အာလုံးပဲ မင်္ဂလာပါခင်မျာ....
မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....
သာယာလှပသည့် ညနေခင်း တခုဖြစ်သည်။ အခန်းတခု၏ အပြင်ဘက်တွင် တစုံတယောက်ကိုစောင့်နေသည်က ညီစူးဖြစ်သည်။
" စောင့်နေတာကြာပီလာ ကို "
" မကြာသေးပါဘူး နွယ်...သွားကြစို့လေ "
လက်ထဲက အကင်ထုတ်ကလေးကိုင်လျက် ကန်တင်းဘက်သို့ လမ်းလျောက်ထွက်လာခဲ့ကြသည်။
" ကို့...ဘာအကင်တွေပါလဲ ဟင် "
" ဒီမှာ နွယ်ကြိုက်တဲ့ ကြက်ခြေထောက်ကင်လေးရယ် ရုံးပတီသီးကင်ရယ် အသားတုကင်လေးရယ် အစုံပဲ..."
" အာ့ကြောင့်...ကို့ကိုချစ်တာ 😘 "
" ကောင်စုတ်မလေး မကျွေးရင် မချစ်မယ့်ပုံ၊ ရုပ်ကိုးက မချို မချဉ်နဲ့။ "
ချစ်သူပေါ် ဂရုစိုက်လိုက် ကြင်နာလိုက်နဲ့ ချစ်သူသက်တမ်း တစ်နှစ်တာ ကုန်မှန်းမသိ။ ရှေးဘဝက ရေစက်ရယ်ကြောင့်လား ညီစူးက နွယ်လေးခင်အပေါ်မှာ အတော်လေးပင် ကြင်နာ ယုယသည်။ (ဝဋ်ကြွေးလည်း ဖြစ်နိုင်တာပဲလေ)။ မာတာမိခင် မွေးမေမေပေါ်၌ ထိုမျှကောင်းဖို့မပြောနဲ့ စကားကောင်းပြန်ပြောရင် ကံကောင်း။ တခါတလေ ကိုယ့်ကိုယ်ကို မတရားမှန်း ညီစူး တွေးမိပါသည်။
ဒီထစ်ဆို ဒီထစ်သမား နွယ်လေးခင်နဲ့ ချစ်သူဖြစ်ရတာ အတော်တော့ ကသိကအောက်နိုင်လှသည်။ " ဒီဟာမကြိုက်ဘူး ဟိုဟာမှစားချင်တယ် " ဖြစ်အောင် လုပ်ပေးလိုက်တာပဲ။ " ကိုယ်က ချစ်နေတဲ့သူဆိုတော့ အလိုလိုက်ရတာပဲလေ "။ တကယ်ချစ်တဲ့သူတွေဆိုတာ အမြဲရှုံးနေတာပဲမဟုတ်လား။
ချစ်သူပေါ်မှာ နွံနာသည်းညည်းခံ သလောက်... အိမ်နဲ့ မိဘတွေအပေါ်မှာ အင်မတန်ဆိုးပါ၏။
" အမေ...သား ပိုက်ဆံလိုတယ် မနက်ဖြန် လွှဲပေးလိုက်နော် "
" သားနေကောင်းရဲ့လား...ဆိုင်ကယ်စီးရင် ဂရုစိုက်စီးနော်"
" အင်းပါအမေရာ...မနက်ဖြန် ပိုက်ဆံရောက်တာပဲ လိုချင်တယ် "
" အေးပါသားလေးရယ် အမေက သားကို နေတိုင်းသတိရနေတာ သားတွက် စိတ်ပူလို့ပါ...ပိုက်ဆံကို မနက်ဖြန်ရောက်အောင် လွှဲလိုက်မယ်နော် သား "
" အာ့ဆို ဒါပဲနော် အမေ့...သားဖုန်းချလိုက်တော့မယ် "
" အေးအေး…သား "
အမေရင်မှာ ထားတဲ့ မေတ္တာ၊ သစ္စာကတော့ "တောင်းစုတ် ပလုံးစုတ်ပစ်ပယ်၊ သားဆိုး သမီးဆိုး မပစ်နိုင်ပါ" ။ ဘယ်အချိန်မဆို ငြိုငြင်တယ်ဟူ၍ အမေ့မှာ မရှိ ။ ဒါကိုလဲ ညီစူးသိပါသည်။ ဒါပေမယ့် ဆိုးမြဲပါပဲ။
ညီစူး၏ အဖေနဲ့ အမေ ကိစ္စတခုဖြင့် မြို့ကို ရောက်လာခဲ့သည်။ သားဖြစ်သူကို ဖုန်းဆက်ခဲ့သည်။
" သားရေ အမေတို့ မြို့ရောက်နေတယ် သားအားရင်း ကားဂိတ်ကို ခဏလာခဲ့ပါကွယ် "
" ဟာ အမေတို့ကလဲ ဆိုင်းမဆင့် ဗုံမဆင့် လုပ်ပီဗျာ ..."
သဘောရိုးလှတဲ့ တောသူတောင်သား လင်မယားနှစ်ယောက် မြို့ကို(အစိုးရရုံး ကိစ္စတခုခု)ရောက်လာခဲ့သည်။ တချို့  တချို့သောအစိုးရရုံးတွေမှာ အများပြည်သူတွေသိတဲ့ အတိုင်း သူတို့လုပ်စာ တပြည်လုံးထိုင်စားနေသယောင် ပြုမူတတ်ကြသည်။ တောသူတောင်သားတွေအဖို့ စတစ်ဖြူ ကော်လံအကီင်္ျ ဝတ်ထားရင်ကိုပဲ သရိုသသေပြုနေရသည်။ အဲ့ဒီလိုအားငယ်တတ်လို့ မြို့ကြီးကျောင်းတက်နေတဲ့ မိမိရဲ့သားကို အားကိုးတကြီး ခေါ်ခြင်းဖြစ်သည်။ ညီစူး မသွားဖြစ်ခဲ့ဘူး။ သာမာန်ပဲ သီးနှံ အရောင်းအဝယ် (သို့) ဈေးကုန်ဝယ်လာသည်ပဲ ထင်မှတ်ခဲ့သည်။
အချိန်ကြာလာမှ တဖြည်းဖြည်း မိဘရဲ့မေတ္တာကို ရင်၌ ခံစားနားလည်လာတော့သည်။ ချစ်သူဟာ ကိုယ့်လိုအင်ကိုပဲ အမြဲ ကြည့်တတ်မှန်း၊ သူများအခက်ခဲဖြစ်နေရင် ဘယ်ရောက်နေမှန်းမသိ ဖြစ်တတ်မှန်း၊ စိတ်မရှည်တတ်မှန်း သတိထားမိလာလေလေ မိဘရဲ့ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးတွေ သိလာလာလေဖြစ်၏။ ညီစူး ကိုယ်ချင်းစာတတ်လာခဲ့ ၏။
တကယ် လိုအပ်နေတဲ့ချိန် ကိုယ့်ချစ်သူက အလေးမထား အရေးမလုပ်ပဲ မသိလိုက်မသိဖာသာနေတော့မှ…
" သြော်… ငါမှားသွားပီ။ သူမအတွက်နဲ့ ငါဟာ တခြားဘယ်သူ့ကိုမျှ အလေးမထားမိခဲ့ပါလာ။ "
" အမေတို့ အဆင်ပြေရဲ့လားမသိဘူး "
ဘယ်ချိန် ဘယ်သောခါပဲ ဖြစ်ဖြစ် မိဘရဲ့မေတ္တာကတော့ မပျက်ယွင်းတဲ့ ကျောက်တိုင်ကြီးပမာ အမြဲရှိနေလျက်ပါပဲ။ ညီစူးရဲ့ နောင်တ နောက်မကျခဲ့ပါဘူး။ အမှားသိလို့ အမှန်ပြင်နိုင်ခဲ့ပါပြီ။
အားလုံးသောညီကိုမောင်နှမများ မိဘရဲ့ မေတ္တာ စေတနာကို နိုင်လည်နိုင်တတ်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း…
ကျနော်၏ ဟိုမရောက်ဒီမရောက် ဝတ္ထု တိုလေးကို နိဂုံးချုပ်လိုက်ရပါတော့သည်။
Author by Thant Zin Oo(magway)
MSC-184
မိုးသက်နိုင်သီချင်းလေးလိုလား
မိဘမေတ္တာတုနှိုင်းမရတာ သားသိပါတယ် ဆိုတာလေ😇
စာပိုဒ်တေက ဘာလို့ပျောက်နေပြန်ပါလိမ့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ အစ် ကိုရေ နောက်ပတ်ကျရင် ရှည်ရှည် လေး ကောင်းအောင်ရေးပါမယ်ခင်မျ
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘရိပ်ကသာ အမြဲတမ်း ငြိမ်းချမ်းမှူတွေပေးစွမ်းနိုင်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတယ်အကိုကြိုးစားထား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ

အချိန်မှီပြင်နိုင်တာကောင်းပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် bro

Good bro! fighting.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks

ချစ်သူရဲ့အားနည်းချက်လေးတွေပေါ်လွင်အောင်ထပ်ထည့်ရေးရင် ပိုကောင်းမယ်ထင်တယ်ဗျ ချစ်သူကမကောင်းတာသိတယ် ဒါပေမယ့်ဘာမကောင်းတာမှန်း စာဖတ်သူကသိပ်မသိလိုက်ဘူးဖြစ်သွားတယ် အကြံပြုတာပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုပြောတာ မှန်တယ်ဗျာ
ကျနော်လည်း စာရှည်သွားမည်စိုးတာနဲ့
မပီမပြင်ဖြစ်သွားတယ်
အခုလိုဖတ်ရှုပေးတာကိုပဲ
ကျေးဇူးတင်လှပါပီ
ကိုသန့်ဇင်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ် အောင်မြင်ပါစေ ဆက်ကြိုးစားပါ အားပေးနေပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘရိပ်က နွေးထွေးမှုရော အေးချမ်းမှုပါ ပေးစွမ်းနိုင်တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်

ဒီလိုတွေကြောင့်လည်း မယားအတွက် စိန်နားကပ် အမေ့အတွက် ပဲကြီးလှော် သီချင်း ရှိနေတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တာပေါ့ အစ်ကိုရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိခင်မေတ္တာဟာအေးမြပါပေတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ broရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့်အဖြစ်လေးနဲ့တူတူပါပဲ bro
ငရဲဘယ်လောက်တောင်ကြီးနေမှန်းမသိဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပစ်ရှိတာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမေအတွက်ကျ ပဲကြီးလှော် ဆိုသလိုမျိုးပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
😀ဟုတ် ပါ့

Goodpost

လူငယ်ဘဝမှာဖြစ်တတ်တဲ့အမှားပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူငယ် တချို့ ဖြစ်တတ်ကြတဲ့ အမှားပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပြင်နိုင်ခဲ့တာသိရလို့ ဝမ်းသာမိပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post...