တောင်ကုန်းလေး ၂ကုန်းကို ကျော်လိုက်သည်နှင့် ထိုနေရာလေးကို ရောက်ပါသည်။ ပထမတောင်ကုန်းသည် ခပ်ပြေပြေလေးတက်ရ၍ မောသည်ဟု မရှိလိုက်။ ဒုတိယတောင်ကုန်းသည် ခပ်မတ်မတ်မြင့်တက်ရ၍ အဆင်းဘက်သည် ပို၍ မတ်ဆောက်သယောင် ထင်ရသည်။ အဖွဲ့သားများတစ်ယောင်လက် တစ်ယောက်တွဲကူကာ ဖြည်းဖြည်းဆင်းကျရသည်။ တောင်ကုန်းလေးအောက်ရောက်သည်နှင့် တောင်လမ်းခပ်ကျဉ်းကျဉ်းကို တွေ့ရသည်။ ထိုလမ်းအတိုင်း လိုက်သွားရာ ခြေလှမ်း ၂၀၀ခန့်တွင် တွေ့မြင်ချင်သော ထိုလှပသည့် စိမ်းချောင်းလေးနှင့် တောပန်းများကို တွေ့နိုင်ပါသည်။ လူတို့၏ လက်ဖြင့် ပြုပြင်ထားခြင်း အလျဉ်းမရှိသော ထိုစမ်းချောင်းလေးနှင့် ပတ်ဝန်းကျင် တစ်ဝိုက်သည် စိမ်းမြအေးချမ်းလှပေသည်။ ပန်းရနံ့တို့သည် လေတိုက်တိုင်း သင်းမြမြရနံ့ကို ရစေသည်။ လူသားများ၏ အသုံးအဆောင် ဖော့ဗူးခွံ့များ ပလက်စတစ်အမှိုက်များ ပုလင်းခွံ့များ တစ်စပင် မတွေ့ရှိရဘဲ ပကတိ သန့်ရှင်းနေသည်။ လှပသော သဘာဝတရား၏ အေးချမ်းမှုသည် ညစ်နွမ်းလှသော စိတ်အဆင်ကိုပင် အတွင်းထဲထိ အေးချမ်းစေသည်။ စမ်းချောင်းလေးနဘေးတွင် ထိုင်ချလိုက်ရင်း ဖန်သားပြင်နှင့်မခြား ကြည်လင်လှသော ရေကြည်အေးအေးလေးကို လက်နှစ်ဖက်ဖြင့် ယူကာ မျက်နှာထက် ပတ်ဖြန်းလိုက်သည်။ မောပန်းခြင်းဟူသည် ပိန်းကြာရွက်ပေါ်မှ ရေစက်ရေပေါက်များ လျောကျလာသကဲ့သို့ ချက်ချင်း ပျောက်ကွယ်လွင့်စင်သွားသည်။ ထို့နောက် စိမ့်စမ်းရေအား အားရပါးရ လက်ဖြင့်ပင် ခပ်သောက်လိုက်သည်။
photo by me
ငယ်စဉ်က ဖတ်မှတ်ထားဖူးသော တောထဲရှိ စိမ့်စမ်းရေသောက်လျှင် ဌက်ဖျားရောဂါ ဖြစ်စေသည် ဟူသော အယူသည် လွဲလေစ။ အဘယ်ကြောင့်ဆိုသော် ဌက်ဖျားသည် ကြည်လင်ပြီး PH 7ပြည့်ဝသော အင်မတန် သန့်စင်သည့် ထိုရေက မလာ။ ခြင်ကောင်ကသာ ပေါက်ဖွားလာခြင်းဖြစ်လေသည်။ ထိုနေရာလေးတွင် စခန်းချ အနားယူခဲ့ကျသည့် နှစ်ညအိပ် သုံးရက်စလုံး ထိုရေကို သောက်ရင်း အသက်ဆက်ခဲ့ကျသော်လည်း ဌက်ဖျားဟူသည် ပါမလာသောကြောင့်ပင်။ အဖွဲ့သားအားလုံးအား စည်းကမ်းတင်းကျပ်စွာ မှာကြားထားသည်။ အချင်းချင်း သတိပေးရန်လည်း ပြောထားသည်။ ထိုအရာမှာ ထိုစမ်းချောင်းလေးအနီးနှင့် ပတ်ဝန်းကျင်တွင် လူ့အသုံးအဆောင် အမှိုက်များ မစွန့််ပစ် မချန်ထားခဲ့ရန်ဖြစ်သည်။ ကိုယ့်အမှိုက်ကို ခရီးဆောင် အိပ်အတွင်း ပလက်စတစ်အိပ်ဖြင့် လုံခြုံစွာ ထည့်ပြီး ပြန်လည်သယ်ဆောင်ရန် ဖြစ်သည်။
photo by me
ကျွန်ုပ်တို့ ပြန်သွားလျှင် စမ်းချောင်းလေးနှင့် ပတ်ဝန်းကျင်သည် သည်အတိုင်း ကျန်ခဲ့စေချင်သည်။ ကျွန်ုပ်တို့ကဲ့သို့ သဘာဝတရားကို ချစ်မြတ်နိုး ခံစားလိုသော လူသားများသည် သဘာဝအလှတရားကို ခံစားချင်လျှင် သဘာဝအတိုင်း ရှိနေသော ထိုနေရာလေးကို ရှာဖွေကာ လာရောက်ကျမည်။ ထိုအခါ ကျွန်ုပ်တို့သည် အမှိုက်များကို ပြန်လည်သိမ်းဆည်းသွားခြင်း မရှိခဲ့လျှင် နောက်လူများသည် ကျွန်ုပ်တို့အား ဆဲရေးကျမည်။ ကျိန်စာတိုက်ကျမည်။ ရှုံ့ချကျမည်။ ဘိုးဘွားများသည် စည်းကမ်းတကျ မရှိသူများ အဖြစ် မှတ်တမ်းတင်ကျပေလိမ့်မည်။ ထို့ကြောင့် အမှိုက်များကို စနစ်တကျ သိမ်းဆည်းကာ ပြန်ခဲ့ကျသည်။ စမ်းချောင်းလေး ပတ်ဝန်းကျင်ကို ခြေရာ လက်ရာမပျက် ထားခဲ့ကျသည်။ သစ်ခတ်တစ်ခတ်သော်လည်းကောင်း တောပန်းတစ်ပွင့်ကိုသော်လည်းကောင်း မခူးခဲ့။ မချိုးခဲ့ကျ။ နောက်လူများသည် ကျွန်ုပ်တို့ လာရောက် ခဲ့ကျသည်ကိုပင် သတိမထားမိလောက်အောင် စနစ်တကျ သေသပ်စွာ စမ်းချောင်းလေး၏ သဘာဝအရင်းအမြစ်များကို တန်ဖိုးထားခဲ့ကျသည်။ အပြန်ခရီးသည် အေးချမ်းစွာ သာယာစွာ စိတ်အမောပြေစွာဖြင့် ခွန်အားသစ်များမွေးနိုင်ခဲ့သည်။ လူဆိုသည်မှာလည်း စိတ်ဓာတ်ခွန်အား ဖြည့်တင်းရန် အေးချမ်းတိတ်ဆိတ်သော သဘာဝပတ်ဝန်းကျင် ခံစားရန် လိုသည် မဟုတ်ပါလား။
photo by me
@suhlaing
msc 175
Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စမ်းချောင်းလေး နဘေးရောက်သွားသလို
ခုတော့မန်းလေး နွေအပူမှာ ယပ်လေးခပ်လိုက်ဦးမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စမ်းချောင်းလေးနား လာခဲ့ပါလား ဘထွေး အမှိုက်တော့ ပစ်ရဘူးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လောက်မောလာလာ စမ်းရေအေးအေးလေးနဲ့ ထိလိုက်ရင် အမောတွေအကုန်ပျောက်သွားတာပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စမ်းရေလောက် သန့်စင်အေးချမ်းတာ မရှိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hiking လားဗျ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit