Steemitမှာ စာမရေးဖြစ်တာ ကြာပါပြီ။ တစ်နေ့က ဘထွေးရ့ဲ စာတစ်ပုဒ်ကို fbမှာတွေ့ လိုက်ရမှ ကျမလည်း steemကို သတိရမိသွားပါတယ်။ ဒါန့ဲ steemအကောင့်လေးဖွင့်ကြည့်လိုကိမိတယ်။ တင်ထားတ့ဲ စာတွေက ဖတ်မရေတာ့ပါဘူး။ ဇော်ဂျီန့ဲ ပြည်ထောင်စုတိုကိပွဲကြားမှာ ပြောင်းဆန်သွားခ့ဲပြီ ထင်ပါရ့ဲ။
ဒါနဲ့ဘဲ noteထဲကို ပြန်ကူးယူပြီး ဖတ်ရပါတယ်။၃နှစ်ပတ်ဝန်းကျင်မှာ ကျမ စာတွေတော်တော်ရေးနိုင်ခ့ဲပါလားလို့ အကောင့်လေးထဲက စာတွေ ကြည့်ရင်း တွေးမိပါတယ်။ ကျမရ့ဲ စာရေးခြင်းအစဟာ steemဖြစ်ပါတယ်။ စာတွေရေးဖြစ်လေ့ကျင့်ဖြစ်တာလည်း steemကျေးဇူးပါဘဲ။ steemမှာ စာတွေ စ ရေးစဥ် စာတစ်ပုဒ်ဖြစိဖို့ဘအတော်တွေးယူ ရေးယူခ့ဲရပါတယ်။ နောက် ရေးသားကျလာတော့မှ စာတစ်ပုဒ်အတွက် သိပ်မခက်ခဲဘဲ ရေးနိုင်ခ့ဲပါတယ်။
[source image][https://www.dreamstime.com/photos-images/beautiful-scene.html]
ကျမန့ဲအတူ စာရေးကျတ့ဲ steemစာရေးဖက်များကိုတော့ မတွေ့ရသလောက် ရှားပါးသွားပါပြီ။ ဒါဟာ steemစျေး ကျဆင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရွှေခေတ်ကို မမီခ့ဲပေမ့ဲ မီလိုက်သူတွေကို အားကျရင်း ကျမ ဝါသနာပါတ့ဲ စာတွေကို steemမှာရေးသားဖြစ်ပါတယ်။ အရင်လို စည်ကားလှတ့ဲ steemit စာမျက်နှာများကို ပြန်မြင်ချင်မိပါတယ်။ ဒီတစ်ခါတော့ ကျမလည်းဘရွှေခေတ်ကို မီချင်ပါသေးတယ်။ ပြန်နိုးထလာနိုငိပါစေ steemရယ်ဟုသာ ဆုတောင်းရင်း...
@suhlaing
msc 175
Welcome back
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit