ခါးသက်သော ဆောင်း ( ဇာတ်သိမ်း )

in myanmar •  6 years ago 

ဆောင်းနှင်းတွေ ဝေနေတဲ့ ကန်ပတ်လမ်းလေးဘေးက ထိုင်ခုံပြာပြာလေးမှာ တစ်ခါတစ်လေ နင်က ကဗျာတွေ ရွတ်ပြတက်တယ်။ မြတ်ခင်းစိမ်းစိမ်းလေးပေါ်မှာ ကြွေကျနေတဲ့ ဆိတ်ဖလူးပန်းပွင့်လေးတွေကို မြတ်ပင်ရှည်ရှည်လေးနဲ့သီပြီး ငါ့ကို ပန်ပေးတက်တယ်။ ပြီးရင်တော့ ငါ့ကို တမေ့တမောကြည့်ပြီး

'' အရမ်း လှတာဘဲ ယွန်းရယ်''လို့ ပြောပြီး သက်ပြင်းတွေ ချတက်တယ်။

ဒီဇင်ဘာကုန်ဆုံးလို့ happy new year ညက ကောင်းကင်က ကြယ်တွေကို အတူထိုင်ကြည့်ဖို့ နင်တောင်းဆိုခဲ့တယ်နော်။ ဒါပေမဲ့ ငါ အိမ်က ထွက်ခွင့်မရခဲ့ဘူးဟာ။ မနက် အစော ငါ အပြေးလာခဲ့တဲ့ ငါ လာတဲ့ အချိန် နင် မရှိတော့ဘူးနော်။ မြတ်ခင်းစိမ်းစိမ်းပေါ်မှာ ဆိတ်ဖလူး ပန်းပွင့်လေးတွေကတော့ ကြေတစ်ချို့ လန်းတစ်ချို့နဲ့။ ငါ အကြာကြီး ထိုင်စောင့်နေခဲ့ပါသေးတယ် ချစ်သူ..နောက်ရက်တွေ နံနက်ခင်းတိုင်း ငါ နင့်ကို မျှော်နေခဲ့တယ်။ နင် ငါ့ကို မုန်းသွားပြီလားဆိုတဲ့ အတွေးက ငါ့ရင်ကို ပူလောင်စေတယ်။ နင့် အိမ်အထိ လိုက်လာပြီး တွေ့ရမလားလို့တောင် မိုက်မိုက်မဲမဲတွေတွေးနေမိတယ်။ ချစ်သူရယ်...လွမ်းလိုက်တာဟာ။ ရက်သတ္တတပတ်ကြာတဲ့ နံနက်ခင်းလေးမှာ နင် ငါ့ဆီ ရောက်လာခဲ့တယ်။ နင် နည်းနည်း ပိန်သွားတယ်နော်။ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့။ အပြုံးအရယ်ကင်းပြီး ရီဝေဝေ မျက်ဝန်းတွေမှာ ငါ့ အတွက် ဘာစကားတွေများ နင် ပြောမလဲလို့ သေမိန့်ကျသူတစ်ယောက်လို ငါ စောင့်စားနေခဲ့ရတယ်။

FB_IMG_1537104191757.jpg
credit facebook image source

'' ကိုယ် နေမကောင်း ဖြစ်သွားလို့ ဒီ ရက်တွေ မလာဖြစ်တာပါ ယွန်း '' မောပန်းနေသလို အားယူပြောရင်း စကားကို ဖြတ်လိုက်ပါတယ်။

'' ပြီးတော့ ကိုယ် ပိုစတင် ကျပြီ ဒီ ရက်ပိုင်း သွားရတော့မယ်
နောက်ရက်တွေ မလာနိုင်ခဲ့ရင် ဒီနေ့ နှုတ်ဆက်တယ်နော်...
ဆောင်းနံနက်ခင်းတွေမှာ အတူရှိနေပေးလို့ ကျေးဇူးပါ'' ပြောစရာစကား ကုန်သွားသည့် အလား ကန်ရေပြင်ကို နင် ငေးကြည့်နေခဲ့တယ်။ ပြီးတော့ နင်ငါ့ကို တချက်စိုက်ကြည့်ရင်း

'' ကိုယ် သွားတော့မယ် ယွန်း''

ငါ ဘာလုပ်မလဲလို့ တွေးနေမိတယ်။ ငါ့ကို မထားခဲ့ပါနဲ့လို့ ပြောရအောင်လည်း ငါနဲ့နင်က ချစ်သူတွေ မဟုတ်ဘူးလေ။ ပြန်နှုတ်ဆက်ဖို့လည်း ငါ့မှာ အင်အားတွေ မရှိတော့ဘူး။ ဒါပေမဲ့ ငါ သိချင်တာလေးတစ်ခုကိုတော့ နင့်ကို မေးချင်သေးတယ်လေ။

'' မျိုးဆက် ခဏ'' လှည့်ထွက်ဖို့ ပြင်နေတဲ့ နင့်ကို ငါ ခေါ်လိုက်မိတယ်။ နင်က တွေဝေနေတဲ့ မျက်ဝန်းတွေနဲ့ ငါ့ကို လှည့်ကြည့်ပြီး

'' ပြောလေ ယွန်း ဘာပြောချင်လို့လည်း''

'' အဲ့နေ့ညက နင် ငါ့ကို စောင့်နေသေးလား'' နင့် အသံက တော်တော်နဲ့ ထွက်မလာခဲ့ဘူးနော်။ ကန်ရေပြင်ကိုသာ အဓိပ္ပါယ်မဲ့ ငေးကြည့်ရင်း

'' ဟင့်အင်း ငါ မလာဖြစ်ခဲ့ဘူး''

'' နင် ငါ့ကို တစ်ညလုံး စောင့်မနေခဲ့ဘူးပေါ့ ဒါဆို ပန်းတွေကကော''

'' ငါ တကယ် မလာဖြစ်ခဲ့ဘူး ယွန်း ပန်းတွေက တစ်ယောက်ယောက်ဖြစ်ပါလိမ့်မယ်''

'' မျိုးဆက် နင် မလိမ်ပါဘူးနော်'' နင်က မချိပြုံး ပြုံးရင်း

'' လိမ်တော့ကော ယွန်းရယ် ငါတို့အတွက် ဘာဖြစ်လာမှာလည်း
ကဲ ငါ သွားတော့မယ် ယွန်း ''

IMG_20180916_195533.png
source

နင် ငါ့ရှေ့ကနေ ချာကနဲ လှည့်ထွက်သွားပါတယ်။ နင် ပြန်လှည့်လာမယ်ဆိုရင် ငါ့ မျက်ဝန်းက မျက်ရည်တွေကို တွေ့မှာပါ။ နင့် ကျောပြင်ကို ကြည့်ရင်း ငါ မခံစားနိုင်တော့လို့ ထိုင်ခုံပြာလေးမှာ ရှိုက်ရှိုက်ပြီး ငိုပစ်လိုက်မိတယ်ဟာ။ တကယ်ဘဲ ငါတို့ ဝေးရပြီလား။ ငါ တို့ ဇာတ်လမ်းက ဒီမှာ ဆုံးပြီလား။ နင် ပေးတဲ့ အဖြေကကော အမှန်လား။ နင် တကယ် အဲ့ညက မလာခဲ့ဘူးဆိုတာ တကယ်လား။ အမှန်ကို သိတဲ့လူက ငါတို့ ၂ယောက်တည်းက တစ်ယောက်တော့ ဖြစ်မှာပါ။ နင်လား ငါလား။ ငါ နင့်ကို ချစ်ခဲ့သလို နင်ကော ငါ့ကို ချစ်ခဲ့သလား။ ငါ ကြေကွဲရပြီ ချစ်သူရေ...

ဧပြီ နွေရက်တွေမှာတော့ နင့်ကို လွမ်းတဲ့ အကြောင်း ငါ စာတွေထိုင်ရေးဖြစ်တယ် ချစ်သူရေ။ ခဲပန်းချီလေးခြစ်ပြီး နင့် ပုံတူတွေ ငါ စိတ်မှန်းနဲ့ ဆွဲတက်နေပြီ ချစ်သူရေ။ ပြောပြခွင့် ဆုံစည်းခွင့်မရတော့တဲ့ ငါ့ရဲ့ အဖြစ်တွေက နေမြင့်လေ အရှုးရင့်လေပါဘဲဟာ။ ဆောင်း နံနက်ခင်းတိုင်း နင်နဲ့ ဆုံခဲ့တဲ့ ထိုင်ခုံပြာလေးမှာ အခုထိ နင့်ကို စောင့်နေတက်တုန်းဘဲ။ နင် တစ်နေ့နေ့ ပြန်လာမလားရယ်လို့ပေါ့။ အခါအခွင့်သင့်လို့ နင် လွမ်းလာတဲ့ တစ်နေ့ကျရင် ဆောင်းနံနက်ခင်းတစ်ခုမှာ ငါတို့မြို့ရဲ့ ကန်ပတ်လမ်းလေးကိုသာ လှမ်းခဲ့စမ်းပါဟာ။ အခုချိန်ထိ နင့်ကို တမ်းတနေသေးတဲ့ ကောင်မလေးတစ်ယောက် ရှိနေသေးတယ်ဆိုတာ နင်များ သိရင်....

FB_IMG_1537104204927.jpg
credit image facebook source

@suhlaing
msc 175

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဇာတ်​သိမ်း​ရောက်​ပြီ​ပေါ့....​ရှေ့အပိုင်း​တွေအကုန်​မဖတ်​ရ​သေးလို့​လေ....အချစ်​ဇာတ်​လမ်း​လေး​ပေါ့​နော့....

၂ပိုင်းထဲရယ် ညီမ

ဇာတ်သိမ်းဆိုလို့ ကြားထဲကအပိုင်းမဖတ်လိုက်ရတာမှတ်ပြီးwallဝင်ကြည့်မှ၂ပိုင်းထဲဖြစ်နေတာ

ဟုတ်တယ် ညီမရေ တပုဒ်စာလောက်ဘဲ တကယ်က စာနည်းနည်းများနေတာနဲ့ အပိုင်းခွဲတင်လိုက်တာ

ချစ်‌သူမဟုတ်‌‌ပေမယ့်‌ လွမ်းခိုင်းတာ‌တော့ မတရားဘူးဗျာ။သနားပါတယ်‌။

ပိုင်ဆိုင်ခွင့်မရပေမဲ့ ရင်ထဲမှာ သိမ်းထားရတာလည်း အချစ်ပါဘဲ

ဆိတ်ဖလူး ပန်းလေးတွေ မြင်တော့ ငယ်ငယ်က ကောင်မလေးတစ်ယောက်ကို ဆိတ်ဘီလူးမ လို့ ခေါ်ခဲ့တာလေး အမှတ်ရမိပါရဲ့....

ကောင်မလေး လှမှာပေါ့

ပန်းလေးတွေ သိပ်လှတာပဲ😍

ဟုတ်တယ် မယ်ကြည်ရေ

ဖတ်ပြီးလွမ်းသလိုလို သနားသလိုလို

ဂရုဏာရသလေးပေါ့ ညီမရေ

မမစု ပိုစ့် ဖတ်ပြီး ခေး ရင်ထဲ မှာ ဘိုနေမှန်းမတိ.. ဟာနေသလိုလို😊😊😊

ဘယ်ကိုလွမ်းမှန်းမသိဘူးဖြစ်ဝါးလား ခေး

စောင့်နေတုံးပဲလား အဲ ဒါနဲ့ အဲဒီပန်းနာမည်က ဘာတဲ့

ဆိတ်ဖလူးပန်းပါ ကစိုးရေ