မေတ္တာနှင့်ပေးသော......ပန်း ....

in myanmar •  7 years ago  (edited)

မေတ္တာနှင့်ပေးသော.....ပန်း

အပိုင်း(၁)ဖတ်ရန်
အပိုင်း(၂)ဖတ်ရန်
အပိုင်း(၃)ဖတ်ရန်

သွယ်လေး အဖေ့ဆီမှ ကန်တော့ပြီး အိမ်သို့ပြန်လာခဲ့လိုက်ပါတော့သည်။အဖေဆီသွားသည့်အချိန်တွင် အဖြစ်အပျက်များက ပြောင်းလဲမှုများစွာဖြစ်ခဲ့ရပါသည်။မိမိအလုပ်လုပ်နေသော သူဌေးမှာ မိမိ၏အမေကွဲညီမမှန်း သိလိုက်ရသည်မှာ လွန်စွာမှအံ့သြတုန်လှုပ်မိပါသည်။မြင့်မိုရ်ကိုလည်း မိမိ၏ညီမအဖြစ်တော်ခွင့်ရသည်မှာလည်း ကံကောင်းလှပါသည်။ ငွေကြေးဥစ္စာကြောင့်မဟုတ်ဘဲ သူတစ်ပါးအား ဂရုစိုက်ကြင်နာ မေတ္တာထားတတ်သောကြောင့်ဖြစ်ပါသည်။ယခုအချိန်တွင် သွယ်လေးအနှစ်နှစ်အလလကဖြစ်ချင်ခဲ့သော ရည်မှန်းချက်လည်းပြည့်မြောက်ခဲ့ရပါပြီ။အဲဒီအတွက်လည်း မေ့မေ့ကို ကျေးဇူးတင်မိပါသည်။မေမေသာခွင့်မပြုလျှင် သွယ်လေးရည်မှန်းချက်မပြည့်မြောက်နိုင်ပါ။
“အမေ …..အမေ”
“အော် သမီးလေးပြန်လာပြီလား ရေအရင်ချိုးလိုက်လေ ပြီးရင်ထမင်းစားကြတာပေါ့” ဟုပြောပြီး ဒေါ်သူဇာတစ်ယောက်လှည့်ထွက်သွားသည်။သွယ်လေးလဲ အမေက အဖေ့အကြောင်းမသိချင်လို့ လှည့်ထွက်သွားခြင်းဖြစ်သည်ကို နားလည်လိုက်ပါသည်။သွယ်လေးလဲ ရေချိုးရန်အတွက် ပြင်ဆင်လိုက်ပါသည်။သွယ်လေးရေချိုးပြီးချိန်မှာတော့ အမေက ထမင်းပွဲကိုပြင်ဆင်ပြီး စားရန်အသင့်စောင့်နေပါသည်။
“လာ သမီး ထမင်းစားရအောင်”
သွယ်လေး အမေကိုတစ်ချက်ကြည့်လိုက်ပြီး နေ့လည်ကအကြောင့်အရာများကို ပြောသင့်မပြောသင့်စဉ်းစားလိုက်ပါသည်။အမေကတော့ နားလည်ပေးမှာဘဲ ဟုတွေးရင်း ပြောရန် ဆုံးဖြတ်လိုက်ပါသည်။

dhartleyforevergirl.jpg
Photo CreditOriginal Source
“အမေ နေ့လည်က သမီးအဖေ့ကိုတွေ့ပြီးကန်တော့ခဲ့ပါတယ်။ အဖေ့ကိုကန်တော့တော့ အဖေကသမီးကို ပိုက်ဆံတွေပေးတယ်အမေ သူ့ဘ၀မှာသမီးတို့သားအမိကို အမြဲတမ်းပေးဆပ်ဖို့စဉ်းစားထားပြီးသားပါတဲ့ အခုလဲသမီးအတွက် လိုချင်တာတွေ မဖြည့်ဆည်းပေးနိုင်ခဲ့လို့ အပြစ်တစ်ခုလို အမြဲတမ်းခံစားနေရပါတယ်တဲ့၊အဲဒါကြောင့် ဒီငွေတွေကို ယူသွားပါလို့ပြောတယ်အမေ ၊နောက်လိုအပ်တာရှိရင်လဲ အဖေ့ကိုပြောပါတဲ့”
“သမီး အဲဒီပိုက်ဆံတွေကို ယူခဲ့လား”
“ဟင့်အင်း သမီးမယူခဲ့ပါဘူး ယူရင်လဲ အမေမကြိုက်မှန်းသိပါတယ်။အမေစိတ်မချမ်းသာမယ့်ကိစ္စတွေကို သမီးမလုပ်ပါဘူးအမေ”
“အော် သမီးလေးရယ်………၊ သမီးအဖေပေးတဲ့ပိုက်ဆံကို ယူဖို့မယူဖို့အမေမပြောလိုပါဘူးသမီးရယ်၊သူလဲ သမီးးအဖေပါဘဲ ဒါပေမယ့် တစ်ခုတော့ရှိတယ် သမိးကို သမီးအဖေနဲ့ပေးတွေ့တာ စည်းစိမ်တွေလိုချင်လို့တော့အထင်မခံချင်ဘူးသမီးရယ်”
“ဟုတ်ကဲ့ပါ သမီးနားလည်ပါတယ်အမေ နောက်ပြီး အံ့အားသင့်စရာတွေလဲ ကြုံခဲ့ရတယ်”
“သမီ အဖေ့ကို ကန်တော့နေချိန်မှာဘဲ သမီးတို့အလုပ်ရှင်သူဌေးရောက်လာတယ်၊အဲဒါဘယ်သူလို့ထင်လဲအမေ၊အဲဒါ အဖေ့ရဲ့သမီး ၊သမီးနဲ့အမေကွဲညီမတဲ့ သမီးဖြင့်သိလိုက်တဲ့အချိန်မှာအံ့သြပြီး ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုတာ သဘောပေါက်သွားတယ် အမေ”
“အဲဒီတော့ သမီးဘာဆက်လုပ်ဖို့စဉ်းစားထားလဲ”
“သူကတော့ သမီးကိုအစ်မတစ်ယောက်အနေနဲ့လက်ခံပါတယ်တဲ့ ၊နောက်ဆိုရင် အလုပ်ရှင် အလုပ်သမားမဟုတ်ဘဲ ညီမလိုဘဲ ဆက်ဆံမယ်ဆိုတဲ့အကြောင်း သူဘက်ကချစ်ချစ်ခင်ခင်ရှိနေတော့ သမီးဘက်ကလဲမငြင်းရက်ပါဘူး ၊ဒါပေမယ့်သမီး အလုပ်ကိုဘဲသမီးလုပ်မှာပါ ၊ညီမဆိုတဲ့မျော်လင့်ချက်နဲ့အလုပ်လုပ်မှာမဟုတ်ပါဘူးအမေ”
“အေး အမေကတော့ အခုအချိန်မှာ သမီးလေးအဆင်ပြေစိတ်ချမ်းသာရင်ပြီးတာပါဘဲ ဒါပေမယ့် တစ်ခုတော့မှတ်ထားပါ အမေတို့ ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်တယ်ဆိုတာတော့ သမီးလေးမှတ်ထားပါ”
“ဟုတ်ကဲ့ပါအမေ သမီးနားလည်ပါတယ် အမေ သမီးကို ငယ်ငယ်ကတည်းက ကိုယ်အားကိုကိုးဖို့ပြောတာကို သမီးမမေ့ပါဘူးအမေ” သွယ်လေးတို့သားအမိ၂ယောက်လဲ ထမင်းစားရင်း စကားများကိုပြောဖြစ်ခဲ့ကြပြီး မနက်ဖြန်အလုပ်သွားရန်အတွက် စောစီးစွာဘဲ အိပ်ယာဝင်ခဲ့လိုက်ပါတယ်။
ဒီနေ့မနက် အလုပ်ကိုလာရသည်မှာ သွယ်လေးစိတ်ထဲ ခံစားမှုတစ်ခုဖြစ်လို့နေပါတယ်။ အဲဒီခံစားမှုကတော့ မနေ့က မြင့်မိုရ်ကို ညီမလို့သိလိုက်ရချိန်မှာ သူ့ဘက်ကအဖေ့ရှေ့မှာမို့ ညီမတွေလိုချစ်ချစ်ခင်ခင်နေရအောင်လို့ ပြောတာလား၊ စိတ်ထဲကတကယ်လားဆိုသည်ကို သွယ်လေး အတွေးများချီတုံချတုံဖြစ်နေပါသည်။နောက်ပြီး အလုပ်ရောက်ရင်ရော ဘယ်လိုဆက်ဆံမှာလဲ၊ ကိုယ့်ဘက်က ညီမဆိုတဲ့ရင်းနှီးမှုပေါ်မှာလဲ အခွင့်အရေးမယူချင်၊ နောက်ဆုံးတော့ သူ့ဘက်ကဆက်ဆံတဲ့အပေါ်မှာဘဲ မူတည်ပြီး အလိုက်အထိုက်ပြန်ဆက်ဆံလိုက်ပါတော့မယ်လို့ တွေးပြီး လျှောက်နေတုန်းမှာဘဲ
“ ကျွီ!...........ဒုန်း”
“အမယ်လေး!.................” သွယ်လေးတစ်ယောက် လမ်းပေါ်လဲကျသွားပါတယ်။ထိုအချိန်တွင် ကားပေါ်မှလူတစ်ယောက်ဆင်းလာပြီး
“ဘာ….ဘာဖြစ်သွားသေးလဲဗျ..”ဟုပြောပြီး သွယ်လေးလက်မောင်းကိုင်ပြီး ထူဖို့လုပ်လိုက်တဲ့အချိန်မှာ
“ဖယ်ပါ လူကို လာမကိုင်ပါနဲ့ ၊ရှင်တို့ယောင်္ကျားတွေကဒီလိုမျိုး ဇာတ်လေးတွေဆင်ပြီး မိန်းကလေးတွေကိုရောနေကြတာမလား”
“ဘာဗျ ခင်ဗျားစေတနာကိုစော်ကားလှချည်လား ခင်ဗျားခြေထောက်နာနေမှာစိုးလို့ ထနိုင်အောင်ကူပေးမလို့ပါဗျ လူတိုင်းကိုအကုန် ၀ါးလုံးသိမ်းရမ်းပြီးထင်မနေပါနဲ့”
“ရတယ် ဘာမှမဖြစ်ဘူး ရှင်ဘာသာရှင်ကိုယ်လမ်းကိုဆက်သွားပါ”
“ကောင်းပြီလေ ကျုပ်ကားနဲ့ထိမလိုဖြစ်သွားလို့ ခင်ဗျားကြီးပြဿနာရှာမှာကြောင့် ကျုပ်ကကူညီပေးတာ ခင်ဗျားကဖြစ်တယ်ဆိုတော့လဲ အနေသာကြီးပေါ့ဗျာ အဲဒါဆိုလဲသွားပြီ”
“သွား သွား လူကိုဘာများအောက်မေ့နေတာလဲ ဟွန်း…….” သွယ်လေးလဲထပြီး ဖြေးဖြေးချင်းလျှောက်လာခဲ့လိုက်ပါတော့တယ်။ရုံးရောက်ခါနီးမှ ပြဿနာဖြစ်ရတယ်လို့ ဘယ်လိုလူတွေနဲ့လာတွေ့နေလဲမသိဘူး ဆိုပြီးတွေးရင်း ရုံးကိုဝင်လိုက်မှ ပိုဆိုးတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်။စောစောက မိမိကိုတိုက်မိမလိုဖြစ်သွားတဲ့ ဟိုလူရဲ့ကားက ဘာဖြစ်လို့ရုံးထဲမှာရပ်ထားရတာလဲ ရုံးကိုလာတဲ့သူလား ၊ငါ့ကိုစုံစမ်းပြီးလာတာတော့ မဟုတ်လောက်ပါဘူး ၊ ဟာ….မဖြစ်နိုင်ပါဘူး ၊၀င်သွားလိုက်တာဘဲကောင်းပါတယ်၊တွေ့တော့လဲရှင်းတာပေါ့။

maxresdefault copy.jpg
Photo CreditOriginal Source
“ကျွန်မရောက်ပါပြီ …” သွယ်လေး မြင့်မိုရ်အခန်းထဲဝင်ပြီး နှုတ်ဆက်လိုက်ပါတယ်။
“အော် မင်းပါလား ဒီမှာလုပ်တာလား…”
“ကိုနဲ့ မမသွယ်နဲ့သိနေတာလား”
“ဟာ မသိပါဘူး စောစောကမှစကားများထားတာ”
“ဟုတ်တယ်မြင့်မိုရ် ကိုယ့်ကားနဲ့တိုက်မိမလိုဖြစ်သွားလို့”
“အော် ဒီလိုလား ဒါနဲ့မိတ်ဆက်ပေးရဦးမယ်၊ဒါက ကိုလရောင်တဲ့ မြင့်မိုရ်နဲ့ မိဘချင်းသဘောတူထားတာ၊ ဒါကတော့ သွယ်လေးတဲ့ မြင့်မိုရ်ရဲ့အစ်မ မနေ့ကမှ ရလိုက်တာ ဟီးဟီး”
“အော် မြင့်မိုရ်အစ်မလား” ဆိုပြီး လရောင် သွယ်လေးကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ သွယ်လေးနဲ့မျက်လုံးချင်းဆုံမိသွားပါတယ်.......????????

ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်လျှက်..
logo.jpg

Writer - Thant Zin Soe(@tharpauk)
MSC 134

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သုံးပွင့်​ဆိုင်​ဇာတ်​လမ်းလား

ပုံမှာပြထားတယ် hee hee

အဲ့ဒီမှာ စ​တွေ့တာပဲ ဟီးး😊

တွေ့ပြီဗျာ hee hee

သုံးပွင့်​ဆိုင်​​တော့မှာလား

ပုံမှာတော့ပြထားတယ်

စာရေးစရာကတော့စပြီတဲ့သူတယ်
သုံးပွင့်ဆိုင်ဖို့

ဆိုင်ရကောင်းမလားလို့ hee hee အစ်ကို့လို

အကိုရေ အရင်အပါတ်က အပိုင်းတွေတော့ ပြန်မဖတ်တော့ဘူး
အခု အပိုင်ုကနေစပြီး အားပေးခဲ့တယ်ဗျို့ 

ကျေးဇူးပါဗျာ

ဟာဗျာ မြင့်မိုရ်နဲ့ မိဘချင်း သဘောတူထားတဲ့လူရှိနေပြီလား။ ဒီက စိတ်ဝင်စားနေပါတယ်ဆို။

အရင်ပတ်ကတည်းက ကိုထွေးစိတ်ဝင်စားလို့ ပေးစားတော့မလို့ hee hee

ညီမခြင်း ရည်းစားလုဘက်တော့ မဖြစ်လောက်ပါဘူးနော်

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ hee hee

အယ် ပုံထဲမှာ အထာပြထားတယ်

? ကိုတမင်လုပ်ထည့်ထားတာ hee hee

ဇာတ်လမ်းကတော့ ဖတ်ကောင်းတော့မယ်
မျက်လုံးချင်းဆုံရင်ခုန်သည် ဆိုတဲ့စကားလို ငိငိ

မျက်လုံးချင်းစကားပြောနေပြီ (သီချင်းနော်)

အဲလည် ယောက်ျားရှာပေးနေပြီ စာရေးဆရာတော့😁😁

လူပျိုကြီးကမှ မလှုပ်တာ Hee hee

အကြည့်ခြင်းဆုံ ရင်တွေခုန်

အခုမှစခုန်မလို့ပါဗျာ

တစ်နေ့ကျရင်ကိုယ်လည်းမိဘကတစ်ယောက်တော့ရမှာပါ

ဘာကိုလဲဗျ 😁😁

ဇာတ်​လမ်း​လေးကစိတ်​ဝင်​စားစရာပါပဲ

ကျေးဇူးပါမအိရေ