တစ်ခါခါကျွန်တော်တွေဟာကိုယ့်ပတ်ဝန်းကျင်ကလူတွေကောင်းဖို့ရင်နာနာနဲကပြောရတဲ့ဟာတွေရှိတယ် ကိုယ့်ညီဝမ်းကွဲတွေရှိမယ် သူတို့ဘဝလေးအဆင်ပြေကောင်းဖို့ တစ်ခါခါနာတတ်အောင်အမုန်းခံပြောရတယ် သူတို့ကောင်းရင်ဘယ်သူအတွက်လဲသူတို့အတွက်ပဲဖြစ်မှာလေ ကိုယ်တွေကတော့အမုန်းခံရတယ် ခံမယ်အဲအမုန်းကိုအဓိကသူတို့ကောင်းရင်ပြီးပြီးဘာလို့လဲဆိုတော့ကိုယ့်အနီးဆုံးကလူတွေအဆင်မပြေရင်ကိုယ်တွေလဲမနေတတ်ဘူး စိတ်ထားကောင်းကောင်းထားတယ် အဲလိုထားတဲ့အတွက်လဲကိုယ့်ကိုပြန်ကူညီမဲ့လူတွေပေါ်လာတယ် ဒါပင်မဲ့လူဆိုတာကိုယ့်ကိုမပြုပြင်သ၍ဘယ်သူမှပြုပြင်ပေးလို့မရဘူး ဘုရားသခင်လမ်းမှန်ပို့တဲ့တစ်နေ့တော့သိလာမှာပါ ပြောတဲ့နေရာမှာလဲ လူတစ်ယောက်ကကိုယ့်ကိုလာပြောမယ်ဆိုကောင်းစေချင်လို့ပြောတာလားဆိုးစေချင်လို့ပြောတာလာဆိုတာကိုယ်တိုင်ခွဲခြားနိုင်ရမယ် ဒါကကိုယ့်ရဲ့ပင်ကိုအသိဥာဏ်နဲ့ပြောရတာ တစ်ကယ်တော့ပြောတဲ့လူကလဲကောင်းစေချင်လို့ပြောပင်မဲ့သူများလဲမကောင်းတဲ့အချက်ကိုကိုယ်တိုင်ပြင်ပြီးမှာပြောလို့ရမှာ ကိုယ်တိုင်ကဆေးလိုက်သောက်ပြီ ကိုယ့်ညီတွေကိုဆေးလိုက်မသောက်ရဘူးလို့ပြောလို့မရဘူး ကိုယ်တိုင်ကသူကိုဆုံးမနေပြီးပါးစပ်ကအရက်နံထွက်နေပြီးဆုံးမလို့မရဘူး အဲတော့သူကိုပြင်စေချင်တဲ့အရာတွေကိုကိုယ်တိုင်အရင်ဆုံးပြင်ပြီးမှပြောလို့ရတဲ့အတွက်အဲပြောတဲ့လူကလဲတော်တော်ကြိုးစားခဲ့တဲ့အတွက်အကောင်းအဆိုးအကျိုးအကောင်းကိုသိနေတယ် တစ်ခါခါကိုယ့်ညီမတွေတူမတွေဆိုနင်တို့နော် ဘာသင်တန်းတက် သူလိုတွေတက်ထားနောင်တစ်ချိန်ဒါတွေကနင်တို့လိုလာလိမ့်မယ် ဘာလို့လဲဆိုတော့ကိုယ်တွေကဒီလောဘထဲနေနေတာမြင်နေရတွေ့နေရတယ် အလုပ်အတွက်လိုအပ်တဲ့အရာတွေမရှိပဲ အေးဆေးနေရင်နောင်တစ်ချိန်အဲအကျိုးဆက်ကကိုယ်ပဲခံရမှာ အဲတော့ပြောတဲ့လူကပြောတယ်ဆိုတာအမုန်းခံပြောရတာတော်တော်ဆိုးတယ် တစ်ခါတလေ ရွှဲ့တာတောင်ခံရသေးတယ် တစ်နေ့နေ့တော့နားလည်လာမှာပါ ဘုရားသခင်ဆီမှာလဲဆုတောင်းတယ်ကိုယ့်ဘဝမှာဘာမှမပေးဆပ်ခဲ့ရင်တောင် လူတွေအပေါ်ထားခဲ့တဲ့စေတနာတစ်ခုကြောင့်တူသော်အကျိုးပေးပါဒုက္ခရောက်ခဲ့ရင်ကူညီပေးမဲ့လူတွေနဲ့တွေ့ပါစေလို့အမြဲဆုတောင်းတယ် အမှန်တရားကနားခါးတယ် တစ်ခါကအဖေကမင်းကမှန်လို့ပြောပင်မဲ့ခံရတဲ့လူကအောင့်သက်သက်နဲ့တဲ့ တစ်ကယ်တော့ကိုယ်တိုင်လဲခံစားရပါတယ် နောက်ပိုင်းတော့ဆင်ခြေပါတော့မယ်
Life
7 years ago by tayzarlwin (25)
Congratulations @tayzarlwin! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit