Fb ပေါ်က သတိထားစရာများ

in myanmar •  6 years ago 

မပြောချင်ပေမဲ့ နည်းနည်းတော့ ပြောပါရစေ။ ကိုယ်က အမျိုးသမီးဆိုတော့ အမျိုးသမီးတွေကိုဘဲ ပြောပါ့မယ်။ ဒီဘက်ခေတ်မှာ social mediaတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး လွှဲမှားစွာ အသုံးချကရာကနေ အရှက်တခွဲဖြစ်ရတဲ့ ဖြစ်ရပ်တွေဟာ သိပ်မဆန်းကြယ်လှတော့ဘူးတောင် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေကြောင့် တစ်ချို့ အသက်သေသည်အထိ တစ်ချို့ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲလောက်အောင်အထိ ဘဝကော နာမည်ကော သေဆုံးသွားရတက်လို့ပါ။ Social media တွေထဲကမှ viber face book နဲ့wechatတို့ဟာ ထင်ရှားပြီး လူသုံးများလှပါတယ်။ အထူးသဖြင့် facebookဟာ သုံးရအလွယ်ကူဆုံးနဲ့ လူကြိုက်အများဆုံး social mediaဖြစ်ခု ဖြစါပါတယ်။ ကိုယ့်စိတ်ကြိုက်ပိုလ့်တွေ တင်နိုင်တယ်။ ဓာတ်ပုံလှလှလေးတွေ ရိုက်တင်နိုင်တယ်။ ဒါအပြင် chat boxလို့ ခေါ်တဲ့ messangerကနေလည်း စာလေးတွေ ပို့နိုင်ပါတယ်။

IMG_20181021_210640.png
source

messangerဆိုတာက လူမသိ သူမသိ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာပို့လို့ ရတဲ့နေရာ။ ဒီမှာ မိန်းကလေးတွေ Fbသုံးတယ်။ လာ addတဲ့ Friတွေကို စိစစ်လေ့လာခြင်းမရှိဘူး။ တွေ့ရာလက်ခံကျတယ်။ နောက်တော့ အပြောလေးနဲ့ သာယာပြီး ချစ်သူတွေဖြစ်ကျတယ်။ အဆင်မပြေတော့ ပြောထားတဲ့ စကားတွေ Ssရိုက် Fbပေါ်တင် အရှက်ခွဲခံရတယ်။ ပြောချင်တာက အပြင်မှာဘဲ ဖြစ်ဖြစ် FBမှာဘဲ ဖြစ်ဖြစ် မိန်းကလေးတွေ ကိုယ့်ကိုကိုယ်တန်ဖိုးထားစေချင်တာပါဘဲ။ စိတ်ကွယ်ရာမို့ လူမသိဘူးဆိုပြီး တစ်ကိုယ်လုံးပုံပြီး မအပ်စေချင်ပါ။ မွေးထားရတဲ့ မိဘတွေ ရင်ကျိုးရမဲ့ လုပ်ရက်မျိုးကို မိန်းကလေးတွေ အနေနဲ့ရှောင်စေချင်ပါတယ်။

Social ခေတ်မို့ Fbသုံးချင်သပဆို သုံးပါ။ ဒါပေမဲ့ အပြစ်ကင်းအောင် သုံးကျပါ။ Fbပေါ်ဘဲ လေလှိုင်းပေါ်အန္တရာယ်မရှိဘူး မထင်ပါနဲ့။ မိန်းကလေးလေးတွေအဖို့ အန္တရာယ်ဆိုတာ နေရာတိုင်းမှာရှိနိုင်ပါတယ်။ သတိထားရှောင်ရှားနိုင်ရန်သာလိုပါတယ်။ FB သုံးမယ်ဆိုရင် အမျိုးသမီးတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေ သိသလောက်ပြောပြချင်ပါတယ်။ Fbအကောင့်ကို ကိုယ်တိုင်မဖွင့်တက်ရင် သူများကို ဖွင့်ခိုင်းလို့ ရပါတယ်။ ဒါပေမဲ့ အကောင့် ဖွင့်ပြီးတာနဲ့ ဘာမှ မတင်ရသေးခင် pass ပြောင်းနည်းလေးပါ တစ်ခါတည်းသင်ခဲ့ပါ။ ဘယ်လောက်ယုံကြည်ရတဲ့သူက အကောင့်ဖွင့်ပေူသည်ဖြစ်စေ မိမိလက်ထဲ အကောင့်ရောက်တာနဲ့ pass ပြန်ချိန်းပါ။ ဒါဆိုရင် စိတ်ချရပြီလားဆိုတော့ မဟုတ်သေးပါဘူး။ စကျူ ရတီထဲ ဝင်ပြီး mail ဒါမှ မဟုတ် ဖုန်းနဲ့ ဖွင့်ခဲ့တယ်ဆိုရင် only me ထားပေးပါ။ Fri လက်ခံတဲ့နေရာမှာလည်း ကိုယ့်ကိုလာပြီး comfirnတာနဲ့ သူ့ အကောင့်ကို ဝင်စစ်ပါ။ အကောင့်အတုလား အစစ်လား ဖွင့်ထားတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုလူတွေနဲ့ သူငယ်ချင်းလည်းဆိုတာ လေ့လာပါ။ နောက်ဆုံး Fbမှာ ချစ်သူထားမယ်ဆိုရင်တောင် လွန်ကျူးတဲ့ စကားလုံးတွေ အပြောတွေ မပို့နိစေဖို့ သတိထားစေချင်ပါတယ်။ ဒါတွေဟာ တစ်ချိန်မှာ ကိုယ့်လည်ပင်းကို ကိုယ်စွတ်နိုင်လို့ပါဘဲ။ ဒီလောက်ဆိုရင် နည်းနည်းတော့ သဘောပေါက်လောက်ပြီထင်ပါတယ်ရှင့်..

IMG_20181021_211302.png
source

အားလုံးကို ကျေးဇူးတင်လျှက်

@suhlaing
msc 175

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အသိညာဏ်နိမ့်ပါးတဲ့မိန်းကလေးတွေက ရှိနေကြတာပါပဲလေ

ပညာတက်တာနဲ့ အသိဥာဏ်ရှိတာနဲ့လည်း မဆိုင်ပြန်ဘူး ဦးမင်းရေ

Posted using Partiko Android

တော့်တော့်ကို လိုအပ်တဲ့ သတိပေးစာပါ။

မိန်းကလေးတွေအတွက် လိုအပ်လို့ပါရှင့်

ဟုတ်​ပါတယ်​...တကယ့်​ကိုသတိထားသင့်​တာပါ....တကယ်​ဖြစ်​လာရင်​နစ်​နာ​တာမိန်းက​လေး​တွေ...ခြိမ်း​ခြောက်​တာလည်းခံရဦးမယ်​....

Posted using Partiko Android

မိန်းကလေးတွေဘဝ တန်ဖိုးထားနိုင်မှ တော်ကာကျတယ် ညီမရေ

Posted using Partiko Android

ဟုတ်​ပါတယ်​....အမှန်​ပါ...

Posted using Partiko Android

ထိန်းထိန်းသိမ်းသိမ်း‌နေတာအ‌ကောင်းဆုံးပါ။အခု‌ခေတ်‌က ‌ခြေလှမ်းတစ်‌ချက်‌မှားရင်‌ မလွယ်‌ပါဘူး။

အရှက်ကွဲတော့ ကိုယ်တင်မကဘူး ကိုယ့်အသိုင်းအဝိုင်းလည်း ပါတယ်

Posted using Partiko Android

သိပ်​ဟုပ်​တာ​ပေါ့
အဓိက အယုံလွယ်​တဲ့မိတ်​က​လေး​တွေ
ပိုသတိထားရမယ်

  ·  6 years ago (edited)

မိန်းကလေးတွေဆိုတာက စိတ်ထားနူးညံ့ပျော့ပျောင်းကျတာ သနားအောင်ပြောတာနဲ့ ကြွေပစ်လိုက်ကျရော

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

thanks

Posted using Partiko Android

ဟုတ်​ သတိထားသုံးပါ့မယ်​ fbကို☺

မိန်းကလေးတွေ အထူးသတိပါ အောင်ကြီးရေ

ဒါသက်သက်မဲ့ မျက်နှာလိုက်တာပဲ ယောက်ျားလေးတွေလည်း အန်ဒယ်ရှိတာပဲ သတိပေးသင့်တာပေါ့ ☺☺☺

ကိုရွှေကျားတွေက အသာစီးကပါတော်

သေချာတာပေါ့အစ်မ။ဂရုတစိုက်သုံးစွဲတတ်ဖို့ အရေးကြီးပါတယ်။ကောင်းသော post လေးပါ

မိန်းကလေးတွေ လွန်ကျူးကျလို့ သတိပေးရတာပါ

  ·  6 years ago (edited)

အခုက တစ်ချို့ တွေ လိုင်းပေါ်က သိပြီးဖောက်ပြန်ကြတာတွေ အများကြီးပါ သတိထားသင့်ပါတယ်

အမှန်​အကန်​ လိုက်​နာရမယ့်​ အချက်​​တွေဗျာ 😊😊

Posted using Partiko Android