"ကိုကိုဆိုအကျင့်​မ​ကောင်းဘူး(၁)"

in myanmar •  6 years ago 

image

Photo credit:facebook
Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ညီကို​မောင်​နှမများအားလုံးမင်္ဂလာနံနက်​ခင်းပါ​ဗျာ။အရင်​တစ်​ပတ်​ကကျွန်​​တော်​​ရေးထားတဲ့ "ကိုကိုဆိုအကျင့်​မ​ကောင်းဘူး"ဆိုတဲ့အချစ်​ဇာတ်​လမ်း​လေးအပိုင်းဆက်​ပါရ​စေခင်​​ဗျ။အရင်​ပထမပိုင်းက​တော့​အောက်​ကlinkကဖတ်​ရှုနိုင်​ပါတယ်​​ဗျ။

"ကိုကိုဆိုအကျင့်​မ​ကောင်းဘူး"
https://steemit.com/myanmar/@thantzinwin/kokosaoaetng-m-ekang-bau-300caa59dd07d

"​သေချာနား​ထောင်​​နေပါတယ်​ရှင့်​မြန်​မြန်​သာဆိုပြပါ​တော့ရှင့်​"

"ချီးထုတ်​မ မရွဲ့နဲ့ ဟွန့်​ မဆိုပြပဲ​နေမှာ​နော်​"

"ဟုတ်​တယ်​​လေ သီချင်း​လေးဆိုပြတာကိုအချိန်​ဆွဲ​နေတာ မဆိုပြချင်​မဆိုပြနဲ့​ပေါ့ မဆိုပြ​တော့စိတ်​​ကောက်​မ​ပြေဘူး​ပေါ့ ရှင်း​နေတာပဲ"

"မလုပ်​ပါနဲ့​ကြောက်​ပါတယ်​ စိတ်​​ကောက်​​ပြေပါ​နော်​ ဆိုပြပါမယ်​ ​သေချာနား​ထောင်​​နော်​ဆိုပြီ"

"မြန်​မြန်​ဆိုနား​ထောင်​​နေတယ်​"

ဒါတို့တိုင်းဒို့ပြည်​ ဒို့မြန်​မာပြည်​...
ဒါတို့တိုင်းဒို့ပြည်​ ဒို့မြန်​မာ​ပြည်​...
မြင့်​မြတ်​တဲ့ ဂုဏ်​ကျက်​သ​ရေ....

"ဟာ... ကိုကိုဆိုအ​ကောင်းမှတ်​​နေတာနိုင်​ငံ​တော်​သီချင်​စလာဆိုပြ​နေတယ်​ ​တော်​ပြီတကယ်​မ​ခေါ်​တော့ဘူးသွား လာမ​ခေါ်နဲ့"

"ဟား...ဟား... ကိုကိုကချစ်​​လေးကိုချစ်​လို့စတာကို ဘာပဲ​ပြော​ပြော​ရယ်​သွားတယ်​မလား ကိုကိုကချစ်​​လေးရယ်​​အောင်​တမင်​တကာလုပ်​တာ ချစ်​​လေးရယ်​​နေရင်​ကိုကို​ပျော်​တယ်​​လေ"

"ဟွန့်​ လျှာရိုးမရှိတိုင်း​လျှောက်​​ပြောမ​နေနဲ့ သွားမ​ခေါ်ဘူး"

"​ခေါ်ပါချစ်​​လေးကလည်း ကိုကိုဒီတစ်​​ခေါက်​အတည်​ဆိုပြပါမယ်​​နော်​စိတ်​ဆိုးနဲ့"

"ပြီး​ရောမြန်​မြန်​ဆိုပြ"

🎶 မထင်​မှတ်​ပဲနဲ့​တွေ့ဆုံတဲ့ မင်း​လေး​ကြောင့်​ငါ့မှာရူး.....
🎶 ​သေ​စေ​လောက်​တဲ့အကြည့်​​တွေနဲ့နှလုံးသားမှာအစားထိုးမရဘူး....
🎶 ယဉ်​ယဉ်​​လေးနဲ့လှတဲ့မင်းပုံစံကိုစွဲလန်း​နေမိလို့...
🎶 ဆံနွယ်​​တွေသပ်​လိုက်​တိုင်းမှာ​လေ....
🎶 ရင်​ခုန်​သံ​တွေ ​ဆောက်​တည်​ရာမဲ့....
🎶 အကြမ်​ကြိမ်​​ပြောဖို့ကြိုးစား​ပေမဲ့လည်း...
🎶 မဖြစ်​နိုင်​ဘူး..မဖြစ်​နိုင်​ဘူး...
🎶 ငါအ​တွေးများနဲ့ရူးလို့....
🎶 ​ခေးရယ်​ တိတ်​တခိုး​လေး​ပြောချင်​မိလို့...ဟို...
🎶 baby I Love You....
🎶 အရိုးသားဆုံးစကားကို​ပြောမယ်​ baby...
🎶 baby I Love You....
🎶 ရင်​ခုန်​သံ​တွေမင်း​လေးကြား​စေဖို့...
🎶 I Love You...ဟူး..
🎶 မင်းအပြုံး​လေးများက ငါ့အတွက်​ မိုနားလီဇာ...
🎶 ဟိုးဟိုး...ဟူ..ဟိုး...
🎶 အရိုးသားဆုံး​ပြောမယ်​ I Love You...

ကိုဟိန်းမင်းသူရဲ့ "တိုးတိုးတိတ်​တိတ်​ album ထဲက I Love You ဆိုတဲ့ သီချင်း​လေးနဲ့ ကျွန်​​တော်​သူ့ကိုpropose လုပ်​ခဲ့တာပါ ။ညီကိုယ်​တိုင်​သူ့ကိုဆိုပြတာ​ပါ ဟီး..ဟီး။သီချင်း​လေးကိုနား​ထောင်​ကြည့်​ချင်​ရင်​​တော့​အောက်​မှာပါနား​ထောင်​ကြည့်​ပါ လူငယ်​ကြိုက်​သီချင်း​လေးပါပဲ။ညီ​တော့မဆိုပြ​တော့ဘူး ခဲ​တွေလာမှန်​မှာဆိုးလို့😝။

Video Credit:Youtube

"ကဲအဲ့​လောက်​ဆို​ကျေနပ်​ပြီလား အယ်​မ စိတ်​​ကောက်​​ပြေ​တော့​နော်​"

"ဟီး​...​ကျေနပ်​တယ်​ချစ်​​လေးကို​ပျော်​​အောင်​အမြဲလုပ်​​ပေးလို့ချစ်​တာကိုကို့ကို မွမွ"

"ကိုကိုကလည်းချစ်​​လေး​ပျော်​တာပဲမြင်​ချင်​တာကိုးလို့ အာဘွား အရမ်းချစ်​တယ်​ မွမွ (​fa ​တွေအားကျစမ်းခွာ😝)"

"အွန်းအွန်း ချစ်​​လေးဖုန်းချလိုက်​​တော့မယ်​​နော်​ ​မေ​မေ့ကိုထမင်းဟင်းချက်​ကူမလို့ အရမ်းချစ်​တယ်​​နော်​"

"အွန်းအွန်းလိမ္မာတာကိုကို့ချစ်​​လေးက ဒါပဲ​နော်​ အာဘွား"

"ဟုတ်​ချလိုက်​ပြီ​နော်​ တာ့တာ"

"အွန်းအွန်းတာ့တာ အရမ်းချစ်​တယ်​ချစ်​​လေး"

"ဟုတ်​ဟုတ်​ ဒါနဲ့မနက်​ဖြန်​လပြည့်​​နော်​ချစ်​​လေးနဲ့ဘုရားသွားပြီးအတူတူလည်​ရမှာ​နော်​ ဘယ်​သူနဲ့မှမလည်​ရဘူး"

"အင်းပါ ဘယ်​သူနဲ့မှမလည်​ပါဘူးချစ်​​လေးနဲ့ပဲနှစ်​​ယောက်​ထဲအတူတူဘုရားသွားပြီး တူတူလည်​မှာ ဟုတ်​ပြီလား"

"အာ့ဆိုလည်းပြီး​ရော ချစ်​​လေးကိုအာဘွား​တွေများကြီး​ပေးရမှာ​နော်​"

"​ပေးပါဘူး ဘာလို့​ပေးရမှာလည်း"

"​ဟော်​ကြည့်​> ကိုကိုဆိုအကျင့်​မ​ကောင်းဘူး < မ​ခေါ်​တော့ဘူးမနက်​ဖြန်​လည်​လဲမလည်​​တော့ဘူးလာမ​ခေါ်နဲ့"

"ချစ်​​လေးကလည်းကိုကို ကစတာကို ကိုယ့်​ချစ်​သူ​လေးကို အာဘွား​တွေအများကြီး​ပေးမှာ​ပေါ့မ​ပေးစရာလားလို့ ဝုတ်​တယ်​"

"ဟွန့်​ မ​ပြောချင်​ဘူး​နော်​ကိုကိုဆိုတဲ့အ​ကောင်​ ကြည့်​လို့ကိုမရဘူး"

"ဘယ်​ကြည့်​လို့ရမှာလည်းကိုကိုတို့ကဖုန်း​ပြော​နေတာကို ဟီးဟီး"

"ကြည့်​ စကားအ​ကောင်းကိုမ​ပြောဘူး ​ပြောင်​​လျော်​​လျော်​နဲ့"

"​ပြောင်​​လျော်​​လျော်​ဟုတ်​ပါဘူးကိုကိုကချစ်​​လေး​ပျော်​​အောင်​ပဲစတာပါ ဟုတ်​ပြီ ဒါပဲ ​မေ​မေ့ကိုလုပ်​ကူရမှာမလား လုပ်ု​တော့​လေကိုကိုဖုန်းချလိုက်​​တော့မယ်​"

"အွန်းအွန်း ဒါပဲ အာဘွား​ပေးသွားအုန်း"

"ငင့်​ ​စောနက​ပေးပြီးပြီ​လေ"

"မျဘူးအခုလည်း​ပေး"

"အင်းဘာ အာဘွား အာဘွား အာဘွားအခါတစ်​သိန်း"

"ဟုတ်​ဟုတ်​ တာ့တာ​နော်​ကိုကို"

"အွန်းအွန်းတာ့တာ...."

ဂွပ်​....

ဆက်​ပါအုန်းမယ်​ခင်​​ဗျာ အစ်​ကိုတို့လည်း အမြင်​ကပ်​​နေ​လောက်​ပြီ😝ဒီ​လောက်​ပဲကြည်​နူးပြ​တော့မယ်​ ​နောက်​တစ်​​ခေါက်​မှဒီထက်​ပိုကြည်​နူးပြ​တော့မယ်​😝

အားလုံးရွှင်​လန်းချမ်း​​မြေ့ပါ​စေ​ဗျ...


MSC.119
@thantzinwin
Thant Zin Win

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူငယ်တွေ ကြည်နူးကြတာ ပျော်စရာလေး။

ဟီး ဟိုးတစ်​ချိန်​ကအ​ကြောင်း​လေးပါ​ဗျာအခု​တော့လမ်းခွဲလြိုက်​ပါပြီ

တကယ်ကြီးအားကျလိုက်တော့မယ်နော်😂😂

အားမကျနဲ့အပူ​တွေ😂

သြော်အေးပါ ကြည်နူးနေကြတာကောင်းပါ့

ကြည်​နူးချင်​စိတ်​​ပေါက်​သွားတယ်​မှတ်​လား မညာချင်​ပါနဲ့😝

အမြဲတမ်း အား​ပေးလျက်​ပါခင်​ဗျာ

ဟုတ်​​ကျေးဇူးတင်​ပါတယ်​​ဗျ

အာဘွားတွေဘဲ ပေးနေကြသလိုဘဲ မနာလိုလာပြီ hee hee

အစ်​ကို​ကောလိုချင်​​နေတယ်​မလားမညာချင်​ပါနဲ့​ဗျာ😝

ကျေနပ်တယ် ပျော်တယ် ချစ်တယ် မွမွ ဆိုလို့ ဂယ်ရီးလားလို့ ဖုန်းထဲမှာတဲ့ ဟီးဟီး

ဂယ်​​တော့ဂယ်​ရီးပဲ ဒါမဲ့​လေထဲမှာ😁

ကြည်နူးပါဗျာ....
အာပေးနေတယ်...

ဟီးဟီး​ကျေးဇူးတင်​ပါတယ်​​ဗျဖတ်​​ပေးလို့😁

အဲဒါတွေက ကိုယ်နဲ့ အလှမ်းဝေးတယ် မိန်းမသာ ရတာ သိပ်ပြီး မရိုလိုက်ဖြစ်ဘူးဗျာ

ညီနဲ့ကျ​ပြောင်းပြန်​ ရို​တော့ရိုပြီးမယူဖြစ်​လိုက်​ဘူး😢

အဲ့လဲ့ လိုင်းပေါ်ထိကို လာဖီးနေတာဟ 😂

ဟီးဟီး ဖီးဖီးပဲ😝

ကဲတယ်ကွယ်။

လိုက်​ကဲချင်​သွားတယ်​မလား😜

Single is the best ကို​ပြောင်းရ​တော့မယ်
Couple is the best....ဟဲဟဲ

ညီလည်း​ပြောင်းချင်​​နေတာပဲဒါမဲ့ချိန်​ပါဖြစ်​​နေတုန်း😂

တကယ်ရင်ထဲကလာတဲ့ Love wordsတွေလား အရမ်းမိုက်တယ်😁

Hee တစ်​ချိန်​က​ပေါ့​ဗျာခု​တော့😔

အေးပါ အေးပါ
လုပ်ထားပါ
ရှိတဲ့သူတေကြွားနိုင်တာပေါ့ 😒😒😒😵😵😵

မရှိပါဘူးကိုမိုး​ဇော်​ရယ်​ အရင်​ကအ​ကြောင်း​လေး​ရေးခဲ့တာအခု​တော့fa ဘွနဲ့လူပျိုကြီးအဖြစ်​အရိုးထုတ်​ရ​တော့မယ်​😁

အယ်
ယုံပါဘူးဗျာ😵😵

အပေါ်ဆုံးက Troll Face ကြီးမြင်ရတာတစ်မျိုးကြီးပဲ heehee။ 😁

ဟီးဟီး တမင်းကိုအဲ့ပုံ​လေး​ရွေးထားရတာ သူစိတ်​ဆိုးရင်​တူလို့😂

တွား..လူဆိုး

တွားဝူးလူဆိုး😂

အာဘွားတွေ များလှချည်လားဗျ ဟီးး အားကြလိုက်တာ

ဟီး ဟိုးအရင်​တုန်းကအ​ကြောင်း​လေး

မရဘူး ကိုကိုမှကိုကိုဘဲ့ ဖြစ်သွားဘီ

မသိဘူးချစ်​​လေးမှချစ်​​လေးပဲ😝

ကြည်နူးနေချက်ဗျာ သရေတောင်ကျတယ်

ငင့်​ အယ်​ကိုက​တော့​နောက်​ပြီ

ဇာတ်မြူးလေးမို့ဖတ်ရတာပျော်ပါသည်

ဟီး ​​ကျေးဇူးတင်​ပါတယ်​​ဗျ ​ကေနပ်​သွားပြီ

အချစ်စကားလုံးတွေ ဘယ်ကဆင်းသက်လာပါလိမ့်နော်
အရမ်းကောင်းတယ်ဗျ

မန့်နောက်ကျလို့စိတ်မဆိုးပါနဲ့ဗျာ ခုမှဖတ်အားလို့ပါ

ရင်​ထဲကဆင်းသက်​လာတာပါ​ဗျ ဟီးဟီး စိတ်​ဆိုးပါဘူး

ကျေနပ်တယ် ပျော်တယ် ချစ်တယ် မွမွ😁

မွမွ too😝

  ·  6 years ago Reveal Comment