ကျွန်တော်နှင့်အားလပ်ရက်

in myanmar •  6 years ago 

မင်္ဂလာပါ Steemit မှ မိတ်ဆွေများနှင့် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဦးစွာဂါရ၀နှုတ်ဆက်ပါရစေ။
ဒီတစ်ပတ်ကတော့ ကျွန်တော့ရဲ့ မပြီးပြတ်သေးသော အားလပ်ရက်အကြောင်းကို ဆက်လက်ရေးသားဖော်ပြပါရစေ။
ကျွန်တော်လည်း ကျွန်တော့ဆရာသမားကို လိုက်ခဲ့ဖို့ပြောခဲ့ပြီဆိုတော့ မနက်ဖြန်မနက်ဘယ်အချိန်ထွက်မလဲမေးကာ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရပေတော့သည်။ဆရာသမားကလည်း မနက်(၅)နာရီတွင် စတင်သွားကြမည်ဟု ပြောထားသဖြင့် ကျွန်တော်လည်း ညဦးကတည်းက ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ထားကာ စောစောစီးစီးအိပ်ယာဝင်ကာ အနားယူခဲ့ရပါတော့သည်။

rain-wallpapers-full-hd-For-Desktop-Wallpaper.jpg

Image Credit Source

ကျွန်တော်လည်းအိပ်ပြီဆိုကတည်း နှစ်ခြိုက်စွာအိပ်ပျော်သွားသည်မှာ ညသန်းခေါင်ယံအချိန်တွင် “တဝေါဝေါ” ဆိုသောအသံကြီးကိုကြားမိသည်နှင့် အိပ်ယာကချမ်းစိမ့်စိမ့်ဖြစ်လာသဖြင့် လန့်နိုးလာခဲ့ပါတော့သည်။ကျွန်တော်စိုးရိမ်မှုတွေဖြစ်လာခဲ့မိသည်။မနက်ဘက် အခုလိုမိုးရွာပုံမျိုးနဲ့ဆို ကျွန်တော်တို့ ခရီးထွက်ဖို့သိပ်အဆင်ပြေနိုင်တော့မည် မဟုတ်ပါ။
ကျွန်တော်တို့ခရီးသွားမည့်နေရာက ကျွန်တော်တို့ရဲ့ ရခိုင်ရိုးမတစ်ခုဖြစ်သော အမ်းမြို့နယ် အပိုင်တွင်ရှိသော မအီစက်တော်ရာသို့ ဘုရားဖူးသွားရန်တိုင်ပင်ထားကြခြင်းဖြစ်ပါသည်။ကျွန်တော်တို့ သွားမည့်နေရာသည် ရခိုင်ရိုးမတစ်ခုဖြစ်သော အမ်းရိုးမပေါ်သို့ သွားရောက်ရမည်ဖြစ်ပါသည်။ထိုရိုးမတောထဲတွင် ဗုဒ္ဒ၏ခြေရာတော်တစ်စုံရှိပါသည်။ထိုနေရာသို့သွားရောက်ရမည့်နေရာမှာ လမ်းကမြေသားလမ်းကြီးဖြစ်သောကြောင့် မိုးရွာထားလျှင်ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါ။ထိုအကြောင်းအရာများကို စဉ်းစားမိကာ ကျွန်တော်လည်း အလွန်စိတ်ပျက်မိပါတော့သည်။နောက်ဆုံးတော့ ကျွန်တော်ထင်မြင်ချက်တစ်ခုကို ဖမ်းဆုပ်လိုက်ပါတော့သည်။ကျွန်တော်တို့မနက်ဖြန်ခရီးသွားဖို့အစီအစဉ်က ပျက်သွားပေလိမ့်မည်။ထို့ကြောင့်ကျွန်တော်လည်း နောက်ထပ်ကောင်းမွန်စွာဆက်အိပ်ပေတော့မည်ဟုပင်ဖြစ်ပါတော့သည်။
ကျွန်တော်လည်း ဘယ်လောက်တောင်များအိပ်မောကျသွားသည် မသိတော့ပါ။ကျွန်တော့ဘေးမှ ဖုန်းမှ Ring Tone သံကြောင့် ကျွန်တော်ဖုန်းကိုလှမ်းကြည့်လိုက်တော့ ကျွန်တော့ဆရာသမားမှ ဖုန်းဆက်လာခြင်းဖြစ်ပါသည်။ကျွန်တော်ကလည်း ဇွဲအားထက်သန်စွာပင် ဆရာသမားအား “အစီအစဉ်ပျက်သွားသည်ဆိုသော အကြောင်းကို ဖုန်းဆက်တာလား” ဟုပင် ကောက်ကာငင်ကာမေးလိုက်ပါတော့သည်။ကျွန်တော့ဆရာသမားကလည်း မလျော့ပါဘူး “ဘုရားကိုမသွားဖြစ်ရင်လည်း နောက်တစ်နေရာကိုသွားမယ်ကွာ” ဆိုပြီး မရမက အိပ်ယာကနိုးနေပါတော့သည်။
ကျွန်တော်လည်း ဘယ်လိုမှငြင်းမရတော့ဘဲ အိပ်ယာမှထလိုက်ရပါတော့သည်။ကျွန်တော်အိပ်ယာကထပြီး မျက်နှာသစ် ၊ သွားတိုက်ကာ ခရီးသွားဖို့ပြင်ဆင်လိုက်ပါတော့သည်။ကျွန်တော်လည်းပြင်ဆင်ပြီး သိပ်မကြာပါဘူး ကျွန်တော့်ဆရာသမားများနှင့် ဒရိုင်ဘာတို့အိမ်သို့ရောက်ချလာကာ ကျွန်တော့အားလာခေါ်ကြပါတော့သည်။ဒီလိုနဲ့ ကျွန်တော်တို့ မနက်(၆)နာရီခွဲ အချိန်လောက်တွင် ခရီးစတင်ထွက်ဖြစ်ကြပါတော့သည်။ကျွန်တော်လည်း ကားပေါ်တက်ကတည်းက ညကမိုးရွာထားသောကြောင့် လမ်းဘေးဝဲယာများကိုသာ စူးစမ်းကြည့်နေပါတော့သည်။ဘယ်နေရာကတော့ ဘယ်လောက်စိုနေတယ် ၊ ဘယ်နေရာကတော့ သိပ်မစိုပါဘူး အစရှိသည်ဖြင့် ကြည့်ရှုကာ မိုးရွာထားသောအခြေအနေများကို စူးစမ်းမှုပြုလုပ်ကာ လိုက်ပါလာခဲ့ပါတော့သည်။

2759415_c1dee92f.jpg

Image Credit Source

ကျွန်တော်ထိုသို့စူးစမ်းနေချိန်တွင် မိုးရွာပြီးရေအနည်းငယ်တင်ကျန်ရစ်ခဲ့သောနေရာများကိုတွေ့လျှင် စိတ်ညစ်ကာနေခဲ့ပါတော့သည်။ထိုမှတစ်ဆင့်ဆက်လာလျှင်လည်း မိုးရွာထားဟန်မရှိသောနေရာများကိုတွေ့လျှင် စိတ်အားတက်မိပြန်သည်။ထိုသို့ဖြင့် ကျွန်တော်လည်း လိုက်လာခဲ့သည်မှာ အတော်လေးခရီးပေါက်လာခဲ့ပါတော့သည်။ကျွန်တော်တို့(၃)နာရီခန့် ကားစီးလာပြီးနောက် မအီမြို့သို့ရောက်ရှိလာခဲ့ပါတော့သည်။ကျွန်တော်သို့ မအီမြို့သို့ရောက်ပြီး ဆိုင်တစ်ဆိုင်တွင် မနက်စာစားဖို့ဝင်ရောက်နားခိုကြပါတော့သည်။

golden-myanmar-restaurant-bagan-guide-maps-address-opening-hours-dining-bagan-tourist-attractions-tourist-information-where-to-eat-old-bagan-5-760x432.jpg

Image Credit Source

ကျွန်တော်တို့ဆိုင်တွင် စားစရာများမှာယူကာ ဘုရားသို့သွားရောက်ဖို့ရန်အတွက် ညကရာသီဥတုအခြေအနေများကိုစုံစမ်းလိုက်သောအခါ ဒေသခံများက ညကသူတို့ဆီတွင် မိုးရွာခြင်းလုံးဝမရှိဟုပြန်လည်ဖြေကြားကြတော့ အတိုင်းမသိဝမ်းသာသွားခဲ့ရပါတော့သည်။
မအီမြို့တွင် မိုးရွာသွန်းခြင်းမရှိခဲ့ပါက ကျွန်တော်တို့သည် ခြေတော်ရာသို့သွားရောက်ရန်အဆင်ပြေနိုင်သည်မို့ ကျွန်တော်လည်း စားစရာရှိသည်များကို မြန်မြန်ဆန်ဆန်လက်စသတ်ကာ ပြန်လည်ထွက်ခွာကြပါတော့သည်။မအီမြို့မှ စတင်ထွက်ခွာပြီး (၁၅)မိနစ်ခန့်ကြာသောအခါ ကျွန်တော်တို့သည် အမ်းရိုးမ၏တောင်ခြေရင်းသို့ ရောက်ရှိသွားပါတော့သည်။ထိုတွင်စတင် သတိထားမိသည်က ညကမိုးရွာထားသော အခြေအနေများလုံးဝမတွေ့ရသဖြင့် များစွာဝမ်းသာရပါတော့သည်။ကျွန်တော်တို့လည်း အခြေအနေကောင်းသည်နှင့် တောင်ပေါ်ကိုစတင်တက်ကြပါတော့သည်။တောင်ကိုတက်ဖို့ တောလမ်းကလေးများအတိုင်း ကားလမ်းဖောက်လုပ်ထားသဖြင့် ကျွန်တော်တို့ခရီးထွက်လာရသည်မှာ လွန်စွာစိတ်ကြည်နူးစရာဖြစ်နေခဲ့ပါတော့သည်။

3205_medium.jpg

Image Credit Source

တောင်တက်လမ်းများမှာလည်း ညကမိုးရွာထားခြင်းမရှိသော်လည်း အရင်ရက်များကရွာထားဟန်ရှိပါသည်။တောင်တက်လမ်းများမှာ အရင်ကလိုဖုန်ထူထပ်ခြင်းလုံးဝမရှိပါဘဲ လမ်းများတင်းမာနေကာ အတော်ပင်ကောင်းမွန်နေသည်ကိုတွေ့ရှိရပါတော့သည်။ကျွန်တော်တို့ တောင်ပေါ်တက်သည်ဆိုသည်နှင့် တောင်၏မြင့်မားမှုကြောင့်ထင်ပါသည် နားများပင်နည်းနည်းအူချင်သလို ခံစားမိလာသည်။ကျွန်တော်တို့လမ်းတစ်လျှောက် သမင်လည်ပြန်ကြည့်မိချိန်မှာတော့ ကျွန်တော်တို့တက်လာခဲ့သော မြေသားလမ်းများကို တောင်ရဲ့အောက်ဘက်တွင် မြွေလိမ်မြွေကောက်ပုံစံမျိုးဖြင့် တွေ့မြင်ရသည်မှာ လွန်စွာသာယာသော သဘာမြင်ကွင်းကလေးများဖြစ်နေပါတော့သည်။ကျွန်တော်တို့ဆက်လက်ခရီးဆက်လာခဲ့ရာ တောင်ကြီးများမှာလည်း တစ်လုံးထက်တစ်လုံးပိုမိုမြင့်မားလာပေတော့သည်။တောင်ပေါ်တွင်ရှိသော သစ်ပင်ကြီးများမှာ ဖြောင့်မတ်ကာအလွန်မြင့်မားသောအပင်များဖြစ်နေပေတော့သည်။

4029530129_1d5f7511cc_b.jpg

Image Credit Source

ဘေးပတ်ဝန်းကျင်တွင်လည်း ၀ါးရုံပင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ခဲ့ရပါတော့သည်။တစ်ခါတစ်ခါဘေးမှ ချောက်ကမ်းပါးကြီးများမှာလည်း နက်ရှိုင်းစွာရှိနေသည်ကို အသည်းယားဖွယ်ရာ တွေ့မြင်ကြရပြန်သည်။တောင်ပေါ်တွင်တော့ နေရောင်များကိုသိပ်မတွေ့ရပါဘဲ အရိပ်များဖြင့်ပင်ပြည့်နှက်နေပါတော့သည်။တောင်ပေါ်မှကြည့်ရှုလိုက်လျှင် ဟိုးခပ်လှမ်းလှမ်းတောင်ထိပ်များတွင် တွေ့မြင်ရသောမြူခိုးများကို မြင်ရသည်မှာ ကျွန်တော်တို့ကောင်းကင်ယံသို့ရောက်သွားပြီဟုပင်မှတ်ယူမိခဲ့ပါတော့သည်။
ဤမျှသာယာလှပသော အမ်းရိုးမပေါ်သို့ခရီးထွက်ရခြင်းမှာ စိတ်ကြည်နူးကာပေါ့ပါးလန်းဆန်းနေပါတော့သည်။ကျွန်တော်တို့တောင်ပေါ်တွင် နာရီဝက်ခန့်သွားမိသောအခါ ကျွန်တော်တို့ဖူးချင်လှသော ဘုရားသို့ရောက်ခါနီးသို့ပင်ရှိလာပါတော့သည်။
ကျွန်တော်၏ အားလပ်ရက်ခရီးစဉ်အား ဤတွင်ခေတ္တနိဂုံးချုပ်ပါရစေ။
စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းရင်း-

Writter @theinzawlin
MSC - 128

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရိုးမဆိုပဲ အရမ်းသာယာမှာပဲ ပုံတွေ ရိုက်ခဲ့ရမှာ ကိုသိန်းရ ကိုယ်တိုင်ရိုက်တွေလောက် မိုက်ပါ့မလား😁

ကိုယ်တိုင်ရိုက်တာတွေ နောက်တစ်ခေါက်ဆိုတင်ပေးပါ့မယ် မမ

အားလပ်ရက်ခရီးစဉ်လေးကို ဘုရားဖူးဖို့ရွေးချယ်လိုက်လို့ သာဓုပါဗျာ

ဘုရားဖူးပြီးတစ်ခြားနေရာတွေလည်းပါဦးမယ် ဆရာရယ်

ရေးသားတင်ပြတဲ့သူကတော်ပြီးပြည့်စုံတော့ ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ်

ဟုတ် ကျေးဇူးပါ အစ်မ

အမ်းမြို့လေးက သာယာပါတယ်
ရောက်ဖူးသည် အမ်းမြို့

အမ်းမြို့နဲ့ မအီမြို့ကြားမှာ တည်ရှိတာပါ ဘုရားက

ခရီးစဉ်လေးအကြောင်း မရေးတာတော်တော်ကြာသွားတယ်နော်။ဘယ်နေရာသွားမယ်ဆိုတာ အခုမှပဲသိရတော့တယ်။အမ်းမြို့ရဲ မအီ စက်တော်ရာ ဗုဒ္ဓခြေတော်ရာ ဘုရားဖူးခရီးစဉ်ဆိုတော့ တော်တော်ကောင်းမယ်နော်။မရောက်ဖူးသေးပါခင်ဗျာ။တင်ပြပေးတော့ ကုသိုလ်လည်းဖြစ် ဗဟုသုတလည်းဖြစ်တာပေါ့အစ်ကို

တည်နေရာက မန်းရွှေစက်တော်လိုဘဲဗျ ကိုသန့်ဇင်ရယ်

ကိုယ်တောင် ရောက်သွားသလိုပါပဲဗျာ😊😊

တကယ်ကြီးလားဗျ ကိုလွမ်း

အမ်းရိုးမ လမ်း တွေက မိုးတွင်းဆို တောင်ပြိုတာတွေဖြစ်တတ်ပါတယ် လမ်းလည်းပိတ်တတ်တယ်

ဒါပေမယ့် တောင်တောင်ရှု့ ခင်းတွေကတော့ အရမ်းသာယာလှပါတယ်ဗျ

ဟုတ်ပါတယ် အစ်ကိုရယ်

အားလပ်​ရက်​ခရီးသွားတာ​ကောင်းပါတယ်​...စာဖတ်​ရင်းပုံကြည့်​ရတာဖတ်​လို့​ကောင်းတယ်​....

ကျေးဇူးတင်ပါတယ် အစ်မ နောက်တစ်ခေါက်မှ ကိုယ်တိုင်ရိုက်ပုံတွေ တင်ပေးပါ့မယ်ဗျ

ခရီးစဉ်ကို အသေးစိတ်ရေးထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်

ကျေးဇူးတင်ပါတယ်ဗျ အခုလိုအားပေးတဲ့အတွက်

အားလပ်ရက်လေးကိုရေးထားတာ အရမ်းသက်ရပ်ပါ၏

ကျေးဇူးတင်ပါတယ်ဗျ ကိုအေးချမ်း

အကို့ဆရာစိတ်ကတော့ ညီသဘောကျမိတယ်
ညီလည်းအဲလိုဘဲ သွားမယ်ဆို သွားကို သွားရမှ ကျေနပ်တာ
ဟီး

ဟုတ်တယ် ညီရယ် ဆရာသမားက သွားမယ်လို့ပြောထားရင် တားလို့ကိုမရတော့ဘူး

ဘုရားေ ခြ‌တော်‌ရာကို ဖူးခွင့်‌ရတာ ကုသိုလ်‌ထူးပါတယ်‌ညီ။

မကြာမကြာကို သွားဖြစ်ပါတယ်ဗျ

လာလည်အုံးမယ်ဗျာ

ကြိုနေပါ့မယ်ဗျ

သွားချင်​စိတ်​​ပေါက်​​အောင်​​ရေးနိုင်​တယ်​ဗျာ.

လုပ်ပြီ ဆရာသမားလေးက