လူငယ်​ နှင့်​ အ​ပျော်​အပါး

in myanmar •  7 years ago  (edited)

image

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ညီကို​မောင်​နှမများအားလုံးမင်္ဂလာ ရှိ​သော​နေ့ရက်​​လေးဖြစ်​ပါ​စေ​ဗျ။ညီအခုတစ်​​လောစဉ်းစားမိတဲ့အ​ကြောင်းအရာ​လေးတစ်​ခုကို​ဖော်​ပြ​ပေးချင်​ပါတယ်​။အမှန်​အတိုင်းဝန်​ခံရရင်​ကျွန်​​တော်​အခုတစ်​​လော steemit နဲ့နဲနဲကင်း​ကွာ​နေခဲ့ပါတယ်​။steemit ဖက်​ကို​ခြေဦးအလှည့်​နိုင်​ဖြစ်​ခဲ့တာ​ပေါ့။ညီအစ်​ကိုတို့လည်းသတိထားမိမယ်​ထင်​ပါတယ်​။ဟုတ်​ပါတယ်​ကျွန်​​တော်​ဘဝတက်​လမ်းဆိုတာထက်​အ​ပျော်​အပါးဘက်​မှာ​ပျော်​​မွှေ့​နေခဲ့မိတာပါ။ကျွန်​​တော့်​ကိုကျွန်​​တော်​လည်းသိခဲ့ပါတယ်​။ကျွန်​​တော်​ လူငယ်​တစ်​​ယောက်​အ​နေနဲ့တိုးတက်​​အောင်​မြင်​ဖို့ရည်​မှန်းချက်​​တွေရှိ​သော်​လည်းလူငယ်​သဘာဝအတိုင်းစိတ်​ကအ​ပျော်​အပါးဘက်​ကိုပိုပြီိးအားသာ​နေမိခဲ့ပါတယ်​။ဂိမ်း​ဆော့မယ်​၊ ​လျှောက်​လည်​မယ်​ ဒါနဲ့ပဲအချိန်​ကုန်​​နေခဲ့မိပါတယ်​။ဂိမ်းဆိုရင်​အထူးသဖြင့်​အခုတစ်​ချို့လူကြီး​တွေပါကစား​နေတဲ့ Mobile Legend ဆိုတဲ့ Moba game ​ပေါ့။ဒီgame ကအခုဆိုရင်​ပြည်​သူလူ​ထု​တွေရဲ့Smart Phone ​တွေမှာအလွယ်​တစ်​ကူထည့်​သွင်းပြီးကစားလို့ရ​နေ​ပြီးgame ရဲ့ဆွဲ​ဆောင်​နိုင်​မူဟာလည်းအ​တော်​လည်းအား​ကောင်းတယ်​လို့ဆိုရမည်​။အရင်ဒိဂိမ်းမ​ပေါ်ခင်​က​တော့ Dota I(Warcraft) နဲ့ Dota II ကိုဂိမ်းဆိုင်​​တွေကိုတစ်​ကူးတစ်​ကသွားပြီး​ဆော့ကစားရပါတယ်​။အခုဒီMobile Legend ဆိုတဲ့ Mobile Game ​ပေါ်လာ​တော့ Dota သမား ​တွေအကြိုက်​ပိုဖြစ်​တာ​ပေါ့​။သူက Dota Games ​တွေရဲ့ပုံစံတူထုတ်​ထား​တော့ဂိမ်းဆိုင်​ကိုမသွားအားတဲ့အခါ​တွေကျဒီ​ကောင်​​လေးကိုပဲ​ဆော့ဖြစ်​ကျပါတယ်​။ကျွန်​​တော်​ဆိုလည်းဒီ​game ကိုအ​တော်​​လေးကြိုက်​ပါတယ်​။Dota တို့​လောက်​စိတ်​ခံစားမှုမ​ပေး​ပေမဲ့Dota နီးနီးစိတ်​ခံစားမှုကို​ပေးပါတယ်​။ကျွန်​​တော်​တို့လိုဂိမ်းရူး​တွေအတွက်​​တော့အကြိုက်​​ပေါ့။

image

နောက်​တစ်​ခုကလည်​ပတ်​တာ။လည်​ပတ်​တာဟာမ​ကောင်းဘူးလား​ဆို​တော့လည်းမဟုတ်​ပါဘူး။တစ်​ခါတစ်​​လေသူငယ်​ချင်း​တွေနဲ့ခရီးတိုတစ်​ခုထွက်​ချင်းဟာလည်းအရင်​ပင်​ပန်းခဲ့သမျှ​တွေစိတ်​ညစ်​စရာ​တွေကို​ပြေ​ဖျောက်​ပြီး​ပျော်​ရွှင်​မှုကို​ပေးစွမ်းနိုင်​ပါတယ်​။သူငယ်​ချင်းအချင်းချင်းချစ်​ခင်​ရင်းနှီးမှုကိုလည်းတိုးပွား​စေပါတယ်​။ဥဂမာတစ်​ခုအ​နေနဲ့ကျွန်​​တော့်​အဖြစ်​အပျက်​က​လေးတစ်​ခု​ပြောပြချင်​ပါတယ်​။ခရီးထွက်​လည်​ပတ်​တာမျိုး​တော့မဟုတ်​ပါဘူး။တစ်​ရက်​ကျွန်​​တော်​၊ကျွန်​​တော့်​ချစ်​သူနဲ့အ​ကြောင်းမတိုက်​ဆိုင်​လို့လမ်းခွဲခဲ့ပါတယ်​။အ​တော်​​လေးလည်းချစ်​ပါတယ်​။ဒါ​ပေမဲ့​ယောကျာ်​​လေးလည်းဖြစ်​လူငယ်​လည်းဖြစ်​​တော့ကျွန်​​တော်​လည်းသူနဲ့ပြတ်​သွားတာကိုဘားမှမဖြစ်​သလိုဟန်​​ဆောင်​ပြီးသူငယ်​ချင်း​တွေကြားပြုံပြုံးရွှင်​ရွင်​ပဲ​ရော​ကော​တော​ကော​နေတာ​ပေါ့။မကြာပါဘူးကျွန်​​တော့်​ရင်​ထဲကမခံစားနိုင်​​တော့ဘူး။မွန်းကြပ်​လာတယ်​။ကျွန်​​တော့စိတ်​ခံစားချက်​​တွေကိုဖွင့်​ထုတ်​ချင်​လာတယ်​။အဲ့ဒါ​နဲ့ကျွန်​​တော့်​သူငယ်​ချင်း​တွေကို​ခေါ် တစ်​​နေရာရာသွား​လည်​ရင်းတစ်​ခုခု​သောက်​ရ​အောင်​ဆိုပြီး​ခေါ်။သူတို့ကလည်းအဲ့လိုဆိုအမြဲအသင့်​။အဲ့ဒါနဲ့ဘီယာတို့rcတို့အာလူး​ကြော်​တို့ဝယ်​ပြီး​အေးသာယာဆည်​ဘက်​မှာသွားစု​သောက်​ကျတာ​ပေါ့။ညပါ​နော်​နေ့​တော့ဟုတ်​ဘူး😁။အဲ့ဒါနဲ့ကျွန်​​တော်​လည်းအချိန်​ရလာ​တော့ကျွန်​​တော့်​ခံစားချက်​​တွေရင်​ဖွင့်​တာ​ပေါ့။သူတို့ကလည်းကျွန်​​တော့ကိုနှစ်​သိမ့်​​ပေးကျတာ​ပေါ့။ပြီး​တော့အမူး​ပြေမှအိမ်​ကိုပြန်​ကျတယ်​။မူး​နေတုန်းပြန်​ရင်​လည်းပါပါးရဲ့​ရွှေလက်​သီးကိုမြည်း​နေရမှာ​ပေါ့😁။ကျွန်​​တော်​အဲ့လိုရင်​ဖွင့်​လိုက်​​တော့စိတ်​ထဲမွန်းကြပ်​​နေတဲ့အခုံးကြီးပွင့်​ပြီးစိတ်​​ပေါ့ပါးသွားတယ်​​ဗျ။ဒါကကျွန်​​တော့်​အဖြစ်​အပျက်​​လေးပါ။

image

တစ်​ချို့မြင်​​နေရတာ​တွေရှိပါတယ်​။အ​ပျော်​အပါးကိုလိုအပ်​တာထက်​ပိုပြီးလွန်​လွန်​ကြူးကြူးလည်​ပတ်​စား​သောက်​​နေကျတာ​တွေပါ။မိဘကအဆင်​​ပြေလားမသိမ​ပြေလားမသိ၊မိဘဆီကပိုက်​ဆံလက်​ဖြန့်​​တောင်း၊သုံးလို့ဖြုံးလို့ကုန်​မှအိမ်​ပြန်​အလုပ်​လည်းမလုပ်​သူ​ဠေးလိုလို​ခွေးလိုလို​နေပြီးဟိုသူ​ဠေးသားနဲ့​ပေါင်းလိုက်​ဒီသူ​ဠေးသားနဲ့​ပေါင်းလိုက်​နဲ့ကိုယ့်​ဘဝကိုယ်​​မေ့​နေသူများလည်းရှိပါတယ်။အ​ကောင်းဆုံးက​တော့ပုံမှန်​အလုပ်​လုပ်​အိမ်​ကိုလည်း​ထောက်​ပံ့ကိုယ်​လည်းပိုက်​ဆံနည်းနည်းချင်းစုပြီး2လ3လ​လောက်​​နေမှတစ်​ခါသူငယ်​ချင်း​တွေနဲ့လူစုပြီးခရီးထွက်​တာတို့ဘုရားဖူးတာတို့လုပ်​ရင်​အ​ကောင်းဆုံးပါပဲ။ဒီ​နေ့ပဲလည်​ ​နောက်​ရက်​အိမ်​မကပ်​အလုပ်​မလုပ်​ဆိုတာ​တော့မဟုတ်​​သေးဘူး။ကိုယ်​က​​အောင်​မြင်​တဲ့လူတစ်​ဦးဖြစ်​ချင်​တယ်​ဆိုအ​ပျော်​အပါး​တွေ​လျော့ပြီးကိုယ်​ဖြစ်​ချင်​တာကိုကြိုးကြိုးစားစားလုပ်​ရမှာ​ပေါ့။ဒါကို​တော့ကျွန်​​တော်​ကိုယ်​တိုင်​လိုက်​လုပ်​ရအုန်းမည်​ဖြစ်​သည်​။ကျွန်​​တော်​တို့လူငယ်​​တွေကပို၍အားစိုက်​ရမည်​ထင်​ပါသည်​။ကျွန်​​တော်​အဓိက​ပြောချင်​တာက​တော့အ​ပျော်​အပါးကိုဘဝမှတ်​ပြီးကိုယ့်​ဘဝကိုမနစ်​မွန်းသွား​အောင်​ချင့်​ချိန်​ပြီး ​နေထိုင်​တတ်​ဖို့​ပြောချင်​တာပါ။စဆရကလုပ်​တာ​တော့ဟုတ်​ဘူးကိုယ့်​ဘာကိုယ်​တရားချချင်​လို့​ရေးပြီးအားလုံးကိုလည်းကျွန်​​တော့လိုမဖြစ်​​စေဖို့ရည်​ရွယ်​ပြီး​ရေးသားထားချင်းဖြစ်​ပါသည်​။အားလြု့းကို​ကျေးဇူးအများကြီဒတင်​ပါသည်​။

ရွှင်​လန်းချမ်း​မြေ့ပါ​စေ​ဗျာ.....


MSC.119
@thantzinwin
Thant Zin Win

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အပျော်မလွန်ဖို့တော့လိုတာပေါ့

ဟုတ်​တယ်​​ဗျညီလည်းပြန်​ထိန်း​နေရတယ်

ပျော်တာလည်း ပျော်ရမှာပါပဲ
ပျော်ရင်းနဲ့ တခုခု အကျိုးရှိအောင် လုပ်ရမှာပေါ့

ဟုတ်​မှတ်​သားထားပါ့မယ်​​ဗျ

လူငယ်ပဲ အပျော်အပါးမက်တာပေါ့။ လူကြီးဖြစ်လာရင် တော့ ထိန်းရမှာပေါ့

ဟီးအခုကတည်းကကိုယ့်​ဘာကိုယ်​နိုင်​​အောင်​​တော့လုပ်​နာပဲခုထိမနိုင်​​သေးတာကခက်​နာ😂

ငယ်တုန်းဆော့ရတာ ကြီးရင် ဆော့မရတော့ဘူး😁

အစ်​ကို​ပြောတာလည်းဟုတ်​​နေတာပဲ အ​ဟေးအ​ဟေး

မှန်တာပေါ့ ရေးသားချက်တွေက Gamerတစ်ယောက်ဖြစ်ဖို မိဘတွေကငွေရှိမှရမှာ E sportတန်းဝင်ရင်တော့ Top playerတွေဘာတွေဆို ဂိမ်းဆော့ရင်းတောင် အိမ်ကိုပြန်ထောက်ပံ့နိုင်တယ်လို့လဲကြားဖူးပါတယ်😁

Top player တဲ့အိမ်​မက်​​တောင်​မမက်​ဖူးဘူး ဟီးဟီး

၇ ရက်မပြည့်ခင် စာလုံးပေါင်းလေးတွေ လိုက်ပြင်ပါဦးဗျာ ... အချိန်လုပြီး ရေးတင်လိုက်ရဟန်တူပါတယ်

ဟုတ်​ပြန်​ပြင်​လိုက်​ပါမယ်​​ဗျ ​လော​လောနဲ့​ရေးလိုက်​ရလို့​ဗျ

ပျော်သင့်သလောက်ပျော်ပြီးရင် ဘဝတွက်ကြိုးစားပါညီရေ

ဟုတ်​ကဲ့ပါအစ်​ကို​ရေကြိုးစားပါ့မယ်​​ဗျ

အေးပါကွာ ခံစားချက်တွေထုတ်ဖော်လိုက်တာတော့အကောင်းဆုံးပါပဲ။အပျော်အပါးဆိုတာကလည်း လုံးဝမရှိသင့်တာမျိုးတော့လည်းမဟုတ်ပြန်ဘူး အလွန်အကြူးမဖြစ်စေဖို့သာ ဂရုစိုက်ရတာပေါ့။
ပျော်ရင်းပါးရင်း ခရီးသွားရင်းပေါ့။
သတ်ပုံတွေပြန်စစ်အုံး ညီလေးရေ
သာတက ကနေ သာဂတဖြစ်
သူဋ္ဌေးကနေ သူဠေးဖြစ်ဖြစ်နေပီ😁😁😁

အောက်ဆုံးမှာလည်း အားလုံးကိုကျေးဇူးတေ ဒတင်နေတာ 😂😂😂😂

ဟီးအမြန်​​ရေးလိုက်​ရလို့စာလုံး​ပေါင်း​တွေမှားသွားတာပြီးရင်​ပြန်​ပြင်​လိုက်​ပါမယ်​ကိုမိုး​ရေ

လူငယ်တွေမှာပျော်ရွှင်မှုနဲ့အတူ
တွဲပြီးလုပ်နေတဲ့လုပ်ဆောင်ချက်တစ်ခုခုရှိရမယ်
ဘဝအောင်မြင်ရေးအတွက်ပေါ့

မှန်​တာ​ပေါ့​ဗျာ

အ​ပျော်​က​နေ အပျက်​မဖြစ်​ဖို့​တော့ သိပ်​လိုပါတယ်

ဟုတ်​ပါတယ်​ညီ​ပြောချင်​တာလည်းဒါပါပဲ

ကြိုက်တယ်ဗျာ...
ဆော့လို့လည်းကောင်းတယ်

ဟုတ်​တယ်​ဒါမဲ့အလွန်​အကျွန်​​တော့မ​ဆော့မိပါ​စေနဲ့​ဗျာ

ပျော်ရွှင်မှုဆိုတာလိုအပ်ပါတယ် ဒါပေမယ့် ထိန်းသိမ်းပြီးပျော်ဖို့တော့လိုတာပေါ့နော်

ဟုတ်​တယ်​​ဗျ

အပျော်ကတော့လူတိုင်းအတွက်လိုအပ်ပါတယ်ဗျာ ပျော်ပြီးရင်မပျက်အောင်ပဲထိန်းသိမ်းရမှာပါ

မှန်​တာ​ပေါ့​ဗျာ

သူဌေး ပါအစ်ကို ဠ နဲ့ ဆိုတော့သူလေး ဖြစ်နေတယ်။