ခိုလှုံရာ ရိပ်မြုံ ( ၁ )

in myanmar •  6 years ago  (edited)

ဒေါ်ကြည်အေးတစ်ယောက် မျက်ရည်တွေတွေ စီးကျရင်း ခိုလှုံခဲ့ဖူးသော မိသားစုအိမ်လေးကို ငေးကြည့်နေမိသည်။ သစ်သားမပါ ဝါးထရံကာ ကျူ ထည်မိုး အိမ်လေးထဲတွင် မိသားစု ကျပ်တည်းစွာနေခဲ့ရသော်လည်း မိသားစု ကျောတခင်းစာ ချစရာရှိ၍ တော်သေးသည်။ မြင့်မားလှသော မြေဈေးများ အိမ်ခန်းဌားခများထဲတွင် မော်မကြည့်နိုင်အားဘဲ စားဖို့ပင် အနိုင်နိုင် ကုန်းရုန်းရှာဖွေစားနေရသည့် သူမတို့မိသားစု ဘဝ။ မိမိအပျိုဘဝတုန်းကတော့ ဖခင်သည် ဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ဝန်ထမ်းအိမ်ယာတွင် နေထိုင်ကျသည်။ ဖခင်ဆုံးတော့ အိမ်ပိုင်မရှိသည့် ဘဝတွင် အိမ်ဌားနေကျသည်။ မိမိအိမ်ထောင်ကျတော့လည်း လင်ကုန်မယား နှစ်ယောက်စလုံး ရှာဖွေခဲ့သော်လည်း အိမ်ကလေးတစ်လုံးမှ မပိုင်။ နောက်ပိုင်း အိမ်ဌားခများလည်း ဈေးမြင့်သွားသည်ကတစ်ကြောင်း အိမ်ဌားရာတွင် ၆လစာ တစ်နှစ်စာပေးရသည့် အပြင် စဘော်ပါတင်ရသောကြောင့် များလာသည့်မိသားစု ဦးရေနှင့် အိမ်ဌားနိုင်ဖို့ပင် ဝေးခဲ့သည်။

IMG_20181003_164549.png
source

သည်တော့ ကျူးကျော်ဟုခေါ်သည့် အစိုးရပိုင်မြေလွတ်များ ကုမ္ပဏီပိုင်မြေလွတ်များတွင် ကပ်ရပ်ကာ တဲအိမ်လေးတွေဆောက်ကာ နေကျသည်။ သည်က မောင်းထုတ်တော့ ဟိုပြေး ဟိုကမောင်းထုတ်တော့သည်ပြေး။ သည်လိုနှင့် နေလာလိုက်တာ တစ်နှစ်နေခွင့်ရလျှင်ပင် အိမ်လခတစ်နှစ်စာ သက်သာသည်လေ။ ယခုအိမ်လေးကတော့ဖြင့် အနေကြာပြီ ဖြစ်သလို သေသေသပ်သပ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ အစိုးရပိုင် စီမံကိန်းလုပ်ကွက်အတွင်း ဆောက်လုပ်နေထိုင်ကျခြင်းလည်း ဖြစ်သည်။ ဒေါ်ကြည်အေးတို့ မိသားစု အပြင် နောက်ထပ် မိသားစု ၇စုခန့် စုပေါင်းနေထိုင်ကျသည်။ တဲစုစုလေးဖြင့် ထိုနေရာလေးတွင် နေထိုင်ခဲ့ကျသည်မှာ ၃နှစ် သုံးမိုးပင် ပြည့်ခဲ့ပေပြီ။ အစိုးရမှ စီမံကိန်းဆောက်ရန် မြေနေရာများရှင်းလင်းခြင်းကြောင့် လက်ရှိအိမ်လေးအားဖျက်ကာ လွတ်သည့်နေရာကို ပြောင်းရွှေ့ပေးရမည် ဖြစ်လေသည်။

IMG_20181003_164820.png
source

ဒေါ်ကြည်အေးသည် ပစ္စည်းများကို အထုတ်ထဲတွင်သေချာပြန်ပြင်ထည့်ကာ မရေရာလှသည့် မိမိတို့ ဘဝရှေ့ရေးကို တွေးတောရင်မောနေလေသည်။ ဘယ်နေရာ ဘယ်ဒေသတွင် ခရီးဆက် စတည်းချရမည်ကို မသိဖြစ်နေလေသည်။ သားနှင့် ချွေးမသည်လည်း မနက်ကတည်းက နေစရာရှာဖွေရန် ထွက်သွားခဲ့လေသည်။ ယခု နေမွန်းတည့်သသည့်တိုင် ပြန်မလာသေး။ မြေးကလေး ၄ယောက်မှာလည်း ဆာလောင်နေကျပေပြီ။ မြေးမ အကြီးဆုံးကြီးမှာလည်း ကျောင်းခဏခဏပြောင်းရ၍ စိတ်ပျက်အားငယ်နေလေသည်။ ထိုစဉ် သားနှင့် ချွေးမသည် ခြေလှမ်းသုတ်သုတ်လှမ်းကာ ပြန်လာနေသည်ကိုတွေ့လိုက်ရသောကြောင့် ကလေးများမှာ ပျော်ရွှင်စွာဖြင့် ပြေးသွားကိလေသည်။ သားမျက်နှာမှာ သာသာယာယာသိပ်မရှိလှဘဲ စိတ်ရှုပ်ထွေးဟန် ပြနေလေသည်။ ချွေးမကတော့ လက်ထဲမှ မုန့်ပြားသလက်များကို ကလေးများအား ခွဲဝေကျွေးနေလေသည်။

ဆက်ရန်...
@suhlaing
msc 175

Posted using Partiko Android

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျူးကျော် ဇာတ်လမ်းလေးတွေ သဘောကျမိပါရဲ့ မန်းလေးသွားတုန်းက ရေမြောင်းဘေးလေးတွေမှာ ဆာလာအိတ်လေးတွေ အမိုးအကာလုပ်ပြီးနေတဲ့ ကျူးကျော်တွေ အများကြီး တွေ့ခဲ့တယ်

စိတ်ပျက်စရာ ဘဝတွေပါ ဦးဇင်း ဒီလူတန်းစာတွေကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်မသိ

ကျူးကျော်ပြသနာကလည်း သေးသေးမဟုတ်ဘူးနော

ဟုတ်တယ် ကစိုးရေ

Posted using Partiko Android

အဲဒီလိုဘဝအခြေအနေတွေကလည်း အရမ်းသနားစရာကောင်းလွန်းလှပါတယ်။နောက်အပိုင်းလေးကိုလည်း စိတ်ဝင်စားလှပါတယ်အစ်မ။

တချို့တွေလည်း အမှန်အကန်တစ်ချို့တွေလည်း အကြံအဖန် ခွဲခြားဖို့တော့ ခက်လှတယ်ကွယ် အားပေးတာကျေးဇူးပါ

Posted using Partiko Android

ဇာတ်လမ်းကတော့ မုန့်ပြားသလက်နဲ့စပြီ

Posted using Partiko Android

တကယ်က မုန့်ပြားသလက်ဘဲ ဝယ်နိုင်ခဲ့တာကို ပြောချင်တာပါ

Posted using Partiko Android

ကျုးကိစ္စကလဲ မလွယ်​ဘူး​နော်
ဒို့နိုင်​ငံတင်​မဟုပ်​ အ​မေရီကန်​လိုနိုင်​ငံ​တောင်
အိုးမဲ့အိမ်​မဲ့​ခြေသလုံးအိမ်​တိုင်​​တွေရှိတယ်
ဒါ​ပေမဲ့ ဒီမှာလိုလက်​ပူတိုက်​အပိုင်​မကြံဘူး
စ​နေထဲက ကိုယ်​ပိုင်​မဟုပ်​ဆိုတဲ့အသိရှိကြ​တော့ ၁၅ရက်​​လောက်
ကြိုတင်​​ကျေညာလိုက်​ရင်​ သူ့ဟာသူလွပ်​ရာ​ရွှေ့သွားကြတာ

တချို့မြေလွတ်တွေက ဝန်ထမ်းတွေရဲ့မြေတွေ ပင်စင်သွားရင်နေရအောင်ဝယ်ထားတာ ကိုယ့်မြေပြန်ရရေးရှေ့နေဌားဘာဌား

Posted using Partiko Android

သနားစရာ ဘဝအခြေအနေတွေပဲ။နေစရာ အိမ်တစ်လုံးတောင် မရှိတဲ့ဘဝဟာ အလွန်အခြေအနေဆိုးပါတယ်။

Posted using Partiko Android

တကယ့်ကို နေစရာဈေးကြီးတဲ့ မြို့ပြပါ ညီမရေ

Posted using Partiko Android

ကိုယ်ပိုင်ဇိမ်ခံကားနဲ့ ကျူးတွေလည်း ရှိတယ်😁

Posted using Partiko Android

woow မတ်တယ် ဒီမှာက ကျူးမရှိတော့ ကျူးအကြောင်းသိဘုရယ် ။

ဇိမ်ခံကားပိုင် ကျူးတွေလည်း ရှိပ😁😁

Posted using Partiko Android

အိမ်းလေ ဒါကြောင့် တစ်ချို့လို့

ကျူးကျော်တွေဆိုမုန်းစရာလို လောဘီလုပ်နေကြတာ။ တကယ်တော့ ရန်ကုန်မြှ နေစရာတစ်နေရာအတွက်ဘယ်လောက်ခက်ခဲတယ်ဆိုတာ နားလည်နိုင်သူအတော်နည်းပါတယ်

သဘာဝဘေးတွေကြောင့် မူလဇာတိမြေမှာ နေမဖြစ်တော့တဲ့အခ့ မြို့ကြီးတွေတက်ပြီး လုက်ကိုင်စားသောက်ကျတယ် အဲ့ဒီမှာ မိသားစုလိုက်လာကျတာမို့ နေစရိတ်က ကြီးတော့ ဌားမနေနိုင်ကျဘူး ဖြစ်သလို ကျူးရတော့တာဘဲ

အမှန်အကန်လိုအပ်ချို့တဲ့ရှာတဲ့ ကျူးတွေလည်းရှိတယ်နော်... ညီမတို့ဘက်မှာတော့ ကျူးဆိုတာ ဂိုဏ်းဖွဲ့ပြီး မြေတွေ အေးဓါးပြတိုက်နေတဲ့ လူစုတွေပါပဲ... သူတို့မှာ ကိုယ်ပိုင် အိမ်နဲ့ယာနဲ့ တိုက်နဲ့ကားနဲ့ ရှိပီးသားကို မြေလွတ်မြေရိုင်းတွေမှာ အုပ်စုလိုက် လာကျူးကြ ...အရှိန်ရလာရင် အကွက်ရိုက်ရောင်းစားလိုက်ကြနဲ့ပဲ...

အဲ့လိုကျတော့လည်း ကြောက်စရာကြီးနော်

Posted using Partiko Android

ရင်​​မောစရာပါ...ရှိတဲ့သူဆိုလည်းအိမ်​​တွေအများကြီး...မရှိတဲ့သူကျ​တော့​ကျောတခင်းစာရှာမ​တွေ့ဘူး....

Posted using Partiko Android