Drawing Myanmar Map with people

in myanmar •  7 years ago 

image
Image Credit Telenor Facebook page

မင်္ဂလာပါ ခင်မျာ

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တယ်လီနောမှ ဦးဆောင်ကျင်းပသော လူအများဖြင့် မြန်မာနိုင်ငံမြေပုံဖော်၍ ကမ္ဘာ စံချိန်တင်ရန် ပြိုင်ပွဲဝင်ပွဲကြီးကို 2018 Feb 12, ပြည်ထောင်စုနေ့တွေ ကျင်းပခဲ့သည်။
image
မနက် ၆နာရီခွဲ (တချို့ ၄နာရီခွဲလောက်)ကတည်းကထပြီး မြန်မာပြည်မြေပုံ ပုံဖော်ရန် ကားများ ဆိုင်ကယ်များဖြင့် အသီးသီးလာကြသည်။ မြေပုံ ပုံဖော်မည့်နေရာကတော့ ခရိုင်အားကစားကွင်း၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီးတွင်ပဲ ဖြစ်ပါသည်။ တက်ကြွသောခြေလှမ်းများဖြင့် အသီးသီးလာခဲ့ကြသည်။
image
ခရိုင်အားကစားကွင်းသို့ ရောက်ရှိသည်နှင့် စည်းကမ်းရှိစွာ တန်းစီရပါသည်။ အဖွဲ့များခွဲမည်ဖြစ်သောကြောင့်ဖြစ်သည်။ အဖွဲ့တဖွဲ့ကို အယောက်၅၀ခန့် ပါရှိပါသည်။ အဖွဲ့ခွဲပီးသည်နှင့် Telenor ဝတ်စုံလှလှလေးကို ဝတ်ဆင်ရပါသည်။ မိမိအရွယ်နှင့် ကိုက်ညီမည့် Sizeကို ရွေးဝတ်ရသည်။ ပီးလျှင် ကွင်းအတွင်းသို့ တဦးချင်း ဝင်ရသည်။ 100plus အချို ရည်၊ အသားညှပ်မုန့်၊ ရေသန့်ဗူးများ အသီသီးရရှိပါသည်။ (ဗိုက်အတော်ဆာနေလို့လားမသိ မုန့်က အတော်လေးကောင်း၏။)
image
ကိုယ့်အဖွဲ့နဲ့ကိုယ် Group numberခွဲထားသည်။ (ကျနော်ကတော့ Group 56ပါ) သူ့အဖွဲ့နဲ့သူ စည်းကမ်းရှိရှိ ဝင်ရသည်။ Telenor Myanmar မှ ဝန်ထမ်းများအား Trainingပေးထားပုံရသည်။ အစီစဉ်တကျ လုပ်ဆောင်သွားတာ လေးစားစရာအလွန်ကောင်းသည်။ မြန်မာပြည်မြေပုံ ပုံဖော်ခြင်းတမျိုးတည်းမဟုတ်ပဲ အဆိုတော်များစွာ ပါဝင်သည့် Show ပွဲလဲပါဝင်ပါသေးသည်။ Telenor myanmar မှ အတော်လေးပင် ကုန်ကျခံ၍ ပွဲဖြစ်မြောက်အောင် အစီစဉ်တကျ ဆောင်ရွက်ထားသည်။

စည်းလုံးမှုကိုပြသည့် ဒီပွဲတွင် လူပေါင်းများစွာ ပါဝင်လှုပ်ရှားလျက်ရှိသည်။ ပွဲကိုလည်း Live ကြည့်ရန် Telenor page တွင် တိုက်ရိုက် ထုတ်လွှင့်ပေးလျက်ရှိသည်။ မြန်မာပြည်မြေပုံကို ပုံဖော်သည့်လူများအားလုံး Telenor Myanmar အင်္ကျီဝတ်ဆင်ထားကြသည်။ အင်္ကျီဟာ ပေါပေါပဲပဲ အပေါစားမျိုးမဟုတ်ပဲ ထူထူထည်ထည် အကောင်းစားဖြစ်သည်။

Presenterမှ အချက်ပေးလိုက်သည်နှင့် အားလုံးပဲ ၆မိနစ်ခန့် တိတ်ဆိတ် ငြိမ်သက်စွာ သတိအနေးထား နေကြသည်။ Drone Camera ဖြင့် ဂရင်းနစ်စံချိန်ဝင်နိုင်ရန် မှတ်တမ်းတင်ခြင်းဖြစ်သည်။ ပွဲအစီစဉ်ကောင်းမွန်မှုကြောင့်လည်းကောင်း၊ စနစ်တကျ ဆောင်ရွက်ထားရှိခြင်းကြောင့်လည်းကောင်း၊ အဖွဲ့ဝင်များအားလုံးရဲ့ညီညွတ်မှုကြောင့်လည်းကောင်း ရန်ဖြစ်တာမျိုး မငြိမ်မသက်ဖြစ်တာမျိုး လုံးဝမရှိပဲ အားလုံးပဲ စည်းလုံးညီညွတ်စွာ ပါဝင်လှုပ်ရှားကြသည်ကို တွေ့မြင်ရသည်မှာ အင်မတန် ဝမ်းမြောက်ဂုဏ်ယူစရာကောင်းလှသည်။

မကွေးတိုင်းရဲ့ စည်းလုံးညီညွတ်မှုကိုပြသည့် ပွဲလေးဆိုရင်လည်း မမှားပါဘူး။ လူဦးရေ သုံးထောင်ခန့်(၃၀၀၀)ဖြင့် ပုံဖော်ထားသည့် မြန်မာနိုင်ငံတော် မြေပုံကြီးမှာ အလွန်ပင်လှပလျက်ရှိသည်။ အားလုံးရဲ့ ကြိုးစားမှု ရလဒ်အဖြစ် ဂရင်းနစ်စံချိန်မှတ်တမ်း ဝင်နိုင်ပါစေဟု ...နိဂုံးချုပ်လိုက်ရပါသည်။

Author by Thant Zin Oo(magway)
MSC-184

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မကွေးသူ မကွေးသားများကို ဂုဏ်ယူပါတယ် ဗျာ ။👍

ကျေးဇူးပါခင်မျ

ဂုဏ်ယူပါတယ်ဗျာ

Thanks you bro

ဂုဏ်ယူပါတယ်ခင်ဗျာ။

ဟုတ် ကျေးဇူးပါခင်မျာ

မှတ်တမ်းဝင်နိုင်ပါစေဗျာ

ကျေးဇူးပါ

ပုံအကြီးကြီးထည့်ပေးထားရင် ပိုကောင်းမှာဗျ။

ဟုတ်ကဲ့ပါ ကိုထွေး

ဂုဏ်ယူပါတယ်ဗျား

ကျေးဇူးပါ

ဂုဏ်​ယူမိပါတယ်​အစ်​ကို​ရေ

ဟုတ်ကဲ့ပါ အစ်ကိုရေ

မသိလိုက်ဖူးဘဒိုရေ
ပုံဖော်တာ ဆိုတော့စိတ်ဝင်စားတယ် လိုက်ရှာကြည့်ဦးမယ် ဘဒိုရေ

ဟုတ်
ကြည့်ကြည့် bro

နဘေးနားမှာ မြေပုံပုံစံ ဘောင်ခတ်ထားတာလား အဲထဲမှာလူတွေရပ်နေတာပေါ့

ဟုတ်ပါတယ် အစ်ကိုရေ...

ပုံ​ဖော်​ထားတာရမ်းမိုက်​တယ်

ဟုတ်တယ် ညီ

စံချိန်တင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ဗျာ။စည်းလုံးညီညာအောင်ကြောင်းဖြာနိုင်ကြပါစေ။

ဟုတ် ကိုမိုးဇော်
ကျေးဇူးပါခင်မျ

မြန်မာပြည်မြေပုံ အကြီးကြီး ရှင်းရှင်းသော်လည်းကောင်း
မီးများဖြင့်သော်လည်းကောင်း မြင်ရရင် ပိုကောင်းမှာ

ဟုတ် အစ်ကိုရေ Live ကြည့်ရန်ကနေ တဆင့်ကြည့်နိုင်ပါတယ် ခင်မျ

ဂုဏ်​ယူပါတယ်​​ဗျာ

Thanks you

ပုံဖော်ထားတာလေးကြည့်လို့ကောင်းတယ်

Thanks you

ဂုဏ်ယူပေမယ့်လည်း ကျုပ်ကိုထားခဲ့လို့မကျေနပ်ဘူးဗျာ

😁😁
မုန့်ကျွေးတယ်လေ

A yan kg par tal bro. Telenor ka si kan shi tal

Right Bro😊

မြန်မာပြည်သူတစ်ယောက်အနေနဲ့ဂုဏ်ယူပါတယ်ဗျာ ဂင်းနစ်စံချိန်လဲဝင်ပါစေဗျာ

Thanks you bro

ကမ္ဘာစံချိန်ချိုးပါစေဗျာ

ဟုတ်ကဲ့ အစ်ကိုရေ

ဂုဏ်ယူစရာပါပဲဗျာ

ဟုတ် အစ်ကို

ကျွန်တော်တို့ကျောင်းကသူငယ်ချင်းတွေလည်းပါတယ်

ဟုတ် လား ညီ

ဝမ်းသာဂုဏ်ယူမိပါတယ်။

ကျေးဇူးပါ ဆရာညီရေ

မိုက်တယ်..bro..
ဂင်းနစ်စံချိန်ဝင်နိုင်ဖို့လည်း မျှော်လင့်ပါတယ်..