တစ်ခါခါလဲ ကိုယ့်ရဲ့စေတနာကိုဒေါသထွက်မိတယ် တစ်ချို့အရာတွေကမြင်နေရင်တောင်မျက်စိမှိတ်လိုက်တာကပိုကောင်းတယ် အဲလိုပြောရင်းလွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကသဘောင်္မှာ ဆီကန်ဆေးရင်းသူငယ်ချင်းတစ်ယောက်အောက်ဆီဂျင်ပြတ်ပြီးမေ့သလိုဖြစ်သွားတာ ကုန်းချုပ်မြန်မာပါပဲလှမ်းအော်တာနဲ့ ကိုယ့်ကအဲဆီကန်ထဲက ဘာမှမပါပဲဆင်းသွားတာ အောက်ရောက်အဲလူကို ကုန်းပိုးပြီးအပေါ်ထမ်းတင်တာ အပေါ်ရောက်မှ တစ်ခါလူတွေထွက်လာပီအောက်ဆီဂျင်ပေးမှ သူငယ်ချင်းကပြန်သတိရတယ်ကုန်းချုပ်ပြောတာတော့သူအော်ခေါ်တဲ့အချိန်ကိုယ်ကြောက်ပြီးမဆင်းလာရင်အဲသူငယ်ချင်းသေလောက်တယ်တဲ့ ညရောက်တော့ ကုန်း ၂ ကအော်ပါလေရော်ကိုယ့်ကို မင်းဆင်းသွားတာမင်းအတွက်ဘာ Safety ဘာဖြစ်လဲပေါ့ တစ်ခုခုဆိုမင်းပါသေမှာတဲ့ သူများကိုကယ်ချင်ရင်ကိုယ့်ကိုအရင် Safety ဖြစ်အောင်လုပ်ကိုယ့်ဘက်က perfect ဖြစ်မှသူများကိုကယ်ရတယ်တဲ့ ကိုယ့်ဘက်ကဘယ်လောက်စေတနာနဲ့လုပ်ချင်ချင်အခြေအနေအချိန်အခါမပေးရင်လုပ်လို့မရဘူး ကျွန်တော်စိတ်ကလဲမရဘူး ကိုယ့်အဆင်ပြေရင် အကုန်လုံးမဟုတ်တောင်ကိုယ့်နားကလူတွေကိုလဲအဆင်ပြေချင်တဲ့စိတ်ဖြစ်မိတယ် အဲတော့တစ်ခါခါအမြင်မတော်တာတွေဆိုလဲပြောမိတယ် အမေနဲ့မိန်းမဆိုခဏခဏပြောတယ် နင်အပူလားနင်နဲ့ဆိုင်လား မရဘူးဘယ်လောက်ပြောပြောစိတ်ကကိုမရတာ တစ်ခါတောင်မိန်းမနဲ့တော်တော်စကားများတယ် အလုပ်တစ်ခုကိုပြောပြရင်လဲ ကျွန်တော်မသိတဲ့အလုပ်ကျွန်တော်နားမလည်တဲ့အလုပ်ဆိုမပြောဘူး ကိုယ်စမ်းလုပ်ကြည့်တယ်အဆင်ပြေတယ်ဆိုမှပြောပြတာ တစ်ခါခါကိုယ်စမ်းလိုက်တာက ရှုံးသွားတာတွေဆိုကိုယ့်စရိတ်ကိုယ်ခံပဲ တစ်ခါခါ အဲအလုပ်ကိုသိချင်လို့ ငွေ အချိန်အကုန်ခံပြီးယူရတာ မလွယ်ကူးပါဘူး တစ်ခါခါစေတနာက အသပြာလောက်တန်ဘိုးမထားကြတော့လဲ စေတနာနဲ့ပေးတဲ့လူမှာခံစားရတယ် လုပ်တဲ့အလုပ်တိုင်အောင်မြင်နေရင်သူဌေးဖြစ်တာကြာပြီးပေါ့ဗျာ ဘယ်အလုပ်မဆို Riskကတော့ရှိမယ် အချိန်ကာလတစ်ခုတော့စောင့်ရမှာပေါ့ တစ်ခါခါလောကကြီးက ကိုယ်တွေထင်သလောက်မလွယ်ဘူး ကိုယ့်နဲ့သိတဲ့လူတွေအလုပ်အဆင်ပြေလားဘာတွေလုပ်နေလဲဆို ကိုယ့်လုပ်နေတာလေးတွေပြောပြတယ် Risk ရှိလဲရှိတာလေးတွေပါပြောပြတယ် တစ်ကယ်လဲကိုယ့်အဆင်ပြေတာကိုဒါပင်မဲ့သူတို့လုပ်တဲ့အချိန် တစ်ခုခုဆုံးရှုံးမှာကို ကိုယ့်ဆုံးရှုံးမှာထပ်ပိုကြောက်တယ် ကြာတော့အဲ သောကတွေကခေါင်းထဲရောက်တော့အလုပ်လုပ်လဲစိတ်မပါတာတွေဖြစ်ရော် အမှန်ကမနေတတ်တာ တစ်ခါတုန်းကစင်တန်းဆရာက ဘာပြောလဲဆိုတော့ ဒီအလုပ်ပဲသူလဲဒါလုပ်တယ်ကိုယ်လဲဒါလုပ်တယ် ဒါပင်မဲ့ကိုယ်လုပ်တာကရှုံးတယ်သူလုပ်တာကမြတ်တယ် ဘာကွာလဲဆိုတော့အလုပ်တူပင်မဲ့အချိန်ကွာတယ်တဲ့ နောက်ကိုယ့်စိတ်ပေါ့နော်ဘယ်အချိန်မှာဘယ်ပစ္စည်းကိုဘယ်လိုရောင်းရမလဲဆိုတာသိနေရမယ် အဲဒါမှကိုယ်အတွက်အဆင်ပြေတာ အခုတော့လောကကြီးအကြောင်းတော်တော်သိသွားပြီ ကျွန်တော်မပြည့်တဲ့အိုးပါ ဘောင်ဘင်မခတ်တော့ပါဘူး
စေတနာ
7 years ago by tayzarlwin (25)