အရူံးပေးလိုက်ပါပြီ
ငါလို လူ ဇမ္ဗူ မှာ ရှိသေးရဲ့လားလို့ ကြွေးကြော်ခဲ့တဲ့.....ငါ
ဘယ်အရာမှ ဂရုမစိုက်ခဲ့တဲ့.......ငါ
ရူံးနိမ့်ခြင်းဆိုတဲ့ စကားလုံး ကိုတောင် မသိခဲ့ဖူးတဲ့......ငါ
ဘက်တူရင် ဗိုလ် မထားတဲ့.......ငါ
ခက်ထန်ရဲ့ရင့်တဲ့ ခြင်္သေ့လို့ စိတ်ဓာတ်မျိုးးနဲ့.......ငါ
သီတာ.......သီတာ......မင်းရဲ့အလှ မှာဒူးထောက်ခဲ့ရပြီ။
ရေစီးမှာ မျောလာတဲ့ စာလွှာလေးကနေ မင်းရဲ့ ပုံရိပ်ကို စတင်မြင်လိုက်မိတဲ့အချိန် ဒီလူကြမ်းကြီးရဲ့ နှလုံး ရပ်တန့်သွားခဲ့ရတယ်။ရန်သူတစ်ထောင်ကို စီးချင်းထိုးဖို့ မကြောက်ခဲ့ပေမဲ့ မင်းပုံရိပ်လေးကိုသယ်ဆောင်လာတဲ့ စာလွှာလေး ပျောက်ပျက်သွားမှာ စိုးတထိတ်ထိတ်နဲ့ ပူပန်တက်လာခဲ့တယ်။
စာလွှာမှာ ပါတဲ့ အကြောင်းအရာက ကြင်ရာတော် ရွေးပွဲ တဲ့........ဟား မင်းဟာ ငါ့အတွက်ဘဲ ဖြစ်ရမယ် ချစ်ရတဲ့သီတာ
ပါဝင်ရှင်ပြိုင်နိုင်တဲ့သူတွေက ဘုရင် (သို့) ဘုရင်လောင်းများတဲ့......ဘယ်လို ဘုရင်တွေက ငါ့လို့ လင်္ကာဒီပ ပြည့်ရှင်ကို ရှင်နိုင်မှာလဲ.........
ချစ်တဲ့ သီတာ ဆီကို ဟော့ဒီ လူကြမ်းကြီး အပြေးလာခဲ့မယ် စောင့်မျှော်နေပါ ချစ်သူ
ကိုယ့်ရဲ့ အချစ် ဘယ်လောက်လှပလဲ ဆိုတာ သိစေဖို့ ရင်ခွင်လှပ်ပြပေးဖို့အပြေးသာလာခဲ့ပါပြီ ချစ်ရတဲ့သီတာ
အရှင်မင်းမြတ်..... စီးတော် လျှပ်စီးကို စီစဉ်ထားရမလားဆိုတဲ့ အထိန်းတော်ကို
တယ်..........ချစ်ခြင်းဆိုတဲ့အရာကို ရန်သူတွေကြားသွားရောက်ယူဆောင်မလို့.......... စစ်မြင်း 6 ကောင်ရထား သာ မြန်မြန် ထုတ်ဟု အော်ဟစ်လိုက်မိတယ်။
စစ်တပ်ပါ ခေါ်ဆောင်သွားမလား အရှင်မင်းကြီးဟုလျှောက်တင်တော့........
မလိုဘူး အထိန်းတော်ကြီး ချစ်သူသီတာ ကို ငါကိုယ်တော်ရဲ့ အစွမ်းအစ ပြပြီး ရှင်ပြိုင်ခေါ်ယူဖို့ စစ်တပ် မလိုပါဘူးကွာ........
မရပ်မနား နဲ့ ချစ်သူရှိရာဆီ ခရီးနှင်လာတာ နှစ်ည တောင် ကျော်လွန်လာပြီ မိုးသောက်ရင် ချစ်သူ ဆီကို ရောက်နိုင်ဖို့ကို စစ်မြင်းကို ဒုန်ဆိုင်းမောင်းနှင်လာခဲ့တယ်။
ရောင်နီ ထွက်လာတဲ့ အချိန် အရှေ့အရပ်မှာ လှမ်းမျှော် တွေ့ရတဲ့ ကွင်းကြီးက ယှဉ်ပြိုင်ရမယ့် ကွင်းကြီးဖြစ်လိမ့်မယ့် အဲ့ကွင်းကြီး ဆီသာ ရှေးရူပြီး အပြင်းမောင်းနှင်သွားခဲ့တယ်။
ဟုတ်တာပေါ့....... ရန်သူ ဘုရင်များနဲ့ ပြည့်နက်နေတဲ့ ယှဉ်ပြိုင် ကွင်းကြီး ......
စစ်မြင်းကို ဒုန်းစိုင်းပြီး ကွင်းကြီး ထဲကို အပြင်းမောင်းနှင်တော့ ရန်သူ ဘုရင်များ နောက်သို့ ရှဲထွက်ကုန်တယ်။
ကွင်းကြီးအား တစ်ပတ်ပတ်ကြီး စင်မြင့်ရှေ့မှာ စစ်မြင်းကို ရပ်တန့် လိုက်တယ်
သန်လျက်ကို စွဲကိုင်.........စင်ပေါ်သို့ ခုန်တက်ပြီး
ငါ့ဟာ လင်္ကာ ဒီပ ပြည့်ရှင် ဒဿ ဂီရီ ဖြစ်တယ် ။သီတာဒေဝီကို လာရောက်ခေါ်ဆောင်တာဘဲ.......ငါကို တားတဲ့ သူ မှန်သမျှ အဲ့နိုင်ငံ ဘုရင်မဲ့ သွားစေရမယ်လို့ ကြုံးဝါးလိုက်တယ်။
ရန်သူဘုရင်များ လက်စွဲတော် သံလျပ်တွေ ဆွဲထုတ်သူက ဆွဲထုတ်..... ဓားတွေ ဆွဲထုတ်တဲ့သူက ဆွဲထုတ်နဲ့ လှုပ်လှုပ်ရွရွ ဖြစ်သွားလေတယ်။
ရိုင်းစိုင်းတဲ့ လူရိုင်းဘုရင်ကို ဆုံးမပြစ်ဆိုတဲ့ အသံတွေလဲ ထွက်လာတော့......
အသင့်အနေအထားနဲ့ စင်ပေါ်မှာ စောင့်နေလိုက်တယ် ။
အဲ့အချိန် မုတ်ဆိတ်ဖြူ ကြီး နဲ့ ဝတ်စုံ အဖြူ ရောင်ဝတ်ထားတဲ့ သဘာပတိဆိုတဲ့ တစ် ယောက်တက်လာပြီး ကြင်ယာတော် ရွေးပွဲရဲ့ စည်းကမ်းချက်တွေကိုလာရောက် ပြောပြတယ်။
လေးတင်ပွဲတဲ့ လေးတင်နိုင်တဲ့သူက ချစ်ရတဲ့ သီတာကို ပိုင်ဆိုင်နိုင်မယ်တဲ့............. အဲ့အချိန် စင်ဘေးဘက်က ခန်းစီးပုဝါ ရဲ့ နောက်မှာ ကြောက်ရွံထိပ်လန့်နေတဲ့ ချစ်ရတဲ့ သီတာရဲ့ မျက်နှာ လေးကို အပြင်လောကမှာ ပထမဆုံးအကြိမ် မြင်လိုက်တဲ့အချိန်.........သူ့ကြောင့် ရပ်တန့်သွားခဲ့ရတဲ့ နှလုံးသားလေး ပြန်လည် နိုးထ လာခဲ့တယ်။မကြောက်ပါနဲ့ ချစ်ရတဲ့ သီတာ........... မင်းလေးအတွက် ရန်သူ့ ဘုရင်တွေ ကြားထဲ တစ်ယောက်ထဲ လာခဲ့တဲ့ ဒဿ ကို ထွက်ကြည့်လှည့်ပါအုံးလို့...... ရင်ထဲမှာ အော်ပြောနေမိတယ်......
သိပ်ထူးဆန်းတယ် ပထမဆုံး နူတ်ခမ်းက ထွက်မကျလာတဲ့ စကားလုံးတွေ.........ဘယ်လိုမှ ပြောထွက်ဖို့ အင်အားမရှိခဲ့ဘူး။
ကဲ.......ကြာတယ်
ဘယ်သူတွေ လေးတင် နိုင်ပြီလဲ မေးလိုက်တယ် ။
အခုထိတော့ ဘုရင်တစ်ပါးမှ မတင်နိုင်သေးဘူးလို့ သဘာပတိ ပါးစပ်က ထွက်လာတော့.......
ကောင်းတယ်........ သီတာဟာ ငါ့အတွက်ဘဲ......ဆိုပြီး
လေးဆီကိုလျှောက်လှမ်းသွားခဲ့တယ်......
ရန်သူဘုရင်များရဲ့ ကြားထဲ ဖြတ်လျှောက်ရင်းလေးတင်တဲ့ စင်မြင့်ဆီ သွားတော့ သူတို့ရဲ့ ကြောက်ရွံနေတဲ့စိတ် ၊ရွံရှာနေတဲ့စိတ်၊မုန်းတီးနေတဲ့ စိတ်များကို ခံစားမိလာတယ်။
အေး......လင်္ကာ ဒီပ ဘုရင်ကို မင်းတို့ ကြောက်ရွံနေရမယ်.........
လေးတင်တဲ့ စင်မြင့်စီက ရွှေရောင်တောက်ပနေတဲ့ လေးတော်ကြီးဆီကို ရာဇမာန်နဲ့ တလှမ်းခြင်းတက်လာခဲ့တယ်။
အောက်က ရန်သူ ဘုရင်များဆီက.....နတ်များစီရင်ထားတဲ့ လေးတော်ကြီးကို ဒီလို လူရိုင်းဘုရင်တစ်ယောက်က မနိုင်မှာတဲ့လားဆိုတဲ့ ရိသဲသဲ အသံကို ကြားလိုက်ရတယ်။ မဲ့ပြုံးတစ်ချက်ပြုံ ပြီး ကြည့်ထားကြဆိုတဲ့ပုံစံ နဲ့ အားလုံးကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။
စိတ်ကို တည်ငြိမ်အောင်ထားပြီး တစ်ကိုယ်လုံးက အားအင်တွေကို ညာဘက်လက်ဆီ ပို့ဆောင်လိုက်တဲ့အချိန် စိုးရိမ်စိတ် တစ်ခုဝင်လာခဲ့တယ် .....ငါ့ ခရီးပန်းလာတာ အဆင်ပြေပါမလား မနိုင်ပါ့မလားဆိုပြီး။လင်္ကာဒီပ ပြည့်ရှင်ဘဲ ဒီလောက်လေးတော် ကတော့ မနိုင်ပါတယ် စိတ်တင်းရင်း လေးတော်ကို ဆွဲမခဲ့တယ်။ညာဘက်လက်ရုံးက သွေးကြောများ ပေါက်ထွက်တော့မလားထင်မှတ်ရအောင် အားအင်တွေ အကုန်လုံးကို အသုံးပြုခဲ့တယ်။
ကြွလာတဲ့ လေးတော် နဲ့အတူ အပ်ကျသံတောင် မကြားရတော့တဲ့ ပတ်ဝန်းကျင် ၊ ရန်သူ ဘုရင်တွေရဲ့ စိုးရိမ်စိတ်တွေ တို့ သူတို့ မျက်နှာပေါ်မှာ အတိုင်းသားမြင်နေရတယ်။
မပြီးသေးဘူး လေးတော်မရုံ နဲ့တော့ လေးကြိုးတင်ရအုံးမယ် ဟု စိတ်ထဲ အားတင်းပြီး လေးတော်တွင် လေးကြိုး တစ်ဖက် ကို ဆွဲတပ်ပြီး ကျန်တစ်ဖက် တပ်ရန် အားကုန် လေးကြိုးကို ဆွဲပြီး တင်းလိုက်တဲ့ အချိန် ဇာပဝါနောက်ကွယ်မှာ ကြောက်ရွံထိပ်လန့်နေတဲ့ ချစ်ရတဲ့သီတာ မျက်နှာလေးကို တွေ့လိုက်မိတယ်။
နှလုံးတစ်ခုလုံး ကြွေကျသွားရအောင် ထိန့်လန့်သွားမိတယ် ။ဒီလူကြမ်းကြီးကို ကြောက်ရွံနေတာလား....အချစ်ရယ်............လူကြမ်းကြီးရဲ့ ရင်ဘတ်ထဲ ဝင်ကြည့်လှည့်ပါ မင်းကိုချစ်တဲ့အချစ်တွေကို မြင်တွေ့ပါလိမ့်မယ်ဟု စိတ်ထဲ ဆောက်တည်ရာ မရအော်ဟစ်လိုက်မိတယ်။ ချစ်ရတဲ့သူငါ့ကို ကြောက်ရွံနေတယ်ဆိုတဲ့စိတ်က အားအင်တွေ ကိုယူဆောင်သွားပြီး.............ဆက်လက်မလုပ်ဆောင်နိုင်တော့ဘူး။
လေးတော်ကို.........သူ့နေရာ သူ ပြန်ချထားပြီး
ကောင်းကင်အား မော်ကြည့်ရင်း ရက်စက်လှတဲ့ အကြောင်းတရားကိုအပြစ်တင်မိတယ်။
ကျေးဇူးတင်ပါတယ်။
အရမ်းကြိုက်တဲ့ ဆရာချစ်ဦးညို ရဲ့ လင်္ကာဒီပ ချစ်သူဆိုတဲ့ ဝတ္ထူ ကို ပြန်လည် ခံစားရေးဖွဲ့ထားတာပါ။
Photo credited by google
@thethtooaung
MSC-157
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!

ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 3.43 % upvote from @morwhale thanks to: @thethtooaung.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks

ကောင်းပါတယ်။ဆရာ့စာအုပ်လည်း ဖတ်ချင်နေတာ မဖတ်ရသေးဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဖကြည့်ပါ sis ။ အရမ်းကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာချစ်ဦးညို ရဲ့စာတွေကိုကျွန်တော်လည်း ကြို က်ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 0.04 % upvote from @drotto thanks to: @banjo.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Ok

ဖက်လို့ကောင်းပါတယ်👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ် bro

Good တယ်

ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။

Good!

Thanks bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဖတ်တော့ဘူး မအာ့း voteခဲ့ပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချစ်ရှုံးသမားကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တိန် ဟုတ်ရပါဘူးဂျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good

Thanks sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
feelထားတာမိုက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးြှောက်ပြပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good bro

ဟုတ်ကဲ့

Nice bro

ဖတ့်ပေးတဲ့အတွက်ကျေးဇူး bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်bro

သီတာ ရေ ဘယ်မှာလဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး...ဒီမှာပါ ခင်ဗျ