ကိုယ်ချင်းစာစိတ်

in myanmar •  6 years ago 

ကိုယ်ချင်းစာစိတ်

အားလုံးဘဲမင်္ဂလာပါဗျ။အရင်အပတ်က ဘယ်လိုမှမအားတာနဲ့ pro တစ်ရက်ကိုမတင်လိုက်ရဘဲ လွတ်သွားပါတယ်။ဒီတစ်ခါတော့ အားတဲ့အချိန်လေးမှာ ကြုံလာတဲ့အဖြစ်အပျက်လေးကလဲ ရှိနေတော့ ရေးထားလိုက်ပါတယ်။

တစ်နေ့ကျွန်တော် မြို့ထဲကို ထွက်လာခဲ့ပါတယ်။အလုပ်ကိစ္စကလဲ သွားရမှာဖြစ်တာတစ်ကြောင်း မိုးရွာနေတာကတစ်ကြောင်း လိုင်းကားနဲ့ မသွားတော့ဘဲ taxi နဲ့ဘဲ လာခဲ့လိုက်ပါတယ်။ကားငှားပြီး သွားမယ့်ခရီးကို ကားသမားပြောပြီးမောင်းခိုင်းလိုက်ပါတယ်။မိုးရာသီဆိုတော့ ရာသီဥတုကလဲ အေးနေတဲ့အခြေအနေလေးပါဘဲ။ရန်ကုန်မိုးဆိုတဲ့အတိုင်း အစိုးမရပါဘူး၊ရွာချင်ရင်ရွာပြီး တိတ်တဲ့အချိန်တိတ်သွားတာပါဘဲ။ တစ်ခါတစ်ရံ ရန်ကုန်မြို့ချင်းအတူတူ တစ်နေရာနဲ့တစ်နေရာ ကွက်ကျားမိုးလဲ၇ွာတတ်ပါသေးတယ်။

Screenshot_9.jpg
ဒီလိုနဲ့ ကားပေါ်မှာ ကားဆရာနဲ့စကားပြောရင်း ကားမောင်းရတာအဆင်ပြေရဲ့လားမေးကြည့်တော့ “အဆင်ပြေလှရယ်လို့တော့မဟုတ်ပါဘူး၊ဒီလိုဘဲ မောင်းနေရတာပါဘဲ ၊ဆွဲကောင်းတဲ့ရက်ရှိသလို ဆွဲမကောင်းတဲ့ရက်လဲ ရှိပါတယ်အစ်ကို၊အခုလိုမိုးတွင်းကတော့လမ်းပေါ်မှာဘဲ ရေကြီးရေလျှံတာနဲ့ဘဲ အချိန်ကုန်တာများပါတယ်၊ဆွဲကောင်းတဲ့အချိန်လေးမှာဘဲ ကြိုးစားဆွဲနေရတာပါဘဲ”ဆိုပြီး အငှားကားမောင်းတဲ့အခက်အခဲတစ်ချို့ကိုပြောပြပါတယ်။အဲဒီအချိန်မှာ Alphard ကားတစ်စီးက ရှေ့မှနေဖြတ်ဝင်ပြီး ကန့်လန့်ကြီးရပ်လိုက်ပါတယ်။အမှန်တော့ သူလဲဖြတ်ဝင်လို့မရပါဘူး၊ဒါကိုဇွတ်ဝင်ပြီး တစ်ခြားလူလဲသွားမရဖြစ်နေပါတယ်။ကားမောင်းတဲ့ကားဆရာကတော့ ဆဲမလို့ဆိုပြီးလုပ်တော့ ကျွန်တော်ကတားလိုက်ပြီး “ထားလိုက်ပါ အစ်ကိုရာ အချိန်တန်သွားရမှာပါဘဲ ပြဿနာဖြစ်နေပါဦးမယ်”ဆိုပြီး တားလိုက်ရပါတယ်။ကြည့်ရတာတော့ ကားမောင်းတာက အမျိုးသမီးပါ။

1-47.jpg
Image Source
ဒီလိုနဲ့ လမ်းတစ်လျှောက်လုံးလဲ အဲဒီကားမှရှေ့ကနေပြီး တွန့်ဆုတ်တွန့်ဆုတ်မောင်းနေပါတယ်။အခုမှစမောင်းတာလားမသိပါ။ဒီလိုနဲ့ မီးပွိုင့်တစ်ခုလဲရောက်ရော စံပယ်ပန်းရောင်းနေတဲ့ ကလေးလေးက စံပယ်ပန်းယူဦးမလားဆိုပြီး ကားထဲကိုလက်ထိုးပြီး ရောင်းလိုက်ပါတယ်။အဲဒါ ကလေးလေးကို မ၀ယ်ဘူးဆိုတာမပြောဘဲ ကလေးလေးပန်းတွေကို ယူပြီးလွှင့်ပစ်လိုက်ပါတယ်။ကလေးမလေးလဲ
“အန်တီဘာဖြစ်လို့ ပန်းတွေကို လွှင့်ပစ်တာလဲ မ၀ယ်ရင်မ၀ယ်ဘူးပြောပါ့လား အခုတော့ ပန်းတွေမကောင်းတော့ဘူး၊ဘယ်လိုဆက်ရောင်းရမှာလဲ အန်တီလျော်ပေးပါ”ဆိုပြီး ကလေးလေးက ငိုပြီးပြောရှာပါတယ်။

“ဟဲ့ နင့်ပန်းကို မ၀ယ်ဘဲ ဘာလို့ငါ့ကားထဲကို ဇွတ်ဝင်ရောင်းနေတာလဲ ပြီးရင်နင်တို့ကကားနဲ့တိုက်သလေးဘာလေးလုပ်ဦးမယ် ဘာမှမလျော်ပေးနိုင်ဘူး ကိုယ်ဘာသာသေချာမကိုင်ဘဲ ပြုတ်ကျတာလေ” ဆိုပြီးအမျိုးသမီးမှ ပြန်ပြောပါတယ်။အဲဒီအချိန်မှာဘဲ ဘေးမှာရှိတဲ့ taxi ကားဆရာကဆင်းသွားပြီး
“ဒီမှာ ခင်ဗျားလျော်ပေးလိုက်ပါဗျာ၊ခင်ဗျားတို့ဖြစ်နေတာတွေ အားလုံးမြင်ပါတယ်။ကလေးကသူ့ဘာသာ ပန်းရောင်းတာ မ၀ယ်ဘူးဆိုလဲ ပန်းတွေပစ်ချစရာမလိုပါဘူး၊အခုဟာက ကလေးဆိုပြီးအနိုင်ကျင့်တာလား၊ခင်ဗျား လျော်မလား မလျော်ဘူးလား ဒါဘဲပြော” ဆိုပြီး ကားဆရာမှလူမိုက်ဆန်ဆန်ပြောလိုက်မှ
“မလျော်တော့ ဘာလုပ်ချင်လို့လဲ နင်ကဘာမို့လို့လဲ”ဆိုပြီး အမျိုးသမီးကပြန်ပြောတဲ့အခါ ကားဆရာက လမ်းဘေးတွေ့တဲ့ အုတ်ခဲနဲ့ကားကိုထုမလို့လုပ်တုန်း ကားတွေကနေလူတွေဆင်းလာပြီး တားကြပါတယ် ၊လမ်းပေါ်မှာလဲ မီးပွိုင့်ကလွှတ်နေတော့ နောက်ကကားတွေကနေ ဟွန်းတွေတီးနေကြတာကြောင့် မော်တော်ပီကယ်ရောက်လာပြီး အမျိုးသမီးကို လျော်ပေးဖို့ညှိလိုက်ပါတယ်။အမျိုးသမီးလဲ မပေးချင်ပေးချင်ပေးလိုက်ရပါတယ်။တကယ်ဆို အမျိုးသမီးအနေနဲ့ သူ့အတွက်ပန်းဖိုးက မဖြစ်စလောက်ပါ။ပန်းရောင်းပြီး ၀မ်းစာရှာနေတဲ့ကလေးအတွက်ကတော့ တန်ဖိုးရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင့်အတန်းမခွဲခြားဘဲ ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ ဆက်ဆံကြရင် ဒိလိုအဖြစ်မျိုးဖြစ်စရာမရှိပါ။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်မလှန် ကိုယ်ချင်းစာစိတ် မေတ္တာစိတ်လေးတွေသာရှိရင် ကျွန်တော်တို့ လူပတ်ဝန်းကျင်ကြီးဟာ အေးချမ်းစွာ နေထိုင်သွားနိုင်ကြမှာဖြစ်ပါတယ်။
ဖတ်ရှုသူများအားလုံးကိုလဲ ကျေးဇူးတင်ပါသည်။
logo.jpg

Thant Zin Soe (@tharpauk)
MSC 134

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မြန်​မာ ကားရိုက်​​နေတာများလား

အဲလိုတွေလိုပါဘဲဗျာ

လူ၏စိတ်များကြောက်စရာ

ဟုတ်ပါတယ်ဗျာ

လူ​တွေ​​ကြောက်​ဖို့အ​တော်​​ကောင်း

ဟုတ်တယ်မအိရေ

ကိုယ်ချင်းစာတရားရှိမှ လူလူချင်းဆက်ဆံရေးက ချောမွေ့မှာပါ

မှန်ပါတယ်ဗျာ

လူတိုင်း ကိုယ်ချင်းစာတရား ထားရှိကြရင် ကမ္ဘာကြီး အေးချမ်းမှာပဲ

အဲလိုဖြစ်ရင်ကောင်းမယ်ဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by tharpauk from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank!

ကိုယ်ချင်းစာစိတ်ထားဖို့ကအဓိကပါ

ဟုတ်ပါတယ်ဗျာ

အင်း ဒီအဖြစ်မျိုးတွေလည်း ရှိပါတယ်လေ

ဟုတ်တယ် ဦးရေ

ကိုယ်ချင်းစာစိတ်ထားတာကောင်းပါတယ်

အကောင်းဆုံးပေါ့ဗျာ

အဲ့လို အဘွားကြီးမျိုး တွေ့လိုက်စမ်းချင်တာ။

ဘာလုပ်မလို့လဲ hee hee

ကျမအမြဲရေးနေတာလည်း..အဲဒီကိုယ်ချင်းစာစိတ်ရှိဖို့ဘဲ။
အဲဒီစိတ်မရှိလို့ကတော့..နည်းပညာတွေဘယ်လောက်တိုးတက်စေဦးတော့..လောကကြီးမအေးချမ်းဘူး။

အမှန်ပါဘဲ အန်တီ

စိတ်ကောင်းမရှိကြတာပါ။Taxiသမားက စိတ်ကောင်းရှိမေမယ့် ဒေါသထိန်းရင်ကောင်းမယ်။တော်ကြာ အကြီးအကျယ်ပြဿနာ တက် ကုန်မှဖြင့်။

ကားသမားလဲရှေ့တင်မြင်နေရတာဆိုတော့ မထိန်းနိုင်ဖြစ်သွားတာ

ဟုတ်ပ ... ကားကြီးစီးပီး ပန်းဖိုးလေးလျှော်ရတာကိုနော်.... ခက်တယ် .... လူအမျိုးမျိုး စိတ်အဖုံဖုံပါပဲ

ဟုတ်ပဗျာ

မာန်တက်နေတာ ... သံချောင်းလေးနဲ့ ကားကို ခြစ်ပေးရင် တော်ပြီ ... အုတ်ခဲမလိုပါဘူး

တလွဲမာနတွေပေါ့ဗျာ

စာနာစိတ်ကင်းမဲ့လိုက်တာဗျာ

ဟုတ်ပါတယ်ဗျာ

အေးဗျာ ကျွန်တော့်ရှေ့မှာ ဖြစ်ခဲ့ရင်လဲ Taxi ဆရာလို ဝင်ပါမိမယ်ထင်တယ်။

ထင်ပါတယ်😁😁

လူလူချင်း အဆင့်တန်းမခွဲခြားပါနဲ့ လေ

လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့ခက်သားလားဗျာ

နေရာတိုင်းမှာကိုယ်ချင်းစာတရားထားနိုင်ရင်အကောင်းဆုံးပါ

မှန်ပါတယ်ဗျာ

တော်သေးတာပေါ့ အုတ်girlက အဖွားကြီးခေါင်းရောက်မသွားတာ ရောက်သွားရင် အဲ့လူ အမှုဖြစ်နေဦးမယ်လေ ။

ဟုတ်ပဗျာ😁😁

လူ့တွေ စိတ်ထား အပြားပြားပါပဲ သတိပြုစရာရလိုက်ပါတယ်ဗျာ။

မှန်ပါတယ်ဗျာ

လက်ဦးဆရာ မည်ထိုက်စွာ၊ ပုပ္ဗာစရိယ နိနှငိ့ဖ။