မင်္ဂလာပါ Steemit မှ ညီအစ်ကိုမောင်နှမများအားလုံး သာယာပျော်ရွှင်ဖွယ်ရာ နေ့သစ်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ။
သူငယ်ချင်း -
ကမ္ဘ္ဘ္ဘာပေါ်တွင်နေထိုင်သော သက်ရှိသတ္တ၀ါများအားလုံး လက်ရှိခံစားနေရသော ဝေဒနာအကြောင်းလေးကို သတိထားမိမယ်ထင်ပါတယ်နော်။သက်ရှိသတ္တ၀ါအားလုံးလို့ ပြောတယ်ဆိုတာကတော့ ဝေဒနာခံစားနေရတဲ့အထဲမှာ သူငယ်ချင်းနှင့် ကျွန်တော်လည်း ပါဝင်နေလို့ပေါ့။သူငယ်ချင်းခံစားမိမှာပါ ယခုလက်ရှိနေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ အလိုမကျမှုတွေ အများကြီးတွေ့မိမှာပေါ့။မြင်မြင်သမျှက ကိုယ့်အတွက် အလိုမကျဘဲ ပူလောင်စရာတွေ ဖြစ်နေတယ်လေ။
သူငယ်ချင်းရင်ထဲမှာ အေးချမ်းချင်ပေမယ့် မအေးချမ်းနိုင်ဘူးဖြစ်နေတယ်မလား။ဒီလိုပူလောင်မှုတွေကို ခံစားရအောင် သူငယ်ချင်းတစ်ယောက်တည်း လုပ်တာမဟုတ်ဘူးဆိုတာ သူငယ်ချင်းသတိထားမိကောင်းထားမိမှာပါ။လူဆိုတာ တစ်ယောက်တည်းနေနိုင်တဲ့ သဘာဝရှိခဲ့ရင်တော့ ဒီလိုပူလောင်မှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ပူလောင်မှုဖြစ်တည်လာခြင်းက အများကြောင့်ဆိုပေမယ့် အေးချမ်းမှုကို ရရှိဖို့အတွက် ပြုပြင်တဲ့အခါမှာတော့ သူငယ်ချင်းရော ကျွန်တော်ကိုယ်တိုင်ရော ပြုပြင်မှရပါလိမ့်မယ်။ကိုယ်တိုင်ပြုပြင်မှ အခြားသူတွေလည်း လိုက်ပြီးပြုပြင်မှာပေါ့။အခြားသူတွေ ပြုပြင်ရန်ဆန္ဒဖြစ်ပေါ်ဖို့ကလည်း သူတို့နားလည်အောင် ရှင်းပြတတ်မှ အဆင်ပြေလိမ့်မယ် သူငယ်ချင်း။ရှင်းပြနိုင်ဖို့ဆိုတာကလည်း အရာရာကို ကိုယ်တိုင်သိမှအဆင်ပြေမှာပေါ့ မဟုတ်ဘူးလား။အရာရာတိုင်းကို သိဖို့က ဘယ်လိုဖြစ်နိုင်မလဲ ၊ မှန်တာပေါ့ သူငယ်ချင်းရယ် ဘယ်လိုလုပ်သိနိုင်မလဲ။ကမ္ဘာပေါ်မှာဖြစ်ပျက်နေတာတွေက တစ်နေ့တစ်မျိုးမရိုးရအောင်များလွန်းလို့ တစ်ယောက်တည်းလိုက်ကြည့်နေဖို့က လွယ်မှမလွယ်တာ။ကမ္ဘာလောက်ကို မပြောနဲ့ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကိုတောင် အားလုံးသိဖို့မလွယ်ပါဘူး။ဒါတွေကိုသိဖို့ သူငယ်ချင်းရယ် မိတ်ဆွေတွေအများကြီးလိုအပ်လိမ့်မယ်လို့ မထင်မိဘူးလား။မိတ်ဆွေတွေရတယ်ဘဲ ထားပါဦး သူတို့နဲ့ဆွေးနွေးဖို့ အချိန်ကလည်းလိုသေးပြန်ရော။အခက်အခဲတွေကလည်း တစ်ခုပြီးတစ်ခု တကယ်ကိုများနေပြန်ရော့ ၊ ဘယ်လိုဖြေရှင်းမလဲ သူငယ်ချင်း။ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့က နည်းလမ်းတော့ရှိလိမ့်မယ် သူငယ်ချင်း ၊ ကြားဖူးမှာပေါ့ “ စာအုပ်စာပေ ၊ လူ့မိတ်ဆွေ ” ဆိုတာလေ မဟုတ်ဘူလား။ စာအုပ်စာပေက ကျွန်တော်တို့ကို အကောင်းဆုံးအထောက်အပံ့ပေးမယ့် မိတ်ဆွေဖြစ်ကို ဖြစ်လိမ့်မယ် သူငယ်ချင်း။စာအုပ်စာပေတွေဖတ်မှ ကျွန်တော်တို့လိုအပ်နေတဲ့အရာတွေကို စုစည်းနိုင်မှာပေါ့။ဒါဆိုရင်တော့ ကျွန်တော်တို့ စာအုပ်စာပေဖတ်ဖို့ လိုကိုလိုလိမ့်မယ်သူငယ်ချင်း။စာအုပ်စာပေကြည့်ဖြစ်ရင်တော့ အရာရာကို ကိုယ်တိုင်သွားကြည့်စရာမလိုဘဲ သိနိုင်မြင်နိုင်လိမ့်မယ် သူငယ်ချင်း။စာအုပ်စာပေအပြင် တရားများ ၊ တရားပွဲများ ၊ ဟောပြောပွဲများနှင့် စာပေဟောပြောပွဲများကိုလည်း အချိန်ပေးပြီးသွားရောက်နားထောင်ဖို့ လိုအပ်လိမ့်မယ် သူငယ်ချင်း။
သူငယ်ချင်းရယ် -
ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကို ရေ ၊ မြေ ၊ လေ တို့နဲ့ ဖွဲ့စည်းထားတယ်ဆိုတာကိုတော့ သူငယ်ချင်းဖတ်ဖူးမှာပေါ့နော်။
အခုကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံဆိုတာ ကမ္ဘာကြီးထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပေါ့ သူငယ်ချင်းရယ်။အခုလူတိုင်းပြောနေကြတယ် ကမ္ဘာကြီးပျက်စီးတော့မယ်တဲ့။လူကြီး ၊ လူငယ် ၊ လူလတ်ပိုင်းတွေကအစ အားလုံးရဲ့နှုတ်ဖျားမှာ ရေပန်းစားလာတာကို ကျွန်တော်တို့ကျင်လည်ရာပတ်ဝန်းကျင်မှာ တွေ့မြင်ကြားသိလာရတာ အခုရာစုပိုင်းမှာ တော်တော်များလာတယ် သူငယ်ချင်း။ကမ္ဘာကြီးဟာ အရင်ကထက်ပူနွေးမှုတွေများလာတယ်ဆိုဘဲ။ကမ္ဘာကြီးပျက်စီးတော့မယ်ဆိုရင် မပျက်စီးအောင် ကာကွယ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိလာပြီ သူငယ်ချင်း။ဒါဆိုဘာတွေ အရင်စတင်ပြုပြင်ဆောင်ရွက်မလဲ။ဆောင်ရွက်ဖို့လိုအပ်တဲ့ အချက်အလက်တွေကော ဘယ်သူ့ကိုမေးရမှာလဲ။ဘယ်သူကကော ကျွန်တော်တို့ကိုကူညီနိုင်မှာလဲ။သူငယ်ချင်း စိတ်ကူးမလွဲနဲ့တော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ စာအုပ်စာပေကိုဘဲ ဖတ်ရှုရလိမ့်မယ် သူငယ်ချင်း။စာအုပ်စာပေကဘဲ ကျွန်တော်တို့ကို နည်းလမ်းကောင်းတွေပေးနိုင်လိမ့်မယ်။ကမ္ဘာကြီးမပျက်စီးရလေအောင် ကျွန်တော်တို့နေထိုင်ရာ မြန်မာ့သဘာဝပတ်ဝန်းကျင်ကို အရင်ထိန်းသိမ်းဖို့လိုလိမ့်မယ်သူငယ်ချင်း။ကမ္ဘာကြီးက ဘာကြောင့် ပျက်စီးလို့ ဘယ်လို ထိန်းသိမ်းမယ်ဆိုတာကို ကျွန်တော်တို့က ပညာရှင်တွေမဟုတ်တော့ စာအုပ်စာပေတွေနဲ့ အွန်လိုင်းသတင်းတွေကနေ လေ့လာကြည့်မှသိမယ်လေ။ကျွန်တော်တို့ သိမှ အခြားလူများတွေကိုလည်း လက်တွဲခေါ်ဆောင်ဖို့ အသိပညာတွေပေးနိုင်မှာပေါ့။ကမ္ဘာကြီးဘာကြောင့် ပျက်စီးမှာလဲဆိုတော့ အများသိတဲ့အတိုင်းဘဲ သစ်တောတွေပြုန်းတီးလာတယ် ၊ မြေသား ၊ မြေဆီလွှာတွေ ပျက်စီးလာတယ် ၊ လေထုညစ်ညမ်းလာတယ် ၊ အိုဇုန်းလွှာတွေပျက်စီးလာတယ် ၊ ရေသယံဇာတတွေလျော့နည်းလာတယ် ၊ ပင်လယ်သမုဒ္ဒရာတွေလည်း ညစ်ညမ်းလာတယ် ၊ တိရစ္ဆာန်တွေများစွာလည်း မျိုးတုန်းရှားပါးလာတယ် ဆိုတဲ့ အချက်ကို အခြေခံပညာ သင်ရိုးညွှန်တမ်းတွေမှာ ဖတ်ရှုသင်ကြားခဲ့ရတယ်လေ။ပြည်တွင်းစစ်တွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးရတယ်ဆိုတဲ့ အကြောင်းကို Youtube တွင် တစ်ခါကြည့်ခဲ့မိတယ် သူငယ်ချင်း။ကျွန်တော်တို့ ပြုပြင်ပြောင်းလဲထိန်းသိမ်းမယ်ဆိုရင် ဒီအချက်တွေရဲ့ ဆိုးကျိုးကြောင့်ဖြစ်ပေါ်နေတာတွေကို အရင်သိမှဖြစ်မယ်။အဲဒါတွေကို သိမှပြင်ဆင်ဖို့ဆန္ဒရှိလာကြလိမ့်မယ် သူငယ်ချင်း။သစ်တောတွေဘာကြောင့်ပြုန်းတီးသလဲဆိုရင် အဖြေကတော့ရှင်းနေပါတယ် လူတွေအသုံးပြုနေတဲ့ အသုံးအဆောင်တွေပြုလုပ်ဖို့နဲ့ ၊ နိုင်ငံခြားသို့တင်ပို့ရန် သစ်ထုတ်လုပ်မှုအတွက် သစ်ပင်တွေခုတ်လှဲကြလို့ပေါ့။
နောက်တစ်ခါ လူတွေရဲ့နေ့စဉ်ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ထင်း ၊ မီးသွေးစသည့်အရာတွေ အသုံးပြုဖို့ခုတ်ထွင်ရှင်းလင်းကြလို့ပေါ့ သူငယ်ချင်း။နောက်တစ်ခါ တောင်ယာစိုက်ပျိုးရန် ခုတ်ထွင်ရှင်းလင်း မီးရှို့ကြတယ် ၊ တောမီးတွေလောင်တယ်။ဒီလိုအချက်တွေကြောင့် သစ်တောတွေပြုန်းတီးတယ်ဆိုတာတော့ သူငယ်ချင်းလည်း ကြားနေမြင်နေခဲ့ပြီးသားပါ။သစ်တောပြုန်းတီးမှုကြောင့် ကျွန်တော်တို့ရရှိလာတဲ့ အကျိုးရလဒ်ကတော့ အင်မတန်မှ သာယာအေးချမ်းတဲ့ တောတောင်များကိုဆုံးရှုံးလာရတယ်။တောတောင်တွေကိုဆုံးရှုံးလိုက်ရတော့ တောတောင်တွေကို မှီခိုအားထားနေရတဲ့ သက်ရှိသတ္တ၀ါတွေ သေဆုံးပျက်စီးပြီးရှားပါးလာရတယ်။သစ်တောပြုန်းတီးခြင်းကြောင့် မြစ်ကမ်းချောင်းကမ်းဘေးက မြေသားများလည်း ရေတွေတိုက်စားခြင်းကို ခံလာရတယ်။ကြားမြင်နေရတဲ့ အတိုင်းပါဘဲ ခဏခဏ မြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုပြီး လူနေအိမ်တွေရွှေ့ပြောင်းရတာတွေကို အွန်လိုင်းတွေရာ ၊ ဂျာနယ်တွေမှာရော မမြင်ချင်မှအဆုံးပါ။ကမ်းပါးပြိုခြင်းတွေကြောင့် မြစ်ရေများလျှံတက်ကာ ရေကြီးမှုတွေကလည်း နှစ်စဉ်နှစ်တိုင်း ကြုံဆုံလာရတယ်။သစ်တောပြုန်းတီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်လာပြီး လေမုန်တိုင်းများ ကျရောက်လာတယ်။
သစ်တောပြုန်းတီးခြင်းဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ကျွန်တော်တို့ ဥာဏ်ရည်နဲ့ပြောပြလို့မရအောင် များလွန်းပါတယ်။ဒါကြောင့်လည်း စာအုပ်စာပေနဲ့ ရင်းရင်းနှီးနှီးနေဖို့ ပြင်ဆင်သင့်တာပေါ့သူငယ်ချင်း။သူကဘဲ ကျွန်တော်တို့ကို ပြည့်စုံအောင်ပြောပြနိုင်မှာလေ။မြေသားမြေဆီလွှာတွေ ပျက်စီးတာလည်း သူ့ကြောင့်ဆိုတာ ငြင်းမရတဲ့ အချက်ပါဘဲ။မြေသားမြေဆီလွှာတွေ ပျက်စီးသွားရင် ကျွန်တော်တို့အတွက် စိုက်ပျိုးရေးမှာ အခက်အခဲရှိလာပြီလေ။စိုက်ပျိုးရေးခက်ခဲလာပြီဆိုတော့ မြန်မာနိုင်ငံလို စိုက်ပျိုးရေးအဓိကလုပ်နေတဲ့ နိုင်ငံရဲ့ စီးပွားရေးက ဘယ်လိုဖြစ်လာမလဲ။ဆင်းရဲတွင်းထဲ ခုန်ဆင်းသလို ဖြစ်နေပြီပေါ့ သူငယ်ချင်း။သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ လေထုညစ်ညမ်းမှုရဲ့ တရားခံတွေကတော့ ခေတ်မှီတိုးတက်လာခြင်းလို့ပြောရမယ် သူငယ်ချင်း။တိုးတက်လာသည်နဲ့အမျှ စက်ရုံတွေ ၊ မော်တော်ယာဉ်တွေ အစရှိတဲ့ စက်ပစ္စည်းသုံးစွဲမှုတွေက ထွက်တဲ့ မီးခိုးတွေကြောင့်ပေါ့။လူသားတွေရဲ့ စွန့်ပစ်ပစ္စည်းများ ၊ အမှိုက်သရိုက်များမီးရှို့ခြင်းများကလည်း လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေတယ်လေ။အခိုးတွေရဲ့ ဆိုးကျိုးက အိုဇုန်းလွှာကိုလည်း ပျက်စီးစေတယ်။အိုဇုန်းလွှာပျက်စီးခြင်းသွားခြင်းကြောင့်ဘဲ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင် ပြောပြောနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဒါဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုခံစားလာရတယ်လေ။ရေသယံဇာတတွေ လျော့နည်းညစ်ညမ်းလာရတာလည်း စက်ရုံတွေက ထုတ်လွှတ်စွန့်ပစ်လိုက်တဲ့ ဓါတုပစ္စည်းတွေရဲ့လက်ချက်ပါဘဲ။
ပတ်ဝန်းကျင်တွင်းနေထိုင်သော လူတွေရဲ့ပေါ့ဆမှုကြောင့် မိလ္လာများ ၊ ရေမြောင်းများအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ပစ္စည်းများ လွှင့်ပစ်ထားသောကြောင့်လည်းပါဝင်တာဘဲ။
ပင်လယ်သမုဒ္ဒရာတွေလည်း ဒီအတိုင်းပါဘဲ လူတွေရဲ့ စည်းကမ်းမဲ့ခြင်းကြောင့် ကမ်းခြေများတွင် အမှိုက်သရိုက်များ ၊
စွန့်ပစ်ပစ္စည်းများစွန့်ပစ်မှု ၊ စက်တပ်ယာဉ်များမှ ယိုစိမ့်လာသော စက်သုံးဆီများ ၊ ရေနံတင်သဘောင်္ကြီးများ နစ်မြုပ်ခြင်းများ ၊ ရေအောက်သယံဇာတ တူးဖော်ခြင်းများကြောင့်ဘဲ ရေနေသတ္တ၀ါများပျက်စီးဆုံးရှုံးပြီး ပင်လယ်သမုဒ္ဒရာများ ၊ မြစ်များ ၊ ချောင်းများမှာသဘာဝအတိုင်းရှိမနေဘဲ ပျက်စီးယိုယွင်းရတာပေါ့။
ဒီလိုဆိုရင် သူငယ်ချင်း - ပျက်စီးယိုယွင်းနေတဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ပြုပြင်မယ်ဆိုရင် ပထဦးဆုံးအနေနဲ့ ဆရာမဒေါ်ခင်နှင်းကြည်သာရေးသားထားသလို တောတောင်ရေမြေသဘာဝကို ချစ်ခင်မြတ်နိုးဖို့လိုလိမ့်မယ် သူငယ်ချင်း။တောတောင်ရေမြေ သဘာဝကို ချစ်ခင်မြတ်နိုးမှ ထိန်းသိမ်းကာကွယ်ချင်စိတ်ရှိလာပေါ့။သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုရင် စာအုပ်စာပေများ လေ့လာရမယ် ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲများကို ထိရောက်စွာလုပ်ဆောင်ပေးရမယ်။ထိုသို့ပြုလုပ်ရုံသာမက သစ်တောပြုန်းတီးမှုကို စနစ်တကျကာကွယ်ထိန်းသိမ်းရမယ်။သစ်များခုတ်လျှင်လည်း စည်းကမ်းရှိစွာ လိုက်နာကျင့်သုံး ခုတ်ရလိမ့်မယ်။သစ်ပင်များ ခုတ်ပြီးလျှင်လည်း အစားထိုးပြန်လည် စိုက်ပျိုးရပါမယ်။သစ်ခုတ်ခြင်းက ဘယ်လောက်ထိ အရေးကြီးသလဲဆိုရင် “ သစ်ပင်တစ်ပင်ခုတ် ၊ ထောင်ဒဏ်သုံးနှစ် ” ဆိုတဲ့ ကြေညာချက်များကို ကြည့်ခြင်းဖြင့် ခန့်မှန်းနိုင်လိမ့်မယ်ထင်တယ် သူငယ်ချင်း။ထို့ကြောင့် ဥပဒေကို လိုက်နာခြင်းသည်လည်း သစ်တောပြုန်းတီးခြင်းကို ကာကွယ်ရာရောက်လိမ့်မယ် သူငယ်ချင်း။သစ်ပင်များပြန်လည် အစားထိုးစိုက်ပျိုးခြင်းကလည်း အဓိကအခန်းကဏ္ဏဖြစ်သည့်အတွက် ဌာနဆိုင်များပင် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများ ပြုလုပ်နေကြသည်ကို မြင်တွေ့နေရတာဘဲ။ကမ်းရိုးတန်းဒေသများတွင် လမုပင်များပြန်လည် စိုက်ပျိုးခြင်းများကို ကိုယ်တိုင်ပါဝင်လှုပ်ရှားပြီး လက်လှမ်းမှီသလောက် ပတ်ဝန်းကျင်မှ အခြားလူများကိုပါ စိတ်ပါဝင်စားလာအောင် ပြုလုပ်ပေးသင့်တယ် သူငယ်ချင်း။
သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ဆို ကိုယ်တစ်ယောက်တည်းလုပ်တာထက်စာရင် အများစုပေါင်းလုပ်ခြင်းက ပိုမိုထိရောက်မှာပေါ့ သူငယ်ချင်း။ထင်းနှင့် မီးသွေး အသုံးပြုမှုကိုလည်း တတ်နိုင်သလောက်အစားထိုးပြီး အခြားစွမ်းအင်တွေဖြစ်တဲ့ လေအား ၊ နေရောင်ခြည်စွမ်းအားများကို အသုံးပြုနိုင်ရန် နည်းလမ်းများကို ရှာဖွေစုဆောင်းရမယ် သူငယ်ချင်း။သစ်တောများကို ထိန်းသိမ်းကာကွယ်နိုင်ရန် တောင်ယာခုတ်ခြင်းများကို နိုင်ငံတော်ကချမှတ်ထားသည့် စည်းကမ်းအတိုင်းလိုက်နာနိုင်ဖို့လည်း ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်။ “ ဥတုရာသီ ၊ တောကိုမှီ ” ဆိုတဲ့အတိုင်း သဘာဝပတ်ဝန်းကျင်၏ ရာသီဥတုသည်လည်း သစ်ပင်များရှိမှ ပုံမှန်လည်ပတ်နိုင်မှာ ဖြစ်သဖြင့် အထူးဂရုစိုက်ပြုပြင်ရမှာက သစ်တောများပြုန်းတီးမှုကို အဖက်ဖက်မှ ကာကွယ်ပေးဖို့လိုအပ်တယ် သူငယ်ချင်း။မြေသားမြေဆီလွှာတွေထိန်းသိမ်းဖို့ကလည်း စိုက်ပျိုးရေးနည်းပညာများ တိုးတက်ဖို့နည်းလမ်းကောင်းများ တီထွင်ကြံဆနိုင်ဖို့လိုလိမ့်မယ် သူငယ်ချင်း။ဓါတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေးများကို လျှော့သုံးပြီး ဇီဝမြေသြဇာများနှင့် အပင်ထွက်ပိုးသတ်ဆေးများကို ပိုမိုအသုံးပြုနိုင်အောင် ပြုလုပ်သင့်တယ် သူငယ်ချင်း။လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့က စက်ပစ္စည်းများအသုံးချမှု လျှော့ချနိုင်မှ အဆင်ပြေလိမ့်မယ် သူငယ်ချင်း။ကျွန်တော်တို့ ပတ်ဝန်းကျင်အနေနဲ့ ကြည့်မယ်ဆိုရင် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် မော်တော်ကားများ ၊ ဆိုင်ကယ်များကို အသုံးပြုခြင်းအစား စက်ဘီးစီးခြင်းများ ၊ လမ်းလျှောက်သွားခြင်းများဖြင့် တတ်နိုင်သလောက်ပြုလုပ်ရလိမ့်မယ်။လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုသဖြင့် ပိုမိုအလေးထားဆောင်ရွက်သင့်တယ်။စက်ပစ္စည်းများအသုံးပြုမှု လျှော့ချနိုင်လျှင် ထိုထဲမှထွက်ရှိလာမည့် အခိုးအငွေ့များကြောင့် ပျက်စီးယိုယွင်းနေတဲ့ အိုဇုန်းလွှာများကိုပါ ထိန်းသိမ်းကာကွယ်နိုင်လိမ့်မယ် သူငယ်ချင်း။စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်သရိုက်များကိုလည်း မီးမရှို့ဘဲ စနစ်တကျ မြေကျင်းများတူးပြီး မြေမြှပ်ခြင်းများပြုလုပ်သင့်ပါတယ်။အမှိုက်များကို စည်းကမ်းမဲ့လွှင့်ပစ်ခြင်းမှ ရှောင်ရှားသင့်တယ်။အမှိုက်များကို စည်းကမ်းတကျလွှင့်ပစ်တတ်ဖို့အတွက် ပတ်ဝန်းကျင်များတွင် စုပေါင်းအမှိုက်ကောက်ခြင်းများဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ရေအောက်သယံဇာတ ပျက်စီးမှုကို ရှောင်ရှားဖို့အတွက်ကတော့ ရေနံတူးခြင်းများဖြစ်သည့် ရေအောက်သယံဇာတများတူးဖော်ခြင်းများကို ဥပဒေနဲ့အညီ လုပ်ဆောင်ပြီး အလွန်အကျွံငါးဖမ်းခြင်းများကိုလည်း လိုက်နာရှောင်ရှားရမယ်။ကုန်းနေရေနေ သတ္တ၀ါများ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ရှောင်ရှားနိုင်မှ သဘာဝက လှပနေလိမ့်မယ် သူငယ်ချင်း။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့က မိမိကိုယ်တိုင် စိတ်ဓါတ်ရေးရာများ အရင်ဆုံးပြုပြင်နိုင်မှ အဆင်ပြေလိမ့်မယ်။စိတ်ဓါတ်များပြုပြင်နိုင်မှ စည်းကမ်းရှိလာမည်။စည်းကမ်းရှိမှ ကာကွယ်ဖို့ ကိုယ်ချင်းစာတရားများဖြစ်ပေါ်လာနိုင်မယ် သူငယ်ချင်း။ဒီအချက်အလက်တွေကို ပြင်ဆင်ဖို့ကလည်း စာအုပ်စာပေဖတ်ကြားပေးဖို့လိုအပ်ပါတယ်။စာအုပ်စာပေဖတ်ကြားခြင်းဖြင့် ယိုယွင်းနေသောမြန်မာ့သဘာဝပတ်ဝန်းကျင်ကို ပြုပြင်နိုင်သော အနာဂါတ်ခေါင်းဆောင်ကောင်းများဖြစ်နိုင်ကြပါစေလို့ဆုတောင်းရင်း နိဂုံးချုပ်ပါရစေသူငယ်ချင်း။
စာဖတ်သူမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ လိုအပ်ဆန္ဒများပြည့်ဝနိုင်ကြပါစေ။
Photos; Images #Credit Google
Writter @theinzawlin
MSC NO - 128
KT ရေ winner ဖြစ်ပါစေဗျ။ 선 생 님 도 yes !
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ပေးတဲ့ဆုနဲ့ ပြည့်ပါစေဆရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါလဲဖတ်လို့ ကောင်းတာဘဲ ကိုယ်တွေစာရေးတအားလိုနေတာ သိသာလာပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်မရယ် ဆုမရရင်လည်းနေပါစေ ကိုယ့်အစ်မတွေဆီက အခုလို ကြားရတော့ ဝမ်းသာပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ခဲ့ပါတယ်...good👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးတတ်လိုက်တာဗျာ။ တစ်ကယ်ဖတ်လို့ ကောင်းတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good တယ် ဘရိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရပါ စေ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရပါစေ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ကတော့
Yes ပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားတက်မိပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အန်ကယ်ကတော့ Good ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်မျက်နှာငယ်ရပီလေ ဟီးးးးးးးးးးးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲလိုတော့ ဘယ်ဟုတ်ပါမလဲ ကိုသာအေးရယ် ညီအစ်ကိုတွေဘဲ ဖိုက်တင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရပါစေ@thein
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အစ်ကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုလာတ်ကြီး ခူးဆွတ်နိုင်ပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုရယ် လိုချင်တာတော့တကယ်ပါဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါ၏ :D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်လို့လား Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အစ်ကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရပါစေဗျာ ရရင်စွန့်ကြဲပေးပါ :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရရင် vote များများ စွန့်ကြဲပါမယ် အစ်ကို ပေးတဲ့ဆုနဲ့ ပြည့်ရပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရှိပါစေညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာတော်တော် ဖတ်ထားတာဘဲ။ဗ ဟုသုတတိုးစေပါကျေးဇူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စုံလိုက်တဲ့အချက်အလက်
ဆုရပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုရရှိနိုင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုစိုးရေးတဲ့ အချက်အလက်တွေကိုဖတ်မိလို့ ပြင်ဆင်ထားတာပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ညီရေ
လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားအသိပညာအတွေးအခေါ်စသည်တို့ကောင်းမွန်တိုးတက်လာနိုင်ဖို့ဆိုတာ စာအုပ်စာပေကောင်းများဖတ်ရှုမှတ်သားလိုက်နားကျင့်ကြံခြင်းမှတပါးအခြားမရှိနိုင်ပါဘူးကွာ………သူရ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လည်း ဒီ steemit ကို စတင်မှ စာဖတ်မိလို့ပါဗျာ ကိုသူရ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမယေး တော်လိုက်ကြတာ မမ အားငယ်တာ ခေးတို့လောက် အရေးမကောင်း😌😌
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်မရယ် အားတင်းထား ဖိုက်တင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ပါစေဗျာ။ တင်ပြပုံလေး ကောင်းပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ် ဆုရပါစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးတဲ့ဆုနဲ့ပြည့်ပါစေ အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit