"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၃)"

in myanmar •  7 years ago 

image

Steemit Social Media Platform ​ပေါ်မှာရှိကျတဲ့ Steemit User ညီကို​မောင်​နှမအားလုံးမင်္ဂလာပါခင်​​ဗျာ။ကျွန်​​တော်​ရဲ့​ရောက်​တက်​ရာရာ​ပေါက်​ကရအ​တွေး​တွေနဲ့​ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း"ဆိုတဲ့ပုံပြင်​တတိယအပိုင်း​(၂)​လေးဆက်​ပါရ​စေ။ပထမအပိုင်း(၁)နဲ့(၂) ကိုမဖတ်​ရ​သေးဘူး၊စိတ်​ဝင်​စားလို့ဖတ်​ချင်​ပါတယ်​ဆိုရင်​​တော့​အောက်​ကlinkက​နေသွား​ရောက်​ဖတ်​ရှု​ဝေဖန်​​ပေးနိုင်​ပါတယ်​​ဗျ။

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၁)"
https://steemit.com/myanmar/@thantzinwin/tu-ing-mete-emang-san-epang-1

"တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း(၂)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-2

ကံ​ကောင်းဘုရင်​ကြီး၏သား​တော်​​မောင်​စံ​ပေါင်း​လေးဆရာစက္ကစီမှာ၇နှစ်​နှစ်​ကြာပညာသင်​ကြားပြီး​နောက်​ဆရာကြီးကိုနှုတ်​ဆက်​ရန်​အချိန်​​ရောက်​ရှိလာခဲ့ပါပြီ။
"တပည့်​​လေး​မောင်​စံ​ပေါင်း"

"​ဟုတ်​ ပြောပါဆရာ"

"တပည့်​​လေးဆရာ့စီမှာ၇နှစ်​ကြာပညာသင်​ကြားခဲ့ချိန်​မှာဆရာမင်းကိုစာ​ပေ​ဆိုင်​ရာဘာသာရပ်​​တွေ၊စစ်​ဘက်​ဆိုင်​ရာနည်း​ဗျူဟာ​တွေ၊ကိုယ်​ခံပညာဆိုင်​ရာတုတ်​၊ဓားနဲ့လက်​နက်​​ပေါင်းစုံတစ်​ဘက်​ကမ်​ခက်​ကျွမ်းကျင်​​အောင်​သင်​ကြား​လေ့ကျင့်​​ပေးပြီးပြီ​​နော်​။ဒါတင်​မက​သေး​မြေလျိုး၊မိုးပျံကျင့်​စဉ်​ကိုလည်း​လေ့ကျင့်​​ပေးပြီးလို့တပည့်​လည်း​ကောင်း​ကောင်းတတ်​ကျွမ်း​နေ​ပြီထင်​တယ်​။ဒါ​ကြောင့်​တပည့်​မောင်​စံ​ပေါင်းလည်းဖခင်​ရှိရာနန်း​တော်​သို့ပြန်​ရန်​အချိန်​ကျ​နေ​လေပြီ။တိုင်းပြည်​နဲ့လူမျိုးအ​ပေါ်မှာသစ္စာရှိရှိနဲ့ကာကွယ်​​စောင့်​​ရှောက်​ပါတပည့်​။ဆရာမင်းမပြန်​ခင်​ဆုံးမစကား​လေးတစ်​ခွန်း​လောက်​​ပြောချင်​တယ်​။"

"ဟုတ်​ဆရာ တပည့်​ဆရာ့ဆုံးမစကားကိုနာခံဖို့အသင့်​ပါ"

"အကယ်​၍တပည့်​နန်း​တော်​ကိုပြန်​​ရောက်ပြီးပြဿနာတစ်​ခုခုဖြစ်​ရင်​စိတ်​​အေး​အေးထားပြီးမှထိုပြဿနာရဲ့အ​ဖြေကိုရှာပါ။စိတ်​လိုက်​မာန်​ပါမလုပ်​ပါနဲ့။နောက်​ပြီးဘယ်​သူ့​ပြောစကားမှမယုံပါနှင့်​။မိမိကိုယ်မိမိသာအားကိုးရာဖြစ်​လို့ကိုယ့်​ကိုယ်​ကိုယ်​ယုံကြည်​မှုအမြဲရှိပါတပည့်​။ဆရာ​ပြောချင်​တာဒီ​လောက်​ပါပဲ"

"ဆရာ​ပြောတဲ့စကား​တွေကိုတပည့်​တစ်​တ​ဝေမတိမ်းနား​ထောင်​လိုက်​နာပါ့မယ်​ဆရာ၊တပည့်​ကိုသွားခွင့်​ပြုပါအုန်းဆရာ"

ဆိုပြီး​မောင်​စံ​ပေါင်း​လေးဆရာစက္ကကိုဦးသုံးကြိမ်​ချကန်​​တော့ပြီးသူ​မွေးရာဇာတိနန်း​တော်​ကိုပြန်​လာခဲ့ပါတယ်​။နန်း​တော်​သို့ပြန်​လာရင်းခရီးကလည်းပန်​လာသည်​မို့အနီးရှိရွာက​လေးမှာညအိပ်​နားဖို့ဆုံးဖြတ်​လိုက်​ပါတယ်​။ရွာလို့သာ​ပြောတာပါ​ဆောင်​ကြာမြိုင်​​တွေ​ကော​ရေပူစမ်း​တွေ​ကောအစုံအလင်​ရှိ​နေပါပြီ။မောင်​စံ​ပေါင်းလည်းအခန်းတစ်​ခန်းငှါးပြီးပါလာတဲ့ပစ္စည်း​လေး​တွေထားပြီး​ဗိုက်​ဆာတာနဲ့အပြင်​ထွက်​​ဈေးဆိုင်​တစ်​ဆိုင်​ဆိုင်​မှာအစားဝင်​စား​လေသည်​။မောင်​စံ​ပေါင်းအစားစား​နေတုန်း"ြ​ဗုန်း"ဆိုတဲ့အသံတစ်​ခုကိုကြားလိုက်​ပါတယ်​။တံခါးကိုကန်​ဖွင့်​လိုက်​တဲ့အခါတံခါးကျိုးသံလိုမျိုးပါ။ကြည့်​လိုက်​​တော့​ကောင်​မ​လေးတစ်​​ယောက်​ကိုလူကြီးနှစ်​​ယောက်​ကနိပ်​စက်​​နေတာကို​တွေ့လိုက်​ပါတယ်​။မောင်​စံ​ပေါင်းကလည်းအမြင်​မ​တော်​တာနဲ့-

"​​မောင်​မင်းတို့အဘယ်​​ကြောင့်​မိန်း​က​လေးတစ်​​ယောက်​ကိုနှိပ်​စက်​​နေရတာလည်းအခုချက်​ချင်း​နောက်​ဆုတ်​လိုက်​ကျ"

"အသင်​နဲ့ဘာဆိုင်​လို့ကျွနိုပ်​တို့ကိုဝင်​ရှုပ်​​နေရတာလဲအသားမနာချင်​ရင်​အသင်​​နောက်​ဆုတ်​​နေလိုက်​တာ​ကောင်းမယ်​"

"​ကောင်​မ​လေးတစ်​​ယောက်​ကို​ယောကျာ်​သားနှစ်​​ယောက်​ကမညှာမသာနှိပ်​စက်​​နေတာကိုအသာတကြည့်​ကြည့်​ရ​လောက်​​အောင်ကွ​နိုပ်​​မယုတ်​ညံ့ဘူးအသင်​တို့နှစ်​​ယောက်​အခုချက်​ချင်း​နောက်​ဆုတ်​လိုက်​ပါ"

"​နောက်​မဆုတ်​နိုင်​​တော့အသင်​ကဘာဖြစ်​ချင်​လည်း"

"ဘာဖြစ်​ချင်​လည်းသိချင်​ရင်​အသင်​တို့​သူ့ကိုလက်​ဖျားက​လေးနဲ့ထက်​ထိကြည့်​လိုက်​စမ်းပါ၊အကျွနိုပ်​အ​ကြောင်း​ကောင်း​ကောင်းသိရလိမ့်​မယ်​"

"ဟား...ဟား....ဟား....ထိတယ်​ကွာအသင်​ဘာဖြစ်​ချင်​လဲ"

ထိုလူကြီးနှစ်​​ယောက်​​ကောင်​မ​လေးကိုထက်​ရိုက်​လိုက်​တဲ့အချိန်​မှာပဲရုတ်​တရက်​​ကောင်​မ​လေးကသူတို့ရဲ့အ​ရှေ့က​နေ​ပျောက်​သွားပါတယ်​။

"ဟာာ....​မိန်းက​လေးဘယ်​​ရောက်​သွားတာလည်း"

"ကျွန်ုပ်​အသင်​တို့ကိုသတိ​ပေးခဲ့ပါတယ်​​မိန်းက​လေးကိုထိကြည့်​လိုက်​လို့အခုမိန်းက​လေးလဲမရှိ​တော့ဘူးအသင်​တို့နှစ်​​ယောက်​နဲ့ကျွနိုပ်​ပဲကျန်​တယ်​၊အချိန်​​တွေဆွဲမ​နေပဲရှင်းစရာရှိတာရှင်းလိုက်​ရ​အောင်​လာ​လေ​ရော့..."

လူကြီးနှစ်​​ယောက်​ဘာမှ​တောင်​လုပ်​ချိန်​မရှိပါ​မောင်​စံ​ပေါင်းရဲ့လျှပ်​စီးလိုလျှင်​မြန်​တဲ့​ရွေ့လျားမှု​တွေတိုက်​ခိုက်​မှု​တွေ​ကြောင့်​တုန့်​တုန့်​မျှမလှုပ်​နိုင်​ပဲရှိ​လေသည်​။မောင်​စံ​ပေါင်းလည်းသူတို့နှစ်​​ယောက်​နှင့်​တိုက်​ခိုက်​ပြိး​နောက်​သူအလျင်​အမြန်​​ရွေ့ထားခဲ့တဲ့​မိန်းက​လေးနားကိုသွားပြီး-

"အဘယ်​​ကြောင်​ထိုလူနှစ်​​ယောက်​ကအသင်​မိန်းက​လေးကိုရိုက်​နှက်​​နေကျပါသနည်း?"

ဟု​မေး​လေသည်​။ကောင်​မ​လေးကလည်းမရှက်​မရွံ့ပဲ​ပြောပြ​လေသည်​။

"ကျွန်​​တော်​မျိုးမကနဂိုကစည်းစိမ်​ချမ်းသာ​တွေအပြည့်​နဲ့​နေထိုင်​ခဲ့တဲ့(​ရွှေလင်​ပန်းနဲ့အချင်း​ဆေးမင်း​မွေးတဲ့သမီး)တစ်​ဦးပါ။တစ်​ရက်​မှာလူရမ်းကားတစ်​စုကကျွန်​​တော်​မျိုးမတို့ရဲ့အိမ်​ကိုဝင်​ပြီးဓားပြတိုက်​ရုံတင်​မကကျွန်​​တော်​မျိုးမ၏ဖခင်​နဲ့မိခင်​တို့ကိုပါသတ်​သွားပြီးရှိသမျှစည်းစိမ်​​တွေကိုယူသွားခဲ့ပါတယ်​၊ကျွန်​​တော်​မျိုးမလည်းအိမ်​​တော်​မျိအလျင်​အမြန်​ထွက်​​ပြေးတိမ်း​ရှောင်​ရင်းအခုကျွန်​​တော်​မျိုးမ​ဗိုက်​အရမ်းဆာ​နေလို့ထူလူနှစ်​ဦးကိုအကူအညီ​တောင်းပါတယ်​၊သို့​ပေမဲ့ကျွန်​​တော်​မျိုးမရဲ့ဆုတ်​ပျက်​နုံရှာ​နေတဲ့ပုံစံ​ကြောင့်​ထိုလူနှစ်​ဦးကကျွန်​​တော်​မျိုးမကိုဆဲဆိုရိုက်​နက်​​နေတာဖြစ်​ပါတယ်​၊အသင်​သာကျွန်​​တော်​မျိုးမကိုဝင်​မကယ်​ခဲ့ရင်​ကျွန်​​တော်​မျိုးမရဲ့ဘဝကမ​တွေးရဲစရာပါ၊အခုလိုကူညီ​ပေးလို့အသင့်​ကိုကျွန်​​တော်​မျိုးမအလွန်​အမင်​​ကျေးဇူးတင်​လှပါတယ်​၊အသင်ဟာကျွန်​​တော်​မျိုးမရဲ့အသက်​သခင်​​ကျေးဇူးရှင်​ပါ"

"ရပါတယ်​နှမငယ်​၊အကျွနိုပ်​ကလည်း​ကျေးဇူးအတင်​ခံချင်​လို့မဟုတ်​ပါ၊မတရားတာမြင်​ရင်​အငြိမ်​မခံတတ်​တဲ့အကျင့်​​ကြောင့်​နှမ​တော်​ကိုကူညီခဲ့တာပါ၊​ကျေးဇူးတင်​စရာမလိုပါဘူး၊ဒီလိုလုပ်​ပါလားနှမငယ်​ကျွနိုပ်​ကအခု​ဗာရာဏသီပြည်​ကိုသွားမှာ၊နှမငယ်​မှာလည်း​နေစရာအိမ်​မရှိဘူးဆို​တော့အကျွနိုပ်​နဲ့လိုက်​ခဲ့၊ဟို​ရောက်​ရင်​အသင့်​အတွက်​​နေစရာ၊စားစရာအကုန်​အကျွနိုပ်​စီစဉ်​​ပေးပါမယ်​"

"ကျွန်​​တော်​မျိုးမဒီက​နောင်​​တော်​ကိုဘယ်​လို​ကျေးဇူးတင်​ရမှန်းကိုမသိဖြစ်​မိပါတယ်​၊ယခုလိုကူညီ​ပေးတဲ့အတွက်​ဒီက​နောင်​​တော်​ကို​ကျေးဇူးတင်​ပါတယ်​"

"ရပါတယ်​နှမငယ်​အကူညီလိုတဲ့သူကိုကူညီတာပဲ​ကျေးဇူးမတင်​ပါနဲ့၊ဒါနဲ့နှမငယ်​ရဲ့အမည်​ကဘာပါလည်း?"

"ကျွန်​​တော်​မျိုးမရဲ့အမည်​နာမက သိင်္ဂီပါ"

ဆက်​ရန်​.....


MSC.119
@thantzinwin
Thant Zin Win

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မောင်စံ ပေါင်းက ပညာတွေ စုံပြီး ပြန်လာပြီ

ဘာတွေဆက်ဖြစ်မလဲ အားပေးနေမယ်Bro ။

ဟုတ်​အစ်​ကို​ရေအား​ပေးပါအုန်း​ဗျ

သိဂီ င်္နဲ့မောင်စံပေါင်း မျှော်နေပါတယ်ဗျာ

ဟုတ်​အစ်​ကို​မျှော​နေ​ပေးပါအုန်း​ဗျ

မောင်စံပေါင်းလေး သိင်္ဂီရဲ့ မာယကြာများ နစ်မျောဦးမလားကွယ်

အချစ်​နွံ​ထဲနျစ်​​မျောအုန်းမယ်​အစ်​ကို​ရေ😄

အားပေးနေမယ်အကို

ဟုတ်​​ကျေးဇူးပါ​ဗျ

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

နားလည်​ပါတယ်​ဘုရား🙏

ဘယ်လိုဇတ်ပေါင်းလာမလဲဆိုတာ စောင့်နေပါတယ်

ဟုတ်​အစ်​ကို​ရေ​ကျေးဇူးပါ​ဗျညီ့စာ​လေးကိုအား​ပေးလို့ဆက်​လက်​​စောင့်​ပါအုန်း​ဗျ

အဲဒိမှာစတွေ့တာဘဲ hee hee

တွေ့ပြီဆိုရင်​သိ​တော့ဟွင်းဟွင်း😄

ရာဇဝဏ် ကားကြည့်လိုက်ရသလိုပဲဗျာ

ရာဇဝင်​ကားလိုပါပဲအစ်​ကို​ရေ😄

ပုံပြင်ပိုင်းလေးတွေရောက်လာကြပီနော်

ဟီးဟီး​ရေးတတ်​ရတာ​ပေါ့😁

များများရေးbroရေအဆုံးထိလိုက်အားပေးနေမယ်

ဟုတ်​ဟုတ်​​ကျေးဇူးပါအစ်​ကို​ရေဆက်​လက်​ကြိုးစားပါအုန်းမယ်​​ဗျ

မြန်မြန်ဆက်ပါဗျာ

ဟုတ်​စောင့်​​ပေးပါအုန်း​ဗျ😁

လမ်းသွားရင်း အကူအညီပါပေးတယ်ပေါ့
ဇာတ်လိုက်ကျော်ရဲ့အစွမ်း အံ့မခမ်းပါလားဗျာ

တုနှိုင်းမဲ့တဲ့​မောင်​စံ​ပေါင်း​လေ😄

ဖက်​လို့​ကောင်းတယ်​ ဆက်​ပါအုံးဗျာ

ဟုတ်​​စောင့်​​ပေးပါအုန်း​ဗျ

တရုတ်သိုင်းကားလိုဘဲ့နော် တော်တော်မြန်တဲ့မောင်စံပေါင်း

လျပ်​စီးထက်​မြန်​တယ်​😄

ဇာတ်လမ်းက အရှိန်တက်လာပြီပဲ

ဟီးဆက်​အား​ပေးပါအုန်း​ဗျ

အသင့်ရဲ့ ကောင်းမွန်လှတဲ့အရေးအသားတွေ
ကြောင့် အကျွနုပ်လည်း Vote မိလေတော့သည် :D

အယ်​လယ်​​ကျေနပ်​မိXD