လူရယ်လို့ ဖြစ်လာတာနဲ့ တစ်ယောက်တည်းရှင်သန်လို့ ရတာမှ မဟုတ်တာ။ ငယ်စဉ်ကလေးဘဝကစလို့ အဖော်လေးတွေရှာတက်ကျတာ လူ့သဘာဝပါ။ ကလေးဘဝပင်ဖြစ်လင့်ကစား ကိုယ်နဲ့ စိတ်တူ ကိုယ်တူဆိုတာ ရှိတာမို့ သဘောထားချင်း တိုက်ဆိုင်တာလေး အကြိုက်တူတာလေးတွေ တူညီတဲ့ သူငယ်ချင်းတွေ စုပြီး အဖွဲ့လေးတွေဖွဲ့ ပေါင်းသင်းကျပါတယ်။
ဒီလိုပေါင်းသင်းရင်းကနေ အသက်လေးတွေရလာတော့ အလုပ်နေရာ နေထိုင်ရာဒေသတွေလိုက်ပြီး အချစ်ဆုံးသူငယ်ချင်းတွေ ခွဲခွာသွားရတယ်။ ဒီလို ခွဲခွါရလို့ ဝမ်းနည်းမဆုံးဖြစ်ကျရတယ်။ သံယောဇဉ်တွေကြောင့် မျက်ရည်တွေ ကျခဲ့ရတယ်။ ဝေးသွားကျပေမဲ့ အဆက်သွယ်ဆိုတာ မပျက်ခဲ့ကျဘူး။ သူ့ အခက်အခဲကိုယ့်အခက်အခဲကို ပူပန်ပေးပြီး FBလို ကွန်ယက်မျိုးကနေ အရိပ်တကြည့်ကြည့်နဲ့ အဆက်အသွယ်မပျက်ခဲ့ကျဘူး။
ဒါဟာ ဘာကြောင့်လည်း။ ဘာလို့ ဒီသံယောဇဉ်တွေဟာ ဒီလောက်ခိုင်မြဲရတာလည်း။ အဖြေက ရှင်းပါတယ်။ အပေါ်ယံ မဟုတ်လို့ပါဘဲ။ ငယ်ငယ်က ဖြူ စင်တဲ့ စိတ်နေစိတ်ထားမှာ ချမ်းသာတာ ဆင်းရဲတာ လူမျိုးဘာသာ မတူညီတာ ဘာဆိုဘာမှ မရှိခဲ့ကျဘူးလေ။ မုန့်တစ်ခုရှိရင် တခြမ်းကျွေးမယ်။ အကူညီလိုလား ပေးမယ်။ သူ့ဆီက ဘာပြန်လာမလဲဆိုတဲ့ အတ္တကင်းတယ်။ မက်လုံးနဲ့ပေါင်းသင်းတာမျိုးကင်းတယ်။ အသုံးချဖို့အတွက် ပေါင်းသင်းတာမျိုးကင်းတယ်။ ဒါကြောင့် ဒီသံယောဉ်တွေဟာ ခိုင်မာတယ်။
အသက်ကြီးလာတာနဲ့အမျှ လူ့စိတ်တွေကိုလည်း တဖြည်းဖြည်း နားလည်လာခဲ့တယ်။ လူ့သဘောကို သိလာတာနဲ့အမျှ ကိုယ့်ဘက်ကလည်း ဖြူ စင်တဲ့ သဘောရိုးထားနိုင်ဖို့ ခက်ခဲလာတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးတွေမှာ တွေ့ရတယ်။ ရှေ့တင်တော့ ပြုံးနေကျမယ်။ နောက်ကတော့ ဓားထိုးဖို့အသင့်ဘဲ။ ကိုယ်လည်း သိတယ်။ ဒီလူ့သဘောဟာ ဘာဆိုတာ။ ဒီမှာတင် သံသယနဲ့ ပေါင်းသင်းသွားကျပြီ။ အဲ့တော့ ဒီလိုလူမျိုးနဲ့ ခွဲခွါရတဲ့အခါ ဝမ်းနည်းနေပါတော့မလား။
လုပ်ငန်းခွင်အတွင်း ၂၄နာရီမှာ ၇နာရီခွဲလောက်က အလုပ်ချိန်။ မိသားစုထက် အလုပ်ခွင့်က အပေါင်းအသင်းများနဲ့ပိုပြီး ထိတွေ့ ပေါင်းသင်းဆက်ဆံရပေမဲ့ ဘာကြောင့်များ အလုပ်ခွင့်မှာ လူတော်တော်များများဟာ မပျော်ပိုက်ရသလဲ။ ကိုယ်အပါအဝင် လူတွေအတော်များများဟာ လက်ရှိ အလုပ်ကနေ ထွက်ချင်နေကျတာ ဘာကြောင့်လည်း။ အဖြေက ရှင်းပါတယ်။ လုပ်ငန်းခွင် ဆက်ဆံရေး မပြေလည်မှုကြောင့်ပါ။ ဘာကြောင့် မပြေလည်သလဲလို့ မေးရင် စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံမှုမျိုး မရရှိလို့ပါ။ မိမိအပေါ် ခင်မင်တယ်ထင်ရတဲ့ လုပ်ငန်းခွင်ထဲက မိတ်ဆွေတစ်ယောက်ကို စမ်းသပ်ကြည့်လိုက်ပါ။ သင့်အတွက် ထဲထဲဝင်ဝင်ဖြစ်မဲ့ အကူအညီမျိုး။ မည်သို့သော ရလာဒ်များ ထွက်ပေါ်လာမည်နည်း။ သင်သာ စိတ်မကောင်းကြီးစွာဖြစ်ရပေမည်။
အသင်းအဖွဲ့လို့ဆိုတဲ့နေရာမှာ စိတ်စေတနာကောင်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းတက်မှုဟာလည်း အဓိကကျတယ်လို့ ဆိုချင်ပါတယ်။ အသင်းအဖွဲ့စိတ်ဓာတ်မှာ မိသားစု စိတ်ဓာတ် လိုအပ်နေသရွှေ့တော့ ဘယ်တော့မှ စိတ်ချမ်းမြေ့စရာကောင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်လာမှာမဟုတ်ပါဘူးလို့ ထင်မြင်ယူဆရင်း မြန်မာတွေ မေတ္တာတရားပြည့်ဝတဲ့ အသင်းအဖွဲ့စိတ်ဓာတ် ပြည့်ဝကျပါစေလို့ နှစ်သစ်ဆုတောင်းအဖြစ် မှတ်မှတ်သားသား ရေးသားတင်ပြလိုက်ရပါတယ်။
@suhlaing
msc 175
credit google image
ဟုတ်ပါတယ်
မိသားစုစိတ်ဓာတ်နဲ့ ညီညွတ်မှာရှိမှသာ ပျော်ရွှင်စရာ အလုပ်ခွင်ဖြစ်မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိသားစု စိတ်ဓာတ်အပြည့်ရှိမှ လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်စေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 3.07 % upvote from @drotto thanks to: @suhlaing.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 5.18% upvote from thanks to: @suhlaing.
For more information, click here!!!!
Try the new Minnowhelper Bots for more information here
Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.
Voting for @yabapmatt
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You got a 40.00% upvote from @dailyupvotes courtesy of @suhlaing!
Please upvote this comment to support the service.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit