားလေးထံတွင် မေးမြန်းသော်လည်း ထိုစက်ကလေးကို အရောင်းအဝယ် မပြုတော့ဘဲ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသာ သိရလေသည်။ ယနေ့အချိန်အထိ ထို မှော်ဆန်သော အပ်ချုပ်စက်လေး အကြောင်းသည် မအေးလှစိတ်တွင် ပဟေဋ္ဌိတစ်ပုဒ်အဖြစ် စွဲထင်နေပါတော့သတည်း။

ပြီးပါပြီ...

@suhlaing
msc 175

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တစ်ကယ့်ဖြစ်ရပ်တွေလားအမ အစွဲအလန်းတွေက အမှန်တော့ ကြောက်ဖို့ ကောင်းတ်ာနော်

အဖြစ်မှန်တော့ မဟုတ်ပါဘူး မောင်လေးရေ အပြင်မှာက ကုလားအဘိုးကြီး ဂျာကင်ချုပ်တာ မှန်ပါတယ် သေသွားတာတော့ တစ်နှစ်လောက်ရှိပြီပေါ့ ဆုံးသွားတဲ့ ကုလားအဘိုးကြီးရဲ့ အမျိုးသမီးက အမတို့နဲ့လည်း ခင်နေတော့ သူ့ အမျိုးသား ချုပ်သွားတဲ့ စက်တွေ အိမ်မှာ အပိုဖြစ်နေလို့ ရောင်းပေးပါ ပြောထားတာ အစ်မသူငယ်ချင်းတစ်ယောက်ကလည်း စက်လိုချင်နေတာနဲ့ သွားကြည့်ပေးတာ အခုဇာတ်လမ်းထဲက စက်ကလေး အပြင်မှာ တကယ်ရှိပါတယ် ဒါပေမဲ့ အဲ့အမျိုးသမီးက အဲ့စက်ကလွဲရင် တခြားစက်တွေဘဲရောက်လိုက်ပါတယ်။ အဲ့စက်လေးကို အမ ချုပ်ကြည့်တာ တကယ့်ကိုကောင်းပါတယ် တောင်းဝယ်ပေမဲ့ အရောင်းပါဘူး အဲ့မှာ သူငယ်ချင်းက singerစက်ဟောင်းကြီးကို ကြည့်ပြီး သရဲရှိမဲ့ပုံဘဲလို့ ကြံကြံဖန်ဖန်ပြောရာကနေ ဒီဇာတ်ကလေး ဖြစ်လာတာပါ တကယ့်အပြင်မှာ သရဲမကပ်နေပါဘူးလို့

ကုလားဆိုင်မှာကျ မခြောက်ဘူးလားမသိနော်

ခြောက်ရင်လည်း ခြောက်မှာပေါ့ ညီမရေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

thanks

ဖြစ်‌ရပ်‌မှန်‌လား ညီမ။ ‌ရေးထားတာ‌ကောင်းတယ်‌။

ဖြစ်ရပ်မှန် မဟုတ်ပါဘူးရှင် စိတိကူးယဥိသက်သက်ပါ

တကယ်ဆို အပ်ထည်တွေ လက်ခံပြီး သူချုပ်ပေးရင် ok ပဲ အဟိ😁😁

သူခြောက်တာနဲ့ အရင်သေမှာပါအေ

အရမ်းဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေး ဖတ်လိုက်ရလို့ စိတ်ထဲမှာ ကျေနပ်သွားတယ်။ မကျွတ်မလွတ်နိုင်ရှာတဲ့ ကုလားအဘိုးကြီးကို သနားလည်းသနားမိပါတယ်။

သေခါနီး အစွဲက အရမ်းကြောက်ဖို့ကောင်းတယ် ညီမရေ

ခိုစရာအိမ်ဖြစ်နေတဲ့ အပ်ချုပ်စက်ကလေးဖြစ်နေတော့တာ အခြားသူတွေဆီရောက်သွားရင်လည်း ဒုက္ခပဲနေမယ်

ထပ်မရောင်းဖူးတော့ ပြောတာဘဲ ကစိုးရေ

ဇာတ်လမ်းလေးကဆွဲဆောင်မှုရှိတယ်

အားပေးတဲ့ အတွက် ကျေးဇူးပါရှင်

ကုလားအဖိုးအိုဟာ အပ်ချုပ်စက်ကို စွဲလမ်းစိတ်နဲ့ မကျွတ်ပဲ ဥစ္စာစောင့်ဖြစ်နေတာပါ။ဝဋ်ကြွေးကျေသွားတဲ့အခါ ကျွတ်လွတ်သွားပါလိမ့်မယ်ဗျာ။ကောင်းမွန်သော ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်ပါတယ် သေခါနီးမှာ စွဲမိစွဲရာ စွဲလမ်းစိတ်ကနေ မကျွတ်လွတ်နိုင်ဖြစ်သွားတာပါ

အ​လို​လေ စက်​​ခေါင်း လည်း အဲ့ လို ဇာတ်​ လမ်း ရှိ တာပဲ လား ဗျ

လိုချင်လို့လား ပြောပေးမယ်

ဟင် ..ပြီးရောလားကွယ်...
အပ်ချုပ်စက် အစွမ်းပြပြီး မအေးလှ ချမ်းသာသွားမလား
အောင်းမေ့နေတာ😁😁😁

အထင်နဲ့ အမြင်လွဲသွားတယ်ပေါ့

Annabellaအရုပ်​၊Robertအရုပ်​တို့လိုဒီဝိဥာဉ်​ကပ်​​နေတဲ့အပ်​ချုပ်​စက်​ကိုလည်းမှန်​ဘူးထဲထည့်​ပြီးပြတိုက်​ထားရမယ်😁​....ဖတ်​ရင်း​တွေးမိတာပါ....အစမှအဆုံးစိတ်​လှုပ်​ရှားစရာများနှင့်​တကယ်​​ကောင်းပါတယ်​...​နောက်​လည်းဇာတ်​လမ်းဆန်းဆန်း​တွေနဲ့စိတ်​၀င်​စားစရာပိုစ့်​​တွေ​မျော်​​နေပါ့မယ်​....

အရုပ်သရဲကား ကြည့်ဖူးတယ် လူဆိုးတစ်ယောက်ဟာ ရဲတွေက လိုက်ဖမ်းတော့ ပြေးရင်းနဲ့ အရုပ်ဆိုင်တစ်ဆိုင်ရှေ့မှာ သေနပ်အပစ်ခံလိုက်ရတယ် သူသေခါနီးမှာ ဖမ်းဆွဲမိတာက အရုပ်တစ်ရုပ်ဖြစ်နေခဲ့တယ် ဒါနဲ့ သူ့ဝိညဋ်ဟာ အရုပ်ထဲဝင်ပြီးလူတွေ လိုက်သတ်ပါရော ကြည့်ရတာ ကြောက်လည်း ကြောက် ကြိုက်လည်း ကြိုက်ခဲ့တဲ့ ဇာတ်ကားလေးပါ ညီမရေ ဒါကြောင့် လူတစ်ယောက် သေတော့မယ်လို့ သိကျရင် ဘေးကနေ ဘုရားစာရွတ်ပေးကျတာနေမယ် ကောင်းမွန်ရာ ဘုံဘဝ ရောက်အောင်ပေါ့

အော် ဇာတ်သိမ်းပိုင်းတောင်ုဖစ်သွားရောပေါ့နော်မစု

ဟုတ်ကဲ့ ကိုအေး ဇာတ်သိမ်းပါပြီ

ဒါဆို အိမ်​မ​ပြောင်းရ​တော့ဘူး​ပေါ့ စက်​က​လေးက 😊😊

ဇာတ်လမ်းသဘောအရ ရောင်းသူဆီမှာဘဲ ထားလိုက်ပါတယ်

မှော်ဆန်တာလား ကုလားကစွဲပြီးမကျွတ်မလွတ်တာလားပဲ

တွေးသလိုရပါတယ် ဦးမင်းရေ

ဒုတိယအတွဲထပ်​ထုတ်​ပါလား

ဇာတ်သိမ်းလိုက်ပါပြီရှင့်

မစုလို ဇာတ်လမ်းတွေ ရေးတတ်ချင်လာပြီဗျာ

နည်းပညာပိုလ့်တွေမှာ ကိုစောကို မီသူမရှိ

လူမင်းရိုက်ထားတဲ့အနူးဘစ်ထဲမှာတော့
HONAD Insightကားပေါ်မှာ
အီဂျစ်နတ်ဘုရားအရုပ်ပါလာတာနဲ့
မြွှေတော့တာပဲ
ဒီစကက်ကလည်းဘယ်နိုင်ငံကဝင်ပါလိမ့်?

အင်္ဂလန်က ဝင်ပေမဲ့ အိန္ဒယကို ဖြတ်ပြီး ပစ္စည်းအဟောင်းအဖြစ် မြန်မာကို ပြန်ဝင်တာပါ စက်ခေါင်းအဟောင်းတွေကို အဓိကက ဂျပန်က ပို့ပါတယ်

အာ့ စက်ကြီး ဘယ်ရောက်သွားပါလိမ့်

ဆိုင်ရှင်က သိမ်းထားတယ် ပြောပါတယ်

Good

thank