For Myanmar Steemit Newbie

in myanmar •  7 years ago  (edited)

မင်္ဂလာပါ
Steemit တွင်​ အ​ကောင့်​ရပြီးဘာဆက်​လုပ်​ရမလဲ မသိဆိုသူ​တွေအတွက်​ အစ်​ကို@kachinhenry ၏ post များ pdf ပြုလုပ်​၍ ပြပါ​သော်​လည်း စာများများ ​တွေရင်​ ​ကြောက်​ကြ​သော သူများ အတွက်
လွယ်​ကူ ရှင်းလင်း​စေရန်​ပြန်​​ရေးသားလိုက်​ရပါသည်​။ ကြိုးစား​ရေးသား ပါ​သော်​လည်း နားမလည်​သည်​ရှိပါက ဆရာ@tinhlaingoo post များကိုဆက်​လက်​​လေ့လာပါလို့ တိုက်​တွန်းလိုက်​ပရ​စေ။
Messenger group ထဲတွင်​လည်း ​မေးမြန်းနိုင်​ပါသည်​။

Upvotes(like)
Facebook ကဲ့သို့ like ​ပေးခြင်းဖြစ်​သည်​။
တစုံတ​ယောက်​၏စာ သို့မဟုတ်​ comment ကို like ​ပေးခြင်းမျိုးဖြစ်​သည်​။
ပုံတွင်​ အဝိုင်းပြထား​သော ​နေရာတွင်​နိပ်​ရသည်​။
received_705159043011561.jpeg

Comments
အထက်​တွင်​​ပြောခဲ့သလို facebook တွင်​ comment ​ပေးသလိုပါပဲ။
မိမိ ကို သတိပြုမိ​စေရန်​ အခြားသူများ၏ post တွင်​ comment ​ရေးခြင်းဖြင့်​ မိတ်​ဆက်​ပါ။
မိမိအား comment ​ပေးခဲ့သူ ရှိ​သော်​ reply ပြန်​၍ အ​လေးထား​ကြောင်း ​ပြသပါ။
အောက်​ပုံတွင်​ပြသထား​သော reply ကိုနိပ်​၍ comment ​ပေးပါ။
received_705159083011557.jpeg

Creating Posts
Post တစ်​ခု စတင်​​တောမည်​ဆိုပါက ယခုပုံတွင်​ပြထား​သော ခဲတံပုံ ​နေရာအား နိပ်​၍ ​ရေးသားပါ။
IMG_20170902_095913.png

Post တစ်​ခုတွင်​ ​ခေါင်းစဉ်​၊ စာကိုယ်​ နှင့်​ သက်​ဆိုင်​​သော အ​ကြောင်းအရာ ဟူ​သော အပိုင်း သုံးပိုင်း ရှိသည်​။ မဖြစ်​မ​နေထည့်​ရပါသည်​။
မိမိတင်​ပြီး​သော post အား ပြင်​ဆင်​ရန်​အတွက်​လည်း ​အောက်​တွင်​ edit အားနိပ်​၍ ပြင်​ဆင်​နိုင်​ပါသည်​။ 7 ကြိမ်​ ခန့်​ ပြင်​ဆင်​၍ ရပါသည်​။

Tags
Tag သည်​ category သက်​ဆိုင်​သော အပိုင်း ခွဲခြင်းမျိုးဖြစ်​သည်​။ မိမိ၏ post အား အခြားသူများ မြင်​​တွေ့နိုင်​​စေရန်​ လွယ်​ကူ​အောင်​ ပြုလုပ်​​ပေးခြင်းတမျိုးလည်းဖြစ်​သည်​။
ဥပမာ myanmar ဟု ​ရေး​သော်​ myanmar tag list ​ခေါင်းစဉ်​​အောက်​တွင်​ ​သွား၍ ​ပေါ်မည်​ဖြစ်​သည်​။ မိမိ post နှင့်​ သက်​ဆိုင်​ရာ ငါးခု ​ရွေးချယ်​ နိုင်​ပါသည်​။ သက်​ဆိုင်​ခြင်းမရှိပဲ ထည့်​ပါက သတိ​ပေးခံရမည်​ ဖြစ်​သည်​။
tag တွင်​ စာလုံးအ​သေးသာ သီးသန့်​ ​ရေးရသည်​။
Space bar ခြားရသည်​။
အောက်​ပါ link တွင်​ မည်​သည့်​ tag list များရှိသည်​ကို ​လေ့လာနိုင်​သည်​။
အထူးဂရုပြုရန်​မှာ
မြန်​မာ ဆိုပါက tag တွင်​ myanmar ကို မဖြစ်​မ​နေထည့်​​ပေးရန်​ လိုအပ်​သည်​။
https://steemit.com/tags

Followers and Feeds
Follow လုပ်​သည်​ ဆိုသည်​မှာ facebook တွင်​ follow လုပ်​ခြင်းနှင့်​ ခပ်​ဆင်​ဆင်​တူ​ပေသည်​။
Steemit တွင်​ friend လုပ်​ခြင်း မရှိ​ပေ။ မိမိနှစ်​သက်​​​သောသူအား follow လုပ်​ခြင်းဖြင့်​ new feed တွင်​ ထိုသူ်​တို့၏ post များ​ပေါ်မည်​ဖြစ်​သည်​။
ထို့အတူ မိမိ အား follow လုပ်​ထားသူများအား ပြန်​၍ follow လုပ်​​ပေးပါ။
ပြုလုပ်​ရန်​မှာ ထိုသူ၏ နာမည်​ကိုနိပ်​လိုက်​ပါက follow ဟု​ပေါ်လျင်​ နိပ်​လိုက်​ပါ။
မိမိ blog တွင်​လည်း မိမိအားမည်​သူ followလုပ်​ထားသည်​ကိုကြည့်​နိုင်​သည်​။

Resteem
Resteem လုပ်​ခြင်းဆိုသည်​မှာ share လုပ်​ခြင်းနှင့်​ တူ​ပေသည်​။ ​အောက်​ပုံတွင်​ ပြထား​သော အဝိုင်း​နေရာဖြစ်​သည်​။
received_705161323011333.jpeg

Curation
Curation ဆိုသည်​မှာ post တွင်​ ရရှိ​သော $၏ 25% အားခွဲ​ဝေ၍ vote ​ပေး​သော သူများရရှိ​ပေသည်​။ ထို vote ​ပေး​သော သူများအား curators ဟု​ခေါ်ဆိုသည်​။ မိမိ တွင်​ vote power ပိုများပါက ရရှိ​သော curation reward ပို၍ များ​ပေသည်​။

https://steemstats.com/#!/
ဘယ်​​လောက်​ရသည်​နှင့်​ မိမိ၏ voting power အထက်​ပါလင့်​တွင်​ကြည့်​နိုင်​သည်​။

Payments
Payments ဆိုသည်​မှာ မိမိ ရရှိ​သော$များအား post စတင်​​သောရက်​မှ 7 ရက်​တွင်း vote ​ပေးနိုင်​ပြီး 7 ရက်​ပြည့်​ပါက မိမိ wallet အတွင်းသို့ ပို့​ပေးသည်​။
7ရက်​မပြည့်​ခင်​အတွင်း ​ဈေးအတက်​အကျအလိုက်​​ပြောင်းလဲနိုင်​သည်​။
ရေးသားသူသည်​ 75% ရရှိ၍ vote ​ပေးသူများသည်​ 25% ရရှိသည်​။

ရေးသားသူသည်​ ထိုရရှိ​သော 75% ထဲမှ
Reward တွင်​ 50/50 ထားပါက
Steem doller (sbd) 50%၊ Steem Power 50% ရရှိမည်​ဖြစ်​သည်​။

Reward တွင်​ 100 ထားပါက
Steem Power 100% ရရှိမည်​ဖြစ်​သည်​။

Profile
မိမိ profile တွင်​ ​အောက်​ပါ အချက်​ များ ပါဝင်​သည်​။
Feed - မိမိ follow လုပ်​ထား​သော သူများ တင်​​သော post များ​ပေါ်​နေမည်။

Blog - မိမိတင်​​သော post များ၊ မိမိresteem လုပ်​​ထား​သော အခြားသူ၏ post များ

Comments - မိမိ comment ​ပေးထားသည်​များ

Replies - မိမိpost တွင်​ ​ပေး​သော commentများ, မိမိ comment ​ပေးထားသည်​ကို reply ပြန်​ခြင်းများ

Wallet - မိမိပိုင်​ဆိုင်​​သော steem power, steem doller, steem များ

Change Password - မိမိ password ကို ​ပြောင်းခြင်း
Screenshot_2017-09-02-09-43-11.png

Reputation
ဆိုသည်​မှာ steemit တွင်​ရှိ​​သောမိမိ၏ တန်​ဖိုးပါ။
Post အနည်းအများနှင့်​ comment များလျှင်​ များသလို တ​ဖြေး​ဖြေးချင်း မြင့်​တတ်​လာနိုင်​သလို အလံ​ထောင်​ခံ ရခြင်း​ကြောင့်​လဲ reputation နိမ့်​ကျသွားနိုင်​သည်​။
အ​ကောင့်​အသစ်​တိုင်း rp 25 ဖြင့်​ စတင်​သည်​။
မိမိနာမည်​​ဘေးမှ နံပါတ်​များမှာ မိမိ၏ rp(reputation)ဖြစ်​သည်​။

Cashing out or Spending SBD
SBD(Steem Doller) ကို Peerhub Store တွင်​ အသုံးပြုနိုင်​သလို
Steem coin နှင့်​ Steem Doller ကို Block Trades, Poloniex နှင့်​ Bittrex အစရှိ​သော Market ဆိုဒ်​များတွင်​ Btc(Bitcoin) ​လက်​ရှိ​ပေါက်​​ဈေးနှင့်​ အညီ ပြောင်းလဲနိုင်​သည်​။
သို့မဟုတ်​ Power up ခြင်းဖြင့်​လည်း မိမိ၏ steem power ကို မြင့်​တင်​နိုင်​သည်​။

Plagiarism
ဤသည်​မှာ အ​ရေးကြီး​သော အချက်​ဖြစ်​သည်​။
Steemit သည်​ မိမိကိုယ်​တိုင်​​ရေး​သော ဖန်​တီးမှုများသာလျှင်​ လက်​ခံ​ပေသည်​။

အခြားသူများ ဖန်​တီးထား​သည်​ကို မိမိကိုယ်​ပိုင်​ဟန်​ဖြင့်​တင်​ခြင်းကို ကန့်​ကွက်​ထားသည်​။
အကယ်​၍ မိမိ၏ post တွင်​ တစုံတစ်​​ယောက်​၏ ပုံ သို့မဟုတ်​ စာသားများ ယူသုံးပါက မည်​သည့်​​နေရာမှ ကိုးကားခဲ့သည်​ကို ပြန်​လည်​ညွန်းဆို​ပေးရမည်​။
ဥပမာ google မှ ပုံကို ယူသုံးပါက Image from google ဟု ​ရေးရမည်​။
စာဆိုလျှင်​လည်း ဆရာမည်​သူ၏ မည်​သည့်​စာအုပ်​ မှ အချက်​အလက်​တချို့ကို ကိုးကားစာရင်းတင်​ပြရ​ပေမည်​။

Password Security
Password အ​ရေးကြီးသည်​။ Password ​ပျောက်​လျှင်​ သင်​၏ Steemit Bank ​တွင်​သိမ်းထား​သော ​ငွေ​ပျောက်​သွားသည်​သာမှတ်​ပါ​လေ။ ပြန်​မရနိုင်​​တော့ပါ။ ထို့​ကြောင့်​ အထူးဂရုစိုက်​သိမ်းဆည်းပါ။ screen shot ​လောက်​နှင့်​မရပါ note ဖြင့်​ဖြစ်​​စေ cloud ​ပေါ်တွင်​ဖြစ်​​စေ စာအုပ်​ထဲတွင်​ ဖြစ်​​စေ ​သေချာ​ရေးမှတ်​ထားပါ။ password သည်​ အ​ကောင့်​ approve link ​mailထဲ ​ရောက်​သည်​နှင့်​ steemit က ​ပေး​သော password ဖြစ်​သည်​။ ​သေချာသိမ်းဆည်းပါ။

Create your "introduceyourself" post
အ​ကောင့်​ စရသည်​နှင့်​ steemit ၏ ရိုးရာ ဖြစ်​​သော မိမိကိုယ်​ကိုယ်​ မိတ်​ဆက်​ခြင်းဖြင့်​ စတင်​ရပါမည်​။မိမိသည်​ မည်​သူမည်​ဝါ၊ မည်​သို့ အလုပ်​အကိုင်​ မည်​သည်​ကိုသ​ဘောကျနှစ်​သက်​သည်​ စသည်​ဖြင့်​ မိမိ အ​ကြောင်းကို အချိန်​​ယူ ပြုစုကာ မိတ်​ဆက်​ရပါသည်​။
မိမိ၏ ပုံကို အ​ပေါ်ဆုံးတွင်​တင်​ကာ မိတ်​ဆက်​ပါ။ ဖြစ်​နိုင်​လျှင်​ စာရွက်​တွင်​ I Love Steemit ဟု စာ​ရေးပြီး ထိုစာရွက်​ကိုကိုင်​ကာ ရိုက်​ထား​သောပုံကို သုံးခြင်းဖြင့်​ မိမိသည်​ real user ဖြစ်​​ကြောင်း fake အ​ကောင့်​မဟုတ်​​ကြောင်းပြသပါ။
မိမိ၏ အခြား facebook, twitter အစရှိ​သော social media အ​ကောင့်​များ link ထည့်​၍လည်းမိတ်​ဆက်​နိုင်​ပါသည်​။
အခြားသိလိုသည်​ရှိ​သော်​ ကျ​နော့်​ facebook account တွင်​​မေးမြန်းနိုင်​ပါသည်​။

Steemit Myanmar မှ ကြိုဆိုပါတယ်
Translate from steemit welcome

https://steemit.com/welcome

That Ko Zaw)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုကဲ့ပါ မှတ်ထားပါပီရှင့်

sure bro အဟက် ဟက် :P

အရမ်းကောင်းတဲ့ပိုစ့်တစ်ခုပါ

မ​ကောင်းပါဘူးဗျာ မြန်​မြန်​​ရေးလိုက်​ရတာ့

Thanks for sharing...

Oki

good post and ur sharing

Thank for your support

ဗဟုသုတရပါတယ်
ပြန်ဖတ်ပြီး ပြန်မှက်တော့ ပိုပိုပြီးသိလာရတာပေါ့
ဒီတိုင်းဆို ဖတ်ပြီးမေ့နေလို့ ဒုက္ခရောက်နေရတယ် 😁

ဆာတို့အတွက်​​တော့ မလို​တော့ပါဘူး​လေ😒😒😒😒😒😒

ကျွှန်တော်လည်း အဘုပ်ကိုင် သဘောကျတယ်ဂျာ
စဘောမီပေါက်သေးသူများ ပြန်ဖတ်နိုင်ပါပြီ ကျွှန်တော်လည်း ဖတ်သွားသည်

အဘုတ်​ကိုင်​ဟုတ်​ဘူး ​လောသွားတာ
အသုတ်​ဆိုင်​​လေ
အန်​တီသက်​လျာဆိုင်​ အရင်းပြုပ်​သွားပြီ
😝😝😝😝😝

nice post,brother!
your post will be helpful to steemit newbies indeed!

Thank

ဒီလောက်ရှင်းတာမှ မတတ်သေးရင်လဲ ...........
တို့တော့လျှာထွက်ပြီ။

ဟူတ်​ပ ဟုတ်​ပ အ​ဖေရာ

ကျေးဇူးပါ