သားရေ အဖေ စာရေးလိုက်ပါတယ်။ ငါ့သားအလုပ်များနေမယ် ထင်တယ်။ ကျန်းမာရေးလေး ဂရုစိုက်ပါ။
အဖေ ဒီရက်ပိုင်း နေမကောင်းအရမ်းဖြစ်တယ်။ ကျန်းမာရေးအခြေနေတွေက သိပ်မကောင်းချင်လှဘူး။ အဖေ့ သက်တမ်းသိပ်မကျန်တော့ဘူးထင်တယ် သား။ အဖေ့ဆီရောက်ဖြစ်အောင် တခေါက်လာခဲ့ပါဦး။ အဆင်ပြေတဲ့အချိနိ။ ကျန်သောအချိန်လေးမှာ စိတ်ပှုတာ သားတို့ကိုပါ။ တသက်လုံးဆုံးမပီးပီဆိုပေမယ့် အဖေ့စိတ်ထဲတော့ ဆုံးမစရာတွေ ကျန်နေသလိုပဲ ခံစားနေရသေးတယ်။ အခြေနေပေးတာနဲ့အဖေ့ဆီ တခေါက် လာဖြစ်အောင်လားခဲ့ပါဦးကွယ်။
နောက်ဆုံးအဖေ မှာချင်တာလေးတွေမှာသွားချင်သေးတယ်။
မနေ့က အဖေဆေးရုံတခုမှာ ဆေးသွားစစ်ရတယ်။
ဆရာဝင်ကငယ်ငယ်လေးနဲ့ ပါရဂူ ဘွဲ့ရထားတယ် သားနဲ့မှရွယ်တူလောက်ပဲထင်တယ်။ သားကို အဲ့လိုပညာတတ်ကြီးဖြစ်အောင် အဖေ သွန်သင်မှုမပေးနိုင်ခဲ့တာ ခွင့်လွတ်ပါသား။ ဖြစ်တဲ့ရောဂါပြောပြအပီး
ဆရာဝင်မေးတဲ့ မေးခွန်းတွေက အဖေ့ကိုတွေးစရာဖြစ်လာတယ်။ အဖေ့ဗိုက်က ခွဲခဲ့အမာရွတ် ကိုတွေ့တော့ ဘာကြောင့်လဲဆရာဝင်လေးမေးရင်း တချက်
ခွင့်လွတ်ပါဘုရား အရှင်ဘုရား ငယ်ဖြူလား?၊ တောထွက်လား?
တောထွက်ဆို ငယ်စဉ်က အရက်သောက်ခဲ့သလား?
မေးလာတယ်သား။
ဆရာဝင်လေးက လူနာရဲ့ bio တွေသိရမှ ဘာကြောင့်ဘာဖြစ်နိုင်တယ် ခန့်မှန်းရမှာမဟုတ်လား။
အဖေလည်းဖြေခဲ့တယ် တောထွက်ပါ အဲ့ဒီခွဲဒဏ်ရာကလည်း အရက်ကြောင့် အူသုံးပေထုတ်ခဲ့ရတာပါ။
ရဟန်းဝါ 15 ဝါရှိပီးကျောင်းထိုင်နေပါတယ်ပေါ့။
"ဘယ်လောက်ထိသောက်ခဲ့လဲ?
ဆေးလိပ်ကော သောက်သလား?
ဘယ်လောက်ထိသောက်ခဲ့သလဲ?"
အဖေဖြေရခက်ပီသား အဖေမမှတ်နိုင်အောင် ငယ်စဉ်ကသောက်ခဲ့တယ်။ ရေချိုးရင်တောင် ခေါင်းမလောင်းမချင်း ဆေးလိပ်မချခဲ့ဘူး။
"အရှင်ဘုရား ငယ်စဉ်က သောက်ဒဏ်ကြောင့် အဆုတ်တွေ အတော်ပျက်ဆီးနေတာတွေ့ရတယ်။
အခုဖြစ်နေသော ရောဂါများသည် အရှင်ဘုရားငယ်စဉ်က ဒဏ်တွေ စုခံနေရပုံပဲဘုရား။ သက်တော် 72 ဆိုတော့ အသက်ကြီးလာပီး ဆေးကို ရေရှည်စွဲသောက် ရမည်ဘုရား။ ချက်ခြင်းအောက်ကင်းဖို့မဖြစ်နိုင်ပဲ ဖြေးဖြေးချင်းစိတ်ရှည် စွာကုပါ" ပြောတယ်သား။
သားအစ်မ ကတဆင့် သားအခုသောက်တတ်နေကြောင်း ကိုကြားတော့ အဖေပြောချင်တယ်သား။
သားဆယ်တန်းအောင်ရင် အဖေ သေပျော်ပီဆိုပီး အောင်စာရင်းထွတ်တဲ့နေ့မှာပဲ အဖေ ရဟန်းဘောင်တတ်ခဲ့တာ အခုဆို 15နှစ်ပြည့်ခဲ့ပီ။ အဲ့ဒီမတိုင်ခင်မှာ အဖေ ဘယ်လောက်ဆိုးခဲ့တာသားမှတ်မိလိမ့်မယ်ထင်ပါတယ်။ အဲ့လို ဆိုးမိုက်ခဲ့တဲ့ ဒဏ်တွေ အသက်ကြီးလာတဲ့အခါ အဖေ့ လိုဖြစ်မယ်ဆိုတာ သားတချက်တွေးကြည့်ပေးပါ။ ယောက်ျားလေးတယောက်အနေနဲ့ အဖေ မသောက်နဲ့မပြောချင်ပေမယ့် တခါတရံသာကောင်းပါတယ်သား။ တနေ့နေ့တချိန်ချိန် အဖေ့လို ဒဏ်တွေ ခံရမှာ သားကိုသိစေချင်တယ်။ ငယ်စဉ်က ကျန်းမာရေးကောင်း နေလို့ မသိသာပေမယ့် အဖေ့လို အသက်အရွယ်ရောက်လာရင် အဖေနဲ့ရွယ်တူတွေ သွက်သွက်လက်လက် သွားလာနိုင်ချိန်မှာ အဖေ့လိုနောင်တတွေ သားကိုမတွေ့စေချင်ဘူးသား။
ဂရုစိုက်ပါသား ကျန်းမာရေးကို အဲ့ဒီ မှုးယစ်ရီဝေ အရသာတွေဟာ တနေ့ သားကို နောင်တတွေ သယ်ဆောင်လာလိမ့်မယ်။ တကယ်တန်းပြောရရင် ခဏတာ ရှုးတာတွေပါသား။ နောက်ပိုင်းသားကိုသူတို့ ထိန်းချူပ်လာကြမယ်။ နောက်ပိုင်းသားကိုသူတို့နိုင်သွားမယ်သား။ အခုကတည်းကသားသူတို့ ကိုအနိုင်တိုက်ပါသား စောတုန်းကတည်းက တိုက်ရင် သားပိုလွယ်မယ်သား။
အဖေအားပေးနေမယ်။
နောက်တခု အဖေသားကို သတိပေးချင်တာက သားမိသားစုအိမ်ထောင်ဦးစီးအနေနဲ့ သား စီးပွားရေး တွေလုပ်နေသလို ဘဝမှာအများကြီးထပ်လုပ်နေရဦးမယ်။ စီးပွားရေးတခု ရွေးချယ်တဲ့အခါ သမ္မာအာဇီဝ ဆိုသော စကားကိုမမေ့ပါနဲ့။ မိမိကြောင့် သူတပါးဒုက္ခရောက်စေသော ကုန်ပစ္စည်းရောင်းပီး အသက်မမွေးပါနဲ့သား။ မချမ်းသာချင်နေပစေသား စီးပွားရေးကို သေချာ ရွေးချယ်ပီးလုပ်ပါ။ သားကြိုးစားသလောက် သမ္မာ အာဇီဝလုပ်ငန်းတွေလည်း ချမ်းသာနိုင်တာအများကြီးပဲ။ ရွေးချယ်ပီး သေချာကြိုးစား ဇွဲရှိရှိလုပ်ပါ။
အဖေသားတို့ကိုမွေးတုန်းက စားသောက်ဆိုင် တံဆိပ်တတ်ပီး အရက်ဆိုင်တခု သားမှတ်မိသေးလား။ ဖြစ်လိုက်သောစီးပွားဆိုတာ ပိုက်ဆံသိမ်းရတာတောင် လက်မလည်ခဲ့ဘူးသား။ သို့သော် အများတကာ ရောဂါရအောင်လုပ်ခဲ့သော သမ္မာအာဇီဝမကျသောကြောင့်ထင်တယ်သား။ ပါနီထဲကလာပီး ပါနီထဲသွားတယ်ဆိုတဲ့အတိုင်း အရက်ကြောင့် သေဖို့ဖြစ်ခဲ့သော
့အဖေ့အသက်ကို နှစ်ချီဆေးရုံပေါင်းများစွာမှာ ကယ်ခဲ့ရသောကြောင့် သားတို့ကို အိမ်ကြီးခြံကြီးတွေ အမွေမထားခဲ့နိုင်ဘူးသား။ အခုသားအစ်မ ကွမ်းရောင်တာတောင် အဖေ့အနေနဲ့ သမ္မာအာဇီဝလို့မထင်ဘူးသား။ ကင်ဆာတွေရောင်းနေတာလို့ထင်တယ်။ သားစီးပွားရေးလုပ်တဲ့အခါ ငွေလည်းရ အများကိုကူညီနိုင်သော အလုပ်ဖြစ်ဖို့ သေချာရွေးချယ်ပါသား။
ငါ့သား
အဖေ့ဘဝမှာသောက်စားမှုးရစ်ခဲ့သော နောင်တရှိပေမယ့် သား အဖေ သူများပစ္စည်းဆို အပ်တိုတချောင်းတောင်မခိုးခဲ့ဖူးဘူး ဆိုတာ အဖေ ဂုဏ်ယူဝံ့ကြွားစွာပြောရဲတယ်သား။ ဘာကြောင့်ဆိုသော် အဖေ သိပ် နှစ်သက်တဲ့ ဦးနုရဲ့ ကာမတဏှာ ဝတ္တုထဲက အဖေတယောက် သားကိုဆုံးမတဲ့စကားကို ဖတ်မိပီး တနေ့ အခုလိုသားရှေ့ ရဲရဲဝင့်ဝင့်ပြောရဲအောင် စောင့်ထိန်းခဲ့တယ် သား။ သားလည်း တချိန်ကျရင် သားရဲ့သား အဖေ့ရဲ့မြေးကို အဲ့လိုရဲရဲဝံ့ဝံ့ ပြောနိုင်အောင် လစာတော့သိပ်မရဘူး ကြားပေါက်တော့မဆိုးဘူးဆိုသော အလုပ်တွေ ဝေးဝေးရှောင်ပါသား။ ခိုးမှစားရသောအလုပ်ဝေးဝေးရှောင်ပါသား။ သားရဲ့သားသည် ဘယ်တော့မှ သူ့အဖေ ခိုးမစားဘူးဆိုသော လေးစားမှုကို ကိုယ်တိုင်ထိန်းရမယ်သား။
That Ko Zaw
MSC 005
ခံစားရပါတယ်ဗျာ ကိုယ့်ကလေးကိုလည်း ကိုယ် ဘာတွေ ပြန်ပေးမလဲ တွေးနေရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ကိုစော
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မူးရစ်သောက်စားတာက လွှဲပြီး နောင်တရစရာ မရှိ ခဲ့ပါဘူးတဲ့ ။အဖေ ကို သတိ ရမိတယ် ကိုသက်ရယ် ကျွန်တော် အဖေ လဲ စာထဲကလို ပဲ ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
,အခုရှိသေးလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မရှိတော့ဘူး ကိုသက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖေဖြစ်စေချင်သလို ဖြစ်ပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားရမှာပ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
က်ြသီးမွှေးညင်းပါ ခုနှစ်ကြိမ်တိတိထသွားရပါကြောင်း။ ရောက်ခဲ့ပြီးပြီလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မနေ့ကထိဆေးရုံစောင်နေတာအစ်ကို ကျနော့စိတ်ကူးနဲ့ရေးမိတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့အဖေလဲခုချိန်ထိဆုံးမဆဲပါကျွန်တော့်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီ အဖေ့နေရာကနေကိုယ်ရေးမိတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit