မပြီးပြတ်သေးတဲ့ ကိုအောင်ကြီး ဇတ်လမ်းလေးဆက်ပါဦးမယ်။
ဒါက
ယခင်ရေးခဲ့တဲ့ကိုအောင်ကြီး 1 ပါ
ဒါက
ယခင်ရေးခဲ့တဲ့ကိုအောင်ကြီး 2 ပါ
ကောက်ရိုးနေသောနေရာမှ ကိုကိုအောင် ရှိသော နန်းရှေ့သို့သွားရာ ဆယ့်ငါးမိနစ်ခန့်မောင်းရသည်။ လမ်းတလျောက် ကြည့်ရင်းမောင်းရင်း နန်းရှေ့ ဘောလုံးကွင်းနားအရောက်တွင်တွေပါပြီ ကိုကိုအောင်။
နာမည်နဲ့လိုက်စွာ နေရာမရှောင်ကိုကိုအောင်သည် ဆိုင်ကယ်မှီကာ ကျိုးနေလေရဲ့။
အတော်နိုးယူတော့ ထတော့လာနိုင်သေးသည်။
ကောက်ရိုးရေ ကိုကြီးတော့ ဆိုင်ကယ် သော့ဘယ်ပြုတ်ကြခဲ့လည်းမသိဘူးကွာ။ သေးပေါက်ပီး ရပ်လိုက်ပီး ပြန်မနိုးနိုင်တော့လို့လုပ်ပါဦး။
ဆိုင်ကယ်သော့သည် ကီးသွားစိပ်ချောင်ပီး ပြုတ်ကျခဲ့သည်နေမည်။
ကောက်ရိုး တွေးကြည့်သည် ထိုနေရာမှပုသိမ်ကြီးသို့ ဆယ့်ငါးမိနစ်ခန့် မောင်းရဦးမည်။ လူပြတ်သည်။ ဆိုင်ကယ်ကို ရအောင် သော့ ပလပ်တွေရှာဖြုတ်ပီး ကစ်ကြည့်သည်။ မရ။ တော်တော်ကြာအောင် ကောက်ရိုးစမ်းကြည့်သော်လည်း ကိုကိုအောင့်ဆိုင်ကယ်သည် တင်းခံနေလေသည်။ ကောက်ရိုးတော်ရုံလောက်တော့ လုပ်တတ်သော်လည်း ထိုဆိုင်ကယ်မှာ ဝါယာပိုင်းဖြစ်ပုံရသည်။ မီးလုံးဝကိုမထွက်သော သဘောဖြစ်ရာ အတော်သင့်စမ်းကြည့်ပီး ကောက်ရိုးလက်လျှော့လိုက်သည်။
နောက်ဆုံးတော့
ကိုကိုအောင်ဆိုင်ကယ်ကို တနေရာအပ်ထား ပြီးလူကို မိမိကျောဘက်တွင်ကပ်ထိုင်စေလျှက် အနွေးထည်ချွတ်ကာ ကိုကိုအောင့်ကျောမှ မိမိရင်ဘတ်အထိဆွဲချည်ကာ အိမ်လိုက်ပို့မည်ဟု ကြံလိုက်တော့သည်။ ထို့ကြောင့် ဆိုင်ကယ် အပ်ရန်နေရာရှာရလေပီ။ စိတ်ချရသောနေရာဖြစ်ရမည်။
ငယ်စဉ်က နေထိုင်လာသော အရပ်မို့ သူငယ်ချင်းများကို ဖုန်းဆက်ကြည့်သည်။ မကိုင်ကြပေ။ ဘယ်ကိုင်မည်နည်း။ ဆယ့်နှစ်နာရီထိုးပီ။ မိမိတောင် ထိုအချိန် မည်သည့်ဖုန်းမှမကိုင်ချင်။ အပုတ်ချိန်ရောက်ပီကိုး။
ကောက်ရိုးစဉ်းစားပီး ကိုကိုအောင်ဆိုင်ကယ်ကို လူဆိုးသူခိုးတို့နှင့် အနီးဆုံးနေရာတွင်သွားထားလိုက်လေတော့သည်။
ပထမ ကြံစည်ထားသည့်အတိုင်း ကိုကိုအောင်ကို အိမ်ရောက်အောင်ပို့လေပီ။ ဆရာသမားသည်ကား ခလူခလူးနဲ့တောင်နေချေလေပီ။
ထိန်းထိန်းသိမ်းသိမ်းမောင်းရင်း ကိုကိုအောင့်အိမ်ရောက်မှ ပြဿနာ စလေတော့သည်။
``ကိုကောက်ရိုးကိုတော့ အားနာပါတယ်။ ဒါပေမယ့် ဒီလူကိုတော့ လက်မခံနိုင်ပါဘူး။ ညနေက ဖုန်းဆက်တော့ သီချင်းသံတွေနဲ့ ဟို -ာသည်မတွေရှိတဲ့ KTV မှာ သွားကဲလာတာကျယ်မသေချာသိတယ်။ ကျယ်မရွံတယ် ရှင့်သူငယ်ချင်း ရှင်ပြန်ခေါ်သွားပါ မပေါင်းနိုင်ဘူး´´
မောင်ကောက်ရိုး ``ဗုဒ္ဓေါ ´´ တ ရလေပီ။ အဝေးမှတကူးတက လာပီး အိမ်သို့မရောက်ရောက်အောင်ပို့ကာမှ ကိုကိုအောင့်မဟေသီက လက်မခံဘူးလုပ်နေသည်။
``အယ်မရယ် သူသွားမသွားတော့မသိပါဘူး။ နန်းရှေ့ အိမ်အပြန်လမ်းမှာတင်ဆိုင်ကယ်ပျက်နေလို့ဖုန်းဆက်ခေါ်လို့ ကျနော် လာပီး ပို့ပေးတာပါ။ အယ် ဒါပေမယ့်
ကျနော်သိသလောက်တော့ သူ အဲ့မိန်းမကိစ္စ ဝါသနာပါသည်လို့
တခါသားမှမကြားဖူး မမြင်ဖူး မတွေ့ဖူးပါဘူးအယ်မရယ် ယုံပါဂျာ။´´
ဘော်ဒါအပေါင်းအသင်းအတွက် တပါးထပ်ကျိုးခံကာ ဖြီးရလေတော့သည်။
ဆရာသမားကတော့ ဘာမှမသိ ခလူးခလောနေလေပီ။ ဒါကြီးထမ်းပီး ကောက်ရိုး ဘယ်ပို့ပေးရမည်လဲ။ ဆိုင်သည်မဆိုင်သည်မသိ သံဗုဒ္ဓေဂါထာတွေ အထပ်ထပ်ရွတ်မိတော့သည်။
``အို ရှင်လူဘက်က ဘက်လိုက်မနေပါနဲ့။ သူ့အကြောင်း ကျယ်မ အခုမှသိတာမဟုတ်ပါဘူး။ ပေါင်းလာတာ ဆယ်နှစ်ရှိပီ သိပသိပ ကြောင်သူတော် ကြွက်သူခိုး။
ကိုကောက်ရိုးမို့သာပေါ့ ကျယ်မသာဆို အဲ့လူကို အဲ့နားမှာတင် ဟော့ဒလို ဟော့ဒီလို ဖနောင့်နဲ့ သုံးချက်ပေါက် မြောင်းထဲကန်စချခဲ့တယ်။ အလုပ်ကနေ အိမ်တန်းပြန်လာရမှာကို ဘယ် ကောင်မတွေဆီသွားနေလဲ ဒါပဲ ရှင့်လူရှင်သာပြန်ခေါ်သွားတော့ မနက် ကွာရှင်းစာချုပ်လက်မှတ်ထိုးမယ်ပြောလိုက်။ ´´
ဖနောင့်နှင့် ပေါက်သည့်ပုံစံကို ကျကျနန လက်တွေ့ သရုပ်ပြကာ
ပြောပြောဆိုဆို ဝုန်းဆိုပီး တခါးပိတ်သွားလေသည်။
ကောက်ရိုး ကိုကိုအောင့်ကိုကြည့်ပီး
``ကိုကြီး စိတ်မပှုနဲ့ ညီလေးရောက်အောင်လာမယ်´´ လို့ ပြောမိသော မိမိပါးစပ်ကို မိမိဖာသာ စီးထားသောဖိနပ်ချွတ်ရိုက်ရမလား။
ဒါကြီး ဘယ်နားသွားထားရမည်မသိ။ သူနှင့် သက်ဆိုင်သော ပိုင်ရှင်သည်က သူ့ပစ္စည်မဟုတ်ဟု ငြင်းနေသည်။ မိမိပစ္စည်းလည်း မဟုတ်။
မိမိတောင်အိမ်ပြန်လျှင် အိမ်ရှေကုတင်တွင် အိပ်ရဖို့ရာခိုင်နှုန်း များနေတာ။ ဒီလူကြီးသာ အိမ်ခေါ်သွားရမည်ဆိုလျှင် နာပီ။ ကြံရာမရ။
နတ်မင်းကြီးလေးပါး ကယ်တော်မှုပါ။ အရှင် ရှီဝ ကယ်တော်မှုပါ။ အလ္လာကယ်တော်မှုပါ။ ထာဝရ ဘုရားသခင်ကယ်တော်မှုပါ။ ကျနော်အိမ်ပြန်ချင်လှပီ။
နောက်ဆုံးကြံရာမရသဖြင့် ကိုကိုအောင့်အမေ အမေသိန်းအိမ်သို့ ပြေးလေသည်။ အမေသိန်းသည် ငယ်ငယ်ကတည်းက အရက်သောက်လျှင် ကိုကိုအောင်သာမက မိမိတို့ပါ နီးစပ်ရာ တုတ်ဆွဲပီး ဆော်လေရာ ငယ်ကြောက်ဖြစ်သောကြောင့် သောက်ထားလျှင် အမေသိန်းအိမ်မသွားရဲ။
ငယ်ကြောက်ဖြစ်သောကြောင့် အခုအရွယ်ထိ သူငယ်ချင်းအားလုံးလည်း သောက်ပီဆိုတာနဲ့အမေသိန်းအိမ်မသွားရဲကြ။ အမေသိန်းကလည်း
``နင်တို့ အဆင်မပြေ ငါ့အိမ်လာနေကြ ငါကျွေးထားနိုင်တယ်။ ဒုက္ခရောက်လာတယ် မေသိန်းကိုပြော မေသိန်းသားတို့ရှေ့ကနေ ဖြေရှင်းမယ်။
အေး နင်တို့သောက်လို့ဖြစ်လာလို့ကတော့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့မလာခဲ့ကြနဲ့ ငါကိုယ်တိုင်ရိုက်လွတ်မှာ´´ဟုပြောထားပီးသား။
မတတ်နိုင် ကောက်ရိုး ပညာကုန်ထုတ်သုံးရတော့မည်။ မေသိန်းအိမ်ရှေ့ရောက်တာနှင့် ကိုကိုအောင်ကိုချ အိမ်တခါးရှေ့ လှဲထားပီး ဝင်းတံခါးကို ကျောက်ခဲနှင့် ထုလေသည်။ ခဏကြာသော် အသံတဝုန်းဝုန်းနှင့်ဆိုသော် မေသိန်းအိမ်မီးလင်းလာသည်။ ဘေးအိမ်များမှလည်း မီးလင်းလာသည်။ ကောက်ရိုးလဲ မပြောမဆိုနဲ့ ခဲသုံးလေးလုံးလောက် အိမ်ခေါင်မိုးပေါ် ထုလိုက်သည်။
ချောက်ခနဲ တခါးဖွင့်သံနဲ့အတူ
ဘယ်ကောင်တွေငါ့အိမ် ခဲနဲ့ထုတာလဲကွ ဆိုသော အသံသည် တဆက်ထဲ ထွက်လာသည်။
ထိုအသံကြားတာနှင့် ကောက်ရိုးလည်း
အသင့်နှိုးထားသော ဆိုင်ကယ်ပေါ် တတ်ပီး
#``မိုက်ရင်ထွက်ခဲ့´´ဟု
အကျယ်ကြီးအော်ကာ မောင်းပြေးလေတော့သည်။ ကျုံးဘေးရောက်သော် ရင်ထဲပေါ့သွားသည်။
ဟုတ်သည်ရှိမဟုတ်သည်ရှိ ညအချိန်လူမရှိတော့
#``လွတ်ပီ ကျွတ်ပီကွ´´
ဆိုပီး အကျယ်ကြီး အော်ပလိုက်သည်။
``ငွေရောင်နှင်းစက်လေးတွေဖြန်းတဲ့ပန်းလို အို့.... အို့.... အို.....´´
Ringtone သံမြည်လို့ ကိုင်ကြည့်တော့ ကိုကိုအောင် ပါကလား။
``Hello...
ကောက်ရိုးရေ ညက ဘာတွေလုပ်ခဲ့မိလဲကွာ ခေါင်းတွေလည်း အရိုက်ခံရသေးလားထိလိုက်တိုင်းနာနေတယ်။ သံပရာသီးတွေလိမ့်ကျွေးထားလို့သွားတွေလည်း ကျိမ်းနေပီ။ ဒါနဲ့ ငါ့ဆိုင်ကယ်လေးကော ဘယ်မှာထားထားလဲ။ သွားယူမလို့။´´
သေစမ်း ဘိုးတော် အာ့မေသိန်း လက်ချက်ကွဟု စိတ်ထဲမှာကြိတ်ပြောလိုက်သည်။
``ကိုအောင်ရေ ဘောလုံးကွင်းနဲ့ အောင်စစ်သ
ည်လမ်းကြားကြားကိုသိလား။´´
`` အေးသိတယ်လေ။ ´´
``ဟုတ် အဲ့နားက ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ အိမ်မှာပြောပီး သိမ်းထားတယ်။ မနေ့ညက မှုးပီး အိမ်မပြန်နိုင်လို့ လာအပ်သွားတဲ့ ဆိုင်ကယ်လေး ဆိုပီးပြောထုတ်လိုက်။
ခင်ဗျားဆိုင်ကယ် လုံခြုံအောင်အပ်ရတာလည်း မလွယ်ပါဘူးဗျာ ဆိုင်ကယ်လေးအပ်ချင်တာကို သေနတ်ကြီးတွေနဲ့ချိန်ပီး ဟိုမေးဒီမေးနဲ့ မနည်းပြောလိုက်ရတယ်။ စခန်းမှုးတောင် ဆိုင်ကယ်ကို ဟိုစစ်ဒီစစ်နဲ့။ ´´
``ဟ အမှတ် 1 ရဲစခန်းထဲမှာလား။ လုပ်ချလိုက်ပြန်ပီကောက်ရိုးရယ်။ ´´
``ဟီးစိတ်ချရအောင်ပါဗျာ။ စခန်းထဲသွားထည့်ထားတယ်။ သွားယူလိုက် သူတို့မေးရင် ပန်းရံလုပ်တဲ့ ကောင်လေးလို့ပြောနော်။ ကျနော် နည်းနည်း ပန်ရံလုပ်တယ်ဆိုပီး မျက်ရည်ချူခဲ့သေးတယ်။´´
ကိုယ်တွေက ခင်ရင် ဘယ်အခြေနေနေ ဆေးလေးထိုးလိုက်ရမှ နေသာထိုင်သာရှိတာ။
``အေးပါကောက်ရိုးရယ်။ မေသိန်းကလည်း သူ့အိမ်ခဲနဲ့ထုတာ ဘယ်သူလည်း မေးနေပါတယ်။ မနွဲ့စတမ်းပေါ့ကွာ။´´
MSC 005
That Ko Zaw
သောက်စားတာတွေ ပါတဲ့ ပို့စ်လေး ရေးဦးမှပါ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မရဘူး post တိုင်း အသောက်အစားပါအောင်ရေးနိုင်ဖို့ဆိုတာ ပါရမီနဲ့ဆိုင်တာ 😝😝😝😝
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပါရမီရှင်တွေဆိုတာ ဒါကိုပြောတာ တော်ယုံစကေးနဲ့တော့ မလာနဲ့ ဒါဗြဲ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာ့ပြောတာ ဥဥထွေရ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မေ့နေပြီ အစကပြန်ရေးပြမှအဆင်ပြေမယ်ကသက်ရယ် ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပါတယ်လေ အပေါ်မှာ လင့်လေး
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုအောငီကြီးဆိုလို့………:-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိုတစ်ရာ အောင်ကြီးမဟုတ်ပါဘူး ဟီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit