###အချိန်တွေ ပိုထွက်လာစေတဲ့ နည်းလမ်းများ ⏰ ⏰ ⏰
💡 ခုခေတ်က အလုပ်အင်မတန်များတဲ့ ခေတ်ပါ။ စားဝတ်နေရေး၊ မိသားစုအရေး၊ လူမှုရေး စသဖြင့် အရေးပေါင်းစုံကြားမှာ ရုန်းကန်လှုပ်ရှား နေကြရပါတယ်။
💡 အချိန်ကို အကျိုးရှိရှိနဲ့ စီမံခန့်ခွဲတတ်ဖို လိုသလို အချိန်တွေ ပိုထွက်လာအောင် လုပ်တတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် အချိန်တွေ ပိုထွက်လာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
🌟 စောစောထပါ။
မနက်ပိုင်းမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် စောပြီး နိုးထခြင်းကလည်း တစ်နေကုန် အလျင်စလိုလုပ်ရမယ့် အလုပ်တွေကို တော်တော်များများ လျှော့ချ ပေးပါလိမ့်မယ်။ အလျင်လိုစရာ မရှိရင် အချိန်ဆိုတာ ပိုပြီး ရှည်တယ်လို့ ထင်ရပါလိမ့်မယ်။
🌟 သပ်သပ်ရပ်ရပ် စနစ်တကျ နေထိုင်ပါ။
ပစ္စည်းတွေကို ရှာနေရတာ၊ ပျောက်နေတဲ့ စာရွက်စာတမ်းတွေကို ရှာရတာ စတာတွေဟာ မလိုအပ်ပဲ အချိန်ကုန်သလို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ပစ္စည်းတွေကို သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် ထားတတ်တာက အပိုအလုပ်တွေလုပ်ရမယ့် အချိန်တော်တော်များများကို သက်သာစေပါတယ်။
🌟 မကြာခဏ အနားယူပါ။
"ရှေ့တိုးမယ့် ဆင် နောက်တစ်လှမ်းဆုတ်" ဆိုသလိုပါပဲ။စိတ်ရော ခန္ဓာကိုယ်ရော အနားယူပြီးမှ အလုပ်တွေ ပြန်လုပ်တာဟာ သာမန်ဆက်တိုက် လုပ်နေတာထက် စွမ်းဆောင်ရည် ပိုမြင့်တယ် ဆိုတာကို သင်အံ့သြစွာ တွေ့ရမှာပါ။
🌟 အာရုံ စုစည်းပါ။
" စိတ်ညစ်နေတဲ့အချိန်၊ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ ဆုံးဖြတ်ချက် မချပါနဲ့ " ဆိုတဲ့ စကားရှိပါတယ်။ တစ်နေ့တာမှာ ခက်ခက်ခဲခဲ ဆုံးဖြတ်ရမှာတွေ ကြုံလာတိုင်း မျက်လုံးလေး မှိတ်၊ စိတ်ကို
တည်ငြိမ်အောင်ထားပြီး အေးအေးဆေးဆေး ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်အမှားတွေအတွက် ပူပင်ရမယ့်အချိန်တွေ နဲ့ ဖြေရှင်းရမယ့်အချိန်တွေကို လျှော့ချပေးပါလိမ့်မယ်။
🌟 ဦးစားပေးလုပ်ရမယ့် အစီအစဉ် ရေးဆွဲပါ။
အရေးကြီးပါတယ်။ သင့်ဘ၀တစ်ခုလုံး အတွက်ရော၊ နေ့စဉ် အချိန်တွေအတွက်ရော ဘာပြီးဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားပြီး အရေးကြီးတာတွေကို ရွေးချယ်နိုင်ခြင်းဖြင့် တွေဝေချိန်တွေကို လျှော့ချပြီး လူကို လန်းဆန်းစေနိုင်ပါတယ်။ အလုပ်ကို
ပိုမိုစွမ်းအားပြည့်ဝစွာ လုပ်ဆောင်နိုင်ပြီး အချိန်ပိုတွေ ထွက် ထွက်လာမှာပါ။
🌟 ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားပါ။
အလုပ်ပုံတွေကြားထဲက ထွက်ပြီး ဘ၀ကပေးထားတဲ့ လက်ဆောင်တွေကို ခံစားကြည့်ပါ။ ပြီးတော့ အညောင်းအညာပြေ လေ့ကျင့်ခန်းလေး လုပ်ပါ။ ဘ၀မှာ မကျန်းမာရင် ကိုယ့်အတွက် အလုပ်လုပ်စရာ အချိန်နည်းသွားတတ်ပါတယ်။
A nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit