ဒီနေ့ စာရေးဖို့ အကြောင်းအရာလေးတွေ စဉ်းစားကြည့်တော့ ရေးနေကြပုံစံတွေက ဖတ်ရတဲ့သူတွေ ငြီးငွေ့နေကြမလားလို့ တွေးမိတယ်..။ ဒါကြောင့် မေးခွန်းလေးတွေ မေးကြည့်ချင်လာတယ်ဆိုပါတော့...။ ခါတိုင်းဆောင်းပါဆန်ဆန်ပို့စ်တွေလိုတော့ message တစ်ခုခု ပေးနိုင်မှာမဟုတ်ပေမယ့် …အပြောင်းအလဲလေးဖြစ်သွားအောင်ရယ်… မေးခွန်းလေးတွေ အပြန်အလှန်ဖြေပေးကြရင်း တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိလာနိုင်အောင်ရယ်ပေါ့…ဟိုးအရင် website တွေပေါ်ကစကတော့ စာဖတ်သူဆိုတာ စာဖတ်ရုံသက်သက်ပဲ လုပ်လို့ရတယ်မဟုတ်လား..။ ကွန်မန့်တွေရေးလို့မရခဲ့ဘူး ...တစ်နည်းပြောရရင် ပရိတ်သတ် ပါဝင်ပတ်သတ်နိုင်မှု တော်တော် နည်းခဲ့တယ်ပေါ့ရှင်..။ အဲ့ဒီ့ကနေမှတစ်ဆင့် ဖိုရမ်လေးတွေ ထောင်လာကြတယ်... ဖိုရမ်လေးထဲမှာ ကိုယ့်အကောင့်လေးနဲ့ကိုယ် ၊ အားသန်ရာ ပညာရပ် အတွေးအခေါ် စတာတွေ မျှဝေလာကြတယ်မဟုတ်လား...။ သူများတွေ တင်ထားတဲ့ ပို့စ်လေးတွေမှာလည်း မေးခွန်းလေးတွေ ၀င်မေးနိုင်တယ်၊ထင်မြင်ချက်လေးတွေ ပေးလာနိုင်တယ် ဆိုတော့ ဖိုရမ်ခေတ်ကလည်း တော်တော်လေး အပြောင်းအလဲဖြစ်စေခဲ့ပါတယ်..။
နောက်တော့ ဒီ့ထက် ခေတ်မီလာတဲ့အခါမှာ social network တွေပေါ်လာပြန်တော့ ကိုယ့်အကောင့်မှာ ကိုယ်ကြိုက်တာရေး ၊ ဗီဒီယိုတင်မလား ၊ သီချင်းတင်မလား ကြိုက်သလို လုပ်လာနိုင်ကြပြန်ရော...။ ဒါကြောင့် မယ်ဂျစ်တစ်ခု စဉ်းစားမိတာ လူဆိုသည်မှာ ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်ရတဲ့ အလုပ်ဆိုရင် ပိုပြီး စိတ်ဝင်စားတယ်... ကိုယ့်အကြောင်းကို ကိုယ်ပိုစိတ်ဝင်စားတတ်တာ သဘာဝမို့ ဒီလို စာဖတ်သူတွေပါ ပါဝင်တွေးတောဖြေဆိုလို့ အဆင်ပြေမယ့် ပို့စ်လေးတစ်ခု လုပ်ရင်ကောင်းမယ်ဆိုပီး အတွေးရခဲ့ပါတယ်...။ နိဒါန်းပျိုးနေတာနဲ့ လိုရင်းကို မရောက်တော့ဘူး...။ မယ်ဂျစ်ဆိုသည်မှာ အရပ်သာ ပုတာလေ အရစ်ကတော့အလွန်ရှည်တဲ့အမျိုးအစားမှတ်လားးး။
ကဲကဲ မေးခွန်းလေးတွေ စမေးပါတော့မယ်...။ အဖြေလေးတွေ ပေါ်မူတည်ပြီး စာဖတ်သူဟာ စိတ်ကူးယဉ် ဆန်သူလား ၊ လက်တွေ့ကျတဲ့သူလား စမ်းစစ်ကြည့်တာပေါ့နော..။ အပျော်ပေါ့ရှင်..။
မေးခွန်းနံပါတ် (၁)
အကယ်၍ သင်သည် အာကာသယဉ်မှူးတစ်ယောက်ဖြစ်ခဲ့ရင် အာကာသထဲက ကမ္ဘာမဟုတ်တဲ့ ဘယ်ဂြိုလ်ကို အရင်ဆုံး သွားချင်ပါသလဲ...။တစ်ခုရွေးပေးပါနော်...။
အင်္ဂါဂြိုလ် ၊ လ ၊ ဂျူပီတာ ၊ ဗီးနပ်စ် ၊ စေတန် ။
မေးခွန်းနံပါတ် (၂)
အကယ်၍ သင်ဟာ ခြေလေးချောင်းသတ္တ၀ါထဲက အကောင်တစ်ကောင်ကောင်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အကောင်ဖြစ်ချင်ပါသလဲ...။ ရိုင်းသွားရင် အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါနော်...။
ဆင်၊ မြင်း ၊ နွား ၊ တောင်ဆိတ် ၊ ကြံ့ ။
မေးခွန်းနံပါတ် (၃)
အကယ်၍ သင်ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်အိုကြီးထဲကို အဖော်တစ်ယောက်နဲ့ အတူသွားရမယ်ဆိုရင် ဘယ်သူ့ကို ခေါ်သွားမလဲ...။
အမေ ၊ အဖေ ၊ သူငယ်ချင်း ၊ ချစ်သူ ၊ ညီအစ်ကို မောင်နှမထဲက တစ်ယောက်ယောက် ။
မေးခွန်းနံပါတ် (၄)
သင်သည် တောင်းတန်းတွေနဲ့ ပင်လယ်တွေ ဘယ်အရာကို ပိုချစ်ပါသလဲ .... ဘယ်နေရာတွေ ခရီးထွက်ဖို့ ပိုအားသန်ပါသလဲ...။
တောင်တန်း ၊ ပင်လယ် ။
မေးခွန်းနံပါတ် (၅)
သင်အားလပ်ချိန်ကို ဘယ်လို ကုန်ဆုံးချင်ပါသလဲ...။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက် ၊ သက်သောင့်သက်သာ လှဲရင်းသီချင်းနားထောင် ၊ movie ကြည့် ၊ မုန့်စား ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည် ။
ဒီမေးခွန်းလေးတွေကို အပျော်သဘောနဲ့ အတည် ဖြေပေးကြပါဦးလို့ ...။
💓💓💓💓💓💓💓💓
@suhtetaung
MSC-264
လ ဆင် သူငယ်ချင်း တောင်တန်း
ယခင်က စာအုပ်ဖတ်ရင်း ကော်ဖီသောက် ခုတော့ steemit သုံးရင်းပေါ့
ဗေဒင်ဆရာမလေးရေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဒါဆို result အရပြောရရင် လက်တွေ့ကျတဲ့ ခံယူချက်ရှိတယ်။ ဒါပေမယ့် သံယောဇဉ်ကြီးတတ်လွန်းတဲ့အတွက် တခါတရံ အခက်ကြုံရတတ်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငှင့်......ဖြေရမှာလဲ အမျာကြီး
မဖြေရင် ရဘူးလား ဟင်? အဟီးးးးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် မဖြေလည်းရပါတယ်လို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လ
မြင်း
သူငယ်ချင်း
တောင်တန်း
Movies ကြည့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😁....ဖြေလိုက်ပြီ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီဇာတာရှင်ကတော့ လက်တွေ့ဆန်တယ် စိတ်မြန်လက်မြန်ရှိတယ်။ အချိန်ဆွဲတာတွေကို မုန်းတတ်တယ်။ ခိခိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗီးနပ်စ်
တောင်ဆိတ်
သူငယ်ချင်း
တောင်တန်း ပင်လယ်ကတော့
တကယ် ရွေးမရဘူး။
ချန်ခဲ့လို့လည်း မရဘူး။ မသွားနဲ့ဆို မသွားဘူး။ သွားရင်တော့ ၂ ခုလုံးသွားမှာ။ တောင်တန်းဒေသမှာ နေတဲ့ ကိုယ့်အတွက် တောင်တန်းကြီးကို ထာဝရချစ်သလို ပင်လယ်ဟာလည်း ကိုယ့်စိတ်ပျော်ရာ ဖြစ်နေခဲ့တယ်။ ၂ ခုလုံး ရွေးခွင့် ပြုပါ။ မရရင်လည်း မရွေးပါ။ ကျော်လိုက်ပါ။
သိပ်ဖတ်ချင်နေတဲ့ ဒါမှမဟုတ် ပြန်ဖတ်ချင်နေတဲ့ စာအုပ်တအုပ်နဲ့ coffee တခွက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အခက်အခဲတွေကို ကျော်ဖြတ်ရတာကြိုက်မယ်။ Flexible person လို့ပြောလို့ရအောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတတ်ပေမယ့် တစ်ခါတလေ အတွေးခေါင်လွန်းနေတတ်ပြန်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လ
၁.နွား
၂.သူငယ်ချင်း
၃.ပင်လယ်
၎.သက်တောင့်သက်သာလှဲရင်း သီချင်းနားထောင် movieကြည့်
ပြောပြဘာ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းရတာကြိုက်တယ်။ ပျော်ပျော်နေတတ်တယ်။ ဟော၂ဒိုင်းဒိုင်းသမားမို့ ပွင့်ပွင့်လင်းလင်းမရှိတဲ့ အုံ့ပုန်းတွေနဲ့ ဆိုရင် သိပ်အဆင်မပြေချင်ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ်လဲ့ ဟုတ်နေရော😍😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိ အပျော်ပေါ့ မမရယ် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၁ ။ အင်္ဂါဂြိုလ် ( အခြားဂြိုလ်များထက် လူနေထိုင်နိုင်ရန် နီးစပ်သောကြောင့် စိတ်ဝင်စားသည်။ )
၂ ။ ဆင်တကောင် ဖြစ်ချင်ပါသည်။ ( elephant syndrome ဟူသော အကြောင်းအားစိတ်ဝင်စားသောကြောင့် )
၃။ ချစ်သူနှင့် သွားပါမည်။ ( သူကြောက်လျင် လည်း ကိုယ့်ကို ဖက်ထားမည် ၊ ကိုယ်ကြောက်လျင်လည်း သူ့အား ဖက်ထားလို့ရပါသည်။ )
၎။ ပင်လယ် ( အဘယ်ကြောင့်မှန်းမသိ ပင်လယ်ကို ပို သဘောကျပါသည်။ ငယ်ငယ်ကတည်းက မြစ်ကမ်း ဘေးနား နေခဲ့ရ၍ုဖြစ်ဟန်တူပါသည်။ )
၅ ။ စာအုပ်သာ ဖတ်ပါမည် ကော်ဖီတော့ မကြိုက်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမနဲ့ ၁ ၂ ၃ တူတယ်။စိတ်ကူးယဉ်ဖို့ထက် လက်တွေ့ကျကျဘဝကိုဖြတ်သန်းတယ်။ ဟာသဥာဏ် ရှိတယ်။ စိတ်မာပြီဆိုရင်လည်း ဘယ်သူမှလိုက်မမီသလို တခါတလေ စိတ်ဓါတ်ကျပြီဆိုရင်လဲည်း အလဲအကွဲဖြစ်တတ်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
( ၁ ) လ
( ၂ ဆင်
( ၃ )အဖေ
( ၄ )တောင်တန်း
( ၅ )သီချင်းနားထောင် ပြီး ကော်ဖီသောက်သည် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း ဒီဇာတာရှင်က ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်ပေမယ့် အချစ်ရေးမယ်တော့ စိတ်ကူးယဉ်ဆန်သား။ အယ်လယ့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြေချင်တဲ့ အဖြေတွေက မပါဘူးပဲ ဒီတော့ ဖြေတော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် လျှို့ဝှက်သော နှင်း တွေလို ပေါ့နော ။ အယ်လယ် :P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေတန်
ဆင်
ချစ်သူ
တောင်တန်း
movieကြည့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရွေးထားတဲ့ result အရ တာဝန်ယူတတ်မယ် နွေးထွေးတဲ့ စတိုင်ရှိပေမယ့် ဒေါသကြီးတတ်တာကြောင့် ဆုံးဖြတ်ချက်တွေ မမှားအောင်သတိထားရတတ်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မေးပါများစကားရတဲ့မေးသာမေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အပျော်သဘောနဲ့ တခါတလေ အပြောင်းအလဲလေးဖြစ်သွားအောင်လို့လေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိတော့ဘူးဗျာ ဖြေပြီ 😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဖြေဘဲနဲ့.... ဆိုးသူပဲ 😄😄
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၁ အတွက် လကိုပဲသွားချင်တယ် ကျနော်ငယ်ငယ်က လကိုကြည့်ပီး ငိုနေဖူးတယ် လကိုစိတ်ဝင်စားတယ်။
၂ အတွက်ကတော့ မြင်းတကောင်ဖြစ်ချင်တာပေါ့ ကိုယ်ပြေးလွှားလိုရာကို အရှိန်အဟုန်နဲ့ ပြေးသွားနိုင်တာကို သဘောကျတယ်။
၃ အတွက်ကတော့ အန္တရယ်ရှိတယ် ကြောက်စရာကောင်းတယ်ထင်တဲ့နေရာကို ဘယ်သူ့ကိုမှ ခေါ်မသွားချင်ပါဘူး ကိုယ်တယောက်ထဲရင်ဆိုင်မယ် အတူပါလာသူကို ဒုက္ခမပေးချင်ဘူး။
၎ အတွက်ကတော့တောင်တန်းကြီးတွေကို သဘောကြတယ် သူတို့တွေဟာ ကြီးမားတဲ့အင်အားကို ပေးတယ်လို့ ယုံကြည်တယ်။
၅ အတွက်ကတော့အားလပ်ချိန်ရရင် စာအုပ်ဖတ်တယ် သီချင်းနားထောင်တယ် ကော်ဖီမကြိုက်ဖူး လဖက်သုပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ဆို ပြည့်စုံပီပေါ့ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဘာကြောင့် ဘာကိုရွေးရတယ်ဆိုတာပါ ဖော်ပြထားတော့ ခန့်မှန်းရတာ အဆင်ပြေတယ်..။ မသိဘူး ရွှီးမယ်နော်...။ စိတ်ကူးစိတ်သန်း သိပ်ကောင်းပေမယ့် ကိုယ့်စိတ်ကူးကို ပြီးဆုံးအောင် အကောင်ထည်ဖော်ဖို့ စိတ်မရှည်ပြန်ဘူး...။ ဒါပေမယ့်လည်း မိသားစုအတွက်တော့ အားထားရတဲ့လူတစ်ယောက် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟား ဒီပညာကိုတော့ သဘောကျသွားပီ 90% မှန်နေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Psycho မေးခွန်းတွေလိုပဲလေ အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit