"မင်းရဲ့ပရိတ်​သတ်​"

in myanmar •  7 years ago 

image

လေပြည်​​ညှင်း​လေး​တွေနဲ့အပြိုင်​လွှင့်​​မျော​နေတဲ့"မ"ရဲ့ဆံနွယ်​။စင်​​မြှင့်​​ပေါ်ကSound Box အိုကြီး​တွေထဲကထွက်​လာတဲ့ချိုမြသာယာ​သော"မ"ရဲ့အသံ။လူအုပ်​ကြီးရဲ့အသံ၊အပြုအမှု၊ဆူညံသံ​တွေကိုပင်​မကြား​တော့။"မ"တစ်​​ယောက်​ထဲကိုပဲ"မ"ရဲ့အမှုအရာ၊"မ"ရဲ့သီဆိုဟန်​/သီဆိုသံတို့သာမြင်​​တော့သည်​။တစ်​ခဏ​လေးအတွင်းမှာတကယ်​ကိုတစ်​ခဏ​လေးအတွင်း​မှာကျွန်​​တော့်​ရဲ့စိတ်​အာရုံတစ်​ခုလုံးကိုဆွဲငင်​​ယူ​ဆောင်​သွား​လေပြီ။ဩော်​ ...မရယ်​ ဘယ်​လို​ကြောင့်​ဒီ​လောက်​​တောင်​လှ​နေရတာလည်း​ဗျာ။

image

သီချင်းသံ​တွေနဲ့ကလုန်​​နေတဲ့ကျွန်​​တော်​"မ"ကိုမြင်​မြင်​ချင်းပဲ ခန္ဓာကိုယ်​တစ်​ခုလုံးကိုကြိုးနဲ့ချီတုပ်​ထားသလိုရပ်​တန့်​သွားပြီး"မ"ကိုပဲ​ငေးကြည့်​​နေမိ​တော့တယ်​။"မ"သီဆို​နေတဲ့သီချင်း​လေးဆုံးပြီးတစ်​ခြားလူတစ်​​ယောက်​စင်​​ပေါ်တက်​လာပြီး"မ"​နေရာကိုယူသွားမှာကို​တောင်​​ကြောက်​​နေခဲ့တယ်​။

image

သူ့အလှည့်​​လေးပြီးလို့ဆင်းသွားတဲ့အချိန်​မှာကျွန်​​တော်​ရဲ့အသည်းနှလုံးတစ်​ခုလုံးသံရည်​ပူထဲ​ထည့်​​ကြော်​သလိုခံစားရတယ်​​ဗျာ။

image

Show ပွဲပြီး​တော့တစ်​လမ်းလုံး"မ"အ​ကြောင်းပဲစဉ်းစား​နေခဲ့တယ်​။လူကသာအိမ်​ကိုပြန်​​နေတာစိတ်​က​တော့​"မ"စီမှာပါသွားခဲ့ပြီ​လေ။အိမ်​​ရောက်​​တော့လည်း​သောက​တွေများရပြန်​ပြီ။ဖုန်းကိုဖွင့်​facebook ထဲကိုဝင်​ "မ"ရဲ့ official facebook acc ​လေးကိုရှာပြီး add ကြည့်​ပါတယ်​။friend limit ပြည့်​​နေလို့add လို့မရခဲ့ပါဘူး။ see first လုပ်​ပြီ"မ"တင်​သမျှပုံ​လေး​တွေ/စာ​လေး​တွေတင်​သမျှကိုပဲlove react​လေး​တွေ​ပေးcomment ​လေး​တွေ​ရေးခဲ့တယ်​။ဒါ​ပေမဲ့"မ"က​တော့သတိထားမိမှာမဟုတ်​ပါဘူး​လေ။ပရိတ်​သတ်​​တွေ​သောင်းချီသိန်းချီရှိ​နေတဲ့"မ"အတွက်​​တော့ကျွန်​​တော့်​ရဲ့ react ​တွေ comment ​တွေဆိုတာက"မ"အတွက်​ဘာမှမဟုတ်​​တော့ဘူး​လေ။

image

နင်​ငို​နေတာ...မကြည့်​ရက်​လို့ပါအို..မိန်းက​လေး....🎤🎤
နင့်​ရဲ့အသည်းကိုခွဲခဲ့တဲ့လူကိုသတ်​ချင်​တယ်​...🎤🎤
အိမ်​နံရံမှာမင်းရဲ့ဓာတ်​ပုံ​တွေဟာပြည့်​နှပ်​...🎤🎤
ငါ့ရဲ့​ကောင်းကင်​ထက်​ကမင်းဟာလမင်းပါပဲ...🎤🎤
ရေဒီယိုမှာမင်းရဲ့အစီစဉ်​​တွေ...🎤🎤
Tv​ပေါ်မှာ မင်းရဲ့မျက်​နှာ​လေး​တွေ...🎤🎤
ပုံမှန်​မဟုတ်​​တော့ပါ...ငါ့စိတ်​...🎤🎤
လူမမြင်​သူမမြင်​ကြိတ်​ရူးတဲ့အရူးတစ်​​ယောက်​...🎤🎤
ငါမင်းအတွက်​လက်​ခုတ်​တီးမဲ့ပရိသတ်​​လေး...🎤🎤
ငါအမြဲတမ်းမက်​ခဲ့ရတဲ့အိပ်​မက်​​လေး...🎤🎤
စိတ်​ကူးနဲ့ရူးခဲ့ရတဲ့ငါ့ရဲ့မင်းသမီးရယ်​...🎤🎤
မင်းကို...ချစ်​တဲ့...အ​ကြောင်းများ​ပြောချင်​တယ်​...🎤🎤

image

နားကြပ်​က​လေးတပ်​ပြီး သီချင်း​လေးငြီးရင်း"မ"နဲ့ကျွန်​​တော်​ဟာဘယ်​လိုဆိုရင်​💭 ဆိုပြီးစိတ်​ကူး​တွေရင်​​နေခဲ့တယ်။သူငယ်​ချင်း​တွေကလည်း​ပြောကျတယ်​"မင်းရူး​နေတာလား"တဲ့။ဟုတ်​ပါတယ်​ကျွန်​​တော်​အရူးပါ။ကျွန်​​တော်​မကိုချစ်​ခဲ့မိကတည်းကအရူးတစ်​ပိုင်းဖြစ်​​နေခဲ့ပါပြီ။"မ"နဲ့အတူတူ​နေထိုင်​ဖို့ဆိုပြီး"မ"လက်​ခံနိုင်​​လောက်​တဲ့လူတစ်​​ယောက်​ဖြစ်​နိုင်​​အောင်​ကြိုးစာဖို့လည်းဆုံးဖြတ်​ချက်​ပြတ်​သားခဲ့ပြီ။ဘယ်​သူ​တွေဘာ​တွေ​ပြော​ပြော"မ"ရဲ့အနား​ရောက်​နိုင်​ဖို့ကျွန်​​တော်​ကြိုးစားမယ်​။

image

တစ်​ခါတစ်​​လေကျ​တော့လည်းအားငယ်​စိတ်​​တွေဝင်​လာတာ​ပေါ့။ဟိုကနာမည်​ကြီးအဆို​တော်​မ​လေးတစ်​​ယောက်​။"မ"အနားမှာဥစ္စာ​ပေါရုပ်​​ချော​တွေမှအများကြီးများကြီးကြိုက်​တဲ့တစ်​​ယောက်​ကိုလက်​ညိုးထိုးပြီးယူလို့ရတယ်​။ကျွန်​​တော်​က​တော့နာမည်​ကြီးတာဆိုလို့​ပေါရူးဆိုပြီးသူငယ်​ချင်း​တွေကြားမှာကြီး​နေတဲ့ဂုဏ်​​လေးတစ်​ခုပဲရှိတယ်​။ဥစ္စပစ္စည်းဆိုတာကလည်း​ဘေလ်​​တောင်​အနိုင်​နိုင်​ထည့်​​နေရတဲ့ဘဝ။

image

"ဘာပဲဖြစ်​ဖြစ်​ပါ​လေကြိုးစားလျင်​ဘုရားပင်​ဖြစ်​နိုင်​သည်​ဆိုတဲ့စကားပုံ​တောင်​ရှိ​သေးတာပဲငါကြိုးစားရင်​ရမှာပါ။ဘာပဲဖြစ်​ဖြစ်​​လက်​​တော့မ​လျော့​သေးဘူးငါရ​အောင်​ကြိုးစားမယ်​။
"မ"​စောင့်​​နေပါကျွန်​​တော်​တစ်​​နေ့"မ"ရဲ့အနား​ရောက်​​အောင်​လာပြီး"မ"အချစ်​ကိုခိုးယူပြမယ်​"

image

Steemit ကညီအစ်​ကိုများ​ပျော်​ရွှင်​နိုင်​ပါ​စေ​ဗျာ။အသစ်​အဆန်း​လေးဖြစ်​ပြီးရယ်​​မောနိုင်​​အောင်​rage maker ​လေးနဲ့ ဇာတ်​လမ်း​လေးတစ်​ခုစမ်းသပ်​တင်​ကြည့်​တာပါခင်​​ဗျ။မ​သေသပ်​တဲ့စာ​လေး​တွေအတွက်​လည်း​တောင်းပန်​ပါတယ်​​ဗျ။အလုပ်​ကလည်း​နေ့မအားညမအားနဲ့မလို့pro​လေးကလည်းရချင်​​သေး​တော့အလျင်​အမြန်​လုပ်​လိုက်​ရတဲ့အတွက်​အ​ရေးအသားပိုင်းမ​သေသပ်​တဲ့အတွက်​သည်းခံပြီးဖတ်​​ပေးပါလို့အနူးအလွှတ်​​တောင်းပန်​ပါတယ်​ခင်​​ဗျ။

အားလုံးရွှင်​လန်းချမ်း​​မြေ့ပါ​စေ​ဗျ...


MSC.119
@thantzinwin
Thant Zin Win

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တကယ်မှတ်နေတာ hee hee

တကယ်​ပါပဲ😝

အချစ်​ကံ​ကောင်းပါ​စေဗျာ

ဟုတ်​ကဲ့ပါ​ဗျာ ​ကျေးဇူးတင်​ပါတယ်​​ဗျ

အကြံကောင်းလေးနဲ့ တီထွင်ထားတာ ကောင်းတယ်အကိုရေ တော်လိုက်တာဗျာ။

ကျေနပ်​ပြီ​ကျေးဇူးပါ​ဗျာ

အခုတစ်​ပတ်​ proမှာ ဒီ​ဆောင်းပါး အကြိုက်​ဆုံးဘဲ

ဟီး​ကျေနပ်​ပြီ​ကျေးဇူးပါ​ဗျ

Epic memeလေးတွေ နဲ့ ဟာသလုပ်ပီး ထိုးဖောက်ပါလား
Bro ဟာသဉာဏ်ရွှင်တယ်နော်

စဉ်း​တော့စဉ်းစားထားတယ်​ဟီးဟီး

အမ်
ဟုတ်သားဟ
နောက်ဆုံးကျမှသိတော့တယ် စိတ်ကူးယဉ်တာတဲ့😁😁

တကယ်​ဆိုရ်​င​ကော😝

တကယ်ကောင်းပါတယ်ဗျာ

အကို့စာလေးဖတ်ပြီးအသက်ရှည်စေတဲ့အပြုံးတွေရလိုက်တယ်ဗျာ

ကျေနပ်​ပါပြီ​ဗျာ

ပုံလေးတွေ လုပ်ထားတာတော့ သဘောကျတယ်ဗျာ Save ထားပြီ

ဟုတ်​​ကျေးဇူးပါ​ဗျ ကွကိုယ်​လုပ်​ချင်​တယ်​ဆိုရင်​လည်း rage maker apkနဲ့လုပ်​တာပါအစ်​ကို

မ မချစ်လို့တော့ သေနိုင်တယ် ချေချေပဲ

မမချစ်လို့​တော့​သေနိုင်​တယ်​အပို​တေ်​မဆိုဘူးယုံလိုက်​ကွယ်​မမှမချစ်​ရင်​ဘဝပျက်​သွားနိုင်​တယ်​ ဟီးဟီး

bro meme ကလန်းတယ်ဗျာ့
ဆော့ဝဲလေးရှယ်ပါဦးဗျာ

Rage Makerနဲ့လုပ်​တာပါအစ်​ကို​ရေ​ကျေးဇူးပါ​ဗျ

စိတ်ကူးလေးမိုက်တယ်ဗျာ။
Comic ဆွဲတဲ့ app လေးအသုံးဝင်သွားတာပေါ့။😁😁

Hee hee သုံးတတ်​ရတာ​ပေါ့​ဗျာစိတ်​ကူးလည်းရမိလို့😁

စိတ်ကူးယဉ်တာ စာတစ်ပုဒ်တော့ ရသွားတယ် မဆိုးဘူးဗျ

ဟီးဟီး​ရေးတတ်​ရတ​​ပေါ့​ဗျာ

မ ရဲ့ အသံလေးတွေကြားနေတုန်းပဲလား
ဘဒို

အမြဲတမ်းနား​ထောင်​​နေတာတစ်​​နေကုန်​repeat လုပြ်​ပီးကိနာုး​ထောင်​တာ​ဘေးကလွေ​ဆဲတာပာခံရေးတယ်​သူ😂

အဲဒီ မ က ဘူလဲဟင်

အခုလူငယ်​​တွေကြားနာမည်​ကြီး​နေတဲ့Mary (ဝဲ​လေး)ပါအစ်​ကို

ကံကောင်းပါစေ ခွယ်

ပြည့်​ပါရ​စေဘုရား🙏အမြင့်​ကြီးကိုလှမ်းတယ်​ဆို​ပေမဲ့လည်း​လေ😁😁

စိတ်​ကူး​လေးပါဘဲ😂

အိမ်​မက်​​လေးပါပဲ😂

မသိဘူး မမတွေဆိုချစ်တယ်

မမ​တွေအ​ကောင်းဆုံး😂