Hi there
Were are myanmar
ဒါပေမယ့်လည်း ထိုင်းစာလေ့လာလိုက်ပါသေးတယ်။
ကျွန်တော်ကတော့ မြဝတီ အိမ်မှာရေခဲ ပေါ့ဗျ။ကျွန်တော်စရောက်တုန်းကတော့ သိပ်မရောင်းရဘူးဗျ။ရောင်းသမား မရှိတာလဲပါမှာပေါ့လေ။နောက်ပိုင်းအတော်ရောင်းရတယ်။တစ်နေ့ ၁သောင်းခွဲ နှစ်သောင်းလောက်ရတယ်ဗျ။ကျွန်တော့ ဦးကတော့ ကားနဲ့ အပြင်မှာ ရေခဲ အော်ဒါ လိုက်ပို့ ကျွန်တော်ကတော့ အိမ်မှာရောင်း။အဆင်ပြေလို့ပေါ့ဗျ။ကျွန်တော်လည်းသူ့ ရေခဲကြီးပဲရောင်းနေရတော့ အပြင်လဲမသွားရတော့ နောက်ပြီး မိုးတွင်းလည်းရောက်ပြီဆိုတော့ အိမ်ပြန်ဘို့
ပြောတာပေါ့။နောက်ပြန်လာမယ်ပေါ့လေ။အဲ့ဒါပေးမပြန်ဘူး မပြန်နဲ့တဲ့ ဟား ကျွန်တော်က မိန်းကလေး မှ မဟုတ်တာ အိမ်တွင်းပုန်း မလုပ်နိုင်ဘူးလေ။အဲ့ဒါနဲ့ အမေကိုဖုန်းဆက်ပြီးပြောတာပေါ့။အိမ်ပြန်မလို့ပြောတာပေးမပြန်ဘူးလေ။အဲ့ဒါဘယ်လိုပြောလိုက်ကြလဲမသိဘူး
နောက်တော့ပြန်ချင်ရင်ပြန်တဲ့။
မြဝတီ မှာ ၅ လောက်လ နေဖြစ်သွားတယ်ပေါ့ဗျ။
အဲ့ဒီ နောက်ပိုင်းမသွားဖြစ်တော့ပါဘူး။
တစ်ခုပြောချင်တာက ကျွန်တော့ ဘဝ ကိုကျွန်တော်လိုချင်တဲ့ပုံစံလုပ်ချင်တာဗျ။လိုချင်တဲ့ပုံစံမဖြစ်ခဲ့ဘူးဗျ။ကျွန်တောဘဲအသုံးမကြခဲ့တာလား မစဉ်းစား မဆင်ခြင်တတ်တာလားတော့ မသိဘူး။
ကျွန်တော် ဘယ်လိုစဉ်းစားတတ်လာလဲဆိုတာ ဆက်ဖက်ကြည့်ဗျ။
အိမ်ပြန်ရောက်လာတော့ မိုးတွင်းလည်းရောက်နေပြီဆိုတော့
မိုးရွာလိုက် နေပူလိုက်ပေါ့ အမေက ဘုန်းကြီးကျောင်းခြံမှာ အစီးလျှီး
တယ်လေ။အမေကို ဝိုင်းကူပေါ့ဗျ။တစ်ခုတော့ရှိတယ် အမေသာ အစီးလျှီး တတ်သာ ကျွန်တော့ မလျှီးတတ်ဘူး ဗျ။အဖေ ဆိုင်ကယ်ပြင်တတ်တယ် ကျွန်တော် မတတ်ဘူး။မိဘ ပညာအမွ မရှိဘူးပေါ့ဗျာ။
အဲ့လိုနဲ့ အမေ ဝိုင်းကူရင်း ဆောင်းတွင်းရောက်လာတာပေါ့ဗျာ။
အဲ့မှာ ဘုန်းကြီးကျောင်းမှာ ကျောင်းလှေကားလာလုပ်တဲ့ ပန်းရန် အဖွဲ့နဲ့ ဆုံတော့ အလုပ်လည်းမရှိတာနဲ့ စိဝင်စား လာပြန်ရော။
ပင်ပန်းပေမယ့် ဝင်ငွေကောင်းတာကိုးဗျ။
အဲ့ဒါနဲ့ အဖပြောရော ဝင်လုပ်မလားတဲ့ ငါပြောပေးမယ်တဲ့။ကိုယ်လည်းအလုပ်မရှိဘူးဆိုတော့ လုပ်မယ်ပေါ့။အဲ့မှာဝင်လုပ်ဖြစ်ပါတယ်။
ကျောင်းကဆင်းရဲတော့ အကြမ်းပဲရတယ်လေ။
အခုစာရေးနေတဲ့ အချိန်မှာ ပန်းရန် လုပ်နေပါသေးတယ်ဗျ။
ဘယ်အလုပ်မှ စွဲစွဲမြဲမြဲ မရှိတဲ့ ကျွန်တော် အခု ပန်းရန် အလုပ်မှာ ၅နှစ်လောက်ရှိတော့မယ်ဗျ။
ဆက်ရေးပါမယ်
မပြီးသေးဘူးဗျ။
ပန်းရန် အတွေ့ အကြုံနဲ့ internet ပေါ်မှာ ငွေရှာနည်း ဘယ်လိုသိလာလည်းဆိုတာပြောပြအုံးမယ်ဗျ။
ကျွန်တော့ ဘဝက သူများတွေလို ပျော်စရာမကောင်းဘူးဗျ။