မင်္ဂလာပါ Steemit မှ မိတ်ဆွေများ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
ကျွန်တော့ရဲ့အားလပ်ရက်အကြောင်းပြန်လည်ဆက်ပါရစေဦးဗျ။
ကျွန်တော်လည်း ဇရပ်ပေါ်တွင် ခဏလေးနားကာ အမောဖြေပြီးနောက် အထက်စက်တော်ရာဘုရားရင်ပြင်ပေါ်သို့ တက်ရောက်ဖို့ရန် ပြင်ဆင်လိုက်ပါတော့သည်။ကျွန်တော်ဇရပ်ပေါ်မှ ဆင်းပြီး ဘုရားဘက်သို့လှည့်လိုက်ချိန်တွင် ဇရပ်နှင့်ကပ်လျက်တွင် ဘုရားဖူးပြည်သူများ သောက်သုံးရေများရရှိနိုင်ရန် လှူဒါန်းထားကြသော စတီးရေတိုင်ကီတစ်လုံးအား ၀မ်းသာအားရဖွယ်ရာ တွေ့မြင်ခဲ့ရပြန်သည်။သို့ပေမယ့်လည်း ကံဆိုးနေသည်က ထိုရေတိုင်ကီတွင် ရေပိုက်များတပ်ဆင်ထားခြင်းရှိမနေခြင်းပါ။ကျွန်တော်အထင်ပြောရရင်တော့ ရေတိုင်ကီအလှူရှင်က တိုင်ကီကိုလှူဒါန်းထားပြီး ရေတင်နိုင်ဖို့ရန် ပိုက်များလှူဒါန်းတပ်ဆင်ဖို့ရန် အခက်အခဲများရှိနေသည်ဟု ထင်မြင်မိပါသည်။ကျွန်တော်တို့ သိသလောက် ဤနေရာဤဒေသတွင် တောတောင်များမြင့်လွန်းပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရေရရှိရန်မှာ အနည်းငယ်အခက်အခဲရှိနေပါသည်။
ဘုရား၏အောက်ဘက်တောင်စောင်းအတိုင်းဆင်းသွားပါက တောင်အောက်တွင်စမ်းချောင်းကလေးတစ်ခုတော့ရှိနေပါသည်။ထိုစမ်းချောင်းမှာတော့ နွေရာသီဆိုလျှင် ရေများခမ်းခြောက်သွား ရေများက ဟိုတစ်အိုင်ဒီတစ်အိုင်ဖြင့် တင်ကျန်နေသည်များသာ ရှိနေတတ်ပါသည်။ထိုစမ်းချောင်းမှရေတင်ယူမည်ဆိုလျှင် ထိုစမ်းကလေးအား ဘိလပ်မြေအခိုင်အမာများဖြင့် ကျောက်တုံးကြီးများစီကာ ရေလှောင်နိုင်မှအဆင်ပြေလိမ့်မည်။ရေလှောင်နိုင်ကျောက်တုံးကြီးများမှာ နွေရာသီတွင် အဆင်ပြေနိုင်သော်လည်း မိုးရာသီတွင်တော့ ရိုးပေါ်မှ စီးဆင်းလာသည့်တောင်ကျရေများကို ခုခံကာကွယ်တားဆီးနိုင်ဖို့ရန် အတော်ပင်ခက်ခဲပေလိမ့်မည်။ထို့ကြောင့်လည်း အခုတိုင်ကီကြီးတွင် ရေပိုက်များတပ်ဆင်ထားခြင်းမရှိသည်ကို တွေ့မြင်ရခြင်းဖြစ်နိုင်ပါသည်။ကျွန်တော်တို့တက်လာခဲ့ရာ လမ်းတွင်ဖြတ်လာခဲ့သော အောက်စက်တော်ရာနားက ချောင်းကရေကိုတင်ယူမည်ဆိုပါကလည်း တောင်ကမြင့်လွန်းလှသဖြင့် တော်ရုံအင်ဂျင်ဖြင့်တက်နိုင်မည်မဟုတ်ပြန်။ထို့ကြောင့်အပေါ်တွင် ရေရရှိရန်အတော်ကလေး အခက်အခဲရှိနေပါတော့သည်။
ကျွန်တော်လည်းထိုတိုင်ကီကြီးကို ကြည့်ကာ တိုင်ကီကြီးတွင်ရေပိုက်များကို အဆင်ပြေချောမွေ့စွာတပ်ဆင်နိုင်ဖို့ရန် အလှူရှင်ကြီးများ မြန်မြန်ပေါ်ပေါက်လာနိုင်ပါရန်ဆုတောင်းနေရုံမှတစ်ပါး ဘာမှတော့လုပ်ပေးနိုင်ခြင်းမရှိခဲ့ပါ။ကျွန်တော်ထိုရေတိုင်ကီကြီးကျော်လွန်ကာ ခြေလှမ်းများလှမ်းလိုက်ချိန်တွင်တော့ ဘုရားဖူးဧည့်သည်များ ခေါင်းလောင်းထိုးလှူဒါန်းမှုများပြုလုပ်နိုင်ရန် ခေါင်းလောင်းတစ်ခုအား အလှူရှင်မိသားစုတစ်စုမှလှူဒါန်းထားသည်ကိုလည်း ၀မ်းသာကြည်နူးဖွယ်တွေ့ရှိရပြန်ပါသည်။ဘုရားဖူးပြည်သူများကလည်း မိမိတို့သဒ္ဒါတရားရှိရင်ရှိသလောက် တတ်နိုင်သလောက်လေး လှူဒါန်းထားသည်များကိုတွေ့ရှိပုံထောက်လျှင်တော့ တဖြည်းဖြည်းတော့ ဤဘုရားသို့လာရောက်ဖူးမြော်ကြသူများပြားလာသည်ကို တွေ့ရှိရပါတော့သည်။
ကျွန်တော်လည်းအထက်စက်တော်ရာဘုရားရင်ပြင်သို့ တက်ရောက်ကာ ဦးချပြီးနောက် ဘုရားခြေတော်ရာအား ကြည်ညိုမဆုံးနိုင်ဘဲ အချိန်အနည်းငယ်ကြာသည်အထိဖူးမြော်နေမိပါတော့သည်။ကျွန်တော်ဤနေရာသို့ရောက်တိုင်း စိတ်ထဲကကျေနပ်သည်အထိ ဖူးမြော်ပြီးမှသာလျှင် ပြန်လာလေ့ရှိတတ်ပါသည်။ကျွန်တော်ရောက်တိုင်းလည်း ဖူးမြော်မ၀ဖြစ်နေလေ့ရှိတတ်ပြန်သည်။ထိုနေရာသို့ရောက်လျှင် စိတ်များအလိုလိုအေးချမ်းလာသလိုပင်ခံစားရကာ အေးအေးလူလူအနားယူချင်စိတ်များကလည်း တဖွဖွဖြစ်နေခဲ့ရပါတော့သည်။ကျွန်တော်တို့ဘုရားဖူးပြီးအဆင်းတွင်တော့ အရင်ရောက်ရှိခဲ့ကြပြီးဖြစ်ကြသော ဘုရားဖူးများမှ လုပ်ဆောင်သွားခဲ့ကြသောအရာတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပြန်ပါသည်။ထိုအရာများသည်ကား ကျောက်ခဲလေးများကို ထပ်ဆင့်ကာပြုလုပ်ထားကြခြင်းဖြစ်ပါသည်။သူတို့ပြုလုပ်ထားကြသည်များမှာ သူတို့ယုံကြည်ချက်နှင့် သူတို့ပြုလုပ်ခဲ့ကြပုံရပါသည်။အဓိပ္ပာယ်ကတော့ ကျောက်ခဲလေးများကို ထပ်ဆင့်ကာ နောက်တစ်ကြိမ်ဤနေရာသို့ ရောက်နိုင်သည်ရှိအောင် ပြုလုပ်ထားခဲ့ကြခြင်းဖြစ်ပါသည်။ကျွန်တော်လည်း ထိုအရာများကို မြင်ကာစိတ်ဝင်စားမိသဖြင့် ကိုယ်တိုင်ပင်ပြုလုပ်ထားခဲ့ပါသေးသည်။ဘယ်လိုဖြစ်စေကာမူ ကျွန်တော်လည်း နောက်ထပ်အကြိမ်ပေါင်းများစွာ ဤဘုရားသို့လာရောက်ဖူးမြော်လိုစိတ်များရှိနေပါသေးသည်။ကျွန်တော်၏တောင်းဆုများလည်း ပြည့်နိုင်လိမ့်မည်ဟု ယုံကြည်နေမိခဲ့ပါသည်။
ကျွန်တော်ထိုကျောက်ခဲလေးများကို တင်ပြီးနောက် တောင်အောက်သို့ပြန်လည်ဆင်းလာကြပါတော့သည်။ကျွန်တော်တို့သည် အောက်ဘက်သို့ပြန်ဆင်းသောအခါတွင် အတက်တုန်းကလိုမျိုး ပင်ပန်းခြင်းအလျဉ်းမရှိတော့ပေ။အဆင်းပေမို့ သာသာယာယာ အေးအေးဆေးဆေးပင်ဆင်းလာခဲ့ကြပေတော့သည်။ကျွန်တော်တို့လည်း စကားတပြောပြောဖြင့် ဆင်းမှန်းမသိဆင်းလာကြသောအခါ အောက်စက်တော်ဘုရားကျောင်းဆောင်နှင့် ဘေးကချောင်းကလေးကိုပင်ပြန်လည်တွေ့မြင်လာရပါတော့သည်။ကျွန်တော့ဆရာသမားနှင့် ကားသမားကတော့ ချောင်းကမ်းစပ်က သောင်ပြင်တွင် ဓါတ်ပုံများလည်း အမှတ်တရရိုက်ကြပါတော့သည်။ကျွန်တော့ကိုလည်း လာရိုက်ဖို့လှမ်းခေါ်ကြပါသေးသည်။ကျွန်တော်ကတော့ ဒီဘုရားသို့ မကြာမကြာရောက်တတ်သည်မို့ မရိုက်ချင်တော့သဖြင့် သူတို့ကိုသာထိုင်စောင့်နေခဲ့ရပြန်သည်။
သူတို့လည်း ဓါတ်ပုံရိုက်ပြီး အောက်စက်တော်ရာဘုရားသို့ ဆက်လက်သွားကြပြန်ပါသည်။အောက်စက်တော်ရာသို့ သွားရောက်ရာ လမ်းကလေးကိုတော့ ဘုရားပြည်သူများ အလွယ်တကူဖြတ်သန်းသွားလာနိုင်ရန်အတွက် ၀ါးခြမ်းပြားကို အခင်းကလေးများပြုလုပ်ကာ တံတားကလေးအဖြစ်ပြုလုပ်ပေးထားသည်ကို တွေ့ရှိရပြန်ပါသည်။ဒေသခံများပြောပုံအရတော့ ထိုဝါးတံတားလေးများကို နှစ်စဉ်ပြုလုပ်ရသည်ဟု သိရှိရပြန်ပါသည်။ထိုသို့သွားလာဖို့ရန်အတွက် တံတားများကိုအခိုင်အမာပြုလုပ်ထားရန်လည်း မလွယ်ကူလှပေ။ကျွန်တော်တို့ မိုးရာသီများတွင် ထိုချောင်းသည်လည်း ရိုးမပေါ်မှစီးဆင်းလာသော တောင်ကျရေများကြောင့် ဘုရားခြေတော်ရာတည်ရှိရာ ကျောက်ဆောင်ကြီးသည်ပင် နစ်မြုပ်သွားရသည်ဟု ပြောကြပြန်ပါသည်။ထို့ကြောင့်လည်း ၀ါးတံတားလေးများကိုပင် နှစ်စဉ်နှစ်တိုင်းပြုလုပ်နေရသည်ဟု သိရှိခဲ့ရပါသည်။
ဘုရားခြေတော်ရာတည်ရှိရာကျောက်ဆောင်ပေါ်သို့ရောက်သွားချိန်တွင်တော့ အလှူခံလျက်ရှိသော ဂေါပကလူကြီးများ သုံးလေးယောက်ခန့်အလှူခံနေသည်ကိုတွေ့ရှိရပြန်ပါသည်။ဘုရားကျောက်ဆောင်ပေါ်တွင် မိုးထားသော ဓနိများနှင့် အပြင်ကလာသောလေအေးများကို ခံစားရသည်မှာ ဘုရားပြည်သူများအားလုံး စိတ်နှလုံးအေးချမ်းစေမှာ အမှန်ပင်ဖြစ်ပေလိမ့်မည်။ကျွန်တော်တို့လည်း ဘုရားဖူးပြီးနောက် မိမိတို့တတ်နိုင်သလောက် အလှူငွေများကို အလှူခံပုံးများထဲသို့ထည့်ကာ ကုသိုလ်ယူခဲ့ကြပါသည်။ဂေါပကလူကြီးများမှလည်း ကျွန်တော်တို့အား ရေနွေးကြမ်းများဖြင့် ဧည့်ကာ ဘုရားသမိုင်းကြောင်းများကို သိရှိသလောက်ပြောပြကြပေတော့သည်။လူကြီးများပြောပြသော သမိုင်းကြောင်းများကို နားထောင်ပြီးနောက် ကျွန်တော်တို့လည်း ဘုရားမှမြင်ရသော သဘာဝရှုခင်းများကို ဖုန်းကိုယ်စီဖြင့် မှတ်တမ်းတင်ခဲ့ကြပြန်ပါသည်။
ကျွန်တော်တို့လည်း ဘုရားတွင်ထပ်မံအနားယူပြီးနောက်ပြန်လည်ဆင်းလာကြပါတော့သည်။ဘုရားမှဆင်းလာပြီး ကျွန်တော်တို့ ငါးစာများ ၀ယ်ယူကာ ထိုချောင်းတွင်ရှိသော ငါးများအား အစာများကျွေးကာထပ်မံ ကုသိုလ်ယူခဲ့ကြပြန်ပါသည်။ငါးများမှာလည်း အတော်ကလေးပင် ပျော်ရွှင်ပုံရကာ အူးမြူးနေကြပါတော့သည်။ငါးကလေးအချင်းအချင်းအစာများ လုယက်စားသောက်နေကြသည်မှာ အလွန်ပင်ဝမ်းသာပီတိဖြစ်ရသော မြင်ကွင်းတစ်ခုပင်ဖြစ်နေပါတော့သည်။ကျွန်တော်တို့ငါးစာကျွေးပြီးနောက်တွင်တော့ ဘုရားမှပြန်လည်ထွက်ခွာဖို့ပြင်ဆင်ကြပါတော့သည်။
စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းရင်း နိဂုံးချုပ်ပါရစေ။
Writter @theinzawlin
MSC - 128
ဘုရားမှာ အခုမိုးတွင်းက ရေဝင်နေမှာ
ခရီးစဉ်လေးပြောပြပေးတာကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုမိုးတွင်းက အပေါ်ရောအောက်ရော ဖူးမြော်လို့မရနိုင်ပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားဖူး ကုသိုလ်လေး ဝေမျှပေးတာ ကျေးဇူးပါဗျာ။ သာဓု သာဓု သာဓု။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုရဲ့ခရီးစဉ်လေးကို ဒီလိုမျှဝေတဲ့အတွက် ကုသိုလ်ရပါတယ်ဗျာ။ကျွန်တော်တို့ဆို အစ်ကိုပြောမှ အဲဒီနေရာကို သိရပြီး ဘုရားခြေတော်ရာကို ပုံတော်ထဲကနေ ဖူးနေရတာပါ။တော်တော်လေးသာယာတဲ့ရှု့ခင်းတွေလည်းတွေ့ရပါတယ်။ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချိန်ရရင်တော့ လာဖူးစေချင်ပါတယ် အစ်ကိုရယ် နောက်ဆိုရင် ရွှေသင်္ကန်းကပ်ကြမှာနဲ့ ခြေတော်ရာတွေပျက်စီးနိုင်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်မရေက်ဖူးသောနေရာများ၏အကြောင်းသေချာတင်ပေးထားသည့်အတွက်ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် အစ်ကိုရယ် ဘုရားက လူသိနည်းနေပါသေးတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်နေ့ အရောက်သွားပါအုံးမည်..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာရောက်ဖူးမြော်စေချင်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သာယာတဲ့ နေရာလေးတွေက လူများများ.ရောက်ရင် ပျက်စီးကုန်တော့မှာပဲ သဘာဝအတိုင်းလေးပဲ ကောင်းပါတယ်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် မမရယ် အေးချမ်းမှုတွေပျက်စီးတော့မှာပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုချိန်အောက်စက်တော်ရာက ရေဝင်ပြေီနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေတွင် ဝင်လောက်ပြီ အစ်ကို ဖူးလို့တောင်ရမှာမဟုတ်တော့ဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာလည်မဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာခဲ့ပါဗျာ လာမယ်ဆိုဖုန်းဆက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားလပ်ရက်ခရီးစဉ်အကြောင်းလေးဖတ်လို့ကောင်းပါတယ်....ငါးတွေအများကြီးဘဲနော့....ရှုခင်းတွေလည်းသာယာတယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငါးတွေက အဲဒီချောင်းမှာ ဘေးမဲ့ပေးထားတာဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်လိုက်တာ ညီရေ။ မြတ်စွာဘုရားေ ခြတော်ရာဖူးေ မြာ်ခွင့်ရလို့ တကယ်ကျေးဇူးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်စေချင်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပို့ဒ်လေးဖတ်ရတာ ကြည်နူးမိတယ်
အေးချမ်းတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်စရာဗျာ ရောက်ရင် လိုက်ပို့ပါအုံး 😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာခဲ့ပါ အစ်ကို လိုက်ပို့ပါမယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit